သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 17, 2013

တောင်ပြုန်းပွဲ ကွန်ဒုံးငါးသောင်း ဖြန့်မည်

မြန်မာတစ်နိုင်ငံလုံးရှိ မိန်းမလျာ အများစု ပါဝင်ဆင်နွှဲလေ့ရှိသော မန္တလေး တိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်း ပွဲတော်တွင် ကွန်ဒုံးငါးသောင်းနီးပါးခန့် အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း အဆိုပါတိုင်းဒေသကြီး အမျိုးသားခုခံအား ကျဆင်းမှုနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနမှ ဒေါက်တာကျော်စိုးက The Voice သို့ပြောကြားသည်။

ယင်းပွဲတော်ကို နှစ်စဉ် သြဂုတ်လ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့ထိ ကျင်းပလေ့ရှိပြီး လာမည့်ပွဲတော်တွင် ကွန်ဒုံး အခမဲ့ဖြန့်ဝေခြင်း အစီအစဉ်အပြင် HIV ပိုးရှိ မရှိ အခမဲ့စစ်ဆေး ပေးသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

၂၀၁၂ ခုနှစ်ကလည်း ယင်းပွဲတော် တွင် ကွန်ဒုံး ၄၉,၀၀၀ ခန့် အခမဲ့ဖြန့်ဝေပေး ခဲ့ပြီး လက်ကမ်းစာစောင် ၂၅၄၆၀ စောင်၊ HIV ပိုးရှိ မရှိ စစ်ဆေးသူဦးရေ ၁၁၂၇ ဦးနှင့် ဆေးကုသမှု ခံယူသူ ၂၀၈ ဦးရှိခဲ့ကြောင်း ဒေါက်တာကျော် စိုးက ပြောကြားသည်။

"ပွဲတော်ကို လာတဲ့လူတွေ များရင် များသ လို ကွန်ဒုံးကို ဝေသွားမှာပါ။ ပညာ ပေးရတာ ကတော့ လိင်တူချစ်သူကနေ တစ်ဆင့် အချင်းချင်းကျန်းမာရေး ဗဟုသုတရ စေချင်တယ်။ ဒါကြောင့် ပွဲတော်ရက်မတိုင်ခင် ရက်တွေမှာသွားပြီး ပညာပေးရပါတယ်။ ပွဲတော်ရက်တွေမှာ ဆိုရင် သိပ်ပြီးမထိ ရောက်ဘူး" ဟု ၄င်းကထပ်မံဆိုသည်။

အဆိုပါပွဲတော်တွင် ပညာပေးပြခန်း ဖွင့်လှစ်ခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ ဝေခြင်း၊ အမျိုးသားသုံး ကွန်ဒုံးများ ဖြန့်ဝေပေးခြင်း၊ ကွန်ဒုံးသုံးစွဲမှု မြှင့်တင်ခြင်း၊ စနစ်တကျ သုံးစွဲခြင်းများကို ပြသပေးခြင်း၊ ကာလသားရောဂါပိုး ရှိ မရှိစစ်ဆေးပေးရာ တွင် နေ့ချင်းပြီး အဖြေရအောင် ဆောင်ရွက် ပေးခြင်း စသည်ဖြင့် ကျန်းမာရေးဆောင် ရွက်မှုများကို အခမဲ့ပြုလုပ်ပေးလျက် ရှိကြောင်း အမျိုးသား ခုခံအားကျ/ကာလသား ရောဂါ တိုက်ဖျက်ရေးဌာန ထံမှ သိရသည်။

"တစ်နိုင်ငံလုံး၊ အနယ်နယ်အရပ်ရပ်က လူတွေလာမှာ ဆိုတော့ အခုလိုပညာပေး လုပ်ဆောင်တာ ပိုပြီး ထိရောက်ပါတယ်။ ရောဂါဖြစ်ပွားမှုနှုန်း ကိုလည်း လျှော့ချနိုင်တယ်၊ မန္တလေးက လိင်တူချစ်သူ တွေက လည်း ပါဝင်ပြီး လုပ်အားပေးကြတယ်" ဟု မန္တလေးမြို့ရှိ လိင်တူချစ်သူ တစ်ဦးက ဆိုသည်။

From:The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D