သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, April 26, 2013

လွှတ်တော်အမတ်များ ဒေသဖွံ့ဖြိုးရေးလုပ်ရန် ကျပ်သိန်းတစ်ထောင် ချပေးမည်


လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် သက်ဆိုင်ရာ မဲဆန္ဒနယ် အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကိုယ်တိုင်အကောင် အထည်ဖော်နိုင်ရန် မြို့နယ် (မဲဆန္ဒနယ်) တစ်ခုလျှင် ကျပ်သိန်းတစ်ထောင်စီ အသုံး စရိတ် ချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အ မှတ် (၃) အမျိုးသား လွှတ်တော် ကိုယ် စားလှယ် ဦးဖုန်းမြင့်အောင် က The Voice သို့ပြောကြားသည်။

ယင်းအသုံးစရိတ်ကို မဲဆန္ဒနယ် တစ်ခုရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် တစ်ဦးနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးတို့ ညှိနှိုင်း သုံးစွဲရမည် ဖြစ်ေ ကြာင်း ၄င်းကပြောဆိုသည်။

လွှတ်တော် ငွေစာရင်းကော်မတီက တာဝန်ယူပြီး ယင်းအသုံးစရိတ်ကို ချထား ပေးမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေ သကြီး မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က ပြောကြား သည်။
"ဒီနှစ်အတွက် အသုံးစရိတ်ကို အောက်တိုဘာလမှ ချပေးမယ်လို့သိရတယ်" ဟု ဒေါ်ခင်ဝိုင်းကြည်က ဆို သည်။

ယင်းအသုံးစရိတ်ကို လွှတ်တော် ကိုယ်စားလှယ်လေးဦးက ပြည်သူ့ လိုအပ်ချက်ကို အဓိကထားပြီး ညှိနှိုင်းသုံးစွဲမှသာ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်း အကြား အငြင်းပွားမှု ရှောင်နိုင်မည် ဖြစ်ကြောင်း ဦးဖုန်းမြင့်အောင်က ဆိုသည်။
"လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေပြုဖို့ပဲ လုပ်နေရင် မဲဆန္ဒရှင်တွေ ယုံကြည်မှု မဲ့သွားနိုင်တယ်။ ကိုယ် တိုင်ကိုယ်ကျ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ အသုံးစရိတ် လိုတယ်" ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

ပြည်ထောင်စုအစိုးရ အဖွဲ့ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တင်သွင်း သော၂၀၁၃-၂ဝ၁၄ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းတွင် နိုင်ငံတော်အတွက် အရေးတကြီး လုပ်ဆောင်ရန် မလိုအပ်သော စီမံကိန်းများကို ပယ်ဖျက်ပြီး မဲဆန္ဒနယ် အလိုက် ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် အဖြစ် သတ်မှတ် ပေးထားခြင်းဖြစ်ကြောင်း ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။

ယင်းအမျိုးသားစီမံကိန်းတွင် ကျပ်သန်းထောင်ချီ ကုန်ကျမည့် နေပြည်တော် ဆေးရုံ စီမံကိန်းများ၊ ကျည် ကာယာဉ် ဝယ်ယူရေး၊ ကာကွယ်ရေး အသုံးစရိတ် နှင့် တက္ကသိုလ် အသစ်များ ထပ်မံဆောက်လုပ်ရေး တို့ အတွက် လျာထားသည့် အသုံးစရိတ်တို့ကို ပယ်ဖျက်ခြင်း၊ လျှော့ချခြင်းများ လုပ်ဆောင် ခဲ့သဖြင့် ဘဏ္ဍာရေး ပိုငွေ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ၄င်းကပြောသည်။

အိမ်နီးချင်းအိန္ဒိယနိုင်ငံတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ မဲဆန္ဒရှင်များအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်း မာရေးနှင့် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်တိုင်ကိုယ်ကျ လုပ်ေ ဆာင်နိုင်ရန် အသုံးစရိတ်ချပေးရေး အတွက် အမျိုးသားစီမံကိန်းတွင် ဘဏ္ဍာ ရေး လျာထားငွေ သီးသန့် ထည့်သွင်း ရေးဆွဲပေးလေ့ရှိသည်။

ယင်းအသုံးစရိတ်ကို လွှတ်တော် ကိုယ်စားလှယ်လေးဦးက ပြည်သူ့ လိုအပ်ချက်ကို အဓိကထားပြီး ညှိနှိုင်း သုံးစွဲမှသာ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်း အကြား အငြင်းပွားမှုရှောင်နိုင်မည် ဖြစ်ကြောင်း ဦးဖုန်းမြင့်ေ အာင်က ဆိုသည်။
"လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေပြုဖို့ပဲ လုပ်နေရင် မဲဆန္ဒရှင်တွေ ယုံကြည်မှု မဲ့သွားနိုင်တယ်။ ကိုယ် တိုင် ကိုယ်ကျ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ အသုံးစရိတ် လိုတယ်" ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
ပြည်ထောင် စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တင်သွင်း သော၂၀၁၃ -၂၀၁၄ဘဏ္ဍာနှစ်အမျိုးသား စီမံကိန်းတွင် နိုင်ငံတော်အတွက် အရေးတကြီးလုပ်ဆောင်ရန် မလိုအပ်သော စီမံကိန်း များကို ပယ်ဖျက်ပြီး မဲဆန္ဒနယ် အလိုက် ဒေသဖွံ့ဖြိုးရေးအသုံးစရိတ် အဖြစ် သတ်မှတ်ပေး ထာြး ခင်း ဖြစ်ကြောင်း ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။

ယင်းအမျိုးသား စီမံကိန်းတွင် ကျပ်သန်းထောင်ချီ ကုန်ကျမည့် နေပြည်တော် ဆေးရုံစီမံကိန်းများ၊ ကျည် ကာယာဉ် ဝယ်ယူရေး၊ ကာကွယ်ရေး အသုံးစရိတ် နှင့် တက္ကသိုလ် အသစ်များ ထပ်မံဆောက်လုပ်ရေးတို့ အ တွက် လျာထားသည့် အသုံးစရိတ်တို့ကို ပယ်ဖျက်ခြင်း၊ လျှော့ချခြင်းများ လုပ်ဆောင် ခဲ့သဖြင့် ဘဏ္ဍာရေးပိုငွေ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ၄င်းကပြောသည်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ မဲဆန္ဒရှင်များ အတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်း မာရေး နှင့် ပညာရေးဆိုင်ရာ ဖွံ့ ဖြိုးရေးလုပ်ငန်း များကို လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်ရန် အသုံးစရိတ်ချပေးရေး အတွက် အမျိုးသား စီမံကိန်းတွင် ဘဏ္ဍာရေးလျာထားငွေ သီးသန့် ထည့်သွင်း ရေးဆွဲပေးလေ့ရှိသည်။
The Voice Weekly

လဝကအား လုံးခြုံရေးယူနေသော တပ်ကြပ် မင်းအောင် ဘင်္ဂလီများထံ ခဲဖြင့် အပေါက်ခံရ


 
ယနေ့ နံနက် ၉ နာရီကျော်ခန့်က လဝက၊ ရဲ၊ စစ်တပ် သုံးအဖွဲ့သည် ဘင်္ဂလီများနေထိုင်သော သဲချောင်း၊ ဘော ဒူဗ၊ သက်ကေပြင် ကျေးရွာများသို့ လူဦးရေစစ်ဆေးမှုများပြုလုပ်ရန်လာသည်ကို အဆိုပါ ဘင်္ဂလီများ က စစ်ဆေး မှုမခံဘဲ “ရိုဟင်ဂျာ” ဆိုသော ကြွေးကြော်သံများကို အော်က လဝကအဖွဲ့အား ဆန္ဒပြနေကြ သည်။ ဆန္ဒပြရုံဖြင့် မလုံလောက်ဘဲ လုံခြုံရေးယူနေသော အမြောက်တပ်ရင်းမှ တပ်ကြပ်မင်းအောင်ကို ၄င်း တို့ က ခဲဖြင့်ပစ်သောကြောင့် မင်းအောင်မှာ မျက်နှာတွင် ဒဏ်များရရှိသွားကြောင်း သတင်းရရှိသည်။

၎င်းဘင်္ဂလီများသည် လူဦးရေစစ်ဆေးမှုများပြုလုပ်သည်ကို မကျေနပ်သဖြင့် ဆန္ဒပြကြရန် စီ စဉ်နေကြေ ကြာင်း သတင်းရှိသည်။

ယခုလက်ရှိတွင် ဆူပူနေကြသည့်အတွက် လုံခြုံရေးများ တိုးချရန်လိုအပ်ကြောင်း သိရသည်။
Arakan Times
ယနေ့ ၂၆-၄-၂၀၁၃ နေ ဘင်္ဂလီလူဦးရေစာရင်းကို (ဆွဲ၊ တင်၊ စစ်)စနစ်ဖြင့် စစ်တွေမြို့နယ် တွင်စ တင်ကောက်ယူရာ အောက်ပါအဖြစ်အပျက် များဖြစ်ပေါ်ကြောင်း သိရှိရသည်။
- သဲချောင်းကျေးရွာအုပ်စု ဘောဂဒီရွာတွင် လူစာရင်းစစ်ဆေးရာ အစစ်အဆေးမခံဘဲ လ၀က များအား ကလန် ကဆန်ပြုလုပ်ကြောင်းသိရှိရ။
- ဘုမေကျေးရွာအုပ်စုသို့ လူစာရင်းကောက်ရန်ဝင်ရောက်ရာတွင် ထိုရွာသားများက မင်းတို့ ငါ့တို့ရွာကို ဘာကိ စ္စနှင့် ၀င်လာကြသနည်းဟု ရန်လိုသောအမူအရာများ ပြသတားဆီးခဲ့
- စစ်တွေမြို့ပေါ်ရှိ ကုန်တန်းကုလားရွာအား (အင်ဗာလာ)အား စစ်ဆေးရာတွင်
(၁) ငါတို့အိမ်တွင် အိမ်ထောင်ဦးစိးမရှိ
(၂) ဒုက္ခသည်များဖြစ်နေ၍ လူဦးရေစာရင်းမရှိ
(၃) ဓာတ်ပုံအရိုက်မခံနိုင်
(၄) လူမျိုးအမည်တွင် ရိုဟင်ဂျာဟု ထည့်မရေးလျှင် စာရင်းကောက်ယူမှုကို လက်မှတ်မထိုးနိုင်ဟု ပြင်းပြင်းထန်ထန်ပြန်လည်ပြောဆိုမှုများရှိကြောင်း သိရှိရ

Oppositeyes    မှ


တရုတ် စီမံကိန်းများအား ဆန္ဒပြမှု ဝန်ကြီး ဦးစိုးသိန်း အပြစ်တင်


 
 မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း (ဓာတ်ပုံ – ဧရာဝတီ)
တရုတ်နိုင်ငံနှင့် တရုတ်စီမံကိန်းများအား ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခြင်းသည် မှားယွင်းသည့် လုပ်ရပ်တခုသာ ဖြစ်သည်ဟု သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းက ရခိုင်ဒေသခံများကို ပြောဆိုကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသရှိ ရွှေ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဦးဆောင် တည်ဆောက်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ရုံးတည်ရှိရာ မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန်ဆည် စသည့် ကျေးရွာများမှ ဒေသခံများသည် CNPC အား ဧပြီလ ၁၈ ရက်နေ့က ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့မှုနှင့် ပတ်သက်၍ ၀န်ကြီးများက ဒေသခံများနှင့် ယမန်နေ့တွင် လာရောက်တွေ့ဆုံရာတွင် ဦးစိုးသိန်းက ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။

“တရုတ်စီမံကိန်းတွေကြောင့် ဒေသခံတွေက လယ်မြေနည်းနည်း ပေးရတာပဲရှိတယ် တရုတ်နိုင်ငံက ငွေတွေအများကြီးနဲ့ ကိုယ့်ဒေသမှာ လာရောက် ရင်းနှီးတဲ့အတွက် နိုင်ငံအတွက် အကျိုးအမြတ်တွေ အများကြီးရမယ်၊ ချေးငွေတွေလည်း အများကြီး ပေးထားတယ်၊ ဒီတော့ တရုတ်တွေကို ဆန္ဒမပြသင့်ဘူးဆိုပြီး ပြည်သူတွေကို အပြစ်တင်တဲ့ ပုံစံနဲ့ ပြောဆိုသွားတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ဒေသခံ ဦးထွန်းကြည်က ပြောသည်။

ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသော သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း၊ စွမ်းအင် ၀န်ကြီး ဦးသန်းဌေး၊ ပို့ဆောင်ရေး ၀န်ကြီး ဦးဉာဏ်ထွန်းအောင်၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် စသူတို့သည် CNPC ရုံးတည်ရှိရာ မဒေးကျွန်းရှိ ပြိန်ရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံရွာသား ၂၀၀ ၀န်းကျင်နှင့် တွေ့ဆုံခဲ့ကြောင်း ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရကလည်း ဧရာဝတီသို့ မိန့်သည်။

ထို့အပြင် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပြောရာတွင် စီမံကိန်းကြောင့် ဆုံရှုံးသွားသည့် လယ်မြေများအတွက် လျော်ကြေးသည် နိုင်ငံတကာ စံနှုန်းသာမက အမေရိကန် နိုင်ငံစံနှုန်းထက်ပင် များနေကြောင်း၊ အမေရိကန်၌ လယ်မြေလျှော်ကြေးသည် စတုန်ရန်း တပေလျှင် ၆ ဒေါ်လာမှ ၈၊ ၁၀၊ ၁၂ ဒေါ်လာ စသည်ဖြင့် ၄ မျိုးသာရှိကြောင်း၊ မြန်မာနိုင်ငံ၌ ၁၁ ဒေါ်လာ အထိ ပေးထား၍ နိုင်ငံတကာထက် များနေသည်ဟု ပြောဆိုသွားကြောင်း သိရသည်။

မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန်ဆည် စသည့် ကျေးရွာများမှ ဒေသခံ ၅၀၀ ၀န်းကျင်သည် ပြိန်ရွာ ဘုန်းတော်ကြီးကျောင်းမှ CNPC ရုံးရှေ့သို့ ချီတက်၍ CNPC အလိုမရှိ ဟူသော ကြွေးကြော်သံနှင့်အတူ ၎င်းတို့၏ နစ်နာမှု တောင်းဆိုချက် ၉ ချက်ကို ဧပြီလ ၁၈ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ အဖွဲ့သည် ဒေသခံပြည်သူများ၏ တောင်းဆိုချက်များကို ဖြေရှင်းပေးရန် လာရောက်သည်ဟု ဆိုသော်လည်း တွေ့ဆုံပွဲ၌ ဒေသခံများကို  မေးမြန်းခွင့်၊ ဆွေးနွေးခွင့် မပေးဘဲ ၎င်းတို့၏ ပြောဆိုမှုများကိုသာ နားထောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများ၏ ဆန္ဒထုတ်ဖော် တောင်းဆိုချက်များအနက် တချို့ကို အကောင်အထည် ဖော်ပေးမည်ဖြစ်ကြောင်း၊ သို့သော် လတ်တလော အနေဖြင့် အကောင်းဆုံး အနေအထား ဆောင်ရွက်ပေးနိုင်မည် မဟုတ်ဟု ၀န်ကြီး ဦးစိုးသိန်းနှင့် စွမ်းအင် ၀န်ကြီး ဦးသန်းဌေးတို့က ပြောဆိုသွားကြောင်း ဒေသခံ ဦးထွန်းကြည်က ပြောသည်။

“တံတားဆိုရင် ကွန်ကရစ်အစား သစ်သားတံတား၊ လမ်းဆိုရင်လည်း ကွန်ကရစ်လမ်းတော့ မဟုတ်ဘူးပေါ့၊ ကွန်ကရစ်လမ်းက နေပြည်တော်မှာတောင် လုပ်ရတာ မလွယ်ဘူးဆိုတာတွေ ပြောတယ်။ တောင်းဆိုချက်တွေကို ဒီနှစ်မှာ ချက်ချင်း မလုပ်ပေးနိုင်ပေမယ့် နောင် ဖြည်းဖြည်း လုပ်ပေးသွားမယ်လို့ ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။

ပြည်ထောင်စု အဆင့်ဝန်ကြီးများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များသည် ဒေသခံများ၏ နစ်နာဆုံးရှုံးမှု တောင်းဆိုချက်များကို ဆောင်ရွက်ပေးမည်ဟု သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်မှ စတင် ပြောဆိုနေသည့်တိုင် ယနေ့အထိ လက်တွေ့ အကောင် အထည်ဖော်မှု မရှိသေး၍ ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် လုပ်ဆောင်နေရကြောင်း၊ ၎င်းတို့ နစ်နာ ဆုံးရှုံးမှုများ မရမချင်း ဥပဒေဘောင် အတွင်းမှ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံများက ပြောသည်။

ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့ကြသော ဦးထွန်းကြည်၊ မောင်ယဉ်လှ၊ ကိုမောင်မောင်မြင့်၊ ဦးအောင်သိန်းထွန်း၊ ဦးမောင်ဖြူသီး၊ ဦးထွန်းခင်နု၊ ကိုမောင်မောင်စိုး၊ ကိုမောင်ထွန်းအေး၊ ကိုမျိုးမင်းနိုင် စသည်တို့အား CNPC ရုံး အခြေစိုက်ရာ မဒေးကျွန်းပေါ်ရှိ  ရဲစခန်း၌ ပုဒ်မ ၁၈ ဖြင့် ခံဝန်ကတိ လက်မှတ်ထိုးထားရပြီး မကြာမီ တရားစွဲဆိုသွားမည်ဟု သိရသည်။

သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနှင့် ၀န်ကြီးများသည် ကျောက်ဖြူမြို့ပေါ်၌လည်း ဌာနဆိုင်ရာ ၀န်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ ရပ်မိရပ်ဖ တချို့နှင့် ရမ္မာဝတီ ခန်းမ၌ ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း တက်ရောက်ခဲ့သူ ရပ်မိရပ်ဖတဦးက ပြောသည်။

ကျောက်ဖြူဒေသ၌ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်က ရေတပ်အရာရှိအဖြစ် တာဝန်ဆောင်ခဲ့စဉ်ကပင် ကျောက်ဖြူမြို့သည် ရွှေမြို့ဖြစ်လာမည်ဟု ကြိုတင်သိရှိခဲ့ကြောင်း၊ မကြာမီ ရွှေမြို့တခုအဖြစ် ရောက်ရှိတော့မည်ဟု အာမခံကြောင်းလည်း ဝန်ကြီး ဦးစိုးသိန်းက ပြောဆိုသွားကြောင်း သိရသည်။

ဂက်စ်ပိုက်လိုင်း စီမံကိန်းကို တရုတ်နိုင်ငံနှင့် မြန်မာအစိုးရတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေကြောင်း မြန်မာအစိုးရက ထုတ်ဖော် ပြောဆိုထားသည်။ မြန်မာအစိုးရသည် ဂက်စ်ပိုက်လိုင်း ဖြတ်သန်းခ၊ ရေနံပိုက်လိုင်းတို့မှ အခွန်အခ အကျိုးအမြတ်များ ရရှိမည်ဖြစ်ပြီး၊ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကိုလည်း နှစ်စဉ် ရရှိမည်ဖြစ်သည်။ ရွှေဂက်စ် စီမံကိန်းအား ယခင်နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က ၂၀၀၉ ခုနှစ်တွင် သဘောတူလက် မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်နိုင်ငံသည် ရခိုင်ကမ်းလွန်ဒေသမှ ဂက်စ်များကို နှစ်ပေါင်း ၃၀ အထိ ထုတ်ယူခွင့် ရမည်ဖြစ်ပြီး၊ ရွှေသဘာဝ ဓာတ်ငွေ့များကိုလည်း မေလမှစတင်၍ တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဟု CNPC ကုမ္ပဏီမှ ပြောဆိုထားသည်။ တရုတ်နိုင်ငံ၏ စွမ်းအင် လိုအပ်ချက်အတွက် အရှေ့ အလယ်ပိုင်းဒေသ နိုင်ငံများမှ ရေနံစိမ်းများကိုလည်း မဒေးကျွန်းပေါ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည် ဖြစ်သည်။

ဂက်စ်ပိုက် စီမံကိန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပိုက်လိုင်းအား တချို့နေရာတွင် မြေကြီးထဲ၌ စနစ်တကျ မြှုပ်နှံထားမှု မရှိခြင်း၊ ဂက်စ်များသန့်စင်မည့် စက်ရုံမှ စွန့်ပစ်ပစ္စည်းများကို မည်သည့်နေရာတွင် စွန့်ပစ်မည်ဆိုသည်ကို ပွင့်လင်းစွာ ရှင်းလင်းပြောဆိုမှု မရှိခြင်းတို့ကြောင့် ရခိုင်ဒေသခံများနှင့် ပိုက်လိုင်း တလျှောက်ရှိ ဒေသခံများက စိုးရိမ်မကင်း ဖြစ်နေကြကြောင်း သိရသည်။
ဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ အဆုံးသတ်မည်ဖြစ်သည်။

ဧရာဝတီ မှ 

လက်ပန်းတောင်းမှာ ကိုယ့်လယ်ကိုယ်လုပ်ခွင့်ရရေး တောင်းဆိုဆန္ဒပြ


စီတန်းလှည့်လည်ခွင့် မတင်သောကြောင့် လက်ပံတောင်းဒေသခံများကို တရားစွဲမည်ဟု ခရိုင်ရဲမှူးကြီးပြော


 latpadaung-1
ရန်ကုန် (မဇ္ဈိမ)။     ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်းရှိ လယ်ယာမြေများကို ဝင်ရောက်ထွန်ယက်ရာမှ ဖမ်းဆီးခံထားရသူ ၃ ဦးအား ပြန်လွတ်ပေးရန် တောင်းဆိုသော ဒေသခံများမှာ စီတန်း လှည့်လည်ခွင့် မတင်သောကြောင့် ဥပဒေအရ တရားစွဲသွားမည်ဟု မုံရွာခရိုင်ရဲမှူးကြီး ဦးတင်ထွန်းက မဇ္ဈိမကို ပြောဆိုသည်။


လက်ပံတောင်း ကြေးနီစီမံကိန်းနယ်မြေအတွင်းရှိ လယ်မြေများအားဒေသခံများမှ ဝင်ရောက်ထွန်ယက်ရာမှ လုံခြံရေးများနှင့် အထိကရုဏ်း ဖြစ်ပွားပြီး အဖမ်းခဲ့ရသူ ၃ ဦးအားပြန်လည်လွှတ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြရန် ဆာလင်းကြီမြို့နယ် ညောင်ပင်ကြီး ရဲစခန်းအားသွားသောလမ်းတွင် ရဲအင်အား ၃၀၀ ကျော်တို့က စည်း ၃ စည်းချ၍ ထားမြစ်ထားစဉ်။(ဓာတ်ပုံ - မဇ္ဈိမ)

ခရိုင်ရဲမှူးကြီးက“ပြည်သူတွေအားလုံးက တရားဥပဒေကိုတော့ လေးစားလိုက်နာ သင့်တာပေါ့။ အခုက စီတန်း လှည့်လည်ခွင့် မတင်ဘူးဗျ။ အကြိမ်ကြိမ် ခွင့်လွှတ်ရပေါင်းလည်း များနေပြီ။ ဒီတစ်ခါတော့ ဥပဒေအရ တရားစွဲဆို သွားမှာပါ” ဟု ပြောသည်။

ရွာသားများ လယ်ထွန်ခြင်းမှာ ၂၃ ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး သုံးရက်မြောက် နေ့တွင် ရဲတပ်ဖွဲ့၏ တားဆီးမှု
ကြောင့် အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီး ယနေ့တွင် ဖမ်းဆီးခံရသူ ၃ ဦးအား ပြန်လည် လွှတ်ပေးရန်ရွာ ၁၃ ရွာမှ ဒေသခံများက ညောင်ပင်ကြီးရဲစခန်းသို့် တောင်းဆို ဆန္ဒပြ ခဲ့ကြခြင်းဖြစ်သည်။

သို့သော် တောင်းဆိုဆန္ဒပြသူများမှာ ညောင်ပင်ကြီး ရဲစခန်းသို့ မရောက်ရှိဘဲ ဝက်မှေးရွာသစ် အနီးတွင် လုံခြုံရေး အင်အား ၃၀၀ကျော်က လုံထိန်းကား ဆယ်စီးဖြင့် စည်း ၃ စည်း ခြားထားပြီး တတိယစည်းကို ကျော်ပါက ပစ်ခတ်မည်ဟု ပိုစတာထောင် ထားသောကြောင့် လှည့်ပြန်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

တုံရွာမှဒေသခံ ကိုလတ်က “ကျွန်တော်တို့ ၁၂ နာရီခွဲလောက်စထွက်တယ်။ ဝက်မှေးကန်တော ရွာသစ်ရှေ့
ကနေပြီးတော့ ကားဆယ်စီးနဲ့ လက်နက်အင်အားအပြည့်အစုံနဲ့ လုံထိန်းအင်အား သုံးရာကျော် လေးရာပါးနီး
လောက်က ကားပေါ်ကနေချက်ချင်းဝုန်းဝုန်းဆင်းပြီးတော့ စပီကာတွေ စည်းတွေ ဆိုင်းပုတ်တွေကိုင်ပြီးတော့ ပထမစည်းမကျော်ရ၊ ဒုတိယစည်းမကျော်ရ၊ တတိယစည်းမကျော်ရဆိုပြီးတော့ ချက်ချင်းပိတ်လိုက်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ယမန်နေ့က ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းတွင် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးအပါအဝင်   ဆည်တည်ရွာမှ ကိုစိုးသူနှင့် ကိုဆန်းတို့မှာ ဖမ်းဆီးခြင်းခံထားရပြီး ဒေသခံ ၃ ဦးနှင့် လုံခြုံရေးရဲ ၁၅ ဦးတို့ ဒဏ်ရာရရှိခဲ့သည်။

ဖမ်းဆီးခံ ထားရသူများ ပြန်လွှတ်ပေးရန် ချီတက် တောင်းဆိုကြသည့် ကျေးရွာ ၁၃ ရွာမှ ဒေသခံတို့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ အကြမ်းဖက် ဖြိုခွင်းမှု တရားခံများကို ဖေါ်ထုတ်ပေးရေး၊ ကိုယ့်လယ် ကိုယ်ပြန်လုပ်ခွင့်ရရှိရေး၊ ပုဒ်မ ၁၄၄ ပြန်လည်ရုပ်သိမ်းပေးရေး၊ ဖမ်းဆီးထားတဲ့ ကိုအောင်စိုး၊ ကိုစိုးသူ၊ ကိုဆန်းတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေး တို့ကို ကြွေးကြော် ခဲ့ကြကြောင်း တုံရွာမှ ကိုလတ်က ပြောသည်။

“ကျွန်တော်တို့ဘက်ကနေပြီးတော့ ဆက်လက်ပြီးတော့ ကိုယ့်လယ်ကိုယ် ပြန်လုပ်ကိုင်ရရှိရေးနဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး ဖမ်းဆီးထားတဲ့ သူတွေချက်ချင်း ပြန်လွှတ်ပေးရေး ဆိုတာကိုတော့ တောင်းဆိုပြီးတော့ တိုက်ပွဲဝင်နေဦးမှာပါပဲ” ဟု သူကဆိုသည်။

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ပြောသည့် ပန်းသည်နှင့် တူသော စစ်ဗိုလ်များ


 
ပန်းသည်တွေ
=====
ကျွန်တော်တို့ ဗိုလ်ပေါက်စဘ၀မှာ ရှေ့တန်းအတက်အဆင်းဆိုရင် ကွပ်ကဲမှူဌာနချုပ်တို့၊ ဗျူဟာရုံးတို့ကို ၀င် သတင်းပို့ ရသည်။ အဲဒီမှာ ဂျီသရီး ( G 3) လို့ ခေါ်သည့် စစ်ဦးစီးအရာရှိ(တတိယတန်း) များနဲ့ တွေ့ ရသည်။ ဂျီသရီးတွေက စစ်ဆင်ရေး၊ ထောက်လှမ်းရေးကိစ္စတွေကို ကိုင်သည့် ဗိုလ်ကြီးများဖြစ်၏။ သူတို့ လိုပဲ ကြူသရီး (Q 3) အေသရီး (A3) လို့ခေါ်တဲ့ စစ်ရေး၊ စစ်ထောက်ကိစ္စများကိုဆောင်ရွက်သည့် ဗိုလ်ကြီးေ တွရှိသည်။ 

သူတို့တွေကား ဝါရင့်ဗိုလ်ကြီးတွေဖြစ်သည်။ အများစုက နောက်နှစ်နှစ်၊ သုံးနှစ်နေလျှင် ဗိုလ်မှူး ရာထူး အတွက် စဉ်းစားခံရ တော့မည်သူတွေဖြစ်သည်။ ရှေ့တန်းကွပ်ကဲမှုဌာနချုပ်ပင်ဖြစ်လင့်ကစား ၀တ်စား တာက သပ်သပ်ယပ်ယပ်၊ ဖုန်းပြော လိုက်၊ ဆက်သွယ်ရေးစက်နေပြောလိုက်နဲ့ ကွပ်ကဲနေပုံ ကလည်း အား ကျ စရာ။ ကျွန်တော်တို့တွေကို စစ်ဆင်ရေးခန်းမထဲ ထည့်ပြီး စစ်ဆင်ရေး အခြေအနေတွေ များ ရှင်းပြပြီ ဆိုလျှင် မြေပုံကို ညွှန်တံဖြင့်ထောက်ပြီး စီကာပတ်ကုံးရှင်းပြနေပုံက ကြည့်လို့မ၀။ 

ဒီတော့ ဗိုလ်ပေါက်စတိုင်းတွင် တစ်ချိန်ချိန်တော့ ဂျီသရီးဖြစ်အောင်ကြိုးစားမည်ဆိုသည့် အိမ်မက်ရှိသည်။ ဂျီသ ရီး မဖြစ် ရင်တော့ ရေးထောက်လောက်ပေါ့။ ကျွန်တော်လည်း ဒီလိုအိမ်မက်မက်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၈၈ နှစ် ကုန်ပိုင်းမှာ ကျွန်တော် ဌာနချုပ်တစ်ခုမှာ စစ်ဦးစီးမှူး တတိယတန်း အဖြစ်တာဝန်ပေး အပ်ခြင်း ခံ ရပါတယ်။ တိုတိုပြောရရင် အလုပ်လုပ်ရတာလည်း ပျော်တယ်။ စတိုင်ထုတ်ရတာလည်းမိုက်တယ်။ လေ့လာ သင်ယူရတာတွေကလည်း အများကြီးပဲ။ ဌာနချုပ်က ဂျီသရီးဆို တော့ တပ်ရင်းမှူးတွေက အစ ညီေ လး ဆိုပြီး အလေးထားဆက်ဆံတာဆိုတော့ တယ်ဟုတ်ပါလားဆိုတဲ့ စိတ်နဲ့ မြောက် ကြွမြောက်ကြွ လည်းဖြစ် သဗျာ။ တပ်ရင်းတုံးက တပ်ရင်းမှူးဆိုရင် တုန်နေအောင်ကြောက်ရတာမဟုတ်လား။ အခု ကျတော့ ဖုန်းနဲ့ တပ်ရင်းကို လှမ်းဆက်၊ သိတ်အရေးမကြီးတဲ့ကိစ္စတောင် တပ်ရင်းမှူးနဲ့ ပြောမယ်ဆိုပြီး တိုက် ရိုက် ညွှန်ကြား၊ တစ် ခါတစ်လေများ ဆက်သွယ်ရေးစက်ပေါ်ကနေ သူရိန်ကြီး ( တပ်ရင်း မှူးကိုေ ခ်ါလေ့ ရှိသောအခေါ်) ကို စက်ပေါ်တင်ပေးဆို ပြီး ပြောလို့ရသေး။ ဘယ်ပြောကောင်းမလဲ၊ ဌာနချုပ်မှာ တစ်နှစ်လောက်နေတော့ လုပ်ငန်းကလည်း ကျွမ်းလာပြီး တစ်ခါ တစ်လေများဆို ဒီတပ်ရင်းမှူးနှယ် ဒါေ လးေ တာင္မသိဘူးလားဆိုတဲ့ မှတ်ချက်တောင်ပေးလိုက်သေး။ ဖြစ်နေပုံများ။ 

ကျွန်တော်တို့ ဂျီသရီးဖြစ်ပြီး တစ်နှစ်လောက်ကြာတော့ ကွပ်ကဲသည့်တပ်မှူးက ရာထူး တိုးပြီးပြောင်း သွား သည်။ နောက် တပ်မှူးရောက်လာသည်။ ရှေ့တန်းကွပ်ကဲမှုဌာနချုပ်ဆိုတော့ တပ်မှူးရုံးခန်းနဲ့ ကျွန်တော် တို့ ရုံးခန်းက သိတ်မဝေး။ ဖုန်းပြောတာ၊ ဆက်သွယ်ရေးစက်ပြောတာ အသံကျယ်လျှင် ကောင်းေ ကာင်းကြားရသည်။ တပ်မှူးအသစ်ကလည်း ရောက်ခါစဆိုတော့ ကျွန်တော်တို့ကို အကဲခတ်နေပုံရသည်။ 

တစ်ပတ်လောက်ကြာတော့ နေ့စဉ်မနက်တိုင်းလုပ်သည့် စစ်ဆင်ရေးအစည်းအဝေးမှာ တပ်မှူးအသစ်က မင်း တို့ ဦးစီး အရာရှိတွေ လက်အောက်တပ်ရင်းတွေနဲ့ ဆက်ဆံတဲ့အခါ သတိထား။ ဘုရားက ပန်းသည် တစ် ချို့ လိုမလုပ်နဲ့။ လူတွေက ဘုရားဖူးဖို့လာရင်းနဲ့ ဘုရားပူဇော်ဖို့ ပန်းဝယ်တယ်၊ ဒါကို မပြည့်ဝ တဲ့ ပန်း သည် တစ်ချို့က ငါချောလို့ လှလို့ ပန်းဝယ် တယ်၊ ငါ့ကိုကြည့်ချင်လို့ ဘုရားလာဖူးတယ်လို့ ထင်ပြီး အချောက်တိုက်ဘ၀င်မြင့်တတ်တယ်။ 

မင်းတို့လည်း ဌာနချုပ် မှာ တာဝန်ယူရတယ်။ မင်းတို့ ညွှန်ကြားချက်တွေဟာ တပ်မှူးရဲ့ မူဝါဒကို ကိုယ် စားပြု တယ်လို့ မြင်တဲ့အတွက် တပ်ရင်းမှူးတွေ ၊ တပ်ခွဲမှူးတွေက လေးလေးစားစားဆက်ဆံနေတာ။ မင်း တို့  တော်လို့ မင်းတို့ အရည်အချင်းကို အထင်ကြီးလို့ လေးစား နေတာမဟုတ်ဘူး။ အခြောက်တိုက် ဘ ၀င် ကိုင် မနေနဲ့။ နောက်ဆို အချိုးမပြေတဲ့ကောင်တွေ ငါတပ်ရင်းတွေပြန်ပို့ပေး လိုက်မယ်။ ကိုယ့်တာဝန် ကိုယ်ကျေအောင်လုပ်ပြီး ဂုဏ်ယူတာနဲ့ အခြောက်တိုက်ဘ၀င်မြင့်တာ မတူဘူး၊ နားလည်အောင်လုပ် ဟု ကောင်းကောင်းကြီး သြဘာပေးပါတော့သည်။ 

ကျွန်တော်တို့အားလုံးခေါင်းမဖော်ရဲ။ စစ်ဦးစီးမှူး ( ဒုတိယတန်း) ဖြစ်သည့် ဗိုလ်မှူးတွေလည်း အလား တူပင်။ ကျန်တဲ့သူ တွေတော့မသိ။ ကျွန်တော့်တော့ ပန်းသည်ဆိုသည့် ဥပမာတစ်သက်လုံး စွဲမှတ် သွားေ တာ့ သည်။ ထိုအချိန်က ပြောဆို ဆုံးမခဲ့သည့် တပ်မှူးကြီးကား ကွယ်လွန်သွားရှာပေပြီ။ ဒါပေမယ့် သူ့တ ပည့် တစ်ယောက်တော့ ရာထူးတာဝန်ကြောင့် အခြောက်တိုက်ဘ၀င်မမြင့်မိအောင် ပန်းသည် ဥပမာ စကားေ လး ကို မကြာခဏနှလုံးသွင်းနေသည်ကို သိရလျှင်တော့ ကျေနပ်နေလိမ့်မည်ထင်ပါသည်။ 
ရဲထွဋ်
====================
ဒီ စာသားလေးတွေကို မြင်တော့ အပေါ်က သတင်းကို သတိရလိုက်မိတယ်။ လမ်းလျှောက်တဲ့ အဖွဲ့တွေကို အကောင်းဆုံး ဖြစ်အောင် ကူညီလိုက်ပါလို့ ညွှန်ကြားပါတယ် ဆိုတဲ့ အမိန့်။

Oppositeyes    မှ


မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှုကို စိန်ခေါ်နေသည့် လက်ပံတောင်းက ဓာတ်ပုံများ


 
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း ဧပြီလ ၂၄ ရက် နံ နက် ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကွန်ရက်တစ်ခုမှ အဖွဲ့ဝင်အချို့ ပါဝင်သော ဒေသခံများ ပဋိပ က္ခဖြစ် ပွားခဲ့ရာ ရဲအရာရှိများ အပါအ၀င် ၁၈ ဦးခန့် ဒဏ်ရာ ရရှိခဲ့ပြီး ဒေသခံအချို့ကို ထိန်းသိမ်း ထာြးေ ကာင်း သတင်းရရှိသည်။

ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းရွာအနီးရှိ ပုဒ်မ ၁၄၄ ထုတ် ပြန်ထားသော လယ်မြေအတွင်း ကြေးနီ စီမံကိန်း ကန့်ကွက်သူများနှင့် ထိပ်တိုက်တွေ့ဆုံပြီးနောက် နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ် သည်။

“ပထမအယောက် ၇၀ လောက်ရှိတယ်။ တားမြစ်နယ်မြေထဲ မလုပ် ဖို့ပြောတယ်။ သူတို့ရန်ပြုဖို့ ကြိုးစား ကြေ တာ့ ဒိုင်းတွေနဲ့ အသံပေးလှန့် လိုက်တော့ ပြန်သွားကြတယ်။ ပြီးမှလူစုပြီး ပြန်လာတာ အယောက် ၂၀၀ လောက်ရှိတယ်”

“ကျွန်တော်တို့က ဦးဆောင်တဲ့ကွန်ရက်အဖွဲ့ဝင်တစ်ယောက်ကို ဖမ်းဆီးဖို့လုပ်တော့ ဖြစ်ကြတာ။ သူတို့က ခဲတွေ၊ စက်ဘီး ကုံးသီးတွေနဲ့ ပစ်တယ်။ တုတ်နဲ့ဝင်ရိုက်တယ်။ ကျွန်တော်တို့က ပထမနောက်ကို ဆုတ် တယ်။ လူစုခွဲဖို့ ပြောလို့မရတော့မှ မိုးပေါ်ကိုခြောက်လှန့်ပြီး ပစ်တာပါ” ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင် ထွန်း က ပြောသည်။

ထိပ်တိုက်တွေ့ဆုံမှုကြောင့် ၎င်းနှင့် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး၊ မြို့နယ်မှူးအပါအ၀င် လုံခြုံရေးတပ် ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများမှ သုံးဦးဒဏ်ရာရရှိခဲ့ရာ တစ်ဦးမှာ လက်မောင်းတွင် သေနတ်ဒဏ်ရာ ရရှိ ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆက်လက်ပြောသည်။

ထိပ်တိုက်တွေ့ဆုံမှုတွင် ဒေသခံများက ပုလင်းထဲ ဓာတ်ဆီထည့် ပြုလုပ်သော လက်လုပ် မီးလောင်ဗုံး များ ကို အသုံးပြုခဲ့သည်ဟု ရဲတပ်ဖွဲ့က စွပ်စွဲပြောဆိုခဲ့ပြီး ဒေသခံများကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားသုံး မှုကြောင့် ဟု တုံ့ပြန်ပြောဆိုကြသည်။
 
 ရဲများကို တုတ်ဖြင့် ပြေးဝင်ရိုက်ကြသည့် အမျိုးသမီးများ
အဝေးမှ ခဲများ၊လေးဂွများဖြင့် ပစ်သည်

 သတင်းစာမှ ဖော်ပြချက်
ဒဏ်ရာ ရရှိခဲ့သည့် ရဲတပ်သားများ






ယနေ့ထိ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပြီး စည်း ၃ တန် တားထားရသည်

Oppositeyes   မှ

ငြိမ်းချမ်းရေးကို အကြောင်းပြ တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်နိုင်သည့် အခြေအနေများ


 
ပြည်တွင်းေ ရး တွင် အကြီးကျယ်ဆုံး ရင်ဆိုင်ရမည့် အခြေအနေဟာ တည်ရှိနေတဲ့ အစိုးရကို လက်နက် ဖြင့် ပုန်ကန်ခြား နားခြင်းဘဲ ဆိုသည်ကတော့ ၂၀-၉-၁၉၄၆ ခုနှစ်တွင် ဗိုလ်ချုပ်အောင် ဆန်း ရေးသား သည့် စစ်အုပ် ချုပ်ေ ရး ဆိုတာ ခေါင်းစဉ်ဖြင့် ဆောင်းပါးမှ ဖြစ်သည်။ ၁၉၄၆ ခုနှစ်တွင် ဗိုလ်ချုပ်ပြော သကဲ့ သို့ လွတ်လပ်ရေး ရပြီး ၃ လ အကြာတွင် ကွန်မြူနစ်များမှ  ဆိုရှယ်လစ် အရိုးများ တောင်လိုပုံစေရမည် ဆို ၍ အစိုးရကို လက်နက် ကိုင် စတင်တိုက်ခိုက်သည်။

အင်္ဂလိပ်နယ်ချဲ့တို့ သွေးခွဲအုပ်ချုပ်ခဲ့သည့် တောင်တန်းဒေသများမှ တိုင်းရင်းသား လက်နက်ကိုင် များလည်း ပေါ်ထွက် လာခဲ့သည်။ ထိုမီးစသည် မည်သည့်အခါမျှ မငြိမ်းခဲ့။
ကချင်ပြည် နယ်တွင် KIA နှင့် စစ်ပွဲများ ဖြစ်ပွားခဲ့သည့်နောက် ပါဝင်လာသည်က တိုင်းရင်းသား လက်နက် ကိုင် များ ပေါင်းစပ်ထားသည့် UNFC ဆိုသည့် အဖွဲ့ ဖြစ်သည်။ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့မှန် သမျှအား လိုက်လံစုစည်းသည်။ UN,US,UK အစရှိသည့် အနောက်အဖွဲ့အစည်းများ နှင့် ချိတ်ဆက်ဖို့ ကြိုး စားသည်။ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲ ကျင်းပရေး ဆိုသည့် ခေါင်းစဉ်အောက်မှ အဖွဲ့များ ဆက်တိုက် စုစည်း လာသည်မှာ KIO ခေါင်းဆောင်များ အဓိက ပါဝင်သည့် UNFC သည် တပ်ပေါင်းစု အသွင်ဖြစ်လာသည်။

တစ်ချိန်တည်းတွင် ကေအိုင်အေမှ လက်နက်များ ပြန်လည်စုစည်း တပ်ဆင်သည်။ အရန်တပ် အဖြစ် ရခိုင် တပ် မတော် အမည်ခံ AA အဖွဲ့ လိုင်ဇာတွင် ခေါ်ထားသည်။ ခံစစ်စခန်းများ ပြင်ဆင် သည်။ အနီးပတ် ၀န်းကျင် ဒေသများမှ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သည်။ ထိုသို့ လုပ်ဆောင်ခြင်း များတွင် တပ် မတော်မှ ၀င်ရောက် ပါဝင်လာခြင်း မရှိစေရန် ရှမ်းပြည်နယ်တွင် SSA အဖွဲ့များဖြင့် တိုက်ပွဲများ ဖော်ဆောင် ထားသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြားတွင် မည်သည့်တပ်ဖွဲ့ကို တိုက်ခိုက်နိုင်ကြောင်း သတင်း မှားများ ထုတ်လွှင့် သည်။ မည်သည့်နေ့တွင် ဆုံးရှုံးခဲ့သော ခံစစ် စခန်းများကို ပြန်လည် တိုက် ခိုက်မည်လဲ။

အင်အား တောင့်တင်းသည့် ၀ တပ်ဖွဲ့သည်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အဆင့်မှ ၀ တိုင်း အဆင့် တိုးမြှင့်ပေးရန် တောင်းဆိုနေသည်။ တစ်ချိန်တည်းတွင် သမားရိုးကျ စစ်ပွဲ တစ်ခု ဆင်နွှဲနိုင်သည့် မြေပြင် ပစ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်ရေးလေ့ကျင့်မှုများ အချိန်ပြည့် လုပ်ဆောင်နေသည်။ ၀ ဒေ သ အတွင်း ကျား၊မ အမျိုးသမီး အားလုံးအား တိုက်ပွဲတစ်ခု ဖြစ်လာပါက ပါဝင်နိုင်စေရန် လေ့ကျင့်ထား သည်။ နယ်နိမိတ် ပိုင်ဆိုင်မှုကို အကြောင်းပြ၍ မည်သည့်နေ့တွင် စတင်တိုက်ခိုက်မည်လဲ။

ငြိမ်းချမ်းရေး ယူသည်ဟု အကြောင်းပြသည့် SSA အဖွဲ့၏ လွယ်တိုင်းလျန်တွင် လူအင်အား ၈၀၀ ပါသည့် တပ်သား သစ် သင်တန်း ပြုလုပ်သည်။ ယခင် ရှိပြီးသော အင်အားများကို ဖြန့်ခွဲထားသည်။ အချို့နေရာ များ တွင် သွေးတိုးစမ်း တိုက်ခိုက်မှုများ ပြုလုပ်နေသကဲ့သို့ UNFC နှင့် ပူးပေါင်းကာ အခွင့်အရေးများ တောင်း ဆိုလျှက် ရှိသည်။ တစ်နေရာတွင် ပြင်းထန်သော တိုက်ပွဲ တစ်ခု စတင်သည်နှင့် ၄င်းတို့ ပါဝင် လာမည်မှာ မလွဲပင်။

ကရင်ပြည်နယ်တွင်တော့ ကေအန်ယူ ခေါင်းဆောင်ပိုင်းမှ ငြိမ်းချမ်းရေးကို အပြည့်အ၀ ဖော်ဆောင် မည်ဟု ကတိ ပေးထားကြသည်။ ပြည်နယ် တိုးတက် ကောင်းစားရေးကို အဓိက လုပ်ဆောင် မည် ဟု လည်း ကြွေးကြော် ကြသည်။ တစ်ချိန်တည်းတွင် ကရင်လက်နက်ကိုင်  အဖွဲ့များ စုစည်းရေးကို ကြိုးစားနေသည်။ သာမန် အချိန် တွင် ငြိမ်းချမ်းရေး အပြည့်အ၀ ဆောင်ရွက်မည် ဖြစ်သော်လည်း ဖယ်ဒရယ်ကို အကြောင်းပြုပြီး စစ်ပွဲများ ဖြစ် လာချိန်တွင် အင်အားစုအားလုံး၊ သို့မဟုတ် အဖွဲ့လိုက် ပါဝင်လာမည်သာ ဖြစ်သည်။ ပြီးခဲ့သည့် ကာလ မြ၀တီမြို့တွင်း လက်နက်ကိုင်ဆောင် လှည့်လည်သည့် အဖြစ်က ရှိနေသည်။

ဘင်္ဂလီများ အရေးကလည်း မသေးပေ။ ပြည်တွင်းရေး မငြိမ်မသက် ဖြစ်သည်နှင့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စ တန် တို့မှ တစ်ဆင့် အထောက်အပံ့ ရထားသည့် လက်နက်များဖြင့် လှိမ့်ဝင်လာနိုင်သည်။ လူများ အဆင် သင့် ရှိပြီး ဖြစ်၍ အဆင်သင့် လက်နက်တပ်ဆင်နိုင်ပါက အင်အား သိန်းနှင့် ရှိသော ကြောက်စရာ အေ ကာင်း ဆုံး ရန်သူ ဖြစ်လာမည်မှာလဲ အသေအချာ ဖြစ်သည်။

တရုတ်နိုင်ငံနှင့် ရေပိုင်နက် အငြင်းပွားမှုကြောင့် ဆက်ဆံရေး တင်းမာလျှက် ရှိသော ဂျပန်နိုင်ငံမှ UNFC နှင့် တိုက်ရိုက် ထိတွေ့ဆောင်ရွက်လျှက် ရှိသည်။ တရုတ် နယ်စပ် အသီးသီးရှိ တိုင်းရင်း သား လက်နက် ကိုင်များ အား တရုတ်အပေါ် မှီခိုမှု လွတ်ကင်းစေရန် အနောက်နိုင်ငံများနှင့် အတူ အထောက်အပံ့များအား ခေါင်း စဉ် အမျိုးမျိုးဖြင့် ထောက်ပံ့လျှက် ရှိသည်။ လက်နက်ကိုင် အင်အားစုများ စုစည်း၍ စစ်ပွဲများ စတင်သည်နှင့် နေရာ တိုင်း၌ အကောင်အထည် ဖော်နိုင်စေရန် UNFC အား တွန်းအားပေးလျှက် ရှိသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ သက်ဆိုင်ရာ ဒေသအလိုက် လူသစ်များ စုခြင်း၊ ဆက်ကြေးငွေများ ကောက် ခံခြင်း၊ စစ်ရေး ပြင်ဆင်ခြင်းများ ပြုလုပ်နေချိန်တွင် တပ်မတော်မှာမူ ရှိရင်း အင်အားဖြင့် တစ်စုံ တစ်ခု ဖြစ်လာပါက တုန့်ပြန်သွားနိုင်ရန် ပြင်ဆင်လျှက်ရှိသည်။ သို့သော် မီးစ တစ်ခု ထလောင်ပါက နေရာ တိုင်း တွင် တပ်မတော်မှ အချိန်မီ ပါဝင်နိုင်မည် မဟုတ်။
တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များမှ ဖယ်ဒရယ် စနစ် တောင်းဆိုသည်။ ကိုယ်ပိုင်  အုပ် ချုပ် မည်။ ကိုယ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့ထားမည်။ထိုတောင်းဆိုချက်များကို အတိုက် အခံများနှင့် သမ္မတရုံး ၀န် ကြီး တို့မှ အပြည့်အ၀ ထောက်ခံပြီး ကတိများ ပေးထားသည်။

သို့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကျင်းပ နိုင် ခြင်း မရှိသကဲ့သို့ ရုတ်တရတ် တိုက်ပွဲများ ဖြစ် လာ ပါက မည်သို့ ဖြေရှင်းမည် ဆိုသည့် အစီအစဉ်များကိုလည်း တပ်မတော်နှင့် ညှိနှိုင်း တိုင်ပင်ထားခြင်း မရှိကြောင်း သိရသည်။
သေချာသည်ကား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်မည့် ရက်များအား ဆက်တိုက်ရွှေ့ပြောင်းခြင်း၊  ပြည်ပ ၏ ၀င်ရောက်စွက်ဖက်မှု များလာခြင်း၊ လက်နက် လူသူများ စုဆောင်းမှု များလာခြင်း၊ လေ့ ကျင့်ရေး သင် တန်းများ ဆက်တိုက်ပြုလုပ်ခြင်း၊ နိုင်ငံအတွင်း အစိုးရအပေါ် ဖိအားပေးနိုင်ရန် အဓိက ရုဏ်း များ ဆက် တိုက် ဖန်တီးနေခြင်း တို့သည်ကား သာမန် အခြေအနေ တစ်ခုတော့ မဟုတ် ပါ။

မီးစ တစ်ခု စတင်ပေါက်ကွဲခြင်းဖြင့် တစ်နိုင်ငံလုံး မီးဟုန်းဟုန်း တောက်နိုင်သည့် အခြေအနေ ဖြစ်နိုင်သည့် အပေါ် စိုးရိမ်စကား ပြောမည့်သူ၊ တုန့်ပြန်ကာကွယ်မည့် အစီအစဉ်များ ချမှတ်မည့်သူ၊ ထိုအခြေအနေ အား မဖြစ်ပေါ် ရလေအောင် တားဆီးမည့်သူမှာ မည်သူဖြစ်လေမလဲ။ သမ္မတကြီး လား၊ သမ္မတရုံး ၀န်ကြီးလား၊ လွှတ်တော် ဥက္ကဌများ လား၊ သို့တည်းမဟုတ် ဒေါ်အောင်ဆန်း စုကြည် ပေလား ။ ဒါမှမဟုတ် ရန်ကုန်နှင့် မန္တလေး အပါ ပြည်နယ်မြေ များ မပါသည့် မြန်မာနိုင်ငံ ကိုသာ အုပ်ချုပ်ကြဖို့ ဆက်ပြီး ကြိုးစား ကြလေ မလား။

 Oppositeyes  မှ

အခမဲ့လိုက်ပေးသည့် အမှုများ၌ အဓမ္မပြုကျင့်မှု အများဆုံးပါဝင်


 
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်(၅)ခု၌ အခမဲ့အမှုလိုက် ဖြေရှင်းပေးရသည့် အမှု(၂၀)ကျော်အနက် အဓမ္မပြု ကျင့်မှုမှာ အများဆုံးပါဝင်ကြောင်း အကျိုးဆောင်ပေးနေသည့် Youth Legal Clinic အဖွဲ့က ဆို သည်။

Youth Legal Clinic အဖွဲ့မှာ ရန်ကုန်တိုင်းဒေသကြီးရှိ သာကတေ၊ လှိုင်သာယာ၊ ဒလ၊ ဒေါပုံ၊ ဒဂုံဆိပ်ကမ်း မြို့ နယ် များ၌ အမျိုးသမီးအကြမ်းဖက်ခံရမှုနှင့် ပတ်သက်သည့်အမှုများအား အခမဲ့အမှုလိုက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။

အင်တာနက်ပေါ်မှ ညစ်ညမ်းဇာတ်ကားများ ကြည့်ရှု့ခြင်း ၊ ဖုန်းများတွင်လည်း ညစ်ညမ်းဓာတ်ပုံများတင် ထားခြင်း မှာ အမျိုးသမီးများ အဓမ္မကျင့်ခံရစေနိုင်ရန် တွန်းအားပေးသည့် သဘောသက်ရောက်ေ စနိုင်ေ ကြာင်း ဥပဒေအသိုင်းအ၀ိုင်းနှင့် လူမှုရေးအဖွဲ့အစည်းများက သုံးသပ်ပြောဆိုသည်။

"လှိုင်သာယာဘက်က တက်လာတဲ့အမှုတွေဆိုရင် အဲ့ဒီလို အခွေတွေကိုထိုင်ကြည့်ရင်းနဲ့ မောင်နှ မနှစ်ေ ယာက် ဖြစ်သွား တာမျိုးတို့  ၊ ကောင်လေးက ကောင်မလေးကို ဖုန်းထဲကနေပြပြီးတော့ ကောင်မလေး ကို စိတ် ပါလာအောင် လုပ်တာတွေ ရှိလာတာမို့လို့ ဒါတွေက Rate မှုတွေကို လမ်းကြောင်းပေးနေ သလိုဖြစ် ပါတယ် " ဟု Youth Legal Clinic အဖွဲ့ဥက္ကဌ အထက်တန်းရှေ့နေ ဒေါ်လှလှရီက ပြောသည်။

အဓမ္မကျင့်မှုများ မဖြစ်ပေါ်စေရန်အတွက် လူငယ်လူရွယ်များအနေဖြင့် ငယ်စဉ်ကတည်း ဘာသာရေး အသိ တရား များ လေ့လာမှတ်သားထားသင့်ကြောင်း၊ ၄င်းအမှုများ ဖြစ်ပေါ်လာပါကလည်း နိုင်ငံတော် အစိုးရ အနေဖြင့် အခြားနိုင်ငံများနည်းတူ ထိရောက်ဟန့်တားသောပြစ်ဒဏ်များကို တိတိကျကျချ မှတ်ပေးရန် လို အပ်ကြောင်း လူမှုအဖွဲ့အစည်းများက အကြံပြုပြောဆိုသည်။

"ပုံတွေတွေ့ရင်တော့ လှုံ့ဆော်စိတ်ပေါ်လာမှာပဲ။ အိုင်တီ တိုးတက်လာတာနဲ့အမျှ ဒါတွေကို တားမြစ်ဖို့က ခက် တယ်။ လူကိုထိန်းထားတာ ဘာသာတရားပဲ ဒါကြောင့် ငယ်ငယ်ကတည်းက လူငယ်တွေအတွက် သွန် သင် မှု လိုတယ်။ ပြီးတော့ အမှုတွေပေါ်လာရင် တရားဥပဒေအရ ထိရောက်တဲ့ ပြစ်ဒဏ်ပေးဖို့လိုတယ် " ဟု အပြည်ပြည်ဆိုင်ရာလူမှုရေး အဖွဲ့အစည်းတစ်ခုတွင် တာဝန်ထမ်း ဆောင်ခဲ့ဖူးသော ဦးညွန့်အောင် ကပြော သည်။

အင်တာနက်ဆိုင်အချို့ရှိ ကွန်ပျူတာစက်များထဲ၌ ညစ်ညမ်းသောဇာတ်ကားများ နှင့် ဓာတ်ပုံများ ထည့် သွင်း ထားမှုများ ရှိကြောင်းကိုလည်း အင်တာနက်သုံးစွဲသူများထံက သိရှိရသည်။

"ဟိုတလောက ဆိုင်မှာ သွားထိုင်တာ။ ဖွင့်လိုက်တာနဲ့ computer screen ပေါ်မှာ သီချင်းထင်လို့ ဖွင့်လိုက် တာ အဲ့ဒီလို ဇာတ်ကားတွေ ပေါ်လာတယ်။ ပထမကြည့်သွားတဲ့ လူတွေ မပိတ်ဘဲကျန်ခဲ့တာလားမသိဘူး။ ဘာပဲ ပြောပြော ဆိုင်တွေအနေနဲ့ သူတို့ဆိုင် လူဝင်အောင်လို့ ဒီလိုကားတွေမထည့်ထားသင့်ပါဘူး။ " ဟု ကြည့်မြင် တိုင်မြို့နယ်မှ အင်တာနက်သုံးစွဲသူ အမျိုးသမီး တစ်ဦးက ပြောသည်။

မုဒိမ်းမှုဖြစ်ပေါ်ပါက ပုဒ်မ(၃၇၆)ဖြင့် အရေးယူနိုင်ပြီး ထိုပုဒ်မအရ ထောင်ဒဏ် (၁၀)နှစ် (သို့) တစ်သက် တစ်ကျွန်း (သို့)ငွေဒဏ် (သို့) ထောင်ဒဏ်နှင့်ငွေဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း သိရှိရသည်။
FROM-BBC WIN MYINT
Posted by Singapore Feel

ရှမ်းပြည်မြောက်ပိုင်းမှာ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေ


 
ပြီးခဲ့တဲ့မတ်လက ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့နဲ့ KIO တို့ ရွှေလီမြို့မှာ ငြိမ်းချမ်းရေးေ ဆွးနွေး ခဲ့ကြပြီး နောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေအတွင်း အစိုးရတပ်တွေနဲ့ KIA တပ်တွေ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်နေတယ်လို့ KIA တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီး ဇော်ေ ရာ် က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ တာမိုညဲ၊ နမ္မတူ မြို့နယ်တွေအပြင်၊ နမ္မတူနဲ့ နမ့်ဆန်ကြားေ ဒသတွေ မှာ လည်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီးဇော်ရော်က အခုလိုပြောပါတယ်။

“ဟုတ်ပါတယ်၊ နေ့တိုင်းပစ်နေတာပါ၊ အမြဲလိုက်ပြီးတော့ ထိုးစစ်ဆင်နေတာ၊ ကျွန်တော်တို့တစ်ဖွဲ့တည်းကို ထိုး တာ မကပဲနဲ့ ပလောင်ရော၊ ရှမ်းရောအကုန်လုံးကို တစ်ပြိုင်တည်း ထိုးစစ်ဆင်နေတာ၊ ကချင်ကို နား ထားပြီး မှ ရှမ်းပြည်ဘက်ကို ပြန်ဦးလှည့်လာတာလားလို့”

KIA တပ်မဟာ (၄) နယ်မြေတွေအပြင် SSA မြောက်ပိုင်းတပ်တွေနဲ့ ပလောင်တပ်တွေကိုပါ အစိုးရတပ်က ထိုးစစ် ဆင်နေတယ်လို့ ဗိုလ်မှူးကြီးဇော်ရော်က ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရာမှာ လာရှိုးနဲ့ တန်ယန်းမြို့တွေဘက်ကို ပြေး သူတွေ ရှိ သလို၊ တရုတ်ပြည်နယ်စပ်ဘက်ကို ထွက်ပြေးသူတွေလည်း အများအပြား ရှိနေပါတယ်။ တပ်မ ဟာ (၄) ဒေသရဲ့ အောက်ပိုင်းမှာ မြန်မာပြည်ကိုဖြတ်ပြီး တရုတ်ပြည်ဘက်ကို သွယ်တန်းနေတဲ့ ဓါတ်ငွေ့ ပိုက် လိုင်းရှိနေပါတယ်။
RFA
ဒီသတင်းတွေကို ဖတ်တဲ့အခါမှာတော့ တစ်နိုင်ငံလုံး စစ်မီးတောက်စေဖို့ တစ်နေရာကနေ စနေပြီလို့ မှန်းဆ နိုင်ပါတယ်။ ကေအိုင်အေ တို့အနေဖြင့် တိုက်ပွဲစဖို့ အရှိန်ယူနေပါပြီ
Oppositeyes
 မှ  


ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုကို လျစ်လျူကာ ၈၈ များ အစိုးရကို အပုပ်ချ


 
လက်ပံတောင်း ဒေသတွင် ၈၈နှင့် ဗကသ များ၏ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်မှုကြောင့် ဒေသခံများ နားေ ယာင် ပြီး ရဲတပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ်ခဲ့ကြသည်။ ပထမဦးစွာ အော်ဟစ်ဆဲဆိုခြင်း၊ ခဲများဖြင့် ပစ်ပေါက်ခြင်း၊ လေးဂွများဖြင့် ပစ်ခြင်း၊ ရေသန့်ဗူးများတွင် ဓာတ်ဆီထည့်ကာ မီးစထည့်၍ ပစ် ခတ်ခြင်း များကို ပြုလုပ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များစွာ ဒဏ်ရာရရှိခဲ့သည်။ ထို မင်းမဲ့စရိုက် အကြမ်းဖ က်မှု များကို အားပေးအား မြှောက်သည့် ၈၈ အဖွဲ့များက ကြေငြာချက် တစ်စောင် အချိန်ကိုက် ထုတ်ပြန်ခဲ့သည်။

ထိုကြေငြာချက်တွင် ဒေသခံများကို မြှောက်ပေးလှုံ့ဆော်သဖြင့် ရဲတပ်ဖွဲ့အား တိုက်ခိုက်မှုများကို လျစ် လျူ ရှု ကာ အာဏာပိုင်များကသာ အကြမ်းဖက်နှိမ်နှင်းသဖြင့် ကန့်ကွက်ကြောင်း စသည့် အချက်များဖြင့် အစိုးရ ကို အပုပ် ချခဲ့သည်။

၈၈ ကျောင်းသား အမည်ခံ မင်းကိုနိုင်သည် မိထ္ထီလာ အရေးအခင်း စတင်သည့်အခါတွင်လည်း စစ်ဖိ နပ်အောက် ရောက်သွားချင်သလား အကြောင်းပြကာ ဆူပူသူများအပေါ် လှုံ့ဆော်ခဲ့သည်။ ၈ လေးလုံး အရေး အခင်းကြီး ဖြစ်ပွားသည်အထိ လှုံ့ဆော်ခဲ့သော ၈၈ မျိုးဆက်အမည်ခံ ထောင်ထွက်ကျောင်းသား များ အား ပြည်သူလူထုမှ ရွံရှာ မုန်းတီးလျှက် ရှိသည်။

လတ်တလော သတင်းများအရ ၈၈ အမည်ခံ ကျောင်းသားများသည် နယ်စပ်တစ်လျှောက်မှ လက်နက် ကိုင် များ ထကြွနိုင်စေရန် ပြည်တွင်းဆူပူမှုများ ဖန်တီးသွားရန် စီစဉ်လျှက် ရှိပြီး ၈ လေးလုံးကဲ့သို့ ဆူပူမှုမျိုး ဖြစ် လာစေရန် စီစဉ် ဆောင်ရွက်လျှက်ရှိသည်။ ၄င်းတို့နှင့် အတူ အခြေခံဥပဒေကို ပြင်ဆင်ပြီး တိုင်း ရင်းသား ဖြစ်လိုသူများက လည်း အချိန်ကိုက် လုပ်ဆောင်ကာ ငွေကြေးများ ထောက်ပံ့ပေးလျှက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ- ကေအိုင်အေ တပ်ဖွဲ့များနှင့် တွေ့ဆုံကာ ပြည်တွင်းနှင့် နယ်စပ် တစ်ပြိင်နက် လှုပ်ရှားရန် အကွက် ချခဲ့သည့် မင်းကိုနိုင်နှင့် ၈၈ အမည်ခံများ

 Oppositeyes  မှ

ဓာတုလက်နက်တွေ ဆီးရီးယား သုံးနေသလား

ဗွီအိုအေ (မြန်မာဌာန)
26.04.2013

ဆီးရီးယားအစိုးရဟာ သူပုန်တပ်ဖွဲ့တွေအပေါ် ဓာတုလက်နက်တွေ အသုံးပြု ခဲ့တယ် ဆိုတဲ့ သက်သေအထောက်အထားတွေ တဖြည်းဖြည်း များလာနေ တယ်လို့ ဗြိတိသျှဝန်ကြီးချုပ် David Cameron က ပြောကြားလိုက်ပါတယ်။ ဒါဟာ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေ ပြောဆိုနေတာတွေကို တနည်းအားဖြင့် ထောက်ခံပေးလိုက်သလို ဖြစ်ပါတယ်။

အခုတွေ့ရတဲ့ သက်သေ အထောက်အထားတွေဟာ အင်မတန် စိုးရိမ် စရာကောင်းကြောင်း ၀န်ကြီးချုပ် Cameron က သောကြာနေ့ မှာ ပြောပါတယ်။ ဒါဟာ စစ်ရာဇ၀န်မှုဖြစ်တယ်ဆိုတာ နိုင်ငံတကာ အသိုင်းဝိုင်း အနေနဲ့ စည်းခြား သတ်မှတ်ဖို့ ပြသလိုက်တာပဲလို့လည်း ၀န်ကြီးချုပ် ကဲမ်ရွန်းက ပြောပါတယ်။

သမ္မတ Bashar al-Assad အစိုးရ ဖြုတ်ချနိုင်ရေး တိုက်ပွဲဝင်နေကြတဲ့ သူပုန် တပ်ဖွဲ့တွေအပေါ် ဆီးရီးယားအစိုးရက ဓါတု လက်နက်တွေ အသုံးပြုနေတယ်လို့ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက ယုံကြည်ထားကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အခုတွေ့ရှိထားတဲ့ အထောက်အထားတွေက ဆီးရီးယား အရေးကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ မူဝါဒကို ပြောင်းလဲဖို့အထိတော့ မဖြစ်နိုင်သေး ဘူးလို့ ဆိုပါတယ်။ အမေရိကန်လွှတ်တော်အမတ်တချို့ကတော့ အမေရိကန် အနေနဲ့ ဒီကိစ္စမှာ စစ်ရေးအရ ပါဝင် စွက်ဖက်ဖို့ လိုလားကြောင်း ပြော ဆိုနေကြ ပါတယ်။

၂၀၀၁ ခုနှစ် မတ်လမှာ စတင်ခဲ့တဲ့ ဒီဆီးရီးယား ပဋိပက္ခကြောင့် အနဲဆုံး လူပေါင်း ၇ သောင်းလောက် သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။

(VOA)  မှ

တိုင်းပြည် ဆူပူမှုမှန်သမျှကို ထောက်ခံပြီး ပြည်တွင်း အဓိကရုဏ်းများ ဖြစ်ပွားစေချင်သည့် သူများအကြောင်း ပြည်ဖျက် မီဒီယာ ဖော်ပြ


 
ဧပြီ ၂၄ ရက် နံနက်က ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ဒေသခံ အချို့နှင့် ဒေသအာဏာပိုင်တို့ အကြား ပဋိပက္ခတွင် ဖမ်းဆီးရမိသူများကို ထိရောက်စွာ အရေးယူသွားမည့်အပြင် ပြစ်မှုကျူးလွန်သူများကို ဖော် ထုတ် အရေးယူသွားမည်ဟု ပြည်ထဲရေး၏ ထုတ်ပြန်ကြေညာမှု အပေါ် နယ်ပယ်အသီးသီးမှ ထင်ရှား သူတို့က ဝေဖန်သုံးသပ် နေကြသည်။ (အကုန်လုံး သောက်သုံးမကျသူများ ဖြစ်သည်။)

အထူးသဖြင့် ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက် နံနက်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော လက် ပံတောင်းေ တာင် သံဃာတော်များကို ပြည်ထဲရေး၏ ညွှန်ကြားမှုဖြင့် အင်အားသုံး ဖြိုခွဲမှု၊ မီးလောင် ဖော့စ် ဖရပ်စ်ဗုံး အသုံးပြုမှုတို့ကို အရေးယူမှု တစ်စုံတစ်ရာ မရှိဘဲ မျက်ကွယ်ပြုခဲ့ပြီး ယခုဖြစ်စဉ် ဖြစ်ပွား လာ ကာမှ အရေးယူမည် ဆိုသည့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေကြ သည်။

ထိုစဉ်က လက်ပံတောင်းတောင်အရေး အကြမ်းဖက် နှိမ်နင်းခဲ့သူများကို အရေးယူ ဆောင်ရွက်ပေးခြင်း မရှိ သည့် အပေါ် ဒေါက်တာခင်မောင်ညို (ဓာတုဗေဒ) က'' ပြီးခဲ့တဲ့ လက်ပံတောင်းတောင် ကိစ္စနဲ့ ပတ်သက်ပြီး
ဒေါ်ေ အာင်ဆန်းစုကြည်က သက်ဆိုင်သူတွေကို အရေးယူဖို့ ပြောဖို့ရာ တာဝန်သည် သူတို့ ကော်မတီမှာ မရှိ ဘူး၊ ကော်မတီ တာဝန်မဟုတ်ဘူးလို့ ပြောတယ်။ ပြည်သူတွေ အနေနဲ့ ဘယ်လိုလုပ် အရေးယူပေးဖို့ ပြောမလဲ။ အမှန်တော့ ဒါက အစိုးရရဲ့ အလုပ်ပဲ။ အုပ်ချုပ်တဲ့ အဖွဲ့အစည်း အနေနဲ့ မလုပ်ရင် မလုပ်တဲ့သူမှာ အပြစ် ရှိတယ်လို့ ယူဆတယ်'' ဟု သုံးသပ်သည်။ (မီးလောင်ဗုံးပါဟု အတိအကျ ပြောပြီး အရှက်မရှိ ကျွန်တော် အချက်အလက်မရှိဘဲ မှန်းဆ ပြောခဲ့ပါသည်ဟု ၀န်ခံသူ)

အလားတူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင် ကလည်း ထိုစဉ်က ဖြစ်ပွားခဲ့သော သမိုင်း တွင်မည့် ဖြစ်စဉ်ကြီးအပေါ် ''လက်ပံတောင်းတောင် ကိစ္စဟာ အရင်အစိုးရ လက်ထက်ကတည်းက လုပ်ခဲ့ တဲ့ ကိစ္စပဲ။ အဲဒီကတည်းက တရားမျတမှုမရှိဘူး။ ပွင့်လင်း မြင်သာမှု လည်း မရှိခဲ့ဘူး။ ဒါပေမဲ့ ဘာမှ မပြော ရဲခဲ့ကြဘူး။ အခု အတော်အသင့် လွတ်လပ်လာတော့ သဘောထားတွေ ဖော်ထုတ်လာကြတယ်။ စုံစမ်း စစ်ဆေးေ ရး ကော်မရှင် ဖြေရှင်းမှုကိုလည်း တချို့က မကျေနပ်တာတွေ ရှိတယ်။ လက်ပံတောင်းေ တာင် ကြီး ပျောက်သွားမှာကို စိုးရိမ် ကြတာတွေ ရှိတယ်။ အဲဒါကြောင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲတာကို ဖြေရှင်းပုံ ဖြေ ရှင်း နည်းမှာ အကြမ်းဖက်တာ မဖြစ်သင့်ဘူးလို့ ထင်တယ်။ သံဃာတော်တွေ အကြမ်းဖက် ခံရတုန်း ကတော့ အရေးယူမှု ဘာမှမရှိခဲ့ဘဲ အခုကျမှ အရေးယူမယ် ဆိုတာတွေက တရားဥပဒေအရ မမျှတဘူးလို့ မြင်တယ်။ တကယ်ဆို အကြမ်းမဖက်ဘဲ ညှိနှိုင်းဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ဖြေရှင်း သင့်တယ်'' ဟု ပြော သည်။ (ဥပဒေကို ရခိုင်ပြည်နယ်တွင်သာ စိုးမိုးစေချင်သူ)

ထို့ပြင် အစစ်အမှန် တရားမျှတမှု လိုအပ်ကြောင်းကိုလည်း ''ကျွန်တော်တို့က တရားဥပဒေ စိုးမိုးရေး ဆိုတာ ကို သဘောတူတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ဥပဒေစိုးမိုးရေး လိုအပ်တယ်။ ပြဿနာကို ဖြေရှင်းရာမှာ လည်း ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေ ဖြစ်ဖို့လိုတယ်။ တရားဥပဒေအောက် က ဖြေရှင်း မယ် ဆိုရင် အစစ်အမှန် တရားမျှတမှု လိုအပ်တယ်။ ဒါကြောင့် အစစ်အမှန် တရားမျတမှုကို လုပ်ပါ။ အားလုံး အပေါ် မှာ တန်းတူပဲ ရှိစေချင်တယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာကတည်းက သံဃာတော်တွေ အကြမ်းဖက် ဖြိုခွင်းမှုမှာ တာဝန်ရှိတဲ့ သူတွေကို အရေးယူဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ပြောပြီးသားပါ'' ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ပြောသည်။ ( ၄ လ သမီး ဗန်းပြပြီး ၂၀၀၇ ကာလတွင် ပြည်ပအကူအညီဖြင့် ဆူပူလှုံ့ဆော်သူ၊ ယနေ့ ဥပဒေမဲ့ လုပ်ဆောင်မှုများ ဆောင်ရွက် နေသူ၊ နောက်ကွယ်မှ ကြိုးကိုင်သည့် အဖွဲ့အစည်း)

ဒေါက်တာ ခင်မောင်ညို (ဓာတု) ကပင် ''လက်ပံတောင်းတောင် အစီအရင်ခံစာမှာတော့ ဗုံးတွေနဲ့ ပတ် သက်ပြီး အကောင်းဆုံး ရေးထား ပါတယ်။ အတော်ပြည့်စုံတယ်။ အတိအကျ မရေးထားတာဘဲ ရှိတယ်။ ဗုံး မှာ ဖော့စ်ဖရပ်ပါတယ်။ မီးလောင်ဗုံးလို ဖြစ်နေတယ်။ မီးခိုးဗုံး ဆိုပေမယ့် အသုံးမပြုသင့်တဲ့ ဗုံးဖြစ်တယ်။ ပြည် သူတွေကို မသုံးရဘူး။ စစ်တပ်မှာလည်း Personal တွေကိုလည်း သုံးခွင့်မရှိဘူး။ သုံးရင် ဒါက Criminal ဖြစ်တယ်။ သုံးခဲ့တဲ့ပုဂ္ဂိုလ်၊ ထုတ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ရှာဖွေသုံးသပ်ရမယ်။ ဒါကို သူတို့က ဘာမှ မဟုတ် သလိုလိုနဲ့ ခပ်တည်တည် နေနေကြတယ်'' ဟု ထပ်မံထောက်ပြ သွားသည်။ ( အရှက်မဲ့သူ)

ထိုစဉ်က သံဃာတော် အများအပြား မီးလောင်ဒဏ်ရာ အကြီးအကျယ် ရရှိသည်အထိ အကြမ်းဖက် နှိမ် နင်းခဲ့ခြင်း ကို ရန်ကုန်၊ ပခုက္ကူ၊ မန္တလေး စသည့် ဒေသများမှ သံဃာတော်များ၊ ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ရှေ့နေများ ကွန်ရက်၊ နိုင်ငံရေး အကျဉ်းသား ဟောင်း များ အဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအ ဖွဲ့ ချုပ်၊ ကေအိုင်အို၊ ကေအိုင်အေအဖွဲ့တို့မှ တစ်ညီတစ်ညွတ်တည်း ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ ခဲ့ကြသည်။ ( နေရာအသီးသီးတွင် ပြည်တွင်း မငြိမ်သက်မှုများ ဖြစ်ပေါ်စေရန် ဆောင်ရွက်နေသူများ)


ုပြည်ဖျက် မီဒီယာ ELEVEN ၏ ဆက်လက် ဆူပူစေရန် နောက်ကြောင်းဖော်ပြ ဖွသည့် စာသားများ

ယင်းနောက် လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာပြီး လွတ်လပ်သည့် စုံစမ်း စစ်ေ ဆးေ ရး ကော်မရှင်တစ်ရပ် အမြန်ဆုံး ဖွဲ့စည်းပေးရန်နှင့် သပိတ်စခန်းများကို အင်အား အလွန်အကျွံ သုံး ၍ ယခု အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသူနှင့် အမိန့်ပေးသူတို့အား နိုင်ငံတော်ဘက်မှ ဖော်ထုတ်၍ ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

သို့သော် နိုင်ငံတော် အနေနှင့်မူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လက် ဆောင်ရွက်ခွင့်ပြုရန် သင့် -မသင့် စိစစ်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဖွဲ့ဝင် ၃၀ ဦးပါ စုံစမ်းရေး ကော်မရှင်ကို ဒီဇင်ဘာ ၁ ရက်နေ့စွဲဖြင့် စတင်ဖွဲ့စည်း လိုက်သည်။

ယင်းနောက်မှ အမျိုးသား ဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကော်မရှင် ဥက္ကဋ္ဌအဖြစ်နှင့် အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်းရေး ကော်မရှင်ကို ဒီဇင်ဘာ ၃ ရက်တွင် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

အဆိုပါ စုံစမ်းရေး ကော်မရှင် အနေနှင့် ဒီဇင်ဘာ ၅ ရက်တွင် ဒေသခံများနှင့် စတင်တွေ့ဆုံခဲ့သည့် အပေါ် စုံ စမ်းရေး ကော်မရှင်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ''ကော်မရှင်ရဲ့ လှုပ်ရှားမှု ပ ထမ ဆုံးနေ့မှာ လက်ပံတောင်းတောင်ဒေသ၊ ၀က်မှေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်'' ဟု ပြော သည်။

သို့သော် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မုံရွာကြေးနီ စီမံကိန်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးကမူ စီမံ ကိန်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းေ န့ မှာပင် ကတိပြု ပြောကြားခဲ့သည်။

ထို့နောက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အား သုံး ဖြိုခွဲခဲ့မှုအပေါ် ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲတွင် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ စစ်တွေ၊ ပြည်၊ ပု သိမ်၊ ကလေး စသည့် မြို့ကြီးများတွင် သံဃာတော်များနှင့် ပြည်သူတို့က ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

၎င်းတို့မှ အချက် ငါးချက်ပါ တောင်းဆိုချက်များ ထုတ်ပြန်ခဲ့ကြပြီး ယင်းတို့အနက် ငြိမ်းချမ်းစွာ ဆန္ဒပြသော ရဟန်း ရှင်လူ ပြည်သူတို့အား အကြမ်းဖက်နှိမ်နင်း ဖြိုခွဲသော တာဝန်ရှိသူ အားလုံးကို ဖော်ထုတ် အရေးယူ ဆောင်ရွက်ပေးရေးဆိုသည့်အချက် ပါဝင်ခဲ့သည်။

၎င်းအခြေအနေတွင် ဒေါက်တာခင်မောင်ညို (ဓာတုဗေဒ) ကပင် ''ပြည်သူ့ရဲတွေ အနေနဲ့ အရင်က တည်း က အမိန့်ကို နာခံတာပဲသိတယ်။ ဥပဒေကို နားမလည်ဘူး။ ဥပဒေကို နားမလည်တော့ အမိန့်ပေးတာကိုပဲ သိတယ်။ အခုဖြစ်နေတာတွေက ဘယ်ဟာတွေမှ မကောင်းဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းခြင်း မရှိရင်၊ နားမလည်ရင် ဘာမှ အလုပ်လုပ်လို့ မရဘူး။ အလုပ် လုပ်လို့ရအောင် တစ်ခုခု ဆုံးဖြတ်ရမယ်။ ဒီလိုဖြစ်တဲ့ ကိစ္စတွေမှာ အစိုးရအနေနဲ့ အများကြီး တာဝန်ရှိပါတယ်။ ဖြစ်လာတာတွေကို အစိုးရ အနေနဲ့ နူးညံ့စွာ ကိုင်တွယ်ဖြေရှင်း သင့်တယ်လို့ ထင်ပါတယ်'' ဟု ဝေဖန်ခဲ့သည်။

လက်ရှိတွင် ဧပြီ ၂၅ ရက်က ယာထွန်ခြင်း၊ ယာတဲဆောက်ခြင်းများ ပြုလုပ်ရာမှ ဒေသခံရွာသားတို့နှင့် လက်ပံတောင်းတောင် တာဝန်ကျ လုံခြုံရေးများအကြား ပဋိပက္ခများ ဖြစ်ပွားကာ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးနှင့် ဒေသခံ ရွာသားနှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ထို့အတွက် ဧပြီ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ဖမ်းဆီးထားသူ သုံးဦးကို ပြန်လွှတ်ပေးရန် ဒေသခံ ရွာသား တချို့ ဆန္ဒပြတောင်းဆိုခဲ့ရာ လုံခြုံရေး တာဝန်ရှိသူတို့ကလည်း ညောင်ပင်ကြီး - ဆားလင်းကြီး လမ်း မပေါ်တွင် လုံခြုံရေး အထပ်ထပ်ချကာ တားဆီးခဲ့ရကြောင်း သတင်းရရှိသည်။

ယင်းနောက် မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် လက်ပံတောင်းတောင် ဒေသခံ တို့မှာ နေရပ်အသီးသီးသို့ လှည့်ပြန် သွားကြကြောင်း သိရသည်။

eleven media group

ရခိုင်ဒုက္ခသည်တွေအတွက် ကုလကနောက်ထပ် ဒေါ်လာ ၅ သန်းလှူ


 ရခိုင်ပြည်နယ်တွင်း မူဆလင် ဒုက္ခသည်စခန်းအတွင်း  အကူအညီပစ္စည်းတွေ ပေးဝေနေစဉ်။ (နိုဝင်ဘာလ ၁၀၊ ၂၀၁၂) 
ရခိုင်ပြည်နယ်တွင်း မူဆလင် ဒုက္ခသည်စခန်းအတွင်း
 အကူအညီပစ္စည်းတွေ ပေးဝေနေစဉ်။ (နိုဝင်ဘာလ ၁၀၊ ၂၀၁၂)
ဗွီအိုအေ (မြန်မာဌာန)
26.04.2013

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေကနေ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ လက်ကျန် ဒုက္ခသည် ၆ သောင်း ၉ ထောင် အတွက် ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေး ရန်ပုံငွေဌာနက CREF က အမေရိကန်ဒေါ်လာ ၅ သန်း ထပ်မံ လှူဒါန်းလိုက်ပါတယ်။

ဒါဟာ အရေးပေါ်ကယ်ဆယ်ရေးဌာန ပူးပေါင်းဆောင်ရွက်ရေးမှူး Valerie Amos အနေနဲ့ မနှစ်က လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် တတိယအကြိမ်မြောက် အကူအညီ ပေးပို့တာလည်း ဖြစ်ပါတယ်။  အဲဒီ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတမ်းရှောင်ခဲ့ရတဲ့ ဒုက္ခသည် ၁ သိန်း ၄ သောင်းလောက် ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။

၂၀၁၂ ခုနှစ်အတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း CREF ဌာနအနေနဲ့ ခုချိန်ထိ အမေရိကန်ဒေါ်လာ ၁၅ သန်း ကူညီ ပံ့ပိုးပေးပြီး ဖြစ်ပါတယ်။

အခု နောက်ဆုံးပေးတဲ့ ဒေါ်လာ ၅ သန်းထဲက တချို့ကိုတော့ ရခိုင်ပြည် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က တင်ပြထားတဲ့ လိုအပ်ချက်တွေနဲ့ အညီ ပေးပို့ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။အခုအခါ မိုးရာသီနီးလာပြီဖြစ်တာကြောင့် စစ်တွေ၊ ပေါက်တောနဲ့ မြေပုံမြို့နယ် အတွင်းမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေ အရေးပေါ် အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ ကျန်တချို့ကိုတော့ လိုအပ်နေတဲ့ တခြား လူသားချင်းစာနာတဲ့ အကူအညီ ပေးရေးအတွက် အသုံးပြု သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။

၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ CERF ဌာနအနေနဲ့ ငွေကြေး အကူအညီ လိုအပ်နေတဲ့ မြန်မာနိုင်ငံက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် အမေရိကန်ဒေါ်လာ ၇၆ သန်း ကူညီ ပံ့ပိုးပေး ခဲ့ပြီး အဲဒီ အထဲက ၃၇ သန်းဟာ ရခိုင်ပြည် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ပေးခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။

(VOA)  မှ 

လက်ပံတောင်းမှာ ရဲနဲ့ရွာသား ဆက်လက်တင်းမာ


 လက်ပံတောင်းတောင်တွင် ဖမ်းဆီးထားသူ သုံးဦးအား ပြန်လွှတ်ပေးရေး တောင်းဆိုသူများ ရှေ့မဆက်အောင် ဟန့်တားထားသည့် ရဲတပ်ဖွဲ့ဝင်များ။ (၀၄၊ ၂၆၊ ၁၃)။ 
လက်ပံတောင်းတောင်တွင် ဖမ်းဆီးထားသူ
 သုံးဦးအား ပြန်လွှတ်ပေးရေး တောင်းဆိုသူများ
 ရှေ့မဆက်အောင် ဟန့်တားထားသည့် ရဲတပ်ဖွဲ့ဝင်များ။ (၀၄၊ ၂၆၊ ၁၃)။
မအေးအေးမာ
26.04.2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းထားတဲ့မြေယာတွေ မှာ ပြန်ပြီး ထွန်ယက်စိုက်ပျိုးဖို့ လုပ်တဲ့ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား တင်းမာမှုတွေ ဖြစ်ခဲ့ပြီး သေနတ်နဲ့ပစ်ခတ်တာ၊ ရိုက်နှက်ဖမ်းဆီး တာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီလိုဖြစ်ပြီးနောက်တစ်နေ့ ဧပြီလ ၂၆ ရက်နေ့မှာတော့ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်း ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒေသခံလယ်သမားတွေကို အကူအညီပေးနေတဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ယက်က ကိုအောင်စိုး အပါအဝင် လယ်သမား ၂ ဦးနဲ့ ပေါင်း ၃ ဦးကို လယ်ထွန်နေတဲ့ နေရာကနေ ရဲတွေက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တာပါ။  တခြား တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်တွေကိုလည်း ဖမ်းဆီးဖို့ ကြိုးစားခဲ့ရာမှာ ဒေသခံတွေက ပြန်လည် ခုခံပြီး မနေ့က ရာဘာကျည်တွေနဲ့ ပစ်ခတ်တဲ့အထိ အခြေအနေတွေ တင်းမာ ခဲ့ပါတယ်။ သောကြာနေ့မှာတော့ အဖမ်းခံရတဲ့သုံးဦး ပြန်လည်လွတ်မြောက်ရေး တောင်းဆိုနေတဲ့ ဆန္ဒပြ လူအုပ်ကြီးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ကြောင်း ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကိုဗထူးက ပြောပါတယ်။

“သုံးယောက်ကို ဖမ်းဆီးသွားလို့ ဒီကနေ့ ညောင်ပင်ကြီးရဲစခန်းရှေ့မှာ သူတို့ကို လွှတ်ပေးဖို့ သွားရောက် တောင်းဆိုခဲ့ကြတာပါ။ ဝက်မှေးရွာသစ် အရှေ့ကို လည်းရောက်ရော တစ်ခါတည်းတန်းပြီးတော့ လမ်းတွေ ပိတ်ထားလိုက် ပါတယ်။ ရှေ့ဆက်သွားလို့မရဘူး၊ သွားရင် သေနတ်နဲ့ပစ်ဆိုတဲ့ ပုံစံမျိုးတွေ ဆိုင်းဘုတ်တွေ ချပြီး ကျနော်တို့ကို ဟန့်တားထားပါတယ်။ အဲဒီစည်းနားအထိကို ကျနော်တို့သွားတယ်။ အဲဒီစည်းတွေကို ကျော်ရင် သူတို့က ပစ်မယ်ဆိုတော့ ကျနော်တို့ ဒေသခံတွေက အဲဒီနားမှာ ငြိမ်ငြိမ်ဆိန်ဆိန်နဲ့ နာရီဝက် တစ်နာ ရီလောက် ထိုင်ပြီးတော့ လမ်းဖွင့်ပေးဖို့ တောင်းဆိုကြပါတယ်။ လုံးဝ မဖွင့်ပေးပါဘူး။ ဖမ်းထားတဲ့ လူတွေကို လွှတ်ပေးဖို့ သွားပြီးတော့ တောင်း ဆိုတာကို လမ်းမှာ အပိတ်ခံထားရတာပါ။ ကျနော်တို့နဲ့ ထိပ်တိုက် ရင်ဆိုင်ထားတာက အင်အား ၂၀၀ ပါ။ ကားပေါ်မှာထိုင်နေတာလည်း အများကြီး ရှိပါတယ်။ အမျိုးသမီး ရဲမေတွေလည်း အများကြီး သုံးထားတာ တွေ့ရပါတယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ဒေသခံတွေရဲ့ လယ်မြေ ဧကပေါင်း ၇၈၀၀ ကျော်ကို ဦးပိုင်ကုမ္ပဏီလိမိတက်နဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က သိမ်းယူခဲ့ပြီး ရွာ ၄ ရွာကို ဖယ်ရှားခိုင်းခဲ့ပါတယ်။ ဒေသခံအများစု ကတော့ သူတို့ လယ်မြေတွေကို နစ်နာကြေးမယူဘဲ စီမံကိန်းရပ်တန့်ရေးကို သာ တောင်းဆိုခဲ့ကြတာပါ။

အခုဖြစ်တဲ့ တင်းမာမှုက စီမံကိန်းကြောင့် သိမ်းယူထားတဲ့ လယ်မြေတွေမှာ အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ထုတ်ပြီး တားမြစ်ထားပါတယ်။ ဒါကြောင့် လူစုလူဝေးနဲ့ မနေကြဖို့၊ ဖယ်ရှားပေးဖို့ သတိပေးခဲ့ပါတယ်။ 
ဒေသခံ လယ်သမားတွေကလည်း ကုမ္ပဏီက အတင်းအဓမ္မ သိမ်းယူထားတာသာ ဖြစ်တယ်၊ သူတို့ ရောင်းချထားတဲ့နေရာ မဟုတ်ဘူးဆိုပြီး သူတို့ပိုင်လယ်တွေမှာ ထွန်ယက်စိုက်ပျိုးဖို့ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လယ်သူမကြီးတစ်ဦးကတော့-

“ကျမတို့ကတော့ ကိုယ့်မြေ ကိုယ့်ယာကိုတော့ မရ ရတဲ့နည်းနဲ့ တိုက်ရမှာပဲ။ ကျမတို့တောင်တန်းတွေ၊ ကျမတို့ လယ်ယာမြေတွေ၊ ကျမတို့ ဘိုးဘွား စဉ် ဆက်ကတည်းက ဘယ်တိုင်းတပါးသားကိုမှလည်း ရောင်းမစားခဲ့ဘူး။ ကိုယ့်မြေ၊ ကိုယ့်ယာ၊ ကိုယ့်တောင်တန်းကို စောင့်ရှောက်ကာကွယ်သွားမယ်။ အသက်ပေး ရင် ပေးရပလေ့စေ။”

လက်ပံတောင်းမှာ ဖြစ်နေတဲ့ လယ်ယာမြေ ပြဿနာနဲ့ပတ်သက်လို့ မြန်မာနိုင် ငံ ရှေ့နေများကွန်ယက်က ရှေ့နေကြီး ဦးအောင်သိန်းက ပြောပြတာကတော့ -

“အမှန်ကတော သူတို့လယ်သမားတွေ တကယ်နစ်နာတာတော့ အမှန်ပဲ။ အစဉ် အဆက် လယ်မြေပေါ်မှာ ရပ်တည်လုပ်ကိုင်လာခဲ့တာမှာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို သိမ်းပြီးတော့ ကြေးနီစီမံကိန်းအတွက် လယ်ယာ မြေကို သိမ်းယူတယ်ဆိုတဲ့ သဘောမျိုးဖြစ်တာ။ အဲဒီလို သိမ်းယူတဲ့နေရာမှာလည်း ညှိနှိုင်းပြီးတော့ ထိုက်တန်တဲ့လျော်ကြေး ပေးချင်လည်း ပေးပေါ့ဗျာ။ လျော်ကြေးမယူဘူးဆိုလည်း သူတို့စိုက်ပျိုးသီးနှံငန်း လုပ်မဲ့အပေါ်မှာ အစိုးရကပဲဖြစ်ဖြစ်၊ ဝမ်ပေါင်ကပဲဖြစ်ဖြစ် ညှိနှိုင်းပြီး ဆောင်ရွက်ပေးသင့်တယ်လို့ မြင်ပါတယ်။”

ဧပြီလ ၂၆ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာမှာောတ့ ဖြစ်ပွားခဲ့တဲ့ တင်းမာမှုတွေ အတွင်းမှာ ရန်လိုတဲ့ သူတွေကို ဖမ်းဖို့ ကြိုးစားရာမှာ ရွာသားတွေက ပြန်လည်တုံ့ပြန်တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့် ဒဏ်ရာ ရခဲ့တယ်လို့ ရေးသားပြီး ရွာသားတွေဘက်က ၃ ဦး ဒဏ်ရာရတယ်လို့ ရေးသား ထားပါတယ်။  ဒီကနေ့ တင်းမာမှုတွေနဲ့ပတ်သက်လို့ ဆားလင်းကြီး မြို့နယ် ရဲတပ်ဖွဲ့မှူးကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်၊ သမ္မတရဲ့ ပြောခွင့်ရသူ လည်းဖြစ်တဲ့ ဦးရဲထွဋ်ကတော့ နောက်ဆုံးအခြေအနေကို အတိအကျ မသိရပေမဲ့ တင်းမာမှုတွေ ဒီကနေ့အထိ ဆက်ဖြစ်နေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“မနေ့က ဖမ်းထားတဲ့သူတွေကို ထုတ်ပေးဖို့ဆိုပြီးတော့ လာပြီးတော့ ဝိုင်းတယ် ဘာညာတော့ ဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ ထုတ်ထားတဲ့ ဥပဒေနဲ့အညီပဲ ဘယ်နေရာကို မကျော်သွားနဲ့ ဆိုတာမျိုး လောလောဆယ်ပြော ထားတဲ့ အဆင့်ပဲ ရှိသေးတယ်။ ဒါလောက်ပဲ အကြမ်းဖျင်းသိပါတယ်။ နောက်ဆုံး အခြေအနေကိုတော့ ကျနော်တို့လည်း မရသေးပါဘူး။ လိုအပ်ရင်တော့ ဆက်သွယ်ပြီး သတင်းထုတ်ပြန်ပေးသွားပါမယ်။”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးခဲ့တဲ့ အကြောင်း ဆောင်ရွက် သင့်တဲ့၊ ဆောင်ရွက်ရမယ့် အချက်တွေကိုလည်း မတ်လ ၁၁ ရက်နေ့မှာ အပြီးသတ် အစီရင်ခံစာ ရေးသားထားပြီးဖြစ်တယ်လို့ မြန်မာအစိုးရထုတ် သတင်းစာမှာတော့ ဖော်ပြပါရှိပါတယ်။

(VOA)  မှ 

တောင်တရုတ်ပင်လယ်အငြင်းပွားမှု အာဆီယံမှုကို မြန်မာလက်ခံ


ဘရူနိုင်းဘုရင် Hassanal Bolkiah(ဝဲ)၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen (ယာ) နှင့် သမ္မတဦးသိန်းစိန်တို့အား ၂၂ ကြိမ်မြောက် အာဆီယံအစည်းအဝေးအတွင်း ညစာစားပွဲမှာ အတူတကွ တွေ့ရစဉ်။ ဧပြီလ ၂၄၊ ၂၀၁၃။ 
ဘရူနိုင်းဘုရင် Hassanal Bolkiah(ဝဲ)၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen (ယာ)
 နှင့် သမ္မတဦးသိန်းစိန်တို့အား ၂၂ ကြိမ်မြောက် အာဆီယံအစည်းအဝေးအတွင်း
 ညစာစားပွဲမှာ အတူတကွ တွေ့ရစဉ်။ ဧပြီလ ၂၄၊ ၂၀၁၃။
ကိုအောင်လွင်ဦး
26.04.2013

တောင်တရုတ်ပင်လယ်ပြင်တွင်း နယ်မြေပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ အငြင်း ပွားမှုတွေမှာ အရှေ့တောင်အာရှ နိုင်ငံများ အသင်း (Asean) နဲ့ တသားတည်း ရပ်တည်သွားမှာ ဖြစ်တဲ့အကြောင်း ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ထိပ်သီး အစည်းအဝေး အတွင်း သမ္မတဦးသိန်းစိန် ကပြောလိုက်ပါတယ်။ ဒါဟာဆိုရင် တရုတ်နိုင်ငံနဲ့ အာဆီယံအသင်းဝင် နိုင်ငံတချို့ကြား မပြေမလည် ဖြစ်နေရတဲ့ ကိစ္စမှာ မြန်မာအစိုးရက သူ့ရဲ့ရပ်တည်ချက်ကို သိသိသာသာ ပြောဆို လိုက်တာ လည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ် ပါတယ်။

မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးပွဲ အတွင်း ဒေသတွင်းတင်းမာမှုတွေ ကြုံနေရတဲ့ တောင်တရုတ် ပင်လယ်ပြင်က နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုကို အဓိက ကိစ္စရပ်တခုအဖြစ် အမြန် ဆုံး ပြေလည်အောင် ဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံက လိုလားနေသလို တနိုင်ငံချင်းအနေနဲ့ မဟုတ်ဘဲ အာဆီယံအသင်းအနေနဲ့ တညီတညွတ်တည်း ရပ်တည်ရေး အတွက်ကိုလည်း အသင်းဝင်နိုင်ငံတွေ က ခေါင်းဆောင်တွေ လက်ခံခဲ့ကြတာပါ။ ဘရူနိုင်း နိုင်ငံက အစည်းအဝေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း တရုတ်နိုင်ငံနဲ့ အချေ အတင် ဖြစ်နေတဲ့ ကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းမယ့် အာဆီယံအသင်း ရဲ့အစီအစဉ်ကို ထောက်ခံဆွေးနွေးခဲ့တဲ့အကြောင်း သမ္မတရဲ့ ပြောခွင့်ရ သူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“သမ္မတကြီးက ဘရူနိုင်းမှာရှိတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကို သွားတက် ပါတယ်။ သမ္မတကြီးအနေနဲ့ ဆွေးနွေးတဲ့ အခါမှာတော့ တောင်တရုတ် ပင်လယ် ကိစ္စနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အတွင်း အငြင်း ပွားမှု ကိစ္စမှာ တိုက်ရိုက်ပါဝင် ပတ်သက်တဲ့နိုင်ငံ မဟုတ်သော်လည်း အာဆီယံ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံအနေနဲ့ အဲဒီကိစ္စကို အလေးအနက် ထားပါတယ်။

အဲဒီပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းမှန်သမျှကို လည်း မြန်မာနိုင်ငံအနေနဲ့ အစဉ်တစိုက် ထောက်ခံ အားပေးခဲ့တယ် လို့ ပြောပါတယ်။ နောက်တခါ ကျနော်တို့က တောင်တရုတ်ပင်လယ်ကိစ္စမှာ အာဆီယံ တူညီတဲ့ သဘောတူညီချက် ထွက်ပေါ်ရေး ကြိုးပမ်းတဲ့နေရာမှာလည်း အာဆီယံနဲ့ တူညီတဲ့ဆန္ဒနဲ့ တသားတည်းရှိမယ်ဆိုတာကိုလည်း ဆွေးနွေးခဲ့ ပါတယ်။”

နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ဒေသတွင်း သက်ဆိုင်ရာနိုင်ငံတွေ လိုက်နာဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတရပ် ချမှတ်နိုင်ရေး ကြိုးပမ်းမှုတွေ ကိုလည်း ထောက်ခံတဲ့အကြောင်း မြန်မာအစိုးရက ပြောဆိုခဲ့တာပါ။ တောင်တရုတ်ပင်လယ်ပြင်တွင်း လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတရပ် ရေးဆွဲနိုင်ဖို့ ပြီးခဲ့ တဲ့နှစ်ထဲ ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးပွဲ အတွင်းမှာ လည်း ဆွေးနွေးဖို့ ရည်ရွယ်ခဲ့ကြပေမဲ့ တရုတ်အစိုးရက သြဇာညောင်းတယ်လို့ အများကမြင်ကြတဲ့ အိမ်ရှင်နိုင်ငံက ထောက်ခံမှု မရှိခဲ့တဲ့အတွက် အထမမြောက် ခဲ့ကြပါဘူး။


၂၂ ကြိမ်မြောက် အရှေ့တောင်အာရှထိပ်သီး ညီလာခံတက်ရောက်လာကြသော နိုင်ငံ့ခေါင်းဆောင်များ။
ဒီနှစ်အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ဘရူနိုင်းစော်ဘွားကတော့ အခုနောက်ဆုံး ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

“ခေါင်းဆောင်တွေကြား အကျေအလည်ဆွေးနွေး နိုင်ခဲ့ကြပါတယ်။ အရင်နှစ်က စလို့ တိုးတက်မှုတချို့လည်း ရှိခဲ့ပါတယ်။ ကျနော်တို့ သဘောတူညီမှု ရခဲ့တဲ့ အထဲမှာ အဆင့် ၂ ဆင့်ပါတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ပထမတခု ကတော့ ပိုင်ဆိုင် ကြောင်း အပြန်အလှန် ပြောဆိုနေကြတဲ့ တိုင်းပြည်တွေ အချင်းချင်းကြား ဖြေရှင်းကြဖို့ဖြစ်ပြီး ဒုတိယအနေနဲ့ကတော့ အာဆီယံ ရော တရုတ်နိုင်ငံကပါ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေတရပ်ဖြစ်အောင် ကြိုးပမ်းပြီး လုပ်ထုံးလုပ်နည်းတရပ် ထွက်ပေါ်ရေး အရေးတကြီး ဆောင်ရွက်ကြဖို့ ဖြစ် ပါတယ်။”

တောင်တရုတ် ပင်လယ်ပြင်တွင်းက အရင်းအမြစ်တွေ ကြွယ်ဝတယ်လို့ ယုံကြည်နေကြတဲ့ နယ်မြေတွေကို ပိုင်ဆိုင်မှုအတွက် အာဆီယံ အသင်းဝင် ၄ နိုင်ငံ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နဲ့သာမက တခြား အာရှ တိုင်းပြည်တချို့နဲ့ပါ တရုတ် နိုင်ငံက အငြင်းပွားနေတာပါ။ ပြဿနာကို ကုလ သမဂ္ဂမှာ ဖြေရှင်းဖို့အထိ တောင်းဆိုနေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့သမ္မတ Benigno Aquino ကတော့ ဒီတကြိမ်ဆွေးနွေးမှုတွေ အထမြောက်ခဲ့တာဟာ အောင်မြင်မှု တခုလို့ ပြောလိုက်ပါတယ်။

“အာဆီယံတခုလုံးက ဒီကိစ္စကို ဘေးဖယ်မထားဘဲ ဆွေးနွေးဖို့ ဆန္ဒရှိကြတဲ့ အတွက် ကျနော်တို့အနေနဲ့ တကယ်ပဲ ကျေးဇူးတင်ကြ ရမှာ ဖြစ်ပါတယ်။ အကျိုး လည်း ရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဦးစားပေး ကိစ္စတခုအဖြစ်နဲ့ ဘယ်သူက မှလည်း ကန့်ကွက်တာမျိုး မရှိကြပါဘူး။ အကုန်လုံးက နားထောင် ကြ၊ ဆွေးနွေးကြနဲ့ဆိုတော့ ဒါဟာ လမ်းကြောင်းမှန်ပေါ်ကို စရောက် လာပြီလို့လည်း ယူဆပါတယ်။”
၂၂ ကြိမ်မြောက် အရှေ့တောင်အာရှထိပ်သီး ညီလာခံတက်ရောက်လာကြသော နိုင်ငံ့ခေါင်းဆောင်များ။ 
၂၂ ကြိမ်မြောက် အရှေ့တောင်အာရှထိပ်သီး ညီလာခံတက်ရောက်လာကြသော
 နိုင်ငံ့ခေါင်းဆောင်များ။
ဒီနှစ်နှောင်းပိုင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေး ဖို့ ရှိနေချိန်မှာပဲ အာဆီယံအသင်းဝင် နိုင်ငံတွေ အနေနဲ့ ဘုံရပ်တည်ချက်တခု ရရှိရေးအတွက် ထိုင်းနိုင်ငံက ထိပ်သီးအစည်းအဝေး တက်လာကြတဲ့ ကျန်နိုင်ငံခြားရေး ဝန်ကြီးတွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အစိုးရ ကတော့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ တောင်တရုတ် ပင်လယ်ပြင် ဆိုင်ရာ အခြေခံမူ (၆) ချက် နဲ့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ထောက် ခံခဲ့တာပါ။ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့အရေးမှာ မြန်မာအစိုးရက အခုလို သူ့ရဲ့ရပ်တည်ချက်ကို အထင်အရှားပြသလာကြတဲ့အတွက်လည်း ဆန်းစစ်သူတွေကတော့ ထူးခြားချက်တစ်ခုလို မြင်ကြပါတယ်။

ကြာသပတေးနေ့က ထိပ်သီးအစည်းအဝေးပွဲအပြီး အာဆီယံရဲ့ ထုတ်ပြန်ချက် မှာတော့ တောင်တရုတ် ပင်လယ်ပြင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ထည့်သွင်းဖော်ပြတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း အာဆီယံရဲ့ အဆိုပြုချက်အပေါ် သဘောတူညီမှု ရရှိနိုင်ရေး နိုင်ငံခြားရေး ဝန်ကြီးတွေက တရုတ်နိုင်ငံနဲ့ ကြိုးပမ်းညှိနှိုင်းနေတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံတို့ကြား စီးပွားရေးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ ရည်ရွယ်ထားတဲ့ အကြောင်းကိုလည်း အာဆီယံရဲ့ ကြေညာချက် က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

(VOA)  မှ 

နေ့စဉ်တီဗွီသတင်းလွှာ (၀၄-၂၅-၂၀၁၃)

 
 အင်ဒိုနီးရှား သမ္မတ Susilo Bambang Yudhoyono ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ မြန်မာနိုင်ငံက ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေအပေါ် အင်ဒိုနီးရှားနိုင်ငံရဲ့ အမြင်၊ မိတ္ထီလာ အကြမ်းဖက်မှုမှာ ပါဝင်သူတွေလို့ သံသယ ရှိသူတွေကို ရုံးတင်စစ်ဆေး... စသည်

Thursday, April 25, 2013

"ဥပုသ်သီလ ဆိုသည်မှာ"( ဘာကြောင့် ဥပုသ်စောင့်တယ်ဆိုတာ သိချင်ရင် ဖတ်ကြည့်ပါ)


 
ညစာ ဘာလို့ မစားရသလဲ..။
တဏှာနည်းအောင်လို့ ဗျ။ မနက်စားတဲ့ အစာဟာ
တစ်နေ့ လုပ်တဲ့ အားနဲ့ အတူတူ။ တို့ ရဟန်းမှာ တစ်ထပ်နဲ့ 
တစ်နေ့ စာကို စားရပါတယ်။
ပိုစားရင် သူက သုတ်သွေးဘက်ကို သွားတာ။
ဒီမနက်စားတဲ့အစာသည် တစ်နေ့ တာ လူသားလုပ်ဖို့  တာဝန်ပြီးပြီ။
ညစားတာက အဲဒါ တစ်ညလုံး ဘိန်းဖြူချက်သလိုကို
အိပ်ပြီးတော့ အစာချက်တာ။
ရိုးတွင်းချဉ်ဆီကို ပို့ ပေးရတဲ့ဟာ..ညစာက။
ဒါမို့  ရဟန်းက ညစာမစားရတာ။
အဲဒီကကို သုတ်သွေးကို သိုလှောင်မှာစိုးလို့ ။
တို့ အားထုတ်သာရုံ မနက်ပဲ စားရတယ်။
အဲတော့ ၀ိကာလ ဘောဇနာ ..ညစာ ဘာလို့ မစားရတာလဲ.. တဏှာနည်းအောင်လို့ .။

သူသည် ဘယ်သူ့ အတွက်တုန်း ... အဗြဟ္မစရိယာ သိက္ခာပုဒ်ရဲ့ ကျားကန်ဗျ။
အဗြဟ္မစာရီဆိုတာ မမြတ်သော မေထုန်အကျင့်ကို ကျင့်တာ မဟုတ်ဘူးလား။
ကာမေသုမိစ္ဆာစာရက သူများလင် သူများကာမပိုင်တွေနဲ့  သွားပြီးကျူးလွန်တာ။ အဗြဟ္မ ဆိုတာ ကိုယ့်လင် ကိုယ့်မယားနဲ့ ကျူးလွန်တာကို ပြောတာ။
ဒါမမြတ်တဲ့ မေထုန်.. မမြတ်တာတော့ ကိုယ့်ဘာသာသိ။
အဲဒါက ဒီ ညစာစားလို့ ရာဂထကြွနေရင် ကိုယ့်နားမှာရှိတာ အကြင်လင်မယား၊ ထပြီးအခုကျူးလွန် အခုရတာပဲ။
ကျူးလွန်လွယ်လို့  ဒါကြောင့်မို့ အစာနှုတ်ထားရတယ် ဒီကနေ့ ။ တဏှာနည်းအောင်လို့ ။
ပြီးတော့ ကိစ္စနည်းအောင်လို့ ။ ခံစစ်ကနေ ထိုးစစ်လုပ်ချင်တာမလား.. ကိစ္စနည်းအောင်လို့ ။
ပြီးတော့ အအိပ်နည်းအောင်။
ညစာမစားရတာ ဟောဒီ သုံးချက်ကြောင့်။
ညစာတော့ မစားဘူး.. ဆာဆာနဲ့ ပေအိပ်ရင် ဘာထူးတုန်း။
အဲတော့ အဗြဟ္မစရိယ မမြတ်တဲ့မေထုန်ကို ကျင့်မှာစိုးလို့  ဟောဒီ တဏှာနည်းအောင်
ဝိကာလ ဘောဇနာကို ပယ်ရတယ်။

ယူနေကျ ငါးပါးထဲကနေ နံပါတ်သုံးမှာ အပြောင်းအလဲဖြစ်လို
့နောက်မှာ သုံးခုတိုးရတာ။
နစ္စ ဂီတ ၀ါဒိတ .ကခြင်း သီဆိုခြင်း ချစ်ကြောင်းကြိုက်ကြောင်းဖွဲ့ နွဲ့ ထားတာတွေ...အဲဒါလည်း တပ်မက်ခြင်းရဲ့ အကြောင်းဖြစ်လို့ တဏှာထကြွမှာ စိုးလို့ ပါ။
အဗြဟ္မ ထိန်းတာပါပဲ။
ဥစ္စာ သယန မဟာ သယနာ .. မြင့်တဲ့ မြတ်တဲ့ နေရာမှာ မနေရဘူး..။
ဆိုဖာတို့  မွေ့ ယာတို့  အိကနဲ ငြိမ့်ကနဲ .. ရာဂထမှာပေါ့။ မြင့်တဲ့နေရာ နေတော့
မာန တက်မှပေါ့။ ဒင်းတို့ ငါနဲ့ တူလို့ လားဆိုတာ ဖြစ်မှာပေါ့ ။
ဒါကြောင့် ဘုရင်ဖြစ်ပေမယ့်
ဒီကနေ့ ဥပုသ်ယူရင် ပလ္လင်ပေါ်မတက်တော့ဘူး။
ဥပုသ်ဆောင် ကြမ်းပြင်မှာ ဘုရင်က သွားနေတော့တာ။ ဒါကြောင့် မြင့်တဲ့နေရာ မနေရဘူး.. မာနတက်မှာစိုးလို့ ။
မြတ်တဲ့ နေရာ မနေရဘူး.. တဏှာထမှစိုးလို့ ။ အဲတော့ ကျန်တဲ့သုံးပုဒ်က
ကာမေသု မိစ္ဆာစာရ မှာလဲတဲ့ အဗြဟ္မစရိယ သိက္ခာပုဒ်အတွက် ကျားကန်ယူရတာချည်းပဲ။
နေ့ တိုင်းတော့ ကာမေသု မစ္ဆာစာရ မရှောင်ဘူးလားဗျ..
ဒီကနေ့ တော့ အဗြဟ္မစရိယ မရှောင်ကြဉ်ဘူးလားဗျ။
ပြီးတော့ နေ့ တိုင်း ငါးပါးကျတော့ သီလ နော်။ ငါးပါးသီလ ဗျ။
ဒီကနေ့ တော့ ဥပုသ်တော်သီလဗျ။ ဥပုသ်နဲ့ တွဲတယ်ဗျ။
အဲတော့ ဒီနေ့ ဟာ ရိုးရိုးသီလလား၊
ဥပုသ်တော် သီလလား.. ဥပုသ်တော် သီလဗျ။
ဥပုသ်တော်သီလမို့  အဗြဟ္မ ကို ရှောင်ရတာ။
အဗြဟ္မ ရှောင်တဲ့အတွက် နောက်သုံးခု ထပ်တိုးရတာဗျ။

ဒီကနေ့  ဘာသီလတုန်း ... ဥပုသ်တော် သီလ။
နေ့ တိုင်းငါးပါးသီလ .. ဒီကနေ့  ဥပုသ်နဲ့ သီလ တွဲတယ်။
အဲတော့ ဘယ်နယ်တုန်း.. သီလစောင့်ရုံပဲလား.. ဥပုသ်ကော ယူမှာလား။
ဥပုသ်က ဘယ်သွားယူမတုန်း.. ရှောင်ကြဉ်တာ သီလဗျ...။
သီလက ကိုယ်နဲ့ နှုတ်နဲ့ ကို တာဝန်ယူတယ်.. 
ဥပုသ်က စိတ်ကို တာဝန်ယူတာဗျ။
ဥပုသ်က စိတ်နဲ့ ဆိုင်တယ်။ အာရုံကင်းဆိတ်ပြီး
နေထိုင်တာကို ဥပုသ်လို့ ခေါ်တယ်။
မျက်စိရှိမြင်မှာပဲ ... ဘာလဲလို့  အာရုံနောက်ပါသွားရင် ထွက်ပြီ ဥပုသ်။
နားကြားလိုက်တယ် ကြားတာ ကြားတာနဲ့ ပြီးရမယ်။
အာရုံနောက် စိတ်မပါစေနဲ့ ။
အာရုံမခံစားရဘူးပေါ့  အကောင်းပဲ အဆိုးပဲ 
အာရုံနောက် မခံစားရဘူး။

မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတာ စိတ်ရဲ့ ထွက်ပေါက်တွေမဟုတ်လား..။
အဲတော့ မျက်စိကမြင်တဲ့ အချိန် သတိ မျက်စိမှာ အစောင့်ချထား။
နားကကြားတဲ့အချိန် သတိ နားမှာ အစောင့်ချထား.ရမယ်.။
အဲဒါ ဥပုသ်စောင့်တာ .. စိတ် လုံအောင်စောင့်တာ။ နံရင် နှာခေါင်းထိပ်..။
စားရင် လျှာထိပ် အာထိပ်..၊ ထိရင်လည်း သူထိတဲ့နေရာလေးကို တို့ က
သတိ နဲ့ အစောင့်ချရမှာ။ အဲဒါ အာရုံလုံအောင်စောင့် ဥပုသ်စောင့်တာ။
ကိလေသာ .. အတွေးကလာတာ ..တခြားကလာတာ မဟုတ်ဘူး။
သတိမလွတ်လို့ ရှိရင် ဘာမှတ်မှတ် ဓမ္မံသရဏံ ဂစ္ဆာမိပဲ။

သီလကတော့ လွယ်တယ်ဗျ.. ကိုယ်နဲ့ နှုတ်ပဲစောင့်တာ..။
သီလလောက်နဲ့  ခါးတောင်းကျိုက်မနေကြနဲ့ ။ ဥပုသ်ရမှ ဗျ။
ဟောဒီ သီလဟာ နတ်ပြည်သွားတဲ့ စောင်းတန်း၊ နိဗ္ဗာန်ရဲ့ တံခါးဝ။
သီလနဲ့ တူတာ ဘာမှမရှိဘူးလို့  ဘုရားကဟောတာ။
ဒါန နဲ့ သီလ ဒီတိုင်းပြောတာ..။ တကယ်လို့  တို့ သီလတော့ ယူပါတယ်။
အာရုံလုံအောင် ဥပုသ်မစောင့်ရင် သီလတော့ ဖြစ်မယ်.. နတ်ပြည်တက်ချင်တက်မယ်၊
နိဗ္ဗာန်တံခါးဝတော့ မရောက်နိုင်ဘူး၊ ပါရမီ မဖြစ်တော့လို့ ။

သီလတော့ဖြင့် ကိုယ်နဲ့ နှုတ်နဲ့ လုံပါတယ်.. 
စိတ်မှမလုံလို့  အာရုံမှ မလုံရင်
ဥပုသ်မစောင့်ရင် ပါရမီမဖြစ်နိုင်ဘူး.. 
ခင်ဗျားတို့  နတ်ပြည်တော့ ရောက်ချင်ရောက်မယ်၊
နိဗ္ဗာန်တံခါးဝမဟုတ်။ အဲတော့ ဘယ့်နှယ်တုန်း .. နတ်ပြည်လောက်ပဲလား။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
(သရဏဂုံ ဥပုသ်တော်နှင့် သီလရှင်းတမ်းတရားတော်မှ ဝေမျှပါသည်)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

From FB

တင်ပြီးသား post များ

3D