သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, April 21, 2013

တရုတ် ဇီချွမ်ငလျင်သေဆုံးသူ ၂၀၀ ကျော်သွားပြီ


 ငလျင်ဒဏ်ခံခဲ့ရတဲ့ ဇီချွမ်းပြည်နယ် လူရှမ်းဒေသက အပျက်အစီးတချို့။ (ဧပြီလ ၂၁ ရက်၊ ၂၀၁၃)။ 
ငလျင်ဒဏ်ခံခဲ့ရတဲ့ ဇီချွမ်းပြည်နယ် လူရှမ်းဒေသက အပျက်အစီးတချို့။ (ဧပြီလ ၂၁ ရက်၊ ၂၀၁၃)။
ဗွီအိုအေ (မြန်မာဌာန)
21.04.2013

အင်အားပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်ခဲ့တဲ့ တရုတ်နိုင်ငံ ဇီချွမ်ပြည်နယ်အတွင်းမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပြင်းအထန် ကြိုးပမ်းလုပ်ဆောင်နေကြပါတယ်။

နောက်ဆုံးရရှိတဲ့စာရင်းအရ သေဆုံးသူဦးရေ ၂၀၀ ကျော်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကတော့ တစ်သောင်းတစ်ထောင်ကျော် ရှိသွားပြီလို့ သိရပါတယ်။
စနေနေ့မနက်ပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် အဓိက ထိခိုက်ခဲ့တဲ့ လူရှမ်း ဒေသကို အခုအချိန်အထိ ကားလမ်းအဆက်အသွယ်  မပြုလုပ်နိုင်သေးဘူးလို့ နိုင်ငံပိုင် သတင်းမီဒီယာက ဖော်ပြပါတယ်။

မြေငလျင်ဒဏ်ကြောင့် ပြည်နယ်မြို့တော် ချန်ဒူးမှာရှိတဲ့ အဆောက်အဦးတွေ ပြိုကျ ပျက်စီးသွားခဲ့တယ်လို့ နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနက ပြောပါတယ်။ ဒေသတွင်းမှာ နောက်ဆက်တွဲ မြေငလျင်တွေ တော်တော်များများ ဆက်လှုပ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

သမ္မတ ရှီကျင့်ဖျင် က အင်အားကုန်အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့နဲ့၊ အသေအပျောက် တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် ကြိုးပမ်းကြဖို့ ညွှန်ကြားထားတယ်လို့ ရှင်ဟွာသတင်းကပြောပါတယ်။ ၀န်ကြီးချုပ် လီကီချင်း ကိုယ်တိုင်လည်း ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသကိုသွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေမှုတွေကို ကြီးကြပ်ပေးနေ ပါတယ်။

အမေရိကန်ပြည်ထောင်စု ဘူမိဗေဒ သုတေသနဌာနရဲ့ တိုင်းထွာချက်အရ အင်အား ၆.၆ မဂ္ဂနီကျု ပြင်းအားရှိတဲ့ မြေငလျင်ဟာ မြေအောက် ၁၃ မီတာအကွာမှာ လှုပ်ခတ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မြေငလျင်လှုတ်သွားတဲ့ ဒေသတ၀ိုက်ကို တရုတ်စစ်တပ်က ကောင်းကင်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ရုပ်သံကနေပြသရာမှာ အဆောက်အဦးတွေ ပြိုကျနေသလို တချို့ကျေးရွာတွေမှာ အဆောက်အဦးတွေအားလုံး ပြိုကျသွားပြီး မြေပေါ်မှာ ပြားချပ်နေတာကို တွေ့မြင်ကြရပါတယ်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D