သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""
MOUSE
ကြိုဆိုပါ၏
top up
Related Posts Plugin for WordPress, Blogger...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"
Saturday, September 7, 2013
ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကျေးရွာသူ ကျေးရွာသာများအတွက် မြေကွက်များ ဖော်ဆောင်ပေးရန် ဒေသခံများ ဆန္ဒရှိနေ
ဂန့်ဂေါ ၊ ၇-၉-၂၀၁၃
ပခုက္ကူခရိုင် ရေစကြို မြို့နယ်အတွင်း ရှိ ဧရာဝတီ မြစ်နှင့် ချင်းတွင်းမြစ် ဆုံဘေး ၀န်းကျင်ရှိ ကျေးရွာများသည် နှစ်စဉ် မြစ်ရေ တိုက်စားခြင်း ကြောင့် ကမ်းပါးများ ပြိုကာ နေအိမ် ၊ စာသင်ကျောင်း နှင့် ဘုန်းတော်ကြီး ကျောင်းများပါ ပြောင်းရွှေ့ နေရသည်။ ယင်းသို့ ပြောင်းရွှေ့ ရသည့် အကြိမ်ပေါင်း များလာသည့် အတွက် နောက်ထပ် ရွှေ့ပြောင်းရန် ရွာပိုင်မြေ မရှိတော့ ကြောင်း သိရသည်။
NLD ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီဖွဲ့ပြီ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ယနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာ CEC တွေ တံခါးပိတ်
အစည်း အဝေး ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီကို ပုဂ္ဂိုလ် ၇ ဦးနဲ့
ဖွဲ့စည်းကြောင်း ယနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဆီးရီးယား သူပုန်တို့၏ ရက်စက် ကြမ်းကြုတ်မှု ဗီဒီယို မှတ်တမ်း တစ်ခု ထွက်ပေါ်လာ
ဆီးရီးယား အစိုးရ အနေဖြင့် သူပုန်တပ်များကို ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲ
မှုများ အားကောင်းနေချိန်တွင် သူပုန်တပ်များဘက်မှလည်း ရက်စက်လွန်းသည့် လုပ်ရပ်များ ကျူးလွန်
နေကြောင်း မှတ်တမ်း အထောက်အထားများ ထွက်ပေါ်လာခဲ့သည်။
လက်နက် ကိုင်ဆောင်ခွင့် ရဲများ အပေါ် ကြီးကြပ်မည်
မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ဖြစ်ပွားခဲ့သည့် ရဲအချင်းချင်း ပစ် ခတ်မှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဝင်များအား လက်နက် ကိုင်ဆောင်မှုများကို စနစ်တကျ ကြီးကြပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲ ရေး
ဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ရာထူး ၁၄၀ ကျော် တယ်လီနော ဝန်ထမ်းခေါ်
ရန်ကုန်၊ စက်တင်ဘာ ၆
ဆက်သွယ်ရေး တင်ဒါအောင်မြင်ထားပြီး ၂၀၁၄ ခုနှစ်အတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်
ဆောင်ရွက်တာ့မည့် တယ်လီနောမြန်မာကုမ္ပဏီက ရာထူးနေရာ တစ်ခုလျှင် ဝန်ထမ်းတစ်ဦးနှုန်းဖြင့်
ရာထူးနေရာ ၁၄၆ နေရာအတွက် မြန်မာဝန်ထမ်းများ စတင်ခေါ်ယူပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ
သည်။
မဒေးကျွန်းတွင် တရုတ်နိုင်ငံသား တစ်ဦး ပြတ်ရှ ဒဏ်ရာဖြင့် သေဆုံး
မဒေးကျွန်း ရေနက်ဆိပ်ကမ်းသစ် နေရာတွင် မိုင်းခွဲထားသော ကျောက်များကို
သယ်ယူနေသည်ကို မေလအတွင်းက တွေ့ရစဉ်
ရန်ကုန်၊ စက်တင်ဘာ ၆
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း
စီမံကိန်း၌ လုပ်ကိုင်နေသည်ဆိုသည့် တရုတ်နိုင်ငံသားတစ်ဦး လည်ပင်းတွင် ပြတ်ရှဒဏ်ရာဖြင့် သေ
ဆုံး ခဲ့သည့် အလောင်း ကို စက်တင်ဘာလ ၅ ရက်နေ့ တွင် ပင်လယ် အတွင်းမှ ပြန်တွေ့ရှိရကြောင်း
ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် ဒေသခံများအား မေးမြန်းချက်အရ သိရှိရသည်။
မကဒတ မြောက်ပိုင်း ခေါင်းဆောင်များ အကျယ်ချုပ် ချ ခံနေရ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) ABSDF ခေါင်းဆောင်တ
ချို့ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က လက်နက်တွေသိမ်းဆည်းပြီး အကျယ်ချုပ်နဲ့ ထိန်းသိမ်း
ထားတယ်လို့ ဖေ့ဘုတ် အင်တာနက် လူမှုရေးစာမျက်နှာတွေမှာ သတင်းတွေထွက်ပေါ်နေပါတယ်။
Nok Air ခရီးသည် တဦး ဗီဇာ မပါဘဲ ရောက်ရှိလာ
၇-၉-၂၀၁၃နေ့ ယနေ့ နံနက်၀၉၀၀နာရီ အချိန်တွင် မော်လမြိုင် လေယာဉ်ကွင်းသို့ မဲဆောက်လေဆိပ်မှ
Nok Air လေကြောင်းလိုင်းဖြင့် လိုက်ပါ စီးနင်းလာသည့် ခရီးသည်(၉)ဦး ဆင်းသက်ရာတွင် လေကြောင်း
ဗီဇာမပါတဲ့ ခရီးသည်တဦးကို စစ်ဆေးတွေ့ ရရှိကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။
Miss Supranational 2013 ဆုကို ဖိလစ်ပိုင် အလှမယ်မှ ရရှိခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိ
မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် Miss Supranational 2013 နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို Belarus နိုင်ငံ၊ Minsk မြို့၌ စက်တင်ဘာ ၆ ရက် (ယမန်နေ့) မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်က စတင်ကျင်းပခဲ့ရာ စက်တင်ဘာ ၇ ရက်နံနက် ၁ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။
မြန်မာဦးဆောင်၍ အာဆီယံကာကွယ်ရေးဝန်ကြီးများကို အမေရိကန်က ဟာဝိုင်အီသို့ဖိတ်ခေါ်
မြန်မာနိုင်ငံမှ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌတာဝန်ယူနေစဉ် ၂၀၁၄ မတ်လ တွင် မြန်မာဦးဆောင်၍ အာဆီယံကာကွယ်ရေးဝန်ကြီးများအားလုံးကို အမေရိကန်နိုင်ငံ ဟာဝိုင်အီ၌ အလွတ်သဘော အပန်းဖြေနိုင်ရန်နှင့် စစ်ဘက်ရေးရာနည်းပညာများ လေ့လာနိုင်ရန် ဖိတ်ကြားလိုကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂယ်လ်က မြန်မာကာကွယ်ရေးဝန်ကြီးကို ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကုရ်အာန်ကျမ်းချက် - Surah ၂း ၂၃၀
ဒါဟာကုရ်အာန်ကျမ်းမှာ ရေးထားတာပါ။
ကုရ်အာန်ကျမ်းချက် - Surah ၂း ၂၃၀ ဖြစ်ပါတယ်
ကုရ်အာန်ကျမ်းချက်ပါ။ တစ်သက်လုံးဖျက်လို့မရပါဘူး။
မျိုးစောင့်ဥပဒေကို လက်မခံနိုင်ကြောင်း နန်းသီရိမောင်ပြောကြား
နေ့ စဉ်ထုတ်ရွှေနိုင်ငံသစ်သတင်းစာမှ ယခုလတ်တလော ဆရာတော်ဥူးဝီရသူဦးဆောင်သည့် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၇်ျ နာမည်ကြီးမော်ဒယ် နန်းသီရိမောင်နှင့် အင်တာဗျူးလုပ်ခဲ့သည်။
သမိုင်းကြောင်းကို အားနာသင့်ပါပြီ
ကျွန်တော်တို့ရဲ့ ဒီချုပ်ဥက္ကဌ ဒေါ်စုကြည်ရဲ့ ကမ္ဘာပတ်ခရီးစဉ်ကြီးကတော့ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာပါပြီ။ ခရီးစဉ်ထုတ်ပြန်ကြေငြာချက်ကို ၀မ်းသာအားရ ဖတ်ရှုလိုက်ရသည့်အခါ  Rangoon- Bangkok- Zurich– Warsaw- Hungary- Czech- Burma ဆိုပြီးတော့ ရေးသားထားတာကို တွေ့လိုက် ရပါတယ်။ ဒီခရီးစဉ် ထုတ်ပြန်ကြေငြာချက်မှာ မြန်မာနိုင်ငံကို Burma လို့ ရေးသားထားသလို Yangon ကို လည်း Rangoon လို့ ရေးသားထားတာကို စိတ်မသက်မသာဖြင့် ဖတ်လိုက်ရပါတယ်။ ဒါ့အပြင် Czech နိုင်ငံ
အရေးကြုံရင်ဘယ်သူ့ကိုအားကိုးကြမလဲ
 မြန်မာနိုင်ငံ၏လက်ရှိအခြေအနေသည် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့မှုကြောင့် ယခင်အစိုးရများ လက်ထက်က ချမှတ်ကျင့်သုံးခဲ့သည့်နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်နှင့် ဥပဒေ ဆိုင်ရာပြဋ္ဌာန်း မှုအချို့ကိုပါ လုပ်ဆောင်ခြင်းဖြင့် ပြည်သူတစ်ရပ်လုံး၏အကျိုးစီးပွားကို အလေးထားရှေ့ရှု လုပ်ဆောင် နေခြင်းကို တွေ့ရှိနေရပြီဖြစ်ပါတယ်။
မလေးရှားမှာ မြန်မာတစ်ဦး ထပ်မံသတ်ဖြတ်ခံရ Burma Campaign UK နှင့် ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူများ ပါးစပ်ပိတ်နေ
မလေးရှားနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း နိုင်ငံခြားက တရားမဝင် လာရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားထောင်ပေါင်းများစွာ ဖမ်းဆီးခံနေရစဉ်မှာပဲ ဓားဒဏ်ရာ အမြောက်အများ နဲ့ သေဆုံးနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ရုပ်အလောင်းကို ကွာလာလမ်ပူမြို့မှာ အင်္ဂါနေ့က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်အတွက် တုန့်ပြန်ဆွေးနွေးချက်များ
Photo: “နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်အတွက် 
တုန့်ပြန်ဆွေးနွေးချက်များ”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
 2013 သြဂုတ်လ 23 ရက်မှာ  အမေရိကန် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် 
ကော်မရှင်က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာမှာ 
“အဓိကအားဖြင့် ဘင်္ဂါလီ အရေးနှင့် မူဆလင်များအား အကြမ်း ဖက်မှုဆိုသည့် 
ကိစ္စများသာ လွှမ်းမိုးနေခဲ့သည်” လို့ 2013 သြဂုတ်လ 15ရက်၊ တနင်္ဂနွေနေ့ထုတ် 
Daily Eleven သတင်းစာမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာမှာ “ဘင်္ဂါလီများ 
နိုင်ငံသားဖြစ်ခွင့် ရှိ/မရှိ အဖြေရှာရန် မူဆလင်များအား အကြမ်းဖက်မှုရန်မှ 
အကာအကွယ်ပေးနိုင်ရန်” စသည်ဖြင့် မြန်မာအစိုးရကို အကြံပေးထား တယ်လို့ 
ဆိုပါတယ်။ အကြံပေးထားတယ်ဆိုတာထက် ဖိအားပေး ခြိမ်းခြောက်ထားတယ်လို့ 
ပြောနိုင်ပါတယ်။ 
 ဘင်္ဂါလီများနှင့်ပတ်သက်၍ နိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သက်၍ မျှတသော 
အဖြေတစ်ခုမရခဲ့လျှင် 2015 ရွေးကောက်ပွဲကို မျှတအောင် မကျင်းပနိုင်ခဲ့လျှင် 
ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နိုင်ရန် အဆင်သင့် ပြင်ထားသင့်ကြောင်းတို့ကို 
ထည့်သွင်းဖော်ပြခဲ့သည်။
 ထို့အပြင် မူဆလင်များအား အကြမ်းဖက်နေမှုများ ရပ်တန့်ရန်အတွက် 
မြန်မာအစိုးရအား ဖိအားပေးရန် အောင်မြင်သော ဖက်ဒရယ် စနစ်တစ်ခု 
ဖော်ဆောင်နိုင်ရေး လုပ်ဆောင်နိုင်ရန် ပဋိပက္ခဖြစ်ပွားရာဒေသများသို့ 
လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းများ ဝင်ရောက်ခွင့်ပြုရန် မူဆလင် 
ဆန့်ကျင်ရေးပြုလုပ်ပြီး ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သည့် ဗုဒ္ဓဘာသာ 
ဘုန်းတော်ကြီးတစ်ချို့ပါအဝင် ၉၆၉ အဖွဲ့ ဖွဲ့စည်းသူများ၊ 
အစိုးရတာဝန်ရှိသူများအား အမေရိကန်မှ နာမည်စာရင်းတစ်ခုဖြင့် 
မှတ်တမ်းတင်ထားရန် အစရှိသည့် အချက်များကိုလည်း ကော်မရှင်၏ အစီရင်ခံစာထဲတွင်
 ထည့်သွင်းဖော်ပြခဲ့သည်လို့ Daily Eleven သတင်း စာမှာ ဖတ်လိုက်ရပါတယ်။ 
 ဘာသာရေးဆိုင်ရာ အစီရင်ခံစာသက်သက်မျှသာမဟုတ်ဘဲ နိုင်ငံရေးတောင်းဆိုမှုတွေ 
ပါလာတာလည်း တွေ့ရပါတယ်။ 2015 ရွေးကောက်ပွဲ မျှမျှတတ ကျင်းပရေး အောင်မြင်သော
 ဖက်ဒရယ် စနစ်တစ်ခု ဖော်ဆောင်ရေး၊ အပစ်အခတ် ရပ်စဲရေးစတဲ့ 
နိုင်ငံရေးအကြောင်းအရာတွေဟာ ကျွန်တော်တို့ဆန္ဒနဲ့ ထပ်တူ ထပ်မျှ ဖြစ်တဲ့အတွက်
 ကန့်ကွက်စရာမရှိ၊ ကျေးဇူးတင်ကြောင်းပင် ပြောလိုပါတယ်။ 
 ဒါပေမယ့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဆိုင်ရာတွေနဲ့ ပတ်သက်ပြီး အမေရိကန် 
နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်ရဲ့ အကြံပေးတောင်းဆို 
ဖိအားပေးမှုတွေအပေါ် တုန့်ပြန်ဆွေးနွေးချင်ပါတယ်။
 ဘင်္ဂါလီနဲ့ မူဆလင်တွေကို အကြမ်းဖက်မှုဆိုတာက ဗုဒ္ဓဘာသာဝင် 
အိမ်ရှင်နိုင်ငံသားတွေဘတ်က ခုခံကာကွယ် ခဲ့ခြင်းသာ ဖြစ်တယ်။ (ဥပဒေအရလည်း 
ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်) သို့သော် ရာဇဝတ်ပြစ်မှု မြောက်သွားတယ် 
ဆိုရင်တော့ နှစ်ဖက်လုံးကို အရေးယူ အပြစ်ပေးရမှာဖြစ်ပါတယ်။ အမေရိကန် 
နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင်ရဲ့ အစီရင်ခံစာမှာ “မျှမျှတတ” 
ဆိုတဲ့ စကားလုံးတွေ၊ လူကြားကောင်းအောင် သုံးထား ပေးမဲ့ 
ဒီအစီရင်ခံစာကိုယ်တိုင်က မျှမျှတတ မရှိဘူး။ ဘင်္ဂါလီနဲ့ မူဆလင်တွေဘတ်က 
တစ်ဖက်သက် တစ်ဖက်သက် ပြောဆိုနေတာ ထင်ရှားပါတယ်။ 
 “မူဆလင်များအား အကြမ်းဖက်မှု” ဆိုတာ တိုင်းမ် မဂ္ဂဇင်းမှာ ဟန်နာဘိခ်ျ 
ရေးခဲ့တာကို ပဲ့တင်လိုက်တာ ဖြစ်ပါတယ်။ ဟန်နာဘိခ်ျကို တပြည်လုံးက 
ရဟန်းရှင်လူ ပြည်သူတွေက ကန့်ကွက်ဆန့်ကျင်ခဲ့တာကို အရှိအမှန်အတိုင်း 
သတိပြုစေလိုပါတယ်။ မိတ္ထီလာအရေးအခင်းကြီးမှာ မူဆလင်တွေရဲ့ ဘေးရန်ကို 
သံဃာတော်များက ကယ်တင်စောင့်ရှောက်ခဲ့တဲ့ သာဓုခေါ်ဖွယ် ဖြစ်ရပ်အမှန်ကို 
ဘာလို့ မသိချင်ယောင် ဆောင်နေရတာလဲ...?။
 နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်ရယ်လို့ ကြီးကြီးကျယ်ကျယ် 
နာမည်ပေးထားပြီး သမိုင်း ဖြစ်ရပ် မှန်တွေကို ဘာဖြစ်လို့ 
ဖုန်းကွယ်ချင်ရတာလဲ...? 1942 က ရခိုင်တွေ သောင်းချီအသတ်ခံရတဲ့ အတိတ် 
သမိုင်းကြောင်းကို မဆိုထားနဲ့ မနေ့တစ်နေ့ကမှ ဖြစ်ခဲ့တဲ့ 
ခေတ်ပြိုင်သမိုင်းကိုတောင် ပြောင်းပြန်ရေးချင်နေ ကြပြီး။
 ပြဿနာတွေ ငြိမ်းအေးသွားအောင် ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ 
ကြိုးပမ်းနေချိန်မှာ ဒီလိုမျိုး  မြှောက်ထိုးပင့်ကော် 
သွေးထိုးလှုံဆော်ပေးတဲ့ တစ်ဖက်သက် စွပ်စွဲချက်တွေကို ကျွန်တော်တို့ လုံးဝ 
ဆန်ကျင် ကန့်ကွက်ပါတယ်။ ယခု သြဂုတ်လထဲမှာ ကုလသမဂ္ဂ 
လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနား မြန်မာပြည်ရောက်လာတယ်။ 
ရခိုင်ကိုသွားတယ် ရခိုင်မှာရှိတဲ့ ဘင်္ဂါလီတွေဆီ သွားတယ် လို့ ပြောရင် 
ပိုပြီး မှန်ပါလိမ့်မယ်။ ဒါကြောင့်လည်း စစ်တွေကို ရောက်ရောက်ခြင်းဆိုသလို 
ကင်တားနားရဲ့ ကြံစည်ပြောဆို လုပ်ဆောင်မှုတွေကို ရခိုင်လူမျိုးများက ကန့်ကွက်
 ဆန္ဒပြကြတာဖြစ်တယ်။ 
 ဘင်္ဂါလီတွေ မူဆလင်တွေကို ခွဲခြားဆက်ဆံနေတယ်လို့ မဟုတ်မမှန် လုပ်ကြံပြီး 
စွပ်စွဲနေတယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကြီး ကင်တားနားကိုယ်တိုင်က 
ဘင်္ဂါလီတွေဘက်က ရပ်တည်ပြီး ရခိုင် ဗုဒ္ဓဘာသာတွေ အပေါ် 
ခွဲခြားဆက်ဆံသွားတာဖြစ်တယ်။ ဒါ အခုမှ မဟုတ်ဘူး။ ကင်တားနား ရောက်လာတိုင်း 
ဒီလို တစ်ဖက်သက်၊ ဘတ်လိုက် ခွဲခြားဆက်ဆံခဲ့တာဖြစ်တယ်။ ကင်တားနားလို့ 
လူမျိုးကြောင့် ကုလသမဂ္ဂအဖွဲ့ ကြီးရော လူ့အခွင့်အရေး အဖွဲ့ အသီးသီးရော 
အင်မတန် ဂုဏ်သိက္ခာမဲ့ပြီး နာမည်ပျက်စရာ ဖြစ်သွားရတော့တယ်။ 
 အစ္စလာမ်ဘာသာဝင် ကင်တားနားဟာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေကို ဒူးတုပ်လျက် 
တွေ့ဆုံပြီး ဗုဒ္ဓဘာသာရဲ့ ခေါင်းဆောင် သံဃာတော်များကိုတော့ မရိုမသေ မလေးမစား
 ဆက်ဆံခဲ့ပါတယ်။ ဘုန်းတော်ကြီး က ပြဿနာတွေရဲ့ ဇစ်မြစ်ကို သမိုင်းကြောင်း 
သိသာယုံမျှ ရှင်းပြတာကို လက်မခံဘဲ သမိုင်းကြောင်းတွေ ပြောမနေပါနဲ့ဆိုပြီး 
ပိတ်ပင်ဟန့်တားခဲ့တယ်။ ဒီလိုပိတ်ပင် ဟန့်တားပိုင်ခွင့် လုံးဝ မရှိပါဘူး။ 
ပြဿနာတွေကို မှန်မှန်ကန်ကန် ဖြေးရှင်းချင်တယ်ဆိုရင် သမိုင်းကြောင်း မသိလို့
 မရပါဘူး။ ပြီးတော့ ကိုယ်စားလှယ်တစ်ဦးအနေ နဲ့ဖြစ်စေ 
သံတမန်တစ်ဦးအနေနဲ့ဖြစ်စေ တစ်ဖက်လူရဲ့ ပြောစကားကို လေးလေးစားစား 
နားထောင်ရပါတယ်။ ကင်တားနားကိုပြောနေသူဟာ ကလေကချေ ကလေကဝမဟုတ်ဘဲ 
အများကြည်ညိုလေးစားတဲ့ ဗုဒ္ဓဘာသာရဲ့ ခေါင်းဆောင် ဆရာတော်ကြီးတစ်ပါးဆိုတာလည်း
 သတိထားသင့်ပါတယ်။
 လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကြီးကိုယ်တိုင်က လူ့အခွင့်အရေးကို 
အထူးချိုးဖောက်ပြီး ဘင်္ဂါလီတွေ ဘက်က တစ်ဖက်သက် ရပ်တည်နေတာ ထင်ရှားတဲ့အတွက် 
သူ့ရဲ့ ခရီးစဉ် မိတ္ထီလာအရောက်မှာ ဆန္ဒပြ ကန့်ကွက် ပြလိုက်တာဖြစ်တယ်။ 
မှတ်ပလား ကင်တားနား......။
 ကင်တားနားမှာ ဂုဏ်သိက္ခာဆိုတာ ကုန်းကောက်စရာမကျန်တော့လောက်အောင် 
ဖြစ်ပွားပြီး၊ မိတ္ထီလာမှာ အကြမ်းဖက်ခံရပါတယ်ဆိုပြီး ဘာဘာညာညာ ပလီပလာ 
လိမ်ညာပြီး ပြောတော့တယ်။ ကုလသမဂ္ဂကိုလည်း မုသာဝါဒ အစီရင်ခံစာ 
တင်သွင်းလိမ့်ဦးမယ်။ တကယ်တော့ ကင်တားနားကို လူ့အခွင့်အရေး ချိုးဖောက်ပြီး 
ခွဲခြား ဆက်ဆံတတ်တဲ့ လူမျိုးကို လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် 
ရွေးချယ်စေလွှတ်ခဲ့တာကိုက ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ မူလအမှားဖြစ်ပါတယ်။ မူလက 
မှားတဲ့အတွက် မူလီလာလုပ်တဲ့ ကင်တားနားလည်း မှားပြီးရင်း မှားတာ 
မဆန်းတော့ပေဘူးပေါ့။ 
 လူ့အခွင့်အရေးဘန်းပြပြီး နိုင်ငံငယ်တွေအပေါ် ဘယ်လောက်ထိ ဝင်ရောက် စွက်ဖက် 
စော်ကားခဲ့သလဲဆိုတာ ကိုယ့်ဟာကို ပြန်ပြီး စစ်တမ်းထုတ်ကြည့်စေချင်တယ်။ 
အခုလည်း လာပြန်ပြီး နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်တဲ့။ 
မူဆလင်များအား အကြမ်းဖက်မှု ရန်မှ အကာအကွယ်ပေးရန်....တဲ့။ 
 လောလောဆယ်တော့ ကျွန်တော်တို့ တိုင်းပြည်မှာ မူဆလင်အစွန်းရောက်တွေက 
ဗုံးခွဲမယ်ဆိုလို့ မြိတ်မှာ၊ ဘူးသီးတောင် မောင်တောမှာ 
လုံခြုံရေးတိုးမြှင့်ထားလိုက်ရပြီ။ အမေရိကန်တွေရော 
လုံခြုံရေးမတိုးမြှင့်ရဘူး လား။ သူတို့ကြတော့ စူပါပါဝါဆိုပြီး 
ကြောက်တတ်လိုက်တာ။ မူဆလင်က ဘာမှ မလုပ်ရသေးဘူး။ သံရုံးတွေ ပိတ်ပြီး 
ပြေးလို့ပြေးနဲ့။ ဂျီ(ချေ) အီးဂျီးလန့် ဆိုတာ ဒါမျိုးကို ပြောတာထင်ပါရဲ့။ 
 ဒီမှာဖြင့် ဟောဒီ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးမှာဖြင့် အစွန်းရောက် 
မူဆလင်တွေက အကြမ်းဖက်မယ် ဆိုလို့၊ ဗုံးခွဲတိုက်ခိုက်မယ်ဆိုလို့ 
သံဃာတော်တွေမှာ ဆွမ်းခံတောင် မထွက်ရဲတော့ပါ။ နှစ်စဉ် ဝါတွင်းကာလ 
ရောက်တိုင်း အာရုံဆွမ်းခံပြီး ဒကာ၊ ဒကာမတွေကို ကုသိုလ်ကောင်းမှုတွေ 
တိုးပွားစေခဲ့တဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့ဟာ ဒီနှစ်မှာ ဒီဝါတွင်းကာလမှာ 
ဆုံးရှုံးပျောက်ကွယ်ခဲ့ရပါပြီ။ ဒါတွေကို အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် 
ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဘာဖြစ်လို့ မဖော်ပြတာလဲ...? ဗုဒ္ဓဘာသာဝင်များ 
ဘက်က ဆွမ်းလောင်းခွင့် ဆုံးရှုံးလိုက်ခြင်းဟာ လူ့အခွင့်အရေးထက်မကသော 
တန်ဖိုးမဖြတ်နိုင်သော ကုသိုလ်ကောင်းမှုတွေ ဆုံးရှုံးလိုက်ရတာပါဘဲ။ 
ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို သာမက ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်ပြည်ကြီး 
မဆုံးရှုံးရလေ့အောင် ကျွန်တော်တို့ အပြင်းအထန် ရုန်းကန်နေရတယ်ဆိုတာကိုလည်း 
အားလုံးကို သိစေအပ်ပါတယ်။ 
 ကင်တားနားက ဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်မှုကို တောင်းဆိုခဲ့သလိုပဲ။ 
အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်ကလည်း ဘင်္ဂါလီတွေ 
နိုင်ငံသားဖြစ်ခွင့် ရှိ/မရှိ အဖြေရှာရန်ဆိုပြီး တွန်းအားပေးထား ပါတယ်။ 
အဖြေကရှင်းပါတယ်။ 1982 နိုင်ငံသား ဥပဒေအတိုင်းပါပဲ။ ဒီမှာလာပြီး 
အခြေချနေတဲ့ ဘင်္ဂါလီများ အတွက် တတိယမျိုးဆက်ဟာ နိုင်ငံသားဖြစ်ခွင့် 
ရှိပါတယ်။ ဒီလောက် လိုက်လျောထားတဲ့ ဥပဒေကို ပြင်ပေးပါ။ ဘာညာပြောနေတဲ့ 
ပြည်တွင်းက နိုင်ငံရေးခေါင်းဆောင်တွေဟာ သူခိုးဓားရိုးကမ်းသလို ဖြစ်နေတာ 
သတိထား ဆင်ခြင်စရာဖြစ်ပါတယ်။ 
 ဒီမှာဖြင့် ဘင်္ဂါလီများအပါအဝင် နိုင်ငံသားမဟုတ်တဲ့ White Card 
ကိုင်ဆောင်ထားသူတွေကို နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပေးထားတယ်။ ကမ္ဘာမှာ 
ဘယ်နိုင်ငံမှာမှ မရ မရှိနိုင်တဲ့ အထူးအခွင့်အရေးကြီး ပေးထားပါတယ်။ 
နိုင်ငံသားမဟုတ်သူတွေကို “နိုင်ငံသားဖြစ်ခြင်း” နဲ့ အစားထိုးဖို့ 
ဒေါက်တာအေးမောင်က ဥပဒေကြမ်း တင်သွင်းရာမှာ အာဏာရ ပြည်ခိုင်ဖြိုးပါတီက 
လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ခဲ့ ပါသတဲ့။ 23.8.2013 က 
အမျိုးသားလွှတ်တော်မှာ ဖြစ်ခဲ့တာ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် 
ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်ကြီးကလည်း ဘင်္ဂါလီတွေဘက်က ပါလားလို့ 
မှတ်ချက်ချရုံမှတစ်ပါး အခြား မရှိပါပြီ။ 
 အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်က မူဆလင် ဆန့်ကျင်ရေးလုပ်ပြီး 
ခွဲခြား ဆက်ဆံမှုများ ပြုလုပ်ခဲ့သည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ချို့ 
အပါအဝင် ၉၆၉ အဖွဲ့ ဖွဲ့စည်းသူများ၊ အစိုးရ တာဝန်ရှိသူ များအား အမေရိကန်မှာ 
နာမည်စာရင်းတစ်ခုဖြင့် မှတ်တမ်းတင်ထားရန် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 အသည်းထဲမှာ စွဲနေအောင် မှတ်တမ်းတင်ထားလိုက်ပါ။ ငါတို့ဟာ အမျိုးဘာသာ 
သာသနာကို ဘယ်တော့မှ အပျောက်မခံဘူးဆိုတာ ကောင်းကောင်းကြီး 
မှတ်တမ်းပြုစုထားလိုက်ပါ။ ကျွန်တော်တို့ကလည်း တိုင်းဖျက် ပြည်ဖျက် 
သာသနာဖျက် အမျိုးဖျက်မှန်သမျှကို ခွေးသားရေးနဲ့လုပ်ထားတဲ့ ပုရပိုက်ပေါ်မှာ 
ထင်ထင်ရှားရှားကြီး မှတ်တမ်းရေးထိုးထားပါကြောင်း သိစေအပ်ပါတယ်။ 
 ကျွန်တော်တို့လုပ်နေတာ မူဆလင်ဆန့်ကျင်ရေးမဟုတ်၊ 
အကြမ်းဖက်ဆန့်ကျင်ရေးဖြစ်တယ်။ အမျိုးဖျက် အန္တရာယ် ကာကွယ်ရေးဖြစ်တယ်။ 
မူဆလင်ကို ခွဲခြားမဆက်ဆံ၊ လူဆိုးလူကောင်းကို ခွဲခြားဆက်ဆံတာ ဖြစ်တယ်။ 
ခွေးရူးနဲ့ခွေးကောင်းကို ခွဲခြားဆက်ဆံသလို ဖြစ်တယ်ဆိုတာလောက်တော့ 
သဘောပေါက်စေချင် ကြောင်းပါဗျ။ 
  မောင်သွေးချွန်။
1.9.2013 နေ့ထုတ် Reporter ဂျာနယ်မှ။
2013 သြဂုတ်လ 23 ရက်မှာ အမေရိကန် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အစီရင်ခံစာမှာ “အဓိကအားဖြင့် ဘင်္ဂါလီ အရေးနှင့် မူဆလင်များအား အကြမ်း ဖက်မှုဆိုသည့် ကိစ္စများသာ လွှမ်းမိုးနေခဲ့သည်” လို့ 2013 သြဂုတ်လ 15ရက်၊ တနင်္ဂနွေနေ့ထုတ် Daily Eleven သတင်းစာမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာမှာ “ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့် ရှိ/မရှိ အဖြေရှာရန် မူဆလင်များအား အကြမ်းဖက်မှုရန်မှ အကာအကွယ်ပေးနိုင်ရန်” စသည်ဖြင့် မြန်မာအစိုးရကို အကြံပေးထား တယ်လို့ ဆိုပါတယ်။ အကြံပေးထားတယ်ဆိုတာထက် ဖိအားပေး ခြိမ်းခြောက်ထားတယ်လို့ ပြောနိုင်ပါတယ်။ 
ဗြိတိန်လွှတ်တော် အစည်းအဝေးများအတွင်း ညစ်ညမ်းဝက်ဘ်ဆိုက် ကြည့်ရှုမှုများရှိ
ဗြိတိန်နိုင်ငံ၊ ဥပဒေပြု လွှတ်တော်၌ အစည်းအဝေးများ ကျင်းပနေစဉ်အတွင်း အင်တာနက်ဖွင့်ပြီး ညစ်ညမ်းဝက်ဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုရန် ကြိုးစားမှု အများအပြား ရှိခဲ့ကြောင်း သိရသည်။ မှတ်တမ်းမှတ်ရာများ ထွက်ပေါ်လာသည့်နောက် ပြီးခဲ့သည့် နှစ်အတွင်း လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်တွင် ညစ်ညမ်းဝက်ဘ်ဆိုက်များသို့ ဝင်ရောက်ရန် ကြိုးပမ်းမှု အကြိမ် (၃၀၀၀၀)မျှ ရှိခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိလာသည်။
မြန်မာဝတ်စုံတွေပဲအ၀တ်များတယ်ဆိုတဲ့ အေးမြတ်သူ
Sexy ဆန်ဆန် ဒီဇိုင်းများ ၀တ်ဆင်လေ့ရှိသော အေးမြတ်သူက ယခုနောက်ပိုင်းတွင် အသက် အရွယ်အရ တည်ငြိမ်သည့်ဘက်သို့ ရောက်ရှိလာသောကြောင့် မြန်မာဝတ်စုံများကို ဦးစားပေး ၀တ်ဖြစ်ကြောင်း
ပြောသည်။
“အမျိုးသမီးတစ်ယောက်က သူ့အသက်အချိုးအဆစ်တစ်ခုမှာ အပြောင်းအလဲဖြစ်တယ်။အဲဒီလို အပြောင်း အလဲလိုမျိုး ကျွန်တော့် အကြိုက်တွေလည်း ပြောင်းလဲသွားတာ ပါ”ဟု အေးမြတ်သူ က ပြော သည်။
စာနယ်ဇင်းကောင်စီ(ယာယီ) ဘာနဲ့ ထမင်းစားလဲ
တစ်လောက စာနယ်ဇင်း ကောင်စီ (ယာယီ) ကို သမ္မတ ကြီးက သိန်း၅၀၀ လှူဒါန်း ဆိုပြီး ထွက်
လာတယ်။ အဲ့ဒီမှာ သတင်းတွေ က ရှုပ်ကုန်ကြတယ်။  တဖက်ပိတ်တွေး တဲ့  သူတွေရဲ့  ဂွင် ထဲ
ရောက် သွားတယ်လို့ ပဲပြောရ မလားပဲ။ အကုန်လုံးကို စုံနေအောင်ရေးကြ   ၊ပြောကြနဲ့  ရှုပ်နေ
တာပဲ။ အဲဒီမှာ သေချာအောင်ရှင်း ထားတာ ကတော့ သမ္မတကြီးရဲ့ ကိုယ်ပိုင်ငွေ ထဲ က လှူတာ
ကျောင်းသူများကို စကပ်လှန်ခိုင်းသည့် ဆရာအား ဖမ်းဆီး အရေးယူ
ကျောင်းသူများကို ဝတ်ဆင်ထားသည့် စကတ်အားလှန်ခိုင်းပြီး ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တွင် တင်ထားသည့် ဆရာအား ဖမ်းဆီးအရေးယူသည့်ပြစ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည် နယ် ကိုဝက်တာကောင်တီမြို့တွင် ဖြစ်ပွားခဲ့သည်။
ဆီးရီးယားကို စစ်မတိုက်ရန် ပူတင်က အမေရိကန်ကို တားမြစ်
ရုရှားသမ္မ ဗလက်တီမာ ပူတင်ဟာ အမေရိကန်ကို သတိပေးလိုက်ပါပြီ။ ကုလသမဂ္ဂရဲ့  ခွင့်ပြုချက် မရပဲ ဆီးရီးယား ကို စစ်မတိုက်ရန် တားမြစ်လိုက်ကြောင်း သိရပါတယ်။
လက်ရှိအခြေအနေမှာ ကုလသမဂ္ဂဟာ လည်း အမေရိကန်ကို မတားမြစ်တော့ပဲ လွတ်ထားတဲ့ အနေအထား ဖြစ်ပါတယ်။ ယင်းအနေ အထား မှာ ရုရှား သမ္မတ ပူတင်ဟာ ဆီးရီးယားအား စစ်တိုက်ရန် အမေရိကန် တို့ ဆုံးဖြတ်ခြင်းကို တားမြစ်လိုက်ခြင်း ဖြစ်ပါတယ်။ ဆီးရီးယား အစိုးရဘက်မှ ရုရှားတို့ ထောက်ခံနေခြင်းပါ။
နံပါတ်ပြား အနက်ရောင်ကား မသုံးရနေ့အား သတ်မှတ်လိုက်ပြီဖြစ်
လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အလုပ်ရုံ၊ စက်ရုံ၊ ကျောင်း၊ စက်မှုဇုန် ယာဉ်နံ ပါတ် အနက်များ အပါအ၀င် ကိုယ်ပိုင်မော်တော်ယာဉ်များ အားလုံးကို မနက် ၆ နာရီမှ ညနေ ၃ နာရီအထိ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့ အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းက သတ်မှတ် လိုက်ပြီ ဖြစ်တယ်လို့ သိရ ပါတယ်။
မြန်မာနိုင်ငံ၌ ဘာသာရေး ၊ လူမျိုးရေး ၊ ပဋိပက္ခများ မဖြစ်စေရန်
  (၁) ဘာသာရေး အစွန်းရောက် သင်တန်းများ ပေးနေသော မော်လ၀ီ ဗလီဆရာတွေကို အရေးယူ သင့်ပါတယ်။
(၂) အမုန်းတရားများကို ဖြစ်ပေါ်စေတဲ့ ဘာသာရေး အစွန်းရောက် ဟောပြောမှု ၊ စည်းရုံးမှု ၊ လှုံဆော်မှုတွေကို ထိထိရောက်ရောက် တားမြစ် သင့်ပါတယ်။
ပြဿနာ မီးထွန်းရှာသော မွတ်ဆလင် အစ္စလာမ်ဘာသာဝင် ကားပိုင်ရှင်အားအရေးယူ
ပြဿနာ မီးထွန်းရှာသော မွစ္စလာမ်ဘာသာဝင် 
ကားပိုင်ရှင်အားအရေးယူ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌  6/9/2013 ရက်နေ့
နံနက် 9း20 နာရီတွင် ပုသိမ်မှ ကန်ကြီးထောင့်မြို့သို့ ပြေးဆွဲနေ
သောမွစ္စလာမ်ဘာသာဝင်ပိုင်လိုင်းကား မင်္ဂလာပါ(၁) ဒိုင်နာအမျိုးအစား
ယဉ်မောင်း ဟာဆန်မှ ပုသိမ်ကန်ကြီး
ထောင့်မြို့သို့ ပြေးဆွဲနေသော ယဉ်မောင်း ကြက်ဖကြီးမောင်းနှင်သော
ဒေသအခေါ် တုပ်တုပ်(ခ)သုံးဘီဆိုင်
ကယ်(ခ) ထရော်လာဂျီ အား ခရီးသည်အပြည့်နှင့် မောင်းနှင်နေစဉ်
ရန်ငြှိုးရန်စမရှိပဲ နောက်မှ လိုက်လံ၍ ပွတ်ဆွဲ ကပ်ဆွဲ ပြုလုပ်ခဲ့သဖြင့်
သုံးဘီးဆိုင်ကယ် မောင်းနှင်သူနှင့် ခရီးသည်များမှ ၀ိုင်းဝန်းတိုင်တန်း
သဖြင့် ကားဒရိုင်ဘာအား ညနေ 6း00ခန့်တွင် ပုသိမ်မြို့ အသယ်ကြီး
ရဲစခန်းမှ ဖမ်းဆီးအရေးယူထားကြောင်းသိရှိရသည် ။
အသေးစိပ်သိလိုလျှင် ပုသိမ်မြို့ အသည်ကြီး ရဲစခန်းနှင့် အမှတ်(၂)စခန်း
မော်တော်ပီကယ် ယဉ်ထိန်းဌာနနှင့် အစ္စလာမ်သာသနာရေးအဖွဲ့ ၊ ပုသိမ်
မြို့ သို့ ဆက်သွယ်မေးမြန်းနိုင်သည် ။
________________________________
ကိုညီ သုတ ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ 6/9/2013 ရက်နေ့
နံနက် 9း20 နာရီတွင် ပုသိမ်မှ ကန်ကြီးထောင့်မြို့သို့ ပြေးဆွဲနေ
သောမွစ္စလာမ်ဘာသာဝင်ပိုင်လိုင်းကား မင်္ဂလာပါ(၁) ဒိုင်နာအမျိုးအစား
ယဉ်မောင်း ဟာဆန်မှ ပုသိမ်ကန်ကြီး
မလေးရှားရောက် အိုဗာစတေး များအတွက် ၀မ်းမြောက်ဖွယ် အထူးသတင်း
မလေးရှားရောက် အိုဗာစတေးများအတွက် 
ဝမ်းမြောက်ဖွယ် အထူးသတင်း
=============================
မလေးရှားရောက် အိုဗာစတေးများ အော်ပရာစီ စစ်ဆင်ရေးကြောင့် ကြောက်လန် 
့ထွက်ပြေးနေရပြီး နေရပ်သို့ ပြန်သူများလည်း အတော်များသွားပါပြီ 
ကောင်းကောင်းမအိပ်ရ ကောင်းကောင်းမစားရဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော 
ဝဋ်ဒုက္ခမှ ကင်းလွင်ခွင့်သတင်းတခုကို ယနေ့ ကြားသိလိုက်ရတဲ့ အတွက် အတိုင်းမသိ
ယနေ့ ၆ - ၉ - ၂၀၁၃ ထုတ် မလေးရှားနိုင်ငံ တရုတ်သတင်းစာတွင် 
ဖော်ပြပါရှိတိုင်း အိုဗာစတေးများအတွက် ယခင် 6P ပုံစံကဲ့ သို့  ပြန်လည် 
ထုပ်ပြန်ပေးပြီး တရားဝင် ပါမစ်များရရှိရေး 
ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အော်ပရာစီစစ်ဆင်ရေးကိုလည်း 
ပြန်လည်ရုပ်သိမ်းမည်ဖြစ်သည့်အတွက် စိုးရိမ်ထိတ်လန့်သည့် ရန်မှ ကင်းဝေးပြီး 
အထူးပင် ၀မ်းမြောက်စေလိုကြောင်း သတင်းကောင်းပါးအပ်ပါသည်
မူရင်း မင်မင်း
7.9.2013
_____________________________________
Tun Wai ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
ခင်ဝင့်ဝါ ဆု (၄) ဆု ရရှိပုံနှင့် ပြိုင်ပွဲ ( အစ + အဆုံး ) Video File များ
Miss Supranational ပြိုင်ပွဲ ရဲ့ Official Webpage မှာ
မိမိနှစ်သက်ရာ ပြိုင်ပွဲဝင်ကို အနဲဆုံးသတ်မှတ်ထားတဲ့
၁၀မဲကို ၅ဒေါ်လာပေးပြီးတော့ Credit/Debit Card Payment System နဲ့ငွေချေပြီးတော့မဲပေးရတဲ့ Online Voting ပြိုင်ပွဲကတော့ပြီးဆုံးသွားပါပြီ။
Friday, September 6, 2013
မြန်မာနိုင်ငံ၌ ဘာသာရေး ၊ လူမျိုးရေး ၊ ပဋိပက္ခများ မဖြစ်စေရန်
(၁) ဘာသာရေး အစွန်းရောက် သင်တန်းများ ပေးနေသော မော်လ၀ီ ဗလီဆရာတွေကို အရေးယူ သင့်ပါတယ်။
(၂) အမုန်းတရားများကို ဖြစ်ပေါ်စေတဲ့ ဘာသာရေး အစွန်းရောက် ဟောပြောမှု ၊ စည်းရုံးမှု ၊ လှုံဆော်မှုတွေကို ထိထိရောက်ရောက် တားမြစ် သင့်ပါတယ်။
အမေရိကန်-မြန်မာ စစ်ရေးဆက်ဆံမှုပြုလုပ်မည်ကို ကန်အမတ်အချို့ပူပန်
ဝါရှင်တန်- အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအားကာကွယ်ရေးဆိုင်ရာ လေ့ကျင့်မှု များ ပြန်လည်စတင်ပြု လုပ်ပေးလိုသော်လည်း ၀ါရှင်တန်သည် မြန်မာစစ်ဘက် နှင့် ဆက်ဆံရေးကို အလျင်စလို လုပ်ဆောင်နေ သည်ဟု အမေရိကန်အမတ်အချို့က စိတ်ပူနေကြသည်။
ဆပ်ပြာ၊ရှမ်ပူ တို့က အမျိုးသမီးများ မျိုးအောင်နိုင်မှုကို ထိခိုက်ကြောင်းတွေ့ရှိ(FOR GIRL)
ပလတ်စတစ်နဲ့ အလှကုန် ပစ္စည်းတွေထဲမှာ တွေ့ရတတ်တဲ့ သားလိတ် (phthalates) ဓာတ်နဲ့ ထိတွေ့မှုဟာ အမျိုးသမီးတွေကို ကိုယ်ဝန်ရရှိဖို့ ပိုမို ခက်ခဲကြောင်း ဟားဗတ်လေ့လာမှု အသစ် တစ်ခု အရ သိရပါ တယ်။ လေ့လာသူတွေက ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကလေးယူရတဲ့ အမျိုးသမီး၂၃၁ ဦးရဲ့ ဆီးကို စစ်ဆေး ခဲ့ပြီး သားလိတ်ထိတွေ့မှု ပမာဏကို လေ့လာခဲ့ရာ အင်ဒိုခရိုင်းစနစ်ကို ထိခိုက်စေတဲ့ အဲဒီဓာတ်တွေကို အဲဒီ
ဗုဒ္ဓဘာသာတွေက အဲ့ဒီလိုမျိုးပါလား???
၂၀၀၇ မှာ အစိုးရကို ဆန့်ကျင်လို့ သူရဲကောင်း ဖြစ်ခဲ့တဲ့ ဆရာတော် ဦးဝီရသူ ဟာ ၂၀၁၃ မှာ သာသနာကို ကာကွယ်မှ အကြမ်းဖက်သမား ဖြစ်ရတယ်..။။
လက်ပံတောင်းက သံဃာတော်တွေ ဒဏ်ရာရတော့ သူတို့ကိုယ်တိုင် ကမ္ဘာမကြေ လို့ အော်ကြတယ်..။
ဆရာတော် ဦးသောဘိတ မီးရှို့ အသတ်ခံရချိန်မှာတော့ သူတို့ခွင့်လွှတ်တဲ့အပြင် ကမ္ဘာမကြေ အော်တဲ့လူတွေကိုပင် ကဲ့ရဲ့အပြစ်တင် ကြသေးတယ်..။။
နံပါတ်ပြား အနက်ရောင်ကား မသုံးရနေ့အား သတ်မှတ်လိုက်ပြီဖြစ်
လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အလုပ်ရုံ၊ စက်ရုံ၊ ကျောင်း၊ စက်မှုဇုန် ယာဉ်နံ ပါတ် အနက်များ အပါအ၀င် ကိုယ်ပိုင်မော်တော်ယာဉ်များ အားလုံးကို မနက် ၆ နာရီမှ ညနေ ၃ နာရီအထိ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့ အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းက သတ်မှတ် လိုက်ပြီ ဖြစ်တယ်လို့ သိရ ပါတယ်။ 
ဆီးရီးယား၊ တရုတ် နှင့် အမေရီကန်
ဆီးရီးယားကို ဝင်တိုက်ဖို့ ရက် ၉၀ တော့ သတ်မှတ်ပေးဖို့ အဆိုပြုချက်ကို ဆီးနိတ်လွှတ်တော်မှာ အင်္ဂါနေ့က တင်တယ်..... လက်ရှိ အမေရိကားက ရှားရှားပါးပါး ရှိတဲ့ ပါတီကြီး နှစ်ခုကလည်း ထောက်ခံတယ်.... ခြွင်းချက်တော့ ပါတယ် ကြည်းတပ်ကို အသုံးမပြုရတဲ့..... ခေတ်မမှီလောက်တော့ဘူးလို့ သူတို့ ဆုံးဖြတ်ထားတဲ့ ပဲ့ထိမ်းဒုံးတွေ ဖြုန်းဖို့အတွက်တော့ အခွင့်ကောင်းပဲ......
သစ္စာတရားရဲ့ အပိုင်းအစလေးကို တွေ့ရှိခြင်း
တစ်နေ့မှာ မာရ်နတ်နဲ့ သူ့ရဲ့နောက်ပါတပည့်တစ်ဦးတို့ အိန္ဒိယနိုင်ငံရဲ့  ရွာကလေးတစ်ရွာကိုဖြတ်ပြီး
ခရီးထွက်ခဲ့ကြတယ်။ တစ်နေရာအရောက်မှာ စင်္ကြန်လျှောက်ရင်း သမာဓိထူထောင်နေတဲ့ လူပုဂ္ဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်ရတယ်။
လူသတ်မှု မကျူးလွန်ရန်၊ ဆက်ကြေး မကောက်ခံရန် SSA ဘာကြောင့် လက်မခံ တာလဲ
            မြန်မာ နိုင်ငံမှာ လက်ရှိသမ္မတ တက်လာတဲ့အချိန်က စပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး ကို အလေးအနက် ထားပြီးလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းခဲ့သည်မှာ ပြည်သူလူထုအသိပင်  ဖြစ်ပါ တယ်။ ထို့အတူ လက်ရှိအခြေအနေ အထိလဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတွက် အဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်နေဆဲဖြစ် တာနှင့်အညီ ၊ နှစ်ကာလကြာရှည်စွာတည်တံ့ခဲ့တဲ့ လက်နက် ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့နှင့်လည်း ထာဝရ ငြိမ်းချမ်းရေးရယူပြီးဖြစ်တယ်လို့ ပြန်ကြားရေး သတင်းတွေ အရသိရပါတယ်။
သတိပြုပါ “ရွှေမြန်မာ”
မနေ့က အလုပ်ကပြန်လာတဲ့ ညီလေးတစ်ယောက်ကပြောတယ်။ ကုလား ၂ယောက်အချင်းချင်းပြောနေတာကို
ကြားလာတာပါ။ ဟိုဘက်နိုင်ငံ/နိုင်ငံခြားမှာ လက်ရှိရောက်
နေတဲ့ ကုလားတစ်ယော်ကို ဒီနိုင်ငံက သန်းခေါင်စာရင်းထဲ
သွင်းဖို့ပြောနေတဲ့အကြောင်းပါ။
Mail တစ်စောင်ထဲနှင့် သတင်းဖြစ်ပြီလား
ငါ့သားကြီး သမီးကြီး ဂျာနယ်လစ်တွေလည်း camera 360 နဲ့ ရိုက်တဲ့ ပုံတွေ သတင်းလုပ်လိုလုပ်၊       တင်လိုတင်၊  အခုလည်းတစ်ခါ       ဖြစ်ပြန်ပြီ။ Myanmar Times မှာ တင်ထားတဲ့သတင်းတစ်ပုဒ်က ကလေးစစ်သားအသုံးပြုမှုများကို ရပ်တန့်ရန် လိုတယ်ကလေးစစ်သားအသုံးပြုမှုတွေက ဆက်လက်ဖြစ်ပွားနေတုန်းပဲတဲ့၊    ဘယ်သူပြောလဲ၊             ဘယ်ကနေသိတာလဲဆိုတော့ မေးလ်ကနေပို့တာတဲ့။  အင်မတန်တိကျခိုင်မာတဲ့   သတင်းရင်းမြစ်ကြီးကရထားတာပဲ။  ပြောပြန်ရင်လဲ   အောင်မင်းလွန်ရာကျဦးမယ်။  
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ပြည်ပထောက်ပံ့ငွေ အလွဲသုံးစားလုပ်ခဲ့မှုများ ဖွင့်ချ
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကိုလက်ကျန်နိုင်ငံရေး အကျဉ်းသားစီစစ်   ရေးကော် မတီ မှထုတ်ပယ်ပေးရန် နိုင်ငံတော် သမ္မတထံ တင်ပြတောင်း ဆိုမည်ဖြစ်ကြောင်း ယမန်နေ့ က ပြုလုပ်သော နိုင်ငံရေး အကျဉ်းသားဟောင်းအင်အားစု(ယာယီ) စတင်ဖွဲ့စည်းခြင်း အခမ်းအနားတွ င် ၎င်းအဖွဲ့ဝင် ကိုရဲထွဋ်ခေါင်မှ ပြောသည်။
မျက်နှာဖုံးစွပ်ထားသူများကိုလဲ မြင်အောင်ကြည့်ပေးပါ
တစ်လောက စာနယ်ဇင်း ကောင်စီ (ယာယီ) ကို သမ္မတ ကြီးက သိန်း၅၀၀ လှူဒါန်း ဆိုပြီး ထွက်
လာတယ်။ အဲ့ဒီမှာ သတင်းတွေ က ရှုပ်ကုန်ကြတယ်။  တဖက်ပိတ်တွေး တဲ့  သူတွေရဲ့  ဂွင် ထဲ
ရောက် သွားတယ်လို့ ပဲပြောရ မလားပဲ။ အကုန်လုံးကို စုံနေအောင်ရေးကြ   ၊ပြောကြနဲ့  ရှုပ်နေ
တာပဲ။ အဲဒီမှာ သေချာအောင်ရှင်း ထားတာ ကတော့ သမ္မတကြီးရဲ့ ကိုယ်ပိုင်ငွေ ထဲ က လှူတာ
မဟုတ်ဘဲ စာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ လိုအပ်နေတဲ့ အခက်အခဲတွေ ကိုေ အာင်ြ မင်အောင်
ဆောင်ရွက်နိုင်စေဖို့ နိုင်ငံတော်ပိုင် ဘတ်ဂျက်ငွေတွေ ထဲက လှူဒါန်းခြင်းဖြစ်တယ် ဆိုတာ ပါပဲ။
Miss Supranational နဲ့ ထွန်းတောက်လာမည့် မြန်မာ့ဂုဏ်ဆောင် ညီမလေး ခင်ဝင့်ဝါသို့ အိတ်ဖွင့်သတိပေးစာ
 Miss Supranational မှ အစ်ကိုတို့ မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်နေတဲ့ ညီမလေး ခင်ဝင့်ဝါရေ.....
ညီမလေးက နဂိုရှိလို့ နကိုင်းထွက်တာလို့ ပြောရလောက်အောင်  တခြားနိုင်ငံက အလှမယ်တွေထက် ယှဉ်ရင် ညီမအလှက Miss Supranational ပြိုင်ပွဲမှာ  အရမ်းထင်ပေါ်ခဲ့ပါတယ်။  အဲတာကြောင့် ညီမကို တခြားပြိုင်ပွဲဝင်တွေထက် ဒိုင်တွေကလည်း ဂရုပြုမိကြတယ် မဟုတ်လား။
အမျိုးသား တစ်သိန်းနဲ့ အိပ်ဖို့ကြံရွယ်ထားတဲ့ ပိုလန်အမျိုးသမီး
ပိုလန်နိုင်ငံက အမျိုးသမီးဟာ သူ့ဘ၀မှာ ထူးထူး ခြားခြားဖြစ်သွားအောင် အမျိုးသားတစ်သိန်းနဲ့
အိပ်ဖို့ ကြံရွယ်စိတ်ကူးထားတယ်လို့ သိရပါတယ်။ ဒီအမျိုးသမီးဟာ အသက် ၂၁ သာရှိသေးပြီး သူ့ရဲ့
စိတ်ကူးကို ပြီးခဲ့တဲ့ လတွေကတည်းက စတင် အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ ဒီအမျိုးသမီးရဲ့ အသက်က
ဟင်္သာတမြို့နယ် ဒူးယားတိုက်နယ်တွင် ဥပုသ်သည် ၁၅၆ ဦး အစာအဆိပ်သင့်
Photo: 
ဟင်္သာတမြို့နယ် ဒူးယားတိုက်နယ်တွင် ဥပုသ်သည် ၁၅၆ ဦး အစာအဆိပ်သင့်
Friday, September 6, 2013
ဟင်္သာတမြို့နယ်၊ ဒူးယားတိုက်နယ်၊ လိန်ကုန်း ဘုန်းတော်ကြီးကျောင်းတွင် 
စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ဥပုသ်သည် ၁၅၀ ကျော် အစာအဆိပ် သင့်မှု 
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါနေ့ နံ နက် ၈ နာရီခန့်တွင် 
စတင်လှူဒါန်းသည့် ကြာဇံဟင်းခါးကို သောက်မိကြရာမှ ညနေ ၂ နာရီခန့်မှစ၍ 
လိန်ကုန်း ကျေးရွာမှ ဥပုသ်သည် ၁၅၆ ဦး (ကျား ၆၀/မ ၉၆)အစာ အဆိပ်သင့်မှု 
ဖြစ်ပွားခဲ့ကြောင်း၊ လူနာ ၁၂ ဦးအား ဒူးယား တိုက်နယ်ဆေးရုံတွင် ကျန်းမာရေး 
စောင့်ရှောက်မှု ပေးလျက်ရှိပြီး အသက် ၉၀ အရွယ် အဘွားအို တစ်ဦးအား 
ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး သို့ ခေါ်ယူကာ ကျန်းမာရေး စောင့်ရှောက်မှု 
ပေးထားကြောင်း၊ အတွင်းလူနာ များ အားလုံး အခြေအနေ ကောင်းမွန်လျက် 
ရှိကြောင်း၊ ပြင်ပလူနာ ၁၄၃ ဦးမှာလည်း ရောဂါလက္ခဏာ သာမန်မျှသာ ရှိသဖြင့် 
မစိုးရိမ်ရကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ပြောကြားသည်။
လိန်ကုန်းကျောင်းတိုက် ဆရာတော်ကြီး ဦးဝိမလသိဒ္ဓိက ''ဥပုသ်သည်တွေက ၂၀၀ 
ကျော်တယ်။ အစာအဆိပ် သင့်တာက ၁၅၀ လောက်ဖြစ်တယ်။ ဘုန်းကြီးလည်း ဘုဉ်းပေးတာပဲ။
 ဒါပေမဲ့ ဘာမှမဖြစ်ဘူး။ အစာအဆိပ်သင့်တဲ့ ဥပုသ်သည်တွေကို မြို့နယ်က 
တာဝန်ရှိတဲ့ သူတွေနဲ့အတူ ခရိုင်ဆေးရုံ အုပ်ကြီးလာပြီးကျန်းမာရေး 
စောင့်ရှောက်မှု ပေးခဲ့တယ်။ ဆေးရုံကို ရောက်နေတဲ့သူတွေ အားလုံး 
မစိုးရိမ်ရဘူးလို့ သိရတယ်'' ဟု မိန့်ကြားသည်။
ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ''အဲဒီနေ့မှာ ဒူးယားတိုက် နယ် 
ဆေးရုံက လူနာတွေကို အရင်ကြည့်ခဲ့တယ်။ ည ၇ နာရီလောက်မှာ 
ဘုန်းကြီးကျောင်းကိုလည်း သွားပြီး ကျန်တဲ့သူတွေကို ကျန်းမာရေး 
စောင့်ရှောက်မှု ပေးခဲ့တယ်။ ဟင်္သာတ ဆေးရုံကို အသက် ၉၀ အရွယ် အဘွားအိုကို 
ခေါ်လာခဲ့ပါတယ်။ ဒူးယားဆေးရုံက လူနာတွေကတော့ နှစ်ရက်လောက်ဆိုရင် ဆေးရုံက 
ဆင်းလို့ရပါပြီ။ ဟင်္သာတဆေးရုံက အဘွားကိုတော့ ခံနိုင်ရည် မရှိမှာ 
စိုးတဲ့အပြင် တခြားကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှုတွေ 
လုပ်ပေးနိုင်တာကြောင့် ရက်အနည်းငယ် ပိုနေရ နိုင်ပါ တယ်'' ဟု ပြောကြားသည်။
''ချက်ပြုတ်ခဲ့တဲ့ နေရာက မိုးရွာမှာစိုး လို့ဆိုပြီး နွားတင်းကုပ်ထဲမှာ 
ချက်တယ်လို့ သိရတယ်။ အနားမှာ ဓာတ်မြေသြဇာ အိတ်တွေလည်း ရှိပုံရတယ်။ 
ကနဦးအနေနဲ့ အစာအဆိပ် သင့်တယ်လို့ပဲ သတ်မှတ်ပါတယ်။ ၅ ရက်နေ့ နံနက်ပိုင်းမှာ
 အစားအစာကို စစ်ဆေးဖို့ ရန်ကုန်က ဓာတ်ခွဲဌာနကို ပို့လိုက်ပါပြီ'' 
ဒေါက်တာကြည်စိုးက ဆက်လက် ပြောကြားသည်။
အစာအဆိပ်သင့်မှုကြောင့် ဟင်္သာတဆေးရုံတွင် တက်ရောက် ဆေး ကုသနေသော အသက် ၉၀ 
အရွယ်အဘွားအိုအား တွေ့ရစဉ်                    
Eleven Media Group
ဟင်္သာတမြို့နယ်၊ ဒူးယားတိုက်နယ်၊ လိန်ကုန်း ဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ဥပုသ်သည် ၁၅၀ ကျော် အစာအဆိပ် သင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါနေ့ နံ နက် ၈ နာရီခန့်တွင် စတင်လှူဒါန်းသည့် ကြာဇံဟင်းခါးကို သောက်မိကြရာမှ ညနေ ၂ နာရီခန့်မှစ၍ လိန်ကုန်း ကျေးရွာမှ ဥပုသ်သည် ၁၅၆ ဦး (ကျား ၆၀/မ ၉၆)အစာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း၊ လူနာ
အတူတကွ သေနေသော စုံတွဲအရိုးစု တွေ့ရှိ
အီတလီ နိုင်ငံက ရှေးဟောင်း သုတေသီတွေဟာ စုံတွဲ သေဆုံးနေသော အရိုးစုကို တွေ့ရှိခဲ့ကြပါတယ်။ ၎င်းအရိုးစုတွေဟာ နှစ်ပေါင်း ၁၅၀၀ ခန့် လောက် ရှိပြီလို့ ဆိုပါတယ်။
ထိုသူတို့၏ လက်ချောင်းတွေမှာ ငွေလက်စွပ် တစ်ကွင်းစီကို တွေ့ရှိခဲ့ပါတယ်။ ၎င်းလက်စွပ်များကို ကြည့်ခြင်းအားဖြင့် နှစ်ပေါင်း ၁၅၀၀ ခန့်လောက်လို့ သတ်မှတ်တာပါ။ သုတေသီတွေရဲ့ အဆိုအရတော့
ထိုစုံတွဲဟာ မြေမြှပ်သတ်ခြင်းကို ခံရတယ်လို့ ဆိုပါတယ်။
ဆရာတော်ဝီရသူအား ခေါင်းဖြတ်သတ်မည်ဟု နေ့စဉ် ဖုန်းဖြင့်ဆက်၍ ချိန်းချောက်ခံနေရ
 မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော် ဦးဝိစိတ္တာဘိဝံသ(ဆရာတော် ၀ီရသူ) အား ဖုန်းဖြင့်ဆက် ၍ ခေါင်းဖြတ်မည်ဟု ချိန်းချောက်မှုများ နေ့စဉ်ဖြစ်ပေါ်နေသောကြောင့် ဆရာတော်မှ သက်ဆိုင်ရာသို့ အကြောင်းကြားထား ကြောင်း ပြည်သူ့ဆန္ဒသို့မိန့်သည်။ ထိုသို့ချိန်းချောက်မှုများ နေ့စဉ်ဖြစ်ပေါ်နေသောကြောင့် မန္တလေးမြို့ခံများနှင့် ဒကာ၊ ဒကာမ များမှ ဆရာတော်၏အသက်အန္တရာယ်ကို စိုးရိမ်ကြသောကြောင့် ဆရာတော်၏တရားပွဲများ လုံခြုံရေးလိုက်ပါဆောင်ရွက်နေကြ ကြောင်းသိရသည်။
"နိုင်ငံ အတွက် အရေးပါတဲ့ အနုပညာ အကြောင်း ပြောသူ အဆိုတော် လင်းလင်း"
အနုပညာသည် အနုပညာရှင် အတွက်ရော နိုင်ငံ အတွက်ပါ အရေး ပါကြောင်း အဆိုတော် လင်းလင်းကပြောသည်။
”ကျွန်တော် ကတော့ ကျွန်တော့် စိတ်ကို အတတ် နိုင်ဆုံး အရိုးရှင်းဆုံး ထားတယ်။ ကိုယ့်အနုပညာ အလုပ်က သတ်သတ်၊ နိုင်ငံတိုင်းမှာ ရှိတဲ့ လူတိုင်း လူတိုင်းက ကိုယ့်နိုင်ငံ ကိုထားသင့်တဲ့ နိုင်ငံ ချစ်စိတ်ကလည်း သတ်သတ် ထားပြီးတော့ ဒီအရာနှစ်ခုစလုံးမှာ
ဖယ်လိုင်နီကို ယူနိုက်တက် ခေါ်ယူခဲ့မှုအား အူစိန်ဘော့တ် ကြိုဆို
အင်္ဂလန် ချန်ပီယံ အသင်း၏ အမာခံ ပရိသတ် တစ်ဦးလည်းဖြစ်သည့် ကမ္ဘာ့ချန်ပီယံ တာတိုအပြေးသမားသည် ဖယ်လိုင်နီ၏ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းဂျာစီကို ကိုင်မြှောက်ကာ ဓာတ်ပုံ အရိုက်ခံခဲ့ 
အင်တာနက် မဲပေးစနစ်တွင် ဆုသုံးဆုအတွက် ခင်ဝင့်ဝါ အမှတ်အများဆုံးဖြင့် ဦးဆောင်
ရန်ကုန်၊ စက်တင်ဘာ ၅
ဘီလာရုစ်နိုင်ငံ မင့်စ်မြို့တွင် ကျင်းပနေသော ကမ္ဘာ့တတိယအဆင့်ရှိ Miss Supranatinal ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်နေသော မခင်ဝင့်ဝါသည် အင်တာနက်မှ Miss Internet ဆုအပြင် အခြားဆုများ ဖြစ်ကြသော People Choice Award၊ Face of Miss Supranational ဆုများအတွက် အမှတ်အများဆုံးဖြင့် ဦးဆောင်နေကြောင်း Miss Supranational organization မှ National Director ဦးဝေယံအောင်က ပြောကြားသည်။
ရုပ်ရှင်ကားကြီးရိုက်မယ့် အောင်ရဲလင်း
ဒါရိုက်တာကိုဇော်(အရုဏ်ဦး)ရိုက်ကူးနေတဲ့ “ဖြေးဖြေးပေါ့ဆန္ဒမစောနဲ့ ” ဇာတ်ကားမှာ အောင်ရဲလင်းက သက်မွန်မြင့်နဲ့အတူ ပျော်ပျော်နေ တတ်တဲ့ ကောင်လေး တစ်ေ ယာက် အဖြစ် ပါဝင်သရုပ်ဆောင်ထားပါ တယ်။အခုနောက်ပိုင်း မှာ အောင်ရဲ လင်းက ဇာတ်ကားရိုက်ကူးတဲ့အခါမှာ ပရိသတ် အကြိုက်တွေ့မယ့် ဇာတ်ကားမျိုးကို အဓိက ရွေးချယ်ရိုက်ကူးဖြစ်ပြီး ပရိသတ်နဲ့ သဟဇ တဖြစ်ဖို့ကအရေးကြီးတယ်လို့ဆိုပါတယ်။
ဆွမ်းခံကြွလာသော သံဃာများနှင့် ဘုန်းကြီး ကျောင်းသားများ ကားတိုက်ခံရ
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0DFCJgBujApc9d-OgAy0RQkZq-KMbCOrx4CNdYDqofjVKFeX_TCZvicSyQHwA5Lb9QpaGmp7gmsrNLEecZsWoEzlglyMxmBxFKV6iLwOa_nyknLZ70hmqWhjQCgcZsXS8nS_0dVr-s72T/s1600/7day_11_29_1.jpg
အရုဏ်ဆွမ်းခံကြွသော သံဃာများနှင့် ဘုန်းကြီးကျောင်သားများကို အရှိန်လွန်လာသော ကားတစ်စီးက ၀င်တိုက်ခဲ့မှု တစ်ခု စက်တင်ဘာ ၄ ရက် နံနက်က ဗဟန်းမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်သည်။
အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အမှုဖွင့်
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy7vV-oYCXP-5xKFD8g7WNp6r9g2bQD1bzOHtvAERzoI0tm6I3pSLOLwr2bEX9sYst9ZCy5JnfzWpqc90g2ieNKf1xDG1p0NkVErsU_Dbkv3qyJWeU46oQqqRkluKCNK5aEpcpNEHah62W/s1600/17.jpg
လပြည့်ဝန်းပလာဇာ ဒုတိယထပ်တွင် အခန်းငှားရမ်းဖွင့်လှစ် ရောင်းချနေ သော Super Action ဖက်ရှင်ဆိုင်၌ အတွင်းတွင် လူများရှိနေစဉ် ပလာဇာလုံခြုံရေး ဝန်ထမ်းသုံးဦးက စက်တင်ဘာလ ၂ ရက် နေ့တွင် လာရောက်သော့ခတ်ခဲ့သဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ စခန်းသို့ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်းတွင် သွားရောက်တိုင်တန်းရာ ရဲတပ်ဖွဲ့စခန်းက လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် အမှုဖွင့် ခဲ့ကြောင်း ဖက်ရှင်ဆိုင်ပိုင်ရှင် ဦးကျော်ရဲမင်း က ပြောကြားသည်။
ဥပုသ်သည်များ ကြာဇံချက်အလှူကနေ လူ၁၅၀ကျော် အစာအဆိပ်သင့်
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqqStjA6wQV7-es23igGt1zodwmH1qt1rwM_evo03U_uFvBQrU30mVoIjwgUd_BgAQLHAlTbkyhFayNCRi70EowsGkAECY-ImO6G0k77wWTrECxrnJWV1CRSLGnKlUjtboBql0X1vtWKGI/s1600/12.jpg
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယား ကျေးရွာ အုပ်စု လိန်ကုန်းကျေးရွာက သိဒ္ဓိမင်္ဂလာကျောင်းတိုက်မှာ ဥပုသ်သီလ ဆောက်တည်သူတွေကို စက်တင်ဘာ ၄ ရက်က ကြက်သားကြာဇံချက်နဲ့ လှူဒါန်းကျွေးမွေးရာ စားသုံးသူ ဒေသခံ (၁၅ဝ) ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒိုင်းမွန်းပလာဇာငါးလွှာမှ ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ခုန်ချသေဆုံး
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBNndYDrRcPFjTxIdlC62OHlPmvPv5y4_A8aRHWzgK6y5wu5ygeQHMR4lrqD48yeV6awez-i8iW7nfc8zB5LS1puUjGYDSNS-Oh0vNCKdp4XI-uQTDLX3GdKC7M8Q8JlyxCs3iVX2ylFXg/s1600/3.jpg
၂၀၁၂ ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခန့်က ဒိုင်းမွန်းပလာဇာ ခေါင်မိုးပေါ်မှ ခုန်ချသေရန် ကြံစည်သူ အမျိုးသားမှာ ကြံစည်ခဲ့စဉ်တွေ့ ရပုံ။
မန္တလေးလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီ ရပ်ကွက် ၃၃x၃၄ လမ်းကြား၊ ၇၇x၇၈ လမ်းကြားတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁ နာရီခန့်က အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဒိုင်းမွန်းပလာဇာ ငါးလွှာအထပ်မှ ခုန်ချ သေဆုံးသွားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
မုဒိမ်းရဲနှင့်အတူ ပြည်သူ (၅) ဦးကို တရားစွဲ
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0DFCJgBujApc9d-OgAy0RQkZq-KMbCOrx4CNdYDqofjVKFeX_TCZvicSyQHwA5Lb9QpaGmp7gmsrNLEecZsWoEzlglyMxmBxFKV6iLwOa_nyknLZ70hmqWhjQCgcZsXS8nS_0dVr-s72T/s1600/7day_11_29_1.jpg
ရွှေပြည်သာတံတားပေါ်တွင် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦးကို ယင်းတံတား၌ တာဝန်ကျ ရဲတစ်ဦးက မှုဒိမ်းမှု ကျူးလွန်ခဲ့ပြီး မိန်းကလေးကို လာရောက်ကယ်သော ပြည်သူ (၅) ဦးနှင့်အတူ ၄င်းရဲကို လှိုင်သာယာ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ခင်ဝင့်ဝါ ဆု (၄) ဆု ရရှိ
Miss Supranational ပြိုင်ပွဲ ရဲ့ Official Webpage မှာ
မိမိနှစ်သက်ရာ ပြိုင်ပွဲဝင်ကို အနဲဆုံးသတ်မှတ်ထားတဲ့
၁၀မဲကို ၅ဒေါ်လာပေးပြီးတော့ Credit/Debit Card Payment System နဲ့ငွေချေပြီးတော့မဲပေးရတဲ့ Online Voting ပြိုင်ပွဲကတော့ပြီးဆုံးသွားပါပြီ။
Thursday, September 5, 2013
ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် တစ်ရက်လျှင် လူနှစ်ဦးနှုန်း အဖမ်းခံနေရ
ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာပြီး မူးယစ်ဆေးနှင့် ဆက်စပ်၍ တစ်ရက်လျှင် လူနှစ်ဦး အဖမ်းခံနေရကြောင်း အထူးမူးယစ် အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။
ကချင်ပြည်နယ်၏ မြစ်ကြီးနား အထူးမူးယစ်နှင့် ဗန်းမော်အထူးမူးယစ်၏ မှတ်တမ်းများအရ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ရက်ပေါင်း ၂၄၅ ရက်အတွင်း အမှုပေါင်း ၃၄၉ မှု၊ တရားခံဦးရေ ၄၈၀ ဦး (ကျား-၃၇၆ ဦး၊ မ-၁၀၄ ဦး) ရှိခဲ့ပြီး ဖမ်းမိသော ဘိန်းဖြူ၊ ဘိန်းမည်း စိတ်ကြွဆေးပြား တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၁၁၀၅ သိန်းကျော်ရှိကြောင်း သိရသည်။
တင်ပြီးသား post များ
3D