သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 7, 2013

Miss Supranational 2013 ဆုကို ဖိလစ်ပိုင် အလှမယ်မှ ရရှိခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိ

မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် Miss Supranational 2013 နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို Belarus နိုင်ငံ၊ Minsk မြို့၌ စက်တင်ဘာ ၆ ရက် (ယမန်နေ့) မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်က စတင်ကျင်းပခဲ့ရာ စက်တင်ဘာ ၇ ရက်နံနက် ၁ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု အလှမယ် Miss Personality ဆု ရရှိထားသူ Mutya Datul က Miss Supranational 2013 ဆုကို ရရှိသွားခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါမှာ Miss Internet ဆု အပါအ၀င် ဆုလေးခု ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာမှ အလှမယ် ၉၄ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြခြင်းဖြစ်ပြီး ၎င်းပြိုင်ပွဲတွင် ပထမဆုံး ယှဉ်ပြိုင်မှုအနေဖြင့် မြန်မာ့ရိုးရာ ၀တ်စုံဖြင့် ယှဉ်ပြိုင်ခဲ့ပြီး Swim Suit နှင့် ညနေခင်းဝတ်စုံတို့ဖြင့် အဆင့်ဆင့် ယှဉ်ပြိုင်ကြရခြင်း ဖြစ်သည်။

နောက်ဆုံးပြိုင်ပွဲ မစတင်မီ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ခင်ဝင့်ဝါသည် Miss Supranational ပြိုင်ပွဲမှ ပေးအပ်သည့် Miss Internet ဆုကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းဆုအတွက် အွန်လိုင်းမှတစ် ဆင့် တရားဝင် မဲပေးနိုင်ခြင်းကို စက်တင်ဘာ ၂ ရက်မှစတင်ခဲ့ပြီး စက်တင်ဘာ ၆ ရက် မွန်းတည့် ၁၂ နာရီအထိ မဲပေးခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ မဲပေးရာတွင် အခမဲ့စနစ် မဟုတ်ဘဲ ၁၀ မဲလျှင် ငါးဒေါ်လာနှုန်းဖြင့် ၀ယ်ယူမဲပေးရခြင်း ဖြစ်သည်။

''ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အွန်လိုင်းက ငွေပေးချေတဲ့ စနစ်ခေတ်မစားတော့ ဒီလောက်ထိ အားပေးလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ အခုလို နံပါတ် (၁) မဲအများဆုံးရပြီး မြန်မာကိုယ်စားပြု ဆုရတဲ့အတွက် ခင်ဝင့်ဝါနဲ့ထပ်တူ ၀မ်းသာပါတယ်'' ဟု Miss Supranational Myanmar Organization မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ Miss Internet ဆုကို မြန်မာအလှမယ်သည် အွန်လိုင်းမှ မဲအရေအတွက်၃၆၀၀ ဖြင့်ဆွတ်ခူး ရရှိခဲ့ခြင်း  ဖြစ်ပြီး ဒုတိယမဲအများဆုံး ရရှိနေသည့် ထိုင်းအလှမယ်နှင့် မဲအရေအတွက် အပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် မြန်မာအလှမယ် ခင်ဝင့်ဝါသည် ရိုးရာဝတ်စုံ အနေဖြင့် ပျူခေတ် အ၀တ်အစားဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ၎င်းနောက်တွင် ရေကူးဝတ်စုံ၊ ညနေခင်း ၀တ်စုံတို့ဖြင့် အဆင့်ဆင့်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ပြီးစတင်ယှဉ်ပြိုင်ခဲ့သည့် နှစ်တွင်ပင် မြန်မာအလှမယ် သည် နောက်ဆုံး ဆန်ခါတင် ၂၀ ဦးအဆင့်အထိ ရောက်ရှိခဲ့သည်။

မြန်မာအလှမယ် ခင်ဝင့်ဝါသည် Miss Supranational ပြိုင်ပွဲမှ ပေးအပ်သော Miss Internet ဆုအပြင် အွန်လိုင်းမှမဲပေးပြီး ပေးအပ်သည့် ဘီလာရုစ် ၀က်ဘ်ဆိုက်မှ ချီးမြှင့်သော Most Beautiful Girl in the World ဆု၊ Missosology မှ ချီးမြှင့်သော People Choice Award နှင့် Face of Miss Supranational 2013 ဆုများကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါမှာ စက်တင်ဘာ ၈ ရက်နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိမည် ဖြစ်သည်။

အဆိုပါ Miss Supranational ပြိုင်ပွဲမှာ Miss Universe နှင့် Miss World ပြိုင်ပွဲတို့ပြီးလျှင် ကမ္ဘာ့တတိယ အကြီးဆုံး Miss ပြိုင်ပွဲကြီးဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်သည့် ပွဲဖြစ်ကြောင်း သိရသည်။

FROM-EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D