သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 4, 2013

ဘူးသီးတောင် အထကခွဲ (၂)ကျောင်း ခြိမ်းခြောက်ခံနေရ


ကျောင်းရှေ့တွင် လာရောက်ချထားသော စစ်အသုံးအဆောင်များ
(နိရဉ္စရာ- ၄ စက်တင်္ဘာ ၂၀၁၃)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အစိုးရ အထက်တန်းကျောင်းခွဲ (၂) မှ ဆရာ ဆရာမများကို အမည်မသိ
ဆူပူ သောင်းကျန်းလိုသူ အချို့မှ ခြိမ်းခြောက်မူများ ရှိနေသည်ဟု သတင်း ရရှိသည်။

၎င်း အထကခွဲ (၂) သည် ဘူးသီးတောင်မြို့ အနောက်ကွင်းခေါ် အမှတ်(၁)ရပ်ကွက်တွင် တည်ရှိပြီး ဘင်္ဂ
လီ ကျောင်းသား အများစု သင်ကြားနေသော ကျောင်း ဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သောလ သြဂတ်စ်လ ၂၁ ရက်နေ့က ၎င်းအခြေခံပညာအထက်တန်းကျောင်းခွဲ(၂) တွင် စစ်ဝတ်
ပြောက်ကျား ဂျာကင်(၁) ထည်၊ စစ်ဖိနပ်(၁) ရံ၊ တောဆောင်း စစ်ဦးထုပ် (၁)လုံး၊ ခြေအိတ်(၁) စုံ နှင့်
စွပ်ကျယ်(၁)ထည်ကို ကျောင်းဝင်းရှေ့ အုတ်ထရံအနီးတွင် အမည်မသိသူများက လာရောက်ချထားခဲ့
သည်ဟု ဆိုသည်။

၎င်းစစ်အသုံးအဆောင် ပစ္စည်းများကို ကျောင်းဝင်းရှေ့တွင် လာရောက် ချထားခြင်းမှာ ဆရာ ဆရာမ
များကို ခြိမ်းခြောက်လို၍ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ဆရာ တစ်ဦးက ပြောသည်။

၎င်းစစ်အသုံးအဆောင် ပစ္စည်းများကို ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးပြီး သိမ်းယူသွားခဲ့သည်ဟု ဆို
သည်။

ယင်းမတိုင်မှီ အစွန်းရောက် အစ္စလာမ်မစ် အဖွဲ့ တစ်ခုမှ ဘူးသီးတောင်တွင် ဗုံးခွဲမည်ဆို၍ အဆိုပါ
ကျောင်းအား (၂) ကြိမ်တိုင်တိုင် စစ်တပ်မှ လာရောက် စစ်ဆေးခဲ့သည်ဟု ၎င်းဆရာက ပြောသည်။

ဆရာ ဆရာမများ အနေဖြင့် လုံခြုံရေး စိုးရိမ်ရသဖြင့် ကျောင်းသို့ သွားရောက် စာပြရန်မှာ ၀န်လေး
နေကြပြီး အချို့ ဆရာ ဆရာမများမှာ ကျောင်းသို့ မသွားရဲဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း လုံခြုံရေးကြောင့် ကျောင်းပျက်ကွက်သော ဆရာ ဆရာမများအား ဒေသခံ ဘင်္ဂလီ
ကျောင်းသားမိဖများက အထက်သို့ တိုင်ကြားမူများ ရှိလာသဖြင့် ဆရာ ဆရာမများ အနေဖြင့် အ
ခက်ကြုံနေကြရသည်ဟု ဆိုသည်။

အချို့ ဆရာ ဆရာမများမှာ အလုပ်ထွက်ရန်ထိ စဉ်းစားနေကြပြီး အချို့မှာ ခြိမ်းခြောက်မူများရှိနေသော်
လည်း ၀မ်းရေး အတွက် သွားရောက် စာပြနေကြသည်ဟု ဆိုသည်။

သက်ဆိုင်ရာ ပညာရေးဌာနမှ အထက်အာဏာပိုင်များ အနေဖြင့် အထက ခွဲ(၂) တွင် ဖြစ်ပေါ်နေသော
ခြိမ်းခြောက်ခံ ပြဿနာအား အမြန်ဆုံး ဖြေရှင်းပေးရန်ကို ဆရာ ဆရာမများက အထူး လိုလားနေကြ
သည်ဟု အဆိုပါ ဆရာက ပြောသည်။

သြဂတ်စ် ၁၈နှင့် ၁၉ ရက် နေ့များတွင် ဘူးသီးတောင်တွင် ဗုံးဖေါက်ခွဲမည့် သတင်းများကြောင့် အ
ထက်တန်းကျောင်းများ အပါအဝင် မြို့ပေါ်ကျောင်းများတွင် လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့ရသည်
ဟု သိရသည်။

နိဉ္စရာ-သတင်းဋ္ဌာန by admin

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D