သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 7, 2013

မြန်မာဦးဆောင်၍ အာဆီယံကာကွယ်ရေးဝန်ကြီးများကို အမေရိကန်က ဟာဝိုင်အီသို့ဖိတ်ခေါ်

မြန်မာနိုင်ငံမှ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌတာဝန်ယူနေစဉ် ၂၀၁၄ မတ်လ တွင် မြန်မာဦးဆောင်၍ အာဆီယံကာကွယ်ရေးဝန်ကြီးများအားလုံးကို အမေရိကန်နိုင်ငံ ဟာဝိုင်အီ၌ အလွတ်သဘော အပန်းဖြေနိုင်ရန်နှင့် စစ်ဘက်ရေးရာနည်းပညာများ လေ့လာနိုင်ရန် ဖိတ်ကြားလိုကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂယ်လ်က မြန်မာကာကွယ်ရေးဝန်ကြီးကို ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ တည်ငြိမ်စွာအသွင်ကူးပြောင်းနိုင်မှုကို အသိအမှတ်ပြုပြီး အိုဘားမားအစိုးရက ကူညီရန် အသင့်ရှိကာ နောင်နှစ်တွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူး လွှဲပြောင်းယူမည်ကို ကြိုဆို ပါကြောင်း ဘရူနိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော အမေရိကန် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး တွင် မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်နှင့် သြဂုတ်လ ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေး စဉ် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးကို လာမည့်အောက်တိုဘာလတွင် ဘရူနိုင်းတွင်ကျင်းပ မည့် ထိပ်သီးအစည်းအဝေး၌ သမ္မတဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ကာ ဘရူနိုင်းနိုင်ငံထံမှ လွှဲပြောင်း ရယူမည် ဖြစ်သည်။ အလှည့်ကျဥက္ကဋ္ဌရာထူး တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံက အာဆီယံကာ ကွယ်ရေးဝန်ကြီးများအစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူလက်ခံကျင်းပရမည်ဖြစ်သည်။ 
ထိုသို့ ထမ်းဆောင်စဉ် ၂၀၁၄ မတ်လ၌ မြန်မာအပါအ၀င် အာဆီယံကာကွယ်ရေးဝန်ကြီးများကို အလွတ် သဘော အပန်းဖြေနိုင်ရန်နှင့် ပုလဲဆိပ်ကမ်းအပါအ၀င် အမေရိကန်တပ်ဖွဲ့များနှင့် စစ်ဘက်ရေးရာ နည်း ပညာများ လေ့လာနိုင်ရန် ဟာဝိုင်အီသို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ သို့သော် ဖိတ်ကြားမှုကို လက်ခံ၊ မခံကိုမူ သတင်းမရရှိသေးပေ။ မြန်မာနှင့်အမေရိကန် ကာကွယ်ရေး ၀န်ကြီးများ တွေ့ဆုံခြင်းမှာ နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

ဝန်ကြီးနှစ်ဦး တွေ့ဆုံရာတွင် စစ်ဘက်ရေးရာကိစ္စများ၌ လူသားချင်းစာနာထောက်ထားသော အရေးပေါ် အကူအညီများ၊ သဘာဝဘေးအန္တရာယ်များမှ ကယ်ဆယ်ကုသရေး လုပ်ငန်းများ(HADR) နိုင်ငံများကို ဘရူနိုင်းတွင် ဆောင်ရွက်သကဲ့သို့ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဟေဂယ်လ်
က ဆွေးနွေးခဲ့သည်။

အရှေ့တောင်အာရှသည် အမေရိကန်အတွက် အထူးအရေးပါသောဒေသဖြစ်ပြီး အမေရိကန်သည် အရှေ့တောင်အာရှတွင် တပ်မတော်မှတပ်မတော် ဆက်ဆံရေး၊ ပြည်သူမှ ပြည်သူချင်း ဆက်ဆံရေးတို့ကို အခြေခံသည့် Defence Diplomacy ကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကန်ကာ ကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

Sgt. Aaron Hostutler U.S. Marine Corps
FROM-7 DAY NEWS JOURNAL

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D