သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 3, 2013

ငရဲပြည် အတွေ့အကြုံ (တစ်ကယ့်ဖြစ်ရပ်မှန်)

မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့တတ်ကြသည်။ အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ်တိုင်တိုင် ဆွံ့ထိုင်းအယောင် ဆောင်ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကောသလမင်းကြီးသည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏အကျယ်တဝင့်ဟောပြမှုကြောင့် ယုတ်မာသောအကြံဆိုးကို စွန့်လွှတ်ခဲ့ဖူးသည်။ ယခုလည်း သက်ရှိဆိုလျှင် ခြင်၊ ပုရွက်ဆိတ်မှအစ ဘာကောင်ကိုမျှ မသတ်ရဲတော့သူ၊ ငရဲဘေးကို ကိုယ်တွေ့ကြုံခဲ့ရဖူးသူတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။

အထီးကျန်စိတ်ကို ဘယ်လိုဖျောက်ရပါလိမ့်

လက်ဖက်ရည်ဆိုင်ကို တစ်ယောက်တည်းသွားတယ်။ချောင်ကျတဲ့တစ်နေရာမှာ ထိုင်ပြီးကော်ဖီ တစ်ခွက်မှာ၊ဆေးလိပ် ထိုင်သောက်ရင်းတွေးတယ်။ ဒီကပြန်ရင် မိတ္ထီလာကန်ဘောင်ပေါ်မှာ သွားထိုင်မယ်ပေါ့လေ။ ဒါနဲ့ပဲတစ်ခုတွေးမိပြန်တယ်။ ငါအထီးကျန်သလိုများဖြစ်နေပြီလားလို့ပေါ့။ ဒါဟာနေ့စဉ် ရက်ဆက်ဆိုသလိုဖြစ်နေတာကိုးဗျ။ ဒါကြောင့် အထီးကျန်စိတ်ကိုဖျောက်ဖျက်ပစ်ဖို့ ဆန်းစစ်မိသလောက်ကို ဝေမျှပေးလိုက်ပါတယ်။

ကွဲနေတဲ့အသဲကို ဘယ်လိုကုစားနိုင်မလဲ

ကျွန်တော်လည်း အသဲကွဲခဲ့ဖူးပါတယ်။ ဒီပို့စ်ဟာ ကုစားနည်းကိုရေးခြင်းဖြစ်ပေမယ့် ဒီပို့စ်ထဲမှာ ပါတဲ့အတိုင်း ကျွန်တော်ဟာ ချုံးပွဲချငိုဖူးပါတယ်၊ ဝမ်းနည်းပက်လက်ဖြစ်ဖူးပါတယ်၊ နာကြည်းဖူးပါတယ်၊ စိတ်နာဖူးပါတယ်၊ နောက်ဆုံးတော့ ဒေါသအိုးပေါက်ကွဲခြင်းနဲ့အတူ ရုတ်ခြည်းပျက်ပြားသွားခဲ့ရပါတယ်။

""" မိဘများ စဉ်းစားကြဖို့ပါ """

ခဏလောက် အချိန်ပေးပြီးဖတ်ပေးပါ..နည်းပညာနဲ့ပက်သက်တာတော့ မဟုတ်ပါဘူး...

""" မိဘများ စဉ်းစားကြဖို့ပါ """
=============
မိတ်ဆွေ တစ်ယောက် ပိုင်တဲ့ အင်တာနက်ဆိုင်ကို ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရတယ်။ အဲ့ဒါကတော့ နက်ဝက် ဂိမ်းကစားနေတဲ့ ကလေးတွေအားလုံးကို မောင်းထုတ် နေတာပါပဲ။ ( မင်းဘာလုပ်နေတာလဲ ) ဆိုတော့ ( ဒီကောင်တွေ ဂိမ်းကစားတာ တစ်နာရီ ပြည့်သွားလို့ ပြန်ခိုင်းနေတာ .. မောင်းမထုတ်ရင် တစ်နေကုန်ကစားနေမှာကွ ) တဲ့။ ( တစ်နေကုန် ကစားတော့ မင်းပိုက်ဆံရတာပေါ့ ) ဆိုတော့ ...

Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတွင်း စရောင်းမည်


Photo: Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတွင်း 
စရောင်းမည်
Saturday, Augest 03, 2013

ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် 
ဆမ်ဆောင်းက နောက်ဆုံး ထုတ်လုပ်လိုက်သော Samsung Galaxy Tab 3 ကို 
မြန်မာနိုင်ငံတွင် သြဂုတ်လ ဒုတိယပတ်အတွင်း စတင် ရောင်းချ မည် ဖြစ်ကြောင်း 
ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇာနည် ဝင်းထက်က ပြောကြားသည်။

“အခု မိတ်ဆက်တဲ့ Tab 3 တွေက အရင် ဆမ်ဆောင်း တက်ဘလက်တွေ ထက် ပိုပါးတယ်။ 
ပေါ့လည်း ပိုပေါ့တယ်” ဟု ၎င်းက ပြောဆိုသည်။

ဆမ်ဆောင်း ကုမ္ပဏီမှ နောက်ဆုံး ထုတ်လုပ်ထားသော Tab 3 အမျိုးအစား ၇ လက်မ၊ ၈ 
လက်မနှင့် ၁၀ ဒသမ ၁ လက်မ တက်ဘလက် သုံးမျိုးလုံးသည် 3G မိုဘိုင်းလ်ဖုန်း 
စနစ် အသုံးပြုနိုင်ပြီး အသံစနစ် ကောင်းမွန်အောင် လုပ်ဆောင်ထားကြောင်း 
အဆိုပါ ကုမ္ပဏီ၏ Channel Manager ဦးဇော်ကိုကိုထွန်းက ပြောဆိုသည်။

၇ လက်မအရွယ် Tab 3 တက်ဘလက်ကို ကျပ် သုံးသိန်း သုံးသောင်းနီးပါး၊ ၈ 
လက်မအရွယ် Tab 3 ကို ကျပ် လေးသိန်း နီးပါးနှင့် ၁၀ ဒသမ ၁ လက်မ အရွယ် Tab 3 
ကို ကျပ် လေးသိန်း ငါးသောင်းခန့် ဖြင့် ရောင်းချဖွယ် ရှိပြီး ဈေးနှုန်း 
အတိအကျ မသိရှိရသေးကြောင်း ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ ဝန်ထမ်း တစ်ဦးက 
ပြောကြားသည်။

ဆမ်ဆောင်း မြန်မာ ကုမ္ပဏီသည် ဆမ်ဆောင်း ဆိုင်ခွဲများကို ရန်ကုန်တွင် ၁၁ 
ဆိုင်၊ မန္တလေးတွင် သုံးဆိုင်၊ တောင်ကြီးမြို့နှင့် မုံရွာမြို့တို့တွင် 
တစ်ဆိုင်စီ ဖွင့်လှစ်ထားပြီး မကွေးမြို့တွင်လည်း ထပ်မံ ဖွင့်လှစ်မည်ဟု 
အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

The Voice Weekly

ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် ဆမ်ဆောင်းက နောက်ဆုံး ထုတ်လုပ်လိုက်သော Samsung Galaxy Tab 3 ကို မြန်မာနိုင်ငံတွင် သြဂုတ်လ ဒုတိယပတ်အတွင်း စတင် ရောင်းချ မည် ဖြစ်ကြောင်း ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇာနည် ဝင်းထက် က ပြော ကြားသည်။


“အခု မိတ်ဆက်တဲ့ Tab 3 တွေက အရင် ဆမ်ဆောင်း တက်ဘလက်တွေ ထက် ပိုပါးတယ်။ ပေါ့လည်း ပိုပေါ့တယ်” ဟု ၎င်းက ပြောဆိုသည်။

သီတဂူဆရာတော်ဟောတဲ့ စစ်သား အကြောင်း


ငါဘာယူသွားမလဲ၊ အားလုံးမေးကြပါ။ ငါတိုင်းပြည်၊ ငါ့သာသနာ၊ ငါ့လူမျိုးအတွက် ငါဘာတွေထားခဲ့မလဲ။ အဲဒီမေးခွန်းနှစ်ခု နာနာမေးပြီးတော့ အဖြေမှန်ထွက်အောင် ကြိုးစားကြစမ်းပါ။

မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြိုက်ခဲ့ပြီးမှ မိန်းမယူသွား၍ လူသတ်မိသူ ထောင်ဒဏ်ခုနစ်နှစ်ချမှတ်


 ရေတာရှည်မြို့နယ်  ဆွာချောင်းရေလှောင်တမံရေပြင်  ဝံဂဲတဲစုတွင်  မိန်းကလေးစိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ အတူ နေထိုင်လာသူက အိမ်ထောင်ပြုသွားသည်ကို မကျေနပ်၍ သတ်လိုက်သူကို ဇူလိုင် ၁၇ ရက်က အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေ ၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဆွာချောင်းရေလှောင်တမံရေပြင်အတွင်းရှိ ဝံဂဲတဲစုနေ ဝင်းဇော်ဦး(၃ဝ)နှစ် 

ကမ္ဘာ့ပထမဆုံး လွဲယိမ်းနိုင်သော တံတား

လန်ဒန်အခြေဆိုက် McDowell+Benedetti အမည်ရ ဗိသုကာအဖွဲ့မှ ကြိုးစား ဖန်တီးပေးထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ပထမဆုံး တစ်ဖက်သို့ လွဲယိမ်းနိုင်သော တံတား အဖြစ် လူသိ များစေခဲ့ ပါတယ်။ အင်္ဂလန်ကျွန်း မြောက်ပိုင်း Yorkshire မှာ ရှိတဲ့ တံတား ဖြစ်ပါတယ်။ စတီး၊အလူမီနီယံတို့နဲ့ တည်ဆောက်ထားတဲ့ ယင်း တံတားကို အဖွင့်အပိတ် အလွယ်တကူ လုပ်နိုင်ပြီး သင်္ဘောငယ်တို့ ဖြတ် သန်း ဖို့အတွက် တစ်ဖက်ကို စုစည်းပေးပါတယ်။

ကလေးငယ် တစ်ယောက်နဲ့  တူတဲ့ ကျွဲကလေး တစ်ကောင်မွေးဖွား

Photo: ကလေးငယ်တစ်ယောက်နဲ့  တူတဲ့ 
ကျွဲကလေး တစ်ကောင်မွေးဖွား
Friday, Augest 02, 2013

ထိုင် နိုင်ငံမှာ မွေးဖွား ခဲ့တာပါ။ ကျွဲတစ်ကောင်က လူသားကလေး ပုံသဏ္ဍာန် 
ကျွဲကလေး တစ်ကောင်ကို မွေးဖွားခဲ့ပါတယ်။ ပုံကို ကြည့်မယ်ဆိုရင်တော့ 
အထူးသဖြင့် မျက်နှာက လူသားတစ်ယောက်ရဲ့ ပုံစံနဲ့ တူညီမှု ရှိပါတယ်။

ဒါပေမယ့်လည်း သူ့ ရဲ့လက်တွေ၊ ခြေထောက်တွေကတော့ ခွာတွေ ပါတဲ့ အတွက် ကျွဲနဲ 
့တူပါတယ်။ ဘာဖြစ်လို့  ကျွဲပေါက် ကလေးတစ်ကောင်က ကလေးငယ် တစ်ယောက်ရဲ့ 
ပုံသဏ္ဍာန်နဲ့ တူတာလဲဆိုတာကတော့ အံ့သြစရာပါ။

ယနေ့ ခေတ်ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်နေတာတွေကတော့ အံ့သြဖို့ လည်းကောင်း၊ 
ကြောက်စရာလည်း ကောင်းလှပါတယ်။


Kaung Zay Yan
( Discoveries Myanmar) ထိုင် နိုင်ငံမှာ မွေးဖွား ခဲ့တာပါ။ ကျွဲတစ်ကောင်က လူသားကလေး ပုံသဏ္ဍာန် ကျွဲကလေး တစ်ကောင် ကို မွေးဖွားခဲ့ပါတယ်။ ပုံကို ကြည့်မယ်ဆိုရင်တော့ အထူးသဖြင့် မျက်နှာက လူသားတစ်ယောက်ရဲ့ ပုံစံနဲ့ တူ ညီမှု ရှိပါတယ်။

မိန်းကလေး တစ်ဦး ၁ ထပ်အမြင့်မှ ပြုတ်ကျသော် လည်း အသက်ရှင်


Photo: မိန်းကလေးတစ်ဦး ၁ ထပ်အမြင့်မှ ပြုတ်ကျသော်လည်း အသက်ရှင်
Friday, Augest 02, 2013

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ချန်ရှာမြို့တွင် အဆောက်
အအုံတစ်ခု၏ ၁၈ ထပ်အမြင့်ရှိသော တိုက်ခန်းတစ်ခန်းမှ သုံးနှစ်အရွယ် 
မိန်းကလေးငယ်

တစ်ဦး ဇောက်ထိုးပြုတ်ကျခဲ့သော်လည်း အသက်ရှင်လျက် ရှိခဲ့ကြောင်း
 ဒေသတွင်း သတင်းဌာန၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။

ရွဲရွဲအမည်ရှိ အဆိုပါ မိန်းကလေးငယ်သည် သူမ၏ နေအိမ်အခန်း၏ လသာဆောင်မှ 
ဇူလိုင် ၃ဝ ရက် မွန်းလွဲပိုင်းတွင် ပြုတ်ကျခဲ့ပြီး ဒုတိယထပ်ရှိ ဝရန်တာ 
အမိုးပေါ်သို့ ပြုတ်ကျခဲ့ကြောင်း၊ ယခုအချိန်တွင် သူမသည်
 ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိပြီး သူမ၏ အခြေအနေမှာ  စိုးရိမ်ဖွယ်ရာ 
မရှိကြောင်း ဆရာဝန်များ က ပြောကြားခဲ့သည်။

မြ၀တီ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ချန်ရှာမြို့တွင် အဆောက်အအုံတစ်ခု၏ ၁၈ ထပ်အမြင့်ရှိသော တိုက်ခန်းတစ်ခန်းမှ သုံးနှစ်အရွယ် မိန်းကလေး ငယ် တစ်ဦး ဇောက်ထိုးပြုတ်ကျခဲ့သော်လည်း အသက် ရှင်လျက် ရှိခဲ့ကြောင်း ဒေသတွင်း သတင်းဌာန၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်ဆောင်ပေါ်မှ အမျိုးသမီးလူနာ ခုန်ချ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သွပ်ဝိုင်းကြီး ရပ်ကွက်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) ဆေးကုသဆောင် သုံးထပ်ဆောင်ပေါ်မှ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်က အသက် ၂၈ နှစ်အရွယ် အမျိုးသမီး လူနာတစ်ဦး ခုန်ချခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန် ချက်အရ သိရသည်။

ရမည်းသင်းမြို့ မွတ်စလင်မ် သုဿာန်(ကဘာရ်စတာန်) အားရွေှ့ပြောင်းရန် အတွက် သင်္ချိုင်းကော်မတီအား အာဏာပိုင်မှ ခေါ်ယူတွေ့ဆုံ

ရမည်းသင်းမြို့ရှိ မွတ်စလင်မ်သုဿာန် (ကဘာရ်စတာန်)အား ရွှေ့ပြောင်းရန်အတွက် အိုလမာ (သာသနာ့ပညာရှင်များအဖွဲ့)နှင့် သင်္ချိုင်းကော်မတီအား ရမည်းသင်းမြို့နယ် စည်ပင်သာယာမှ မနေ့က မနက်ပိုင်းတွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရမည်းသင်းမြို့သို့ ဆက်သွယ်ခဲ့ရာ – “ဟိန္ဒူရယ်၊ ဗုဒ္ဓရယ်၊ တရုတ်ရယ်က အရင်တုန်းကတည်းက ပေါင်းပြီး သဂြိုဟ်ကြတာ။ လွန်ခဲ့တဲ့ ၂၃-ရက်နေ့ကတော့ သူတို့က ရွှေ့သွားပြီ။

ပန်းဘဲတန်းမြို့နယ်ရှိ နှစ်လုံး/သုံးလုံးလောင်းကစားဒိုင်ကြီးအား အဖွဲ့များခွဲ၍ ၀င်ရောက်ဖမ်းဆီး အရေးယူ

 
၁.၈.၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂) နှင့် အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနမှ တပ်ဖွဲ့ဝင်များသည် ပန်းဘဲတန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင် များနှင့်ပူးပေါင်း၍ အဖွဲ့များခွဲကာလောင်းကစားသတင်းအရ သက်သေများနှင့်အတူ ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်၊ (၂၉)လမ်း၊ (၃)လွှာရှိ အမှတ်(၁၀၀)နေအိမ် သို့ ၀င်ရောက်ရှာဖွေရာ ၎င်းနေအိမ်၏ ၀ဲဘက်ခြမ်းတွင် နေမျိုးလွင်၊ (ဘ)ဦးသန်းလွင်၊ ပန်းဘဲတန်းမြို့နယ်နေ သူနှင့် ထွန်းရွှေ၊

တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းများထုတ်ပြန်

ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်များတွင် တက်ရောက်ခွင့်ပြုမည့်ထူးချွန်ကျောင်းသားများ ၏ဝင်ခွင့် များလျှောက်ထားရာတွင အနိမ့်ဆုံးဝင်ခွင့်များ သတ်မှတ်ရာ၌အသက်မွေးဝမ်းကျောင်းတက္ကသိုလ် များထက်မြင့်မားကြောင်း သိရသည်။ ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်များ တွင်ယခုနှစ်ပညာသင်နှစ်မှ စပြီးဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်၂၀ အတွက် ဘာသာရပ်တစ်ခုကိုကျောင်းသား ၁၅ ဦးစီနှင့်တက္ကသိုလ် တစ်ခုတွင်ကျောင်းသား ၃၀၀ ဦးစီ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌လက်ခံသင်ကြားပေးသွားမည်ဖြစ် သည်။

တရုတ်၏လွှမ်းမိုးမှုကို ထိန်းညှိရန်အတွက် အိန္ဒိယက မြန်မာနိုင်ငံသို့ စစ်ရေးအကူအညီများ ပေးမည်

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအား ကမ်းရိုးတန်း ကင်းလှည့်ရေယာဉ်များ ထောက်ပံ့ခြင်းနှင့် ရေတပ်၏ စွမ်းရည်မြှင့်တင်နိုင်ရန် လေ့ကျင့်သင်ကြား ပေးခြင်းတို့ကို အကူအညီပေးရန် အစီအစဉ်များ ပြုလုပ်နေပြီ ဖြစ်ကြောင်း သြစတြေးလျနိုင်ငံ ABC သတင်းဌာနက ဖော်ပြထားသည်။

ငွေသိန်း ခြောက်ဆယ်ကျော် ပျောက်ဆုံးမှု ရှာဖွေ ဖမ်းဆီးရာမှ မန္တလေး ဆေးရုံကြီးတွင် လှည့်လည်ခိုးယူ နေသူအား ဖမ်းမိ

ကချင်ပြည်နယ် အမှတ်(၂)သတ္တုတွင်းဌာနမှ အထွေထွေ မန်နေဂျာ ၏ ငွေသိန်းခြောက် ဆယ်ကျော်
ပျောက်ဆုံးမှု ရှာဖွေဖမ်းဆီး ရာမှ မန်းဆေး ရုံကြီးတွင် ယခင်ကထဲက လှည့်လည်ခိုးယူ နေသောအမှု
များပါ ပေါ်ပေါက်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မယ်တော်ဆေးခန်း ရေလွှမ်း၍ လူနာများ ရွှေ့ပြောင်းထားရ

မဲဆောက်မြို့နယ်အတွင်းရှိ ကျောင်းသားဆေးခန်းဟု လူသိများ သော မယ်တော်ဆေးခန်းဌာန အများ
စုမှာ ရေလွှမ်းနေသဖြင့် အတွင်းလူနာ များကို အနီးအနားရှိ Child Development Centre များသို့ပြောင်း
ရွှ့ထား ရကြောင်း သိရသည်။

စားသုံးရန် မသင့်သော ဖမ်းဆည်းရမိသည့် ကုန်ပစ္စည်းများအား မူဆယ်မှာ ဖျက်ဆီး


ထိရောက်စွာ မီးရှို့ ဖျက်ဆီးစဉ်

(၂.၈.၂ဝ၁၃) ရက်နေ့  နံနက် (ဝ၉းဝဝ)နာရီ အချိန်ခန့် တွင် တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ မှာ တ
ရုတ်နိုင်ငံ ဘက်မှ တင်သွင်းလာသည့် စားသုံးရန် မသင့်သော ဖမ်းဆည်းရမိသည့် ကုန်ပစ္စည်းများကို မူ
ဆယ် အကောက်ခွန် ဦးစီးဌာနမှ ဖျက်ဆီးပစ်လိုက်ကြောင်း သိရသည်။

ဖလမ်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက် ငါးဦး သေဆုံး

ကလေးမြို့နှင့် ဖလမ်းမြို့သွား ခရီးသည်တင်ယာဉ်

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့သို့ မောင်းနှင် လာသော ရွှေခြင်္သေ့ ခရီး
သည်တင် ယာဉ်တစ်စီး သြဂုတ်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့်က မြေပြိုမှုကို ရှောင်ရင်း တစ်ဖက်လမ်း
ဘေး ပေ ၁၅၀ခန့်ရှိ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်သွားခဲ့ရာ လူငါးဦး သေဆုံးသွား ခဲ့ကြောင်း အဆို
ပါ မြို့ဒေသခံများထံမှ သိရသည်။

ကုန်သင်္ဘော ခါးကျိုးပြီး ဧရာဝတီမြစ်အတွင်း နစ်မြုပ်

ဟင်္သာတ၊ သြဂုတ် ၂

ဟင်္သာတခရိုင် မြန်အောင်မြို့ အမှတ် (၆) ရပ်ကွက် ဂုန်လျှော်ဂိုဒေါင် လမ်း မြစ်ကမ်းနှင့် ကိုက် ၅၀ ခန့်အကွာ ဧရာဝတီမြစ်အတွင်း သြဂုတ်လ ၁ ရက်နေ့ ည ၇ နာရီ ဝန်းကျင်တွင် မြစ်ကျောက်များ တင်ဆောင်လာသည့် ကုန်တင် ရေယာဉ် တစ်စင်း ခါးကျိုး နစ်မြုပ်ကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရသည်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ CP ကြက်အူချောင်း စက်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

သြဂုတ် ၂ ရက် ည ၉ နာရီ ၄၅ မိနစ် ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ဦးတရုတ်ကြီးလမ်း အမှတ် ၂၇၉ ရှိ CP ကြက်အူချောင်း စက်ရုံအတွင်း မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။အဆိုပါ မီးလောင်မှုမှာ စက်ရုံအတွင်းရှိ ကုန်သိုလှောင်ရုံ အတွင်းပိုင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ည ၉ နာရီ၄၅ မိနစ်ခန့်မှ စတင်လောင်ကျွမ်းခဲ့ကာ ည ၁၀ နာရီ၃၄ မိနစ်တွင် မီးထိန်းထား နိုင်
ခဲ့သည်။

ရခိုင် ၅ ဦးကို ထောင်ဒဏ်တွေ ချမှတ်

ရခိုင် ဆူပူမှုတွေအတွင်း ဖမ်းဆီးခံရတဲ့ ရခိုင် အမျိုးသား ၅ ဦးကို ဗုဒ္ဓဟူး နေ့က စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။မြောက်ဦး မြို့နယ် ပုရိန်ကုန်း က ဦးထွန်းရွှေမောင်၊ မောင်သာကုန်း ရွာက ဦးမောင်မောင်နိုင်၊ ပန်းမြောင်း က ဦးမြင့်နိုင်၊ ကျောင်းတောင် က ဦးကံသာအောင် နဲ့ မောင်ထွီးစိန် တို့ကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ က ပုရိန်ကုန်း မွတ်ဆလင်ရွာ မီးရှို့တိုက်ခိုက်မှုမှာ ပါဝင်သူတွေ ဆိုပြီး ပုဒ်မ ၁၃၆ မီးရှိုမှုနဲ့ စစ်တွေ ခရိုင်ရုံးက ထောင် သုံးနှစ်စီ ချလိုက်ပါတယ်။

တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားပြီဖြစ်ပြီး တနင်္သာရီမြို့နှင့်ပတ်ဝန်းကျင် ကျေးရွာများသို့ ရေလွှမ်းလျက်ရှိ

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ဖြတ် သန်းစီးဆင်း လျက်ရှိသော တနင်္သာရီ မြစ်ရေမှာ စိုးရိမ်ရေမှတ် ထက် ကျော်လွန်သွားပြီဖြစ်ပြီး တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင် ကျေး ရွာများသို့ ရေလွှမ်းလျက်ရှိကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။တနင်္သာရီမြစ်ရေမှာပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှစတင်ကာ တဖြည်းဖြည်း မြစ်ရေတက်လာနေပြီး တနင်္သာရီမြို့ မြေနိမ့်ပိုင်းနှင့် ပတ်ဝန်းကျင် ကျေးရွာများသို့ ရေစတင် လွှမ်းလာကြောင်း၊ တနင်္သာရီ မြစ်ရေ၏ စိုးရိမ်ရေ အမှတ်မှာ ၂၄ ပေဖြစ်ပြီး သြဂုတ် ၁ ရက်တွင် ၂၃ ပေရှိရာမှာ သြဂုတ်၂ ရက်တွင် ၂၅ ပေအထိ ရောက်ရှိလာကြောင်း သိရသည်။

အပျို၊အပျိုစစ်နှင့် အပျိုစင်

အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြား သိမြင်အောင်လို့  ရေးလိုက်တာ ပါ...။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။
ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲ မှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာ ရပါပြီး....။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး...။

နံနက်ပိုင်း သံပရာရေ နွေးနွေးသောက်ခြင်း၏ အကျိုးကျေးဇူးများ

ကြက်သည်းနွေးတွင် သံပရာ ရည်သောက်ခြင်းက ရေခဲရေနှင့် သံပရာရည်ကို သောက်ခြင်းထက် ခန္ဓာ ကိုယ်ကို ပို၍အကျိုးဖြစ်စေသည်။ ပုလင်းနှင့် အသင့်ဖျော် သံပရာမျိုးမဟုတ်ဘဲ သံပရာသီး လတ်လတ် ဆတ်ဆတ် (၁)ခြမ်းခန့်ကို ညှစ်ဖျော်ထားသော ဖျော်ရည်မျိုး ဖြစ်သည်။ ကောင်းကျိုးများအနေနှင့်

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူခြင်း၏ ဆိုးကျိုး

ဆေးလိပ်ကိုယ်တိုင်သောက်သုံး ခြင်းမဟုတ်ဘဲ အငွေ့ရှူရရုံဖြင့်
- အဆုတ်ကင်ဆာ
- နှလုံးရောဂါ
- emphsema
- မျက်လုံးနှင့် နှာခေါင်းကသိက အောက်ဖြစ်ရခြင်း၊
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ရင်ကျပ်ပန်းနာ၊
- ကလေးများတွင် glue ear ဖြစ်စေခြင်း
- ကလေးငယ်များအနေနှင့် မိမိတို့ ကြီးပြင်းလာသည့်အခါ နီကိုတင်း စွဲခြင်းတို့ ဖြစ်စေသည်။

ဗုဒ္ဓဂယာ ဘုရားဖူးခရီးသည် မြင့်တက်လာစေရန် သွယ်ဝိုက်ခွန်လျှော့ပေါ့ပေးရန် နှင့် ခရီးသွားအာမခံစနစ်တစ်ခု လိုအပ်လျက်ရှိ

ရန်ကုန် ၊ ၃-၈-၂၀၁၃

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ခရီးသို့ ဘုရားဖူးများ မြင့်တက်လာ စေရန် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းနှင့် ဗုဒ္ဓဂယာ ဘုရားဖူး ပို့ဆောင်ရေး အဖွဲ့များက ဘုရားဖူး ခရီးစဉ်တွင် ပေးရသော သွယ်ဝိုက်ခွန် လျှော့ပေါ့ပေးရန် နှင့် ဘုရားဖူး အာမခံစနစ် တစ်ခု ထူထောင်ပြီး ခရီးသွား ဦးရေ မြင့်တက် လာစေရန် သက်ဆိုင်ရာ ဌာနများသို့ တင်ပြ ထားကြောင်း သိရသည်။
နှစ်စဉ် စက်တင်ဘာလ မှ ဧပြီလအထိ မြန်မာ ဘုရားဖူးများ အဓိက သွားရောက်ရာ ဗုဒ္ဓဂယာဒေသ သည် ဘုရားဖူး ခရီးသည် တစ်သိန်းနီးပါး လာရောက် ဖူးမြော်ကြရာ တွင် မြန်မာ ဘုရားဖူး များမှာ အများဆုံး ဖြစ်ကြောင်း လည်း သိရသည်။

ဓာတုဇီဝနည်းပညာများဖြင့် ပြင်ဆင် ဖန်တီးထားသော စားသောက်ကုန်ပစ္စည်းများ တားဆီးနိုင်ရန် အမျိုးသား အစားအသောက် ကာကွယ်သည့် ဥပဒေ လိုအပ်

ရန်ကုန် ၊ ၃-၈-၂၀၁၃
စီးပွားရေး လုပ်ငန်းရှင်များက အလှအပ နှင့် မျက်စိပသာဒ ဖြစ်ဖွယ်ရာ ပြုလုပ်ထားသည့် ကျန်းမာရေး နှင့် မလျော်ညီသော အစားအသောက် များကို ပြုလုပ် ရောင်းချ နေမှုသည် ပြည်တွင်း၌ သာမ ပြည်ပနိုင်ငံ များမှ ဈေးကွက် အတွင်း တင်ပို့ ရောင်းချ နေကြကြောင်း သိရသည်။ ဓာတုဇီဝ နည်းပညာများဖြင့် ပြင်ဆင် ဖန်တီးထားသော စားသုံးကုန် များကြောင့် အမျိုးသား အစားအသောက် ကာကွယ်သည့် ဥပဒေတစ်ရပ် လိုအပ် နေသည့် အတွက် လွှတ်တော်တွင်း ဥပဒေကြမ်း ရေးဆွဲ နေကြောင်း သိရသည်။

လယ်ယာသုံး ဓာတုဆေးများကြောင့် သဘာဝသားငါးများ ရှားပါးလာ

ရန်ကုန် ၊ ၃-၈-၂၀၁၃
မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ လယ်ယာမြေ များပေါ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး စနစ် ကျင့်သုံးလာမှုကြောင့် ဓာတ်မြေသြဇာ နှင့် ပိုးသတ်ဆေးများ အလွန်အကျွံ အသုံးပြုမှု များဖြစ်ပေါ် လာပြီး သဘာဝ သား ၊ ငါး ရှားပါးမှု များကို ဖြစ်ပေါ်စေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက ပြောကြား ခဲ့သည်။


၅ သောင်းကျော်ကို ဆရာဖြစ်ဆွဲခန့်လိုက်ပြီ

1
ပညာရေးဝန်ကြီးဌာနက နေ့စား၊ လပေးဆရာ၊ဆရာမများ နှင့် ၀န်ထမ်းများကို ခန့်အပ်လိုက် ကြောင်း ဇူလိုင်လ ၂၅ ရက်က ထုတ်ပြန်ထားသည်။
အခြေခံပညာကျောင်းများ၌ သင်ယူနေကြသောကျောင်းသား၊ ကျောင်းသူများစိတ်ဓာတ်၊စည်းကမ်း နှင့် သင်ယူတတ်မြောက်မှုအရည် အသွေးတိုးတက်စေရန် ဒေသခံ တို့၏အလုပ်အကိုင်အခွင့်အလမ်း

မူးယစ်ဆေးဖမ်းရာက လက်နက်များပါ ဖမ်းမိ

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ရဲများက မူးယစ်ဆေးဝါးများဖမ်းဆီးစဉ် လက်နက်ခဲယမ်းများပါဖမ်းမိသည့် ဖြစ်ရပ်
တစ်ခု ဇူလိုင် ၃၀ ရက်ကဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၎င်းတို့၏ အင်တာနက်လူမှုကွန်ယက်မှတဆင့် သတင်းထုတ်ပြန်သည်။

၈၈၈၈ နှစ်ပတ်လည်တွေကို နားခါး မျက်စိခါးနေတဲ့ ဆုဝေ

၈၈ ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေတာပြောပါတယ်။
အသက်ကလေးကြည့်တော့ ၂၀ ကျော်စွန်းလေး
လူတောင်ဖြစ်သေးရဲ့လား။

ကိုယ်တွေသိတာတော့ ၈၈ မှာ
အုပ်ချုပ်ရေးပြိုကျပြီး။
ကိုယ့်ရပ်ကွက် ကိုယ်ကာကွယ်ခဲ့ရတယ်။

အမေ့ခံ


ပိတ်ဆို့ မှု တွေဖွင့်လိုက်တော့

တစ်ချို့ တစ်ချို့ တွေ England မှာ

အိမ်တွေဝယ် ကြတယ်တဲ့ ~~~

သူတို့ တွေမှာရော နေစရာ အိမ်

မြန်မာ လူပွဲစားဂိုဏ်းချုပ် ဆိုသူကို ထိုင်းရဲက ဖမ်းလိုက်ပြီ

မြို့နယ် လှေဆိပ်မှာ မြန်မာနိုင်ငံသား တွေကို ရေလုပ်သားတွေ အဖြစ် အဓမ္မ ရောင်းစားနေမှု၊ သတ်ဖြတ်မှု၊ မူးယစ်ဆေးဝါး ရောင်းချမှုတွေနဲ့ လူပွဲစား ဂိုဏ်းခေါင်းဆောင်အဖြစ် နှစ်နိုင်ငံ ရဲတပ်ဖွဲ့ က အလိုရှိနေတဲ့ သူ့ကို ထိုင်း အထူး ပူးပေါင်း ရဲတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးလိုက်တယ်လို့ သတင်းရပါတယ်။
အသက် ၄၂ နှစ် အရွယ် ကိုမျိုး (ခ) ကိုအောင်မျိုးမြင့်၊ ထိုင်းနာမည် ဖိရောင် ဆိုသူကို မြန်မာနိုင်ငံသားချင်း သတ်ဖြတ်မှု၊ မူးယစ် ဆေး ဝါးရောင်းချမှု၊ အဓမ္မ ပြုကျင့်မှုတွေနဲ့ မြန်မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ကလည်း အရေးယူ နိုင်ဖို့ အကြောင်းကြားထားပြီးတဲ့နောက် ထိုင်း အာဏာပိုင် တွေက ခုလိုဖမ်းဆီးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၁၄၀ ကမ္ဘာ့ဘဏ်သုံးမည်

မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၄၀ ထောက်ပံ့သုံးစွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးခွဲမှ ပြန်ကြားရေးအရာရှိ ဦးကျော်စိုးလင်းက ပြောကြားသည်။

မြန်မာ့တပ်မတော် ခေတ်မီရေး အမေရိကန် ကူညီမည်

မြန်မာ့တပ်မတော်ကို ခေတ်မီကျွမ်းကျင် တပ်မတော် ဖြစ်လာစေရေးအတွက် အမေရိကန်အစိုးရက စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ်က ပြောကြားသည်။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ ရောက် ရှိနေသော အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေး ဒုတိယအကြံပေးအရာရှိ Ben Rhodes နှင့် သတင်းမီဒီယာအချို့ တွေ့ဆုံပွဲတွင် ၄င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

အင်တာနက်ကြောင့် လူမှုဆိုးကျိုးများ ဖြစ်ပွားနိုင်

စုံတွဲများ နှစ်ကိုယ်တူ သဘောတူ ချစ်တင်းနှောစဉ် အမှတ်တရ ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးထားပြီး နောက်ပိုင်း၌ အကြောင်းအမျိုးမျိုးဖြင့် လူမှုကွန်ရက် အင်တာနက် စာမျက်နှာများပေါ်သို့ ရောက်ရှိသွားသောအခါ ဖြစ်စဉ်တွင် ပါဝင်သူ ကာယကံရှင်များ သာမက ၎င်းတို့ အသိုင်းအဝန်း၊ မိဘဆွေမျိုးများပါ လှုမှုရေး၊ စီပွားရေး ဆိုးကျိုးများ ခံစားရကြောင်း တွေ့ကြုံခဲ့သူများက ဧရာဝတီသို့ ပြောသည်။

ဆီးဂိမ်းအတွက် ပဏာမကစားသမား ၃၀ ဦး စာရင်းထုတ်ပြန်

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲနှင့် ခြေစမ်းပွဲများအတွက်ပြင်ဆင်လေ့ကျင့်မည့် ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းလူစာရင်းကို သြဂုတ်လ ၁ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင်သတင်းထုတ် ပြန်ခဲ့သည်။ အဆိုပါ လူစာရင်းတွင် ကစားသမား ၃၀ ဦးရွေးချယ်ထားပြီး ဆီးဂိမ်း မတိုင်မီကစားရန်ရှိသည့် ခြေစမ်းပွဲများ၊ ဖိတ်ခေါ်ပြိုင်ပွဲများအတွက် စခန်းသွင်းလေ့ကျင့်မည် ဖြစ်သည်။

ကရင်ပြည်နယ်ရှိ ရေဘေးသင့် နေရာများသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း သွားရောက်

8.2.20
မိုးသည်းထန်ပြီး မြစ်ရေကြီးမှုများကြောင့် ကရင်ပြည်နယ် ဘားအံမြို့နယ်အ တွင်း ရေးကြီးရေလျှံ မှု ဖြစ်ပေါ်နေသည် ကို ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်
ကရင်ပြည်နယ် ဘားအံမြို့တွင် ဖြစ်ပွားနေသော ရေဘေးသင့် ဒေသများသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သော အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီသည် သြဂုတ် ၁ ရက်မှစ၍ သွားရောက်ခဲ့ပြီး ကူညီကယ်ဆယ်ရေးနှင့် ပုံမှန်အနေအထားသို့ ပြန်လည် ရောက်ရှိအောင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

လူငယ်တွေအိမ်ထောင်ပြုတော့မယ်ဆိုရင်

ငယ်ရွယ်သူတွေ၊ အထူးသဖြင့် အသက် ၁၈ နဲ့ ၂၅ ကြားလူငယ်တွေ အိမ်ထောင်ပြုတော့မယ်ဆိုရင် စဉ်းစားစရာ ရှိပါတယ်။ သေသေချာချာ စဉ်းစားဖို့လည်း လိုအပ်ပါလိမ့်မယ်။
အောက်က အချက်တွေက သဘောမတူသူရှိသလို၊ သဘောတူသူတွေလည်း ရှိပါလိမ့်မယ်။ ဒါတွေဟာ အမြဲတမ်းမှန်တဲ့ အမှန်တရားတွေတော့ မဟုတ်ပါဘူး။ အဆင်မပြေဘူးထင်တဲ့ အချက်တွေကို ကျော် သွားနိုင်သလို တည့်တည့်တိုးမယ့် အချက်တွေလည်း ပါပါလိမ့်မယ်။ အားလုံး ၁၄ ချက်ရှိပါတယ်။ မဇ္ဈိမ က နေ့စဉ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

နေအိမ်အတွင်း ပိတ်လှောင်ထားသည်ဟုဆိုကာ မိခင်က သားသမီးအရင်းများကို အမှုဖွင့်

သူမအပြင်သို့ မထွက်နိုင်ရန် တံခါးပိတ်ထားသည်ဟုဆိုကာ မိခင်ဖြစ်သူက သားသမီးအရင်း သုံးဦးကို ဇူလိုင် ၃၁ ရက်က အမှုဖွင့်တိုင်ကြားလိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်ပွားပုံမှာ မိခင်ဖြစ်သူသည် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရှိ တရားရုံး၌ အမှုရင်ဆိုင်ရန် ခရီးထွက်မည်ကို သားသမီးများက မသွားရန် တားဆီးသည့်အနေဖြင့် နေအိမ်ခန်းအတွင်း ပိတ်လှောင်ထားခဲ့ကြောင်း တရားလိုက ရဲကိုတိုင်တန်းရာတွင် ထွက်ဆိုထားသည်။

၂ နှစ်အတွင်း ကားဈေး ထက်ဝက်နီးပါး ထိုးကျနိုင်

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကားဈေးကွက်မှာ မကြာသောကာလ အတွင်း ဈေးကွက်ပုံစံ အသစ်များ ပြောင်းလဲ၍ ဈေးနှုန်းများ သိသာစွာ ထိုးကျသွားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြ သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ပြောင်းလဲ ကျင့်သုံးခဲ့သော ကားတင်သွင်းခွင့် မူသစ်ကြောင့် ယခင်ကထက် ကားဈေးနှုန်းများ သိသာစွာ ကျဆင်းလာခဲ့သော် လည်း နိုင်ငံတ ကာ ပေါက်ဈေး များနှင့်

မလေးရှားရောက် မြန်မာအလုပ်သမားများ အလိမ်ခံရ

မလေးရှားနိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့်ရဖို့အတွက် တရားမ၀င်နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေ မှတ်ပုံတင်ရာမှာ ကြားခံပွဲစားတွေက အထောက်အထားအတုတွေနဲ့ လိမ်ညာမှုကြောင့် မြန်မာတွေ နစ်နာနေပါတယ်။မလေးရှားနိုင်ငံကို တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအပါအ၀င် နိုင်ငံခြားသား အလုပ် သမားတွေအတွက် အစိုးရကနေ 6P ခေါ် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ကို အရင်နှစ်တွေကနေ စတင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။အဲဒီအစီအစဉ်မှာ မှတ်ပုံတင်တာ၊  တရားဝင်အဖြစ် လုပ်ဆောင်တာ၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်တာ၊ စစ်ဆေးမှုများ ပြုလုပ်တာ၊ အရေးယူတာနဲ့ နယ်နှင်ဒဏ်ပေးတာတွေ ပါဝင်ပါတယ်။  အဲဒီအစီအစဉ်ကို မလေးရှား ပြည်ထဲရေးဝန်ကြီးက လုပ်ဆောင်တာဖြစ်ပြီး တရားမ၀င် အလုပ် သမားတွေ မှတ်ပုံတင်ဖို့ ဖြစ်ပါတယ်။
အဲဒီလို မှတ်ပုံတင်ရာမှာ အထောက်အထားအတွက် ကြားခံဆောင်ရွက်တဲ့ ပွဲစားတချို့က လိမ်ညာမှုတွေ၊ သတ်မှတ်ငွေထက် ပိုကောက်ခံတာတွေ ရှိခဲ့ပြီး မြန်မာအလုပ်သမားတွေ နစ်နာ နေကြပါတယ်။
မလေးရှားအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(အမ်တီယူစီ)က ရှေ့နေ ပီတာကန်ဒီးယား (Peter Kandiah) ကတော့ မြန်မာအလုပ်သမားတွေအတွက် ကြားခံဆောင်ရွက်ပေးတဲ့အဖွဲ့တွေ ထုတ်ပေးထားတဲ့ စာရွက်စာတမ်းတွေ ဟာ အတုဖြစ်တယ်ဆိုတာကို သံသယရှိတဲ့အတွက် မလေးရှား လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်ထဲရေး ကို စစ်ဆေးရေးဖို့ ဩဂုတ် ၂ ရက်နေ့က ပေးပို့လိုက်တယ် လို့ ပြောပါတယ်။
ဒီစာရွက်စာတမ်းတွေကို ကိုင်ဆောင်နေတဲ့သူတွေ မကြာခဏ အဖမ်းခံရတဲ့အတွက် အခုလို သံသယရှိတာ ဖြစ်ပြီးတော့ မြန်မာသံရုံးအပါအ၀င် မလေးရှားရဲ၊ လူဝင်မှုကြီးကြပ်ရေး တွေက တစုံတရာ လုပ်ဆောင်ပေးတာ မရှိဘူးလို့ အခုလို ပြောပါတယ်။“အလုပ်သမားတွေ အများကြီးကို ထိခိုက်ပါတယ်၊ သူတို့ပိုက်ဆံတွေ ကောက်တာက မမှားပါဘူး။ ဒါပေမယ့် ပိုက်ဆံကောက်ပြီးတော့ သူတို့ဆီမှာ ဘာကြောင့် အလုပ်လုပ်ခွင့် မရှိရတာလဲ၊ ဒါဟာ ကျနော်ရဲ့မေးခွန်းပါ၊ တကယ်အမှန်အကန်ဆိုရင်တော့ အလုပ်သမား တွေဆီမှာ အလုပ်လုပ်ခွင့်ပါမစ် ရှိရပါမယ်။ မြန်မာသံရုံးကလည်း ဒီကိစ္စကိုသိပါတယ်။ ဒါပေမယ့် မစစ်ဆေးပေးပါဘူး။ မလေးရှား လူဝင်မှုကြီးကြပ်ရေး၊ ရဲတွေလည်း သိပေမယ့် မစုံစမ်းပေးပါဘူး။”
မလေးရှားအခြေစိုက် မဟာနန်းလုပ်ငန်းစုကုမ္ပဏီနဲ့ တခြားအဖွဲ့တွေက ထုတ်ပေးခဲ့တဲ့ အထောက်အထားတွေကို စစ်ဆေးဖို့ ပြည်ထဲရေးကို ပေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။
မပါာနန်းလုပ်ငန်းစုကုမ္ပဏီနဲ့ လုပ်ဆောင်ခဲ့တဲ့ ဦးကျော်သူရထွေးကတော့ မှတ်ပုံတင်ခဲ့တာ နှစ်ချီ ကြာမြင့်ခဲ့ပေမယ့် အလုပ်လုပ်ခွင့်ပါမစ် မပေးခဲ့သလို မလေးရှားရင်းဂစ် ၅၄၂၀ ကို ပေးသွင်းခဲ့ရတယ်လို့ ပြောပါတယ်။
“ကျနော်ကတော့ အခုနောက်အပတ်မှာ သံရုံးကိုသွားပြီး သွားမေးတယ်။  သူများနိုင်ငံမှာဆိုတော့ အားကိုးစရာ သံရုံးပဲ ရှိတယ်။ ကျနော်တို့ လက်ထဲမှာ လက်ရှိ စာအုပ်မရှိဘူး။ စာအုပ်မရှိတဲ့ အချိန်မှာ ကျနော်တို့ ရဲစခန်းမှာသွား တိုင်ဖို့ကလည်း တော်တော်များများ ကြောက်ကြတယ်။ စာအုပ်မရှိလို့ ဖမ်းသွားရင် ဘယ်လိုလုပ်မလဲ။  အကုန်လုံးက ရက်တွေ ကျော်နေတယ်။ သံရုံးသွားတိုင်တော့လည်း သံရုံးက ဘာမှ မလုပ်ပေးဘူး။ အထက်လူကြီးတွေ တာဝန်ယူပြီး ဖြေရှင်းပေးဖို့ သင့်တယ်။ အလိမ်ခံထားရတဲ့သူတွေက မနည်းဘူး။ ဒီစာအုပ်တွေ မရှိဘူးဆိုတော့ ကျနော်တို့ ဘယ်လိုဆက်လုပ်တော့မလဲ။ ရဲတွေ့ရင် အဖမ်းခံရတော့မှာ။”
မလေးရှားမှာ ဖွင့်လှစ်ထားတဲ့ မဟာနန်းလုပ်ငန်းစု ကုမ္ပဏီပိုင် စားသောက်ဆိုင်ဟာလည်း စစ်ဆေးရေးဝင်တာကို အကြောင်းပြပြီးတော့ ပိတ်ထားတာ လနဲ့ချီ ကြာသွားပြီလို့လည်း ဆိုပါတယ်။
မဟာနန်းလုပ်ငန်းစု ကုမ္ပဏီနဲ့ မြန်မာသံရုံးတို့အကြား ပူးပေါင်းလုပ်ဆောင်တာတွေ ရှိခဲ့တယ်ဆိုတဲ့သတင်း ဟာလည်း မလေးရှားရောက် မြန်မာအလုပ်သမားတွေအကြား ပျံနှံနေ ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး မလေးရှား မဟာနန်းလုပ်ငန်းစုကုမ္ပဏီနဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင် ဖြေကြားခြင်းမရှိခဲ့ပါဘူး။
မလေးရှားမှာ တရားဝင် အလုပ်သမား ၃ သိန်းနဲ့ တရားမဝင် လေးသောင်းလောက်ရှိတယ်လို့ သိရပါတယ်။ 
From:DVB

Friday, August 2, 2013

ချစ်သူသိစေ

ကြယ်စင်တွေ  ဖြန့်ကျဲ.........
အဆုံးအစမရှိတဲ့  ကောင်းကင်ရင်ဘတ်ထဲ.....
အပြာရောင်ဂြိုလ်တစ်ခု.........
တည်ဆောက်နေခဲ့တယ်........။
မင်းတစ်ယောက်  ခိုလှုံဖို့ပေါ့ကွယ်......။
အကြင်နာတွေ  စိုက်ပျိုး.......
ထာဝစဉ် မညှိုးလေမဲ့  အချစ်ပန်း......
ငါ့နှလုံးသား ဥယျာဉ်မှာ ပွင့်လန်းလို့နေပြီ...
မင်းတစ်ယောက်  ပန်ဆင်စေတော့ကွယ်....။

အချစ်ဆိုတာ.....

တခါတခါ.....အချစ်ဆိုတာ....
ဘယ်လိုတွက်တွက် အဖြေမထွက်နိုင်တဲ့
ပုစ္ဆာတစ်ပုဒ်လို ခက်ခဲနက်နဲရှုပ်ထွေးတယ်....။
တခါတခါ......အချစ်ဆိုတာ......
နူးညံတဲ့ ကလေးငယ်တစ်ယောက်ရဲ့
ရယ်သံလေးလို ချိုမြလို့ အပြစ်ကင်းစင်နေခဲ့တယ်..။
တခါတခါ ....အချစ်ဆိုတာ.....
အပြောကောင်းသူတစ်ယောက်ရဲ့ ပုံပြင်တစ်ပုဒ်လို
တသသနဲ့  စွဲလန်းစေတတ်သေးတယ်.....။

ဆီးဂိမ်း ကျင်းပရန် လေးလကျော်သာ လိုတော့သော်လည်း မြန်မာ ကစားသမား အပြီးသတ် မရွေးရသေး

ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာ ကစားသမား ကိုးရာနီးပါး ဝင်ရောက် ယှဉ်ပြိုင်ရန် သတ်မှတ် ထားသော်လည်း ယခုအချိန် အထိ အပြီးသတ် မရွေးချယ် ရသေးကြောင်း အားကစား ဝန်ကြီးဌာန မှ သိရသည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို လာ မည့် ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်နေ့ အထိ ကျင်းပမည် ဖြစ်သဖြင့် လက်ရှိတွင် ပြိုင်ပွဲကျင်းပရန် လေးလကျော် သာ ကျန်တော့ သည်။

ပြင်ဦးလွင် ၁၉ မိုင်အနီးဝန်းကျင်က ရေသည်အချို့ အဖမ်းခံရ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc1ULYzEplWDqNTkbGPggrMuHpqReFwOrqD9gWI1TnFUJDoWYkfXgenPD4vtKd2SBEuQePr1-On8WwEJrXyzKhngkra3OzR7PGF6Zf3Hh8hwv3QGnByu-VxkTbdf3pAy88-1qve3I4na0/s1600/8.jpg
မန္တလေး - ပြင်ဦးလွင်လမ်း ၁၉ မိုင်အနီးက ရေသည် မိသားစု

န္တလေး - ပြင်ဦးလွင်လမ်း ၁၉ မိုင်အနီးက ရေသည်တွေကို ဌာနဆိုင်ရာများက ဖယ်ရှားခိုင်းခဲ့သည်ကို သနားခံစာတင်ပြ၍ ဆက်လက်လုပ်ကိုင်လျှက်ရှိကြရာ ယနေ့ ၂.၈.၂၀၁၃ ရက်နေ့တွင် ပြင်စာ ရဲစခန်းမှူး နှင့် အဖွဲ့က လာရောက်၍ ပစ္စည်းများကို သိမ်းဆည်းပြီး ကိုလတ် နှင့် ကိုမိုးကျော်ဆိုသူကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

တစ်ကိုယ်တော် ဆန္ဒပြသူ ဦးထင်ကျော်ပုဒ်မ ၅၀၅ ( ခ ) ဖြင့် တရားစွဲခံရ

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjQB_GQ7FD48LhwUwq_tSJNcxGWjj4oPEFHUydPnO-MMOunsp3sMvWXWTnXTdKfYRDHTFBzLj8LvmozhZghDyrhD73zzm8dGWergyXtiP2t6sgAUkhwQgu676_g8umI7GmeY0APkxknI8/s1600/ko-htin-kyaw-300x232.jpg
တစ်ကိုယ်တော် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည့် ဦးထင်ကျော်အား ရန်ကုန် တိုင်းဒေသကြီး အစိုးရမှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ( ၅၀၅ ခ )ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ပုဒ်မ ( ၅၀၅ ခ ) ဖြင့် တရားစွဲခံရမှုတွင် ၄င်းအပါအ၀င် ၄င်းအဖွဲ့ရှိ ဦးမြင့်နိုင် ၊ ဒေါ်စိန်ထွေး နှင့် ဦးလူအေးတို့ ပါဝင်သည်ဟု ဦးထင်ကျော်ဦးဆောင်သော ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့မှ သိရသည်။

အလုပ်ပိတ်ရက် မြန်မာပြည်ပြန်လည်မည့်သူများကို လေကြောင်းလိုင်းများမှ ၃ နာရီကြိုရောက်ရန် သတိပေးထား

Photo: အလုပ်ပိတ်ရက် မြန်မာပြည်ပြန်လည်မည့်သူများကို 
လေကြောင်းလိုင်းများမှ ၃ နာရီကြိုရောက်ရန် သတိပေးထား 

***********************************************

ယနေ့ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ HARI RAYA ရုံးပိတ်ရက် 
အလည်ပြန်မည့် သူများအတွက် မြန်မာပြည်သို့တိုက်ရိုက်ပြေးဆွဲပေးနေသာ 
လေကြောင်းများဖြစ်သည့် MAI , MALAYSIA AIRLINES & AIRASIA လိုင်းတို့မှ
 လေဆိပ်များတွင် ခရီးသည်များ များပြားပြီး 
ကြန့်ကြာမှု့များရှိနိုင်သောကြောင့် ယခင် သတ်မှတ်ထားသော ၂ 
နာရီကြိုရောက်ရမည့်အစား ၃ နာရီကြိုတင် Check In လုပ်ထားကြရန် 
သတိပေးစာပေးပို့ထားပါသည် ။

အထူးသဖြင့် တန်ဖိုးနိမ့်လေကြောင်းအဖြစ် လူစီးများနေသော Airasia 
လေဆိပ်ဖြစ်သည့် LCCT လေဆိပ်သို့ Check In ဝင်မည့်သူများအားလုံး အတွက် 
လေဆိပ်သို့လာရာလမ်းကြောင်းတွင် ကားလမ်း ပိတ်ဆို့မှု့ ၊ လေဆိပ်တွင် 
ခရီးသည်များ များပြားမှု့တို့နှစ်စဉ်ရှိနေတာကြောင့် လေယာဉ်မမှီလိုက်သော 
ခရီးသည်များရှိကြောင်း ၊ သို့ကြောင့် Airasia လက်မှတ်ဝယ်ထားသော 
ခရီးသည်များအဖို့ 

၁ ။ မိမိတို့ ပြန်မည့်ရက်နှင့် ၂ ပတ်အလိုမှ တစ်ရက်အလိုအထိ Web Checkin 
ဝင်ရန် ။

၂ ။ Web Check In မဝင်ထားပါက လေဆိပ်သို့ ၃ နာရီစောရောက်ရန် နှင့် လေဆိပ်ရှိ
 Self Check In Counter များတွင် ကိုယ်တိုင် Check In ဝင်ထားရန် ။ နှင့် 

၃ ။ Luggage များအပ်နှံရန် Check In Counter များအား အချိန် ၃ 
နာရီကြိုတင်ဖွင့်ပေးထားမည်ဖြစ်ပြီး လေယာဉ်ထွက်ချန် နှင့် ၃ နာရီလိုကတည်းက 
Luggage များစတင်အပ်နှံနိုင်ကြောင်းကို 

သတိပေးစာများ ဖြင့် ထုတ်ပြန်ထားခဲ့ပါသည် ။

သို့ကြောင့် မလေးရှားမှ မြန်မာပြည်သို့ အလည်ပြန်မည့် သူများ အားလုံး 
အထူးသဖြင့် ၅.၈.၂၀၁၃ မှ ၁၅.၈.၂၀၁၃ Hari Raya အလုပ်ပိတ်ရက် အတွင်း 
အလည်ပြန်မည့်သူများ မိမိတို့လေယာဉ် မမှီသည့်အဖြစ်များ မဖြစ်ရန် ကြိုတင် 
ပြင်ဆင်ထားကြပါရန် ရွှေလူငယ် လေယာဉ်လက်မှတ် အွန်လိုင်းဝန်ဆောင်မှုမှ 
သတိပေးကြော်ငြာထားပါသည်။

Taxi အငှားကား စီးသူများသတိထားရန်

Photo: Taxi အငှားကား စီးသူများသတိထားရန်


၃၁-၇-၁၃ ရက်နေ့တွင် သမိုင်းမှ လှိုင်သာယာဗစ်တိုးရီးရာသို့AA-3209 
နံပါတ်ဖြင့် ကားကို ငှားစီးခဲ့ရာ ၄င်းကားတွင် ဖုန်းကျကျန်ခဲ့ပါသည်။ 

၁၅မိနစ်ခန့်ကြာသော အခါတွင် ဖုန်းပျောက်ကြောင်း သတိထားမိခဲ့ပါသည်။ ထိုအခါ 
ဖုန်းကို အတူပါလာသောသူငယ်ချင်းဆီမှဖုန်းဖြင့် ဆက်ကြည့်ရာ 
ဖုန်းပြန်လိုချင်လျှင် ပိုက်ဆံ (၅၀၀၀၀) ကျပ်ကို သူအားပေးရမည် ဟု 
တောင်းပါသည်။ exchange မှ ဖုန်းလိုင်းပိတ်ပြီး အသစ်ပြန်လုပ်လျှင် လည်း 
ကျွန်မတို့အနေနှင့် ၀န်ထမ်းများဖြစ်သောကြောင့် အချိန် မလုံလောက်သောကြောင့် 
ထိုယာဉ်မောင်းအား တောင်းပန်၍ ညှိုနှိုင်းခဲ့ ပါသည်။ ထိုအခါ ယာဉ်မောင်းမှ 
သူနှင့်အတူ သူငယ်ချင်း(၅)ယောက်အား Beer ၀ိုင်းတစ်ဝိုင်းလုပ်ပေးရ မည်ဟု 
ပြောဆိုပါသည်။ကျွန်မအနေဖြင့် မိန်းကလေးတစ်ဦးဖြစ်သောကြောင့် ထိုကဲ့သို့ 
လုပ်ဆောင်ပေး ရန်မသင့်တော်ကြောင်းပြောဆိုခဲ့ပါသည်။ 

ထိုကဲ့သို့ ပြောဆိုညှိုနှိုင်းနေစဉ်တွင်လည်း 
မြန်မာလူမျိုးအချင်းချင်းရိုင်းပင်ကူညီမှုမရှိသည့်အပြင် 
နှမချင်းကိုယ်ချင်းမစာသောစကားများဖြင့်လည်း ပြောဆိုခဲ့ပါသည်။ ထိုသူအား 
အနူးအညွတ် တောင်းပန်ခဲ့ရာတွင် ထိုသူမှ (၈)မိုင် ရွှေဘဲစားသောက်ဆိုင်ရှေ့သို့
 ငွေ(၂၀၀၀၀၀)ကျပ်တိတိကို ယူဆောင်ကာ 
တစ်ဦးတည်း(၆)နာရီခွဲတိတိကိုအရောက်လာရမည်ဟု ဆက်သွယ်ပြောဆိုခဲ့ပါသည်။ 
ကျမအနေဖြင့် ထိုသူပြောသည့်အတိုင်း (၆)နာ၇ီခွဲတိတိတွင် 
ချိန်းဆိုသည့်နေရာသို့ရောက်ရှိခဲ့ရာတွင် ထိုသူအားမတွေ့ရှိခဲ့ပေ။ 
ထိုနေရာတွင်ဆက်စောင့်နေခဲ့ရာ ထိုသူမှ Junction 8 အကျော် 
ကျိုက်ဝိုင်းသို့သွားသော လမ်းဘက်တွင် ရှိသော moon bakery ရှေ့သို့ 
လာခဲ့ပါဟု ထပ်မံချိန်းဆို၍ သွားခဲ့ရပါသည်။ 

ထိုသူအားတွေ့သောအခါတွင် ဆင်းကတ်သာ ပေး၍ လက်ထဲမှ ငွေ၂၀၀၀၀ အား အမြန်လုယူ၍ 
AA-3209 Taxi ကားဖြင့် အမြန်ထွက်သွားပါသည်။ ဟန်ဆက်အား ပြန် 
လည်ရရှိခြင်းမရှိပါ။

သို့ပါသောကြောင့် အမျိုးသမီးများ အနေဖြင့် အငှားကားများကို စီးရာတွင် 
သတိထားဆင်ခြင်သင့်ကြောင်း တင်ပြအပ်ပါသည်။
----------------------------------------------------


စာဖတ်သူ တစ်ဦးမှ ပေးပို့သော သတင်း တစ်ပုဒ် ဖြစ်ပါတယ်။ နောက်နောင် ယခုလို 
ကိစ္စရပ်များ မကြုံတွေ့ရစေရန် အားလုံးသိဖို့ မျှဝေ ပေးလိုက် ရပါတယ်။

ColayAutomobile
၃၁-၇-၁၃ ရက်နေ့တွင် သမိုင်းမှ လှိုင်သာယာဗစ်တိုးရီးရာသို့AA-3209 နံပါတ်ဖြင့် ကားကို ငှားစီးခဲ့ရာ ၄င်းကားတွင် ဖုန်းကျကျန်ခဲ့ပါသည်။
၁၅မိနစ်ခန့်ကြာသော အခါတွင် ဖုန်းပျောက်ကြောင်း သတိထားမိခဲ့ပါသည်။ ထိုအခါ ဖုန်းကို အတူပါလာသောသူငယ်ချင်းဆီမှဖုန်းဖြင့် ဆက်ကြည့်ရာ ဖုန်းပြန်လိုချင်လျှင် ပိုက်ဆံ (၅၀၀၀၀) ကျပ်ကို သူအားပေးရမည် ဟု တောင်းပါသည်။ exchange မှ ဖုန်းလိုင်းပိတ်ပြီး အသစ်ပြန်လုပ်လျှင် လည်း ကျွန်မတို့အနေနှင့် ၀န်ထမ်းများဖြစ်သောကြောင့် အချိန် မလုံလောက်သောကြောင့် ထိုယာဉ်မောင်းအား တောင်းပန်၍ ညှိုနှိုင်းခဲ့ ပါသည်။ ထိုအခါ ယာဉ်မောင်းမှ သူနှင့်အတူ သူငယ်ချင်း(၅)ယောက်အား Beer ၀ိုင်းတစ်ဝိုင်းလုပ်ပေးရ မည်ဟု ပြောဆိုပါသည်။ကျွန်မအနေဖြင့် မိန်းကလေးတစ်ဦးဖြစ်သောကြောင့် ထိုကဲ့သို့ လုပ်ဆောင်ပေး ရန်မသင့်တော်ကြောင်းပြောဆိုခဲ့ပါသည်။ 

ဖေ့စ်ဘုတ်မှာ နိုင်ငံတော်အစိုးရနှင့် -အင်တာနက်သုံးတဲ့ ပြည်သူတွေကို တမင်လုပ်ကြံရေးပြီးဖွတဲ့ သတင်း

 ဒိအကြောင်းလေးကတော့ စိတ်ဝင်စားစရာပဲ နည်းနည်းတော့  စိတ်ဝင်စားစရာပဲ တစ်ကယ်လား အဟုတ်လား အကြောင်းတစ်ခုတစ်စုံရာကြောင့်  တမင်ရေးတာလား သိရအောင် ဖေ့စ်ဘုတ်ကနေရှာဖွေကူးယူတင်ပြလိုက်ပါတယ်။
လိမ်ပြီးရေးတာကတော့ အမှန်ပါ ဒီလူဘယ်လိုလိမ်ပြီး ရေးတင်ထားတယ်ဆိုတာ ဆက်ဖတ်လိုက်ရအောင်

ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ကျည်ဆံခိုးပို့သူ ကျည်ဆံများနှင့် အတူ ပလက်ဝမြို့နယ်တွင် ဖမ်းဆီးခံရ

https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-prn1/19881_534197826630148_1658915633_n.jpg
 ရခိုင်ပြည်နယ် ကျောက်တော်တပ်နယ်မှ ကျည်ဆံများကို ဘင်္ဂလာနယ်စပ် လက်နက်ကိုင် အဖွဲ့တစ်ခုသို့ တရားမ၀င် ပို့ဆောင် ရောင်းချနေသူ တစ်ဦးကို ပလက်ဝမြို့နယ်တွင် ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။ဖမ်းဆီးခံရသူမှာ ဦးအောင်သာဖြူ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။

ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင်ဦးဂမ္ဘီရ သြစတေလျ သူနဲ့ လက်ထပ်ပြီ

၂.၈.၂၀၁၃၊ သောကြာနေ့
ယနေ့ သြဂုတ်လ ၁ ရက်နေ့မှာတော့ သူဟာ သြစတေးလျှနိုင်ငံသူ Maria France နဲ့ မန္တလေးခရိုင် တရားရုံးမှာ သွားပြီး လက်ထပ်တာ ကို ငြင်းပယ်ခံရပါတယ်။ ဒါကြောင့်မို့ မန်းက ရှေ့နေကြီး ဆရာ ဦးသိန်းသန်းဦးက ဦးဆောင်ပြီး လက်ထပ်ပေးလိုက်ပါတယ်။

” မန္တလေး မြို့မိမြို့ဖများ ကျွန်မ တို့ မိန်း မလျာတွေ ကို ဆုံးမ သွန်သင် ပေးပါ ”





ကျွန်မ အပုန်းဘဝကနေ အပွင့်ဘဝကို စပြီးရောက်တော့ တွေးမိတာတစ်ခု ရှိပါတယ်။ မန္တလေးမှာ မိန်းမလျာဖြစ်ရတာကို ကျေနပ်ဂုဏ်ယူမိတယ်။ မန္တလေး မြို့မိမြို့ဖ တွေက မိန်းမလျာတွေကို အရမ်းချစ်ကြ တယ်။ တွေ့တဲ့နေရာမှာလည်း သိတဲ့သူဆို ရင် ခေါ်ဖို့ပြောဖို့ ဝန်မလေးတတ်ကြပါဘူး။ 

တင်ပြီးသား post များ

3D