သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 3, 2013

မြန်မာ့တပ်မတော် ခေတ်မီရေး အမေရိကန် ကူညီမည်

မြန်မာ့တပ်မတော်ကို ခေတ်မီကျွမ်းကျင် တပ်မတော် ဖြစ်လာစေရေးအတွက် အမေရိကန်အစိုးရက စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ်က ပြောကြားသည်။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ ရောက် ရှိနေသော အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေး ဒုတိယအကြံပေးအရာရှိ Ben Rhodes နှင့် သတင်းမီဒီယာအချို့ တွေ့ဆုံပွဲတွင် ၄င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

အမေရိကန်အစိုးရ၏ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုဆိုရာ၌ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ လူ့အခွင့်အရေး ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာ့တပ်မတော် အနေနှင့် ခေတ်မီကျွမ်း ကျင်သော တပ်မတော်အဖြစ် ရပ်တည်နိုင်စေရန် ရည်ရွယ်ကြောင်း ၄င်းက ရှင်းပြသည်။ အဆိုပါ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက် မှုများကို အမေရိကန် ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အပြည်ပြည် ဆိုင်ရာ ကာကွယ်ရေးနှင့် ပတ်သက်သည့် ဥပဒေပညာဆိုင်ရာ အဖွဲ့အစည်းမှတစ် ဆင့် ဆောင် ရွက် သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ “အမေရိကန် ပြည်ထောင် စုက မြန်မာ့ တပ်မတော် ကို ခေတ်မီကျွမ်းကျင်ဖြစ်ရေးကို အားပေးသလို မြန်မာ့တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲ မှာ နေရာယူထားတာကိုလည်း စွန့်လွှတ်စေချင်ပါတယ်” ဟု အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး အရာရှိ Ben Rhodes က ပြောကြားသည်။ 

ယင်းသို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွင် အမေရိကန် အစိုးရက မြန်မာနိုင်ငံသို့ လက်နက်ရောင်း ချခြင်းနှင့် စစ်ရေးလေ့ကျင့်မှုများ လုံးဝပြုလုပ်မည် မဟုတ်ကြောင်း အမေရိကန် သံ အမတ်ကြီးက ငြင်းဆိုပြောကြားသွားသည်။ အလားတူပင် ဗြိတိန်အစိုးရကလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၏ ဗြိတိန်ခရီးစဉ်အတွင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး Philip Hmmond နှင့် တွေ့ဆုံရာတွင် သဘောတူညီခဲ့ကြသည့်အတိုင်း မြန်မာ့တပ်မတော်အတွက် လူ့အခွင့်အရေး လေးစားလိုက်နာမှုဆိုင်ရာ သင်တန်းကို ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးထံမှ သိရသည်ဟု ၂၀၁၃ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

From:ခေတ်လူငယ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D