သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 2, 2013

မင်းဓမ္မပန်းခင်းဈေးတွင်စည်ပင်နှင့် ဈေးသည်တို့ ပဋိပက္ခဖြစ်ပွားခဲ့



မင်းဓမ္မပန်းခင်းဈေးအား စည်ပင်မှ ခြံစည်းရိုးကာစဉ် မြို့တော်စည်ပင် ဝန်ထမ်းများနှင့် ဈေးသည်များကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။
သြဂုတ် ၂ ရက် (ယနေ့) နံနက် ၂ နာရီခန့်ချိန်တွင် ရန်ကုန်မြို့တော် စည်ပင်၊ ပန်းဥုယျာဉ်နှင့် အားကစား/ကွင်း များဌာနမှ ဝန်ထမ်းအင်အား ၁ဝဝဝဝ ခန့်က မင်းဓမ္မပန်းခင်းဈေးမှ ဈေးသည်များ ပြောင်းရွှေ့မှုမရှိသည့် အတွက် ခြံ စည်းရိုးခတ်ကာ ဝင်ပေါက်များလည်း ပိတ်ရန်ပြုလုပ်ခဲ့စဉ်ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မင်းဓမ္မ ပန်းခင်းဈေးမှ ဈေးသည်များက ပြောသည်။

၎င်းဈေးသည်တစ်ဦးဖြစ်သည့် ဒေါ်နီဝါလွင်က စည်ပင်အနေဖြင့် ယခုလိုမျိုး ခြံစည်းရိုးခတ်မည်ဆိုပြီး ကြို တင် အသိပေးမှု လုံးဝမရှိခဲ့ကြောင်း ၄င်းတို့ ခြံစည်းရိုးကာသည့်အချိန်တွင်ဈေးသူ၊ ဈေးသားတွေ ဘာမှမပြော ကြောင်း ဝင်ပေါက်အကုန်လုံးကို ပိတ်ရန် လုပ်၍သာ ဝင်ပေါက်တော့ ချန်ထားပေးရန် ပြောခဲ့ကြောင်း၊ သို့သော် ၄င်းတို့က ဝင်ပေါက်ကို ပိတ်မည်ဆို၍ ဝင်ပေါက်တွင်ရှိနေသည့် ဈေးသူ၊ ဈေးသားများမဖယ်ရာမှ ပဋိပက္ခစတင် ဖြစ်ပွားခဲ့ကြောင်းပြောသည်။

၂ဝ၁၂ ခုနှစ်၊ ဇွန်လမှ စကာ မင်းဓမ္မပန်းခင်းဈေးအား ဖျက်သိမ်းရန် အတွက် ရန်ကုန်မြို့တော် စည်ပင်ဌာနမှ စာပို့ကာ အကြောင်းကြားခဲ့ကြောင်း၊ ၄င်းဈေးမှဈေးသည်များဖယ်ရှားမှုမရှိခဲ့ခြင်းကြောင့် ရေမီးဖြတ်တောက် ထားခဲ့ကာ ဈေးသည်များမှ လစဉ်ပေးသွင်းသည့် ငှားရမ်းခငွေများလည်း မယူတော့ကြောင်း၊ ၄င်းဈေးတွင် ပန်းပင်စိုက်ပျိုးရောင်းချရေးကို ငှားရမ်းဆောင်ရွက်လာသည်မှာ ၁၃ နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ဈေးသည် ဒေါ်နီဝါလွင်က ''သူတို့ ဒီဈေးကို ဖျက်သိမ်းခိုင်းတာ ဘာအကြောင်းပြချက်မှ မရှိဘူးလို့ ပြောတယ်။ ဒီနေရာကို သူတို့ အဆင့် မြှင့်စေချင်တယ်ဆိုရင် အဆင့်မြှင့်ပေးဖို့ ကျွန်မတို့ ဈေး သူ၊ ဈေးသားတွေ အဆင် သင့်ပဲ၊ တခြားလုပ်ငန်းရှင် ဘယ်သူနဲ့မဆိုပူးပေါင်းပြီး လုပ်ပါဆိုလည်း လုပ်ကြမှာ၊ အခုက ဒီနေရာမှာ ဘာ Project မှမရှိဘဲ ဖယ်ခိုင်းတာတော့ ကျွန်မတို့လည်း အဲဒါကို နားမလည်ဘူး''ဟု ထပ်လောင်းပြောသည်။

အထက်ပါ ဖြစ်ပွားမှုများကြောင့် ဈေးသည်များဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုများရှိခဲ့ပြီးသွေးထွက်သံယိုမှုမှာ
၅ ဦးရှိခဲ့ကြောင်း၊ ၄င်း ၅ ဦးအနက် ၂ ဦးမှာ ဆေးရုံတင်ထားရကြောင်း သိရသည်။

ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သော ဈေးသည် မဆန်းဝင်းက ဝင်ပေါက်မပိတ်ရန် အတွက် ဝင်ပေါက်တွင် ကာကွယ်ပြီးရပ်နေစဉ် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

Popular Myanmar News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D