သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 3, 2013

ကရင်ပြည်နယ်ရှိ ရေဘေးသင့် နေရာများသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း သွားရောက်

8.2.20
မိုးသည်းထန်ပြီး မြစ်ရေကြီးမှုများကြောင့် ကရင်ပြည်နယ် ဘားအံမြို့နယ်အ တွင်း ရေးကြီးရေလျှံ မှု ဖြစ်ပေါ်နေသည် ကို ဇူလိုင် ၃၁ ရက်က တွေ့ရစဉ်
ကရင်ပြည်နယ် ဘားအံမြို့တွင် ဖြစ်ပွားနေသော ရေဘေးသင့် ဒေသများသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သော အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီသည် သြဂုတ် ၁ ရက်မှစ၍ သွားရောက်ခဲ့ပြီး ကူညီကယ်ဆယ်ရေးနှင့် ပုံမှန်အနေအထားသို့ ပြန်လည် ရောက်ရှိအောင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂ ရက်က ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ကော့ကရိတ်မြို့ရှိ ယာယီကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ပြီး ရေဘေးသင့် ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့၍ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၅၀၀၀ နှုန်း၊ ဆန်၊ ဆေးဝါးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ရဟတ်ယာဉ်ပေါ်မှ ကရင်ပြည်နယ်အတွင်း ရေနစ်မြုပ်မှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေကြီးမှုများကြောင့် ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြ၀တီမြို့နယ်နှင့် ကမမောင်း မြို့နယ်ခွဲတို့တွင် အိမ်ထောင်စုပေါင်း ၆၇၃၃ စုမှ လူ ၃၃၄၀၉ ဦးတို့ ရေဘေးဒုက္ခ ကြုံတွေ့သဖြင့် ကယ်ဆယ်ရေးစခန်း ၇၉ ခု ဖွင့်လှစ်ကူညီလျက် ရှိကြောင်းနှင့် ရေလွှမ်းမိုးမှုကြောင့် လူသုံးဦး သေဆုံးကာ တစ်ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဒုက္ခသည် အိမ်ထောင်စု ၆၃၉၉ စု၊ လူဦးရေ ၃၁၅၇၄ ဦးသာ ကျန်ရှိတော့ကြောင်းနှင့် ကော့ကရိတ်-မြ၀တီသွား တောင်ပေါ် ကားလမ်းမှာလည်း သြဂုတ် ၃ ရက်မှစ၍ ယာဉ်ငယ်များ သွားလာနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အလားတူ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရာ အိမ်ထောင်စုပေါင်း ၁၀၅၀ စုမှ လူဦးရေ ၄၆၈၀ ဦးတို့ ရေဘေးဒုက္ခ ကြုံတွေ့ခဲ့သည်ဟု သိရသည်။

From:eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D