သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 2, 2013

လူရွှင်တော် ပါပါလေး ကွယ်လွန်

မန္တလေးမြို့က နာမည်ကြီး လူရွှင်တော် ဦးပါပါလေး ဒီနေ့ခင်း ၁ နာရီက မန္တလေးမြို့ နေအိမ်မှာ ကွယ်လွန်
သွားပါတယ်။
လူရွှင်တော် ဦးလူမော်က “ဦးပါပါလေးက ဆီးနဲ့ကျောက်ကပ်ပေါ့ခင်ဗျား။ ၁ လပိုင်း လောက်ကတည်းက
စဖြစ်တာ။ သူရောဂါ သူမသိဘူးပေါ့ဗျာ။ ခါးနာတာပဲသိတယ်။ အဲဒါ မကြောက်တရား လှည့်ဟောလိုက်၊
ပွဲသွားကလိုက်။ စည်းရုံးရေးဆင်းလိုက်၊ ပြန်လာလိုက်။ ဆီးမကောင်းမှန်းလည်း မသိဘူး။ ကျောက်ကပ်
မကောင်းမှန်းလည်း မသိဘူး။ နေ့ခင်း ၁ နာရီမှာဆုံးတယ်” လို့ ပြောပါတယ်။

ဦးပါပါလေးမှာ ဆီးနဲ့ ကျောက်ကပ်ရောဂါရှိတဲ့အပြင် နှလုံးသွေးကြောပိတ်တယ်လို့လည်း သူ့မိသားစုက
ပြောပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ လူရွှင်တော် ဦးပါပါလေးဟာ နိုင်ငံရေးပြက်လုံး တွေကြောင့်
ထောင် ၃ ကြိမ်အထိ ကျခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ပါတယ်။

လူရွှင်တော် ဦးပါပါလေးနဲ့ လူရွှင်တော် ဦးလူမော်တို့ ညီအစ်ကို ၂ ဦးဟာ မန္တလေး နေအိမ်မှာ နိုင်ငံခြား
သားတွေကို ဟာသပြက်လုံးထုတ်ပြပါတယ်။ အခုတော့ နှုတ်ခမ်းမွေး ညီအစ်ကိုမှာ တယောက်ပဲ ကျန်
တော့တယ်လို့ ဦးလူမော်က ပြောပါတယ်။

“ကျနော့်မှာ တာဝန်ပိုကြီးလာပါပြီ။ ဒါပေမယ့် အလေ့အကျင့်ကတော့ ရှိပြီးသားပေါ့ခင်ဗျာ။ ကျနော့်အစ်
ကိုက ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ထောင် ၃ ခါ ကျဖူးတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ပြက်လုံးနဲ့ စည်းရုံးလို့ ၆ လ ကျဖူးတော့ ကျနော်အိမ်မှာ အစ်ကိုကိုယ်စား ကူညီ
ပံ့ပိုးခဲ့တယ်။ တအိမ်လုံးကို စောင့်ရှောက်ခဲ့တယ်။ နောက် ၁၉၉၆ ဒေါ်အောင်ဆန်းစုကြည်ခြံမှာ လွတ်လပ်
ရေးပွဲ သွားကပြီး အပြန်မှာ ၇ နှစ်၊ နောက် သံဃာ့အရေးအခင်း။ ဒီအတိုင်းပဲ အစ်ကိုက ထောင်ထဲမှာ၊ ဒီလို
ပဲ အိမ်ကို ကျနော် ကြည့်ရှုခဲ့ရတယ်။ အခုတော့ တာဝန်ပိုကြီးသွားပါပြီ။ အစ်ကိုကိုယ်စားပေါ့။”

by ​အေး​နိုင် (ဒီဗွီဘီ)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D