သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

ကျောက်လာဝယ်သူ တရုတ်နိုင်ငံသားနှစ်ဦး သိန်း ၁၅၀ တန်ဖိုးရှိ ကျောက်များ ခိုးယူဟုဆို

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေး သာစံမြို့နယ် ပတ်ကုန်း ဝန်းကျင် ရပ်ကွက်ရှိ အောင်သပြေ ကျောက် မျက်ရတနာ ရောင်းဝယ်ရေး ဆိုင်သို့ ကျောက်လာ ဝယ်သူ တရုတ်နိုင်ငံ သားနှစ်ဦး ကျပ်သိန်း ၁၅၀ တန်
ဖိုးရှိ ကျောက်မျက်ထည်များ ခိုးယူမှု ဇွန်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု အဆိုပါ ကျောက်မျက် ရတ
နာဆိုင်၏ ပြောကြား ချက်အရ သိရှိရသည်။

မန္တလေး NDF ပါတီ မျိုးစောင့် ဥပဒေ ပေါ်ထွက်ရေး လှုပ်ရှားမှုပြုလုပ်

မန္တလေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) က အမျိုးဘာသာ သာသနာ ထိန်း
သိမ်း စောင့်ရှောက်ရေး ဆရာတော်များ စီစဉ်နေသော မျိုးစောင့်ဥပဒေ ပေါ်ထွက်ရေး အဆိုကို ထောက်ခံ
သည့် လှုပ်ရှားမှုတစ်ခု မန္တလေး ခရိုင်လေးမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းပါတီ
ထံမှ သိရှိရသည်။

မိုင်တိုင် ၂၆ သရဲဇာတ်ကား Free Show ပြသမည်

ဒါရိက်တာမောင်မျိုးမင်း -( ရင်တွင်းဖြစ် ) ရိုက်ကူးပြီး ကျောက်ဆူး ရုပ်ရှင် နှင့် ဗီဒီယို ထုတ်လုပ်ရေးမှရိုက် ကူးထုတ်လုပ်သော ( မိုင်တိုင် ၂၆) အမည်ရှိ ဖြစ်ရပ်မှန် သရဲဇာတ်ကား ကိုအဆင့်မြင့်မြန်မာဗီဒီယို ဇာတ်
ကားအဖြစ် ဇူလိုင်လ ၅ ရက်နေ့တွင် တော်ဝင်စင်တာ ရုပ်ရှင်ရုံ ၌ ရုံတင်ပြသမည်ဖြစ်ပါသည် ။

အက်ဖ်အီးစီ မနေ့က ဇတ်သိမ်းခန်း တိုင်သွားခဲ့ပြီ

မနေ့က နောက်ဆုံးထားပြီး အက်ဖ်အီးစီကို ဒေါ်လာနဲ့ ဖြစ်ဖြစ် ကျပ်နဲ့ ဖြစ်ဖြစ် နောက်ဆုံးထား လဲခွင့်ပြု
မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ်ကစပြီး နှစ် ၂ဝ ကြာ အမေရိကန် ဒေါ်လာ အစား သုံးခဲ့တဲ့ အက်ဖ်အီးစီကို အသုံးပြုခွင့် ပေးခဲ့တာဟာ မနေ့က နောက်ဆုံးနေ့ ဖြစ်ပါတယ်။

မိတ္ထီလာ အဓိကရုဏ်းပါဝင်သူ ထောင်ဒဏ် ၇နှစ်

မိတ္ထီလာ မြို့မှာ ပြီးခဲ့တဲ့ မတ်လ အတွင်းက ဖြစ်ခဲ့တဲ့ အဓိကရုဏ်း အတွင်း ပြစ်မှု ကျူးလွန်သူတွေကို ဆက်
လက်စစ်ဆေး ပြစ်ဒဏ်ချမှတ် နေရာမှာ အသက် ၂၄ နှစ် အရွယ် မြန်မာအမျိုးသား တစ်ယောက် ကို ခရိုင်
တရားရုံး က ဒီကနေ့ ထောင်ဒဏ် အပြစ် ပေးလိုက်ပါတယ်။

စစ်တပ်သိမ်းထားတဲ့ လယ်တွေ ပြန်ပေးတော့မယ်

စစ်တပ်တွေက သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေအနက် လက်ရှိ စီမံကိန်း ဆောင်ရွက် လုပ်ကိုင်နေတဲ့ လယ်
မြေတွေက အပ ကျန် လယ်ယာမြေအားလုံးကို ပိုင်ရှင်လက် ပြန်အပ်တော့မယ်လို့ အမျိုးသားလွှတ်တော် လယ်ယာမြေ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မတီဝင် ဦးလှဆွေက ပြောပါတယ်။

အမျိုးချစ်သူများ စဉ်းစားစရာ


ရခိုင်က ပဋိပက္ခမီး အလျင်အမြန်နဲ့ ပြည်တွင်းထိ ဘာကြောင့် ကူးစက်ပြန့်ပွားခဲ့သလဲ (ဓာတ်ပုံ – ဧရာဝတီ)
ဘင်္ဂါလီနဲ့ ရခိုင်တို့အကြားက စတင်ခဲ့တဲ့ ပဋိပက္ခဟာ အခုဆိုရင် ပိုမိုရှုပ်ထွေးလာနေပြီဖြစ်ပါတယ်။ ဘာကြောင့် ဒီပဋိပက္ခ ဖြစ်ခဲ့သလဲ။ ဖြစ်ခဲ့တဲ့ ဒီပဋိပက္ခဟာ အလျင်အမြန်နဲ့ တခြားမြို့များသို့ပါ ကူးစက်ပြန့်
ပွားခဲ့သလဲဆိုတာကို ဆန်းစစ်ဖို့အတွက် ပဋိပက္ခဖြစ်စဉ် အစကို ပြန်ကောက်ကြည့်ချင်ပါတယ်။

သွေးဆုံးချိန်နှင့် အမျိုးသမီး ကျန်းမာရေး

သွေးဆုံးချိန်နှင့် အမျိုးသမီး ကျန်းမာရေး သွေးဆုံး ချိန်နဲ့ သွေးဆုံး အကြိုကာ လဟာ အမျိုးသမီး တွေရဲ့ ကျန်းမာရေး အပေါ် သက်ရောက်မှု ရှိပါတယ်။ သွေး ဆုံးချိန်မှာ သင့်ခန္ဓာကိုယ် အပေါ် ဘယ် လိုသက်
ရောက် မှုတွေ ရှိသလဲ ဆိုတာ သိနားလည် ထားမှ သွေးဆုံး ပြီးချိန်မှာ ကျန်းမာရေးကောင်းမွန်အောင်
ထိန်း သိမ်းရမယ့်နည်းတွေကို သဘောပေါက် မှာ ဖြစ်ပါတယ်။

၁၁ နှစ်ကျော်ကြာ ကျောင်းမလာတဲ့ ရခိုင်က ဆရာမ ရာထူး တိုးခံရ

(နိရဉ္စရာ- ၂၉ ဇွန် ၂၀၁၃) / ပညာရေး
ရခိုပြည်နယ် တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာ မူလွန်ကျောင်းတွင် တာဝန်ကျနေသော မူလပြ ဆရာမတစ်ဦးသည် တာဝန်ကျနေသည့် ၁၁ နှစ်ကျော် အချိန်ကာလအတွင်း တစ်ကြိမ်တစ်ခါမျှ ကျောင်း

အကယ်ဒမီထပ်ရရင် လိုချင်တာပေါ့ ဆိုတဲ့ စိုးမြတ်သူဇာနဲ့ အမှတ်ရ ကိုကိုမောင်

အကယ်ဒမီ စိုးမြတ်သူဇာ (ဓာတ်ပုံ – shwehome.com)
အကယ်ဒမီ စိုးမြတ်သူဇာနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲတခုမှာ တွေ့ဆုံခိုက် သူ့ကို အခုနာမည်ကြီးနေတဲ့ လက်
ပံ ဇာတ်ကားနဲ့ အကယ်ဒမီဆု ထပ်ရမယ်လို့ ထင်ကြေးပေးနေတဲ့ အပေါ်ဘယ်လိုထင်သလဲလို့ မေးကြည့်

မြေပိုင်ဆိုင်မှု အတုဖြင့် ဂျပန်နိုင်ငံသား ထံမှ လိမ်လည်ရန် ကြိုးစားသူကို အမှုဖွင့်

ဂျပန်နိုင်ငံသား Mr. Tetsuya Nakajima (၂၇ နှစ်) ထံမှ ရှင်းထက်ကျော် သွင်းကုန် ပို့ကုန် ကုမ္ပဏီ၏ အုပ်
ချုပ်မှု ဒါရိုက်တာ ဦးညီညီဟန်က မြေပိုင်ဆိုင်မှု စာရွက်စာတမ်း အတုဖြင့် ကျပ်သိန်း ၅၀၀၀ ကို လိမ်လည်
ရန် ကြိုးစားသည်ဟုဆိုကာ ဂျပန်နိုင်ငံသားက အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ကိုင်ဖုန်း ပြောဆိုခ များ တစ်မိနစ်လျင် ၅ ကျပ် နှုန်းအထိ ကျဆင်းလာနိုင်ဟု ဆက်သွယ်ရေး ဒု ၀န်ကြီးဆို

GSM နှင့် CDMA လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျင် ၅ ကျပ်နှုန်း အထိကျဆင်း
လာနိုင်သည့် အလားအလာ ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
မှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့လွှတ် တော်တွင် ပြောကြားလိုက်သည်။

သတင်းသမားတွေက တကယ် တာဝန် ရှိတဲ့ အစိုးရကို မေးရမယ်

မီဒီယာတွေက ချောင်ပိတ်စေ နိုင်မယ့် မေးခွန်းတွေ မေးလာရင် နိုင်ငံရေး သမားတွေ ရင်ဆိုင် ဖြေဆိုရ မှာဖြစ်ပြီး တကယ် တာဝန်ရှိတဲ့ အစိုးရကိုလည်း မေးရမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော်ထဲမှာ ဒီဗွီဘီသတင်းထောက် အောင်ထွန်းမြင့်က မေးမြန်းရာမှာ ဖြေကြားလိုက်
တာပါ။

SSA မြောက်ပိုင်း စခန်းတခုကို အစိုးရတပ် သိမ်း

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်၊ တာဖာဆောင်ကျေးရွာရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မ
တော် မြောက်ပိုင်း (SSPP/SSA) ၏ စခန်းတခုကို အစိုးရတပ်က သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။
အစိုးရတပ်သည် စစ်ကြောင်း နှစ်ကြောင်းဖြင့် ဇွန်လ ၂၂ ရက်နေ့တွင် စတင် ဝန်းရံလာကာ ဇွန်လ ၂၄ ရက်

အသက်မပြည့်သူ အိမ်ဖော် မိန်းကလေးကို ဖမ်းဝရမ်း မပါဘဲ ခိုးမှုဖြင့် စွပ်စွဲ ဖမ်းဆီး

မြန်မာပြည်ရှိ ဆင်းရဲနွမ်းပါးသူ ကလေးများသည် ပညာသင်ရမည့် အချိန်တွင် စားဝတ်နေရေးအတွက်
အလုပ်ဝင်လုပ် နေကြရသည်ဟု ကလေးသူငယ်စောင့်ရှောက်ရေး အဖွဲ့များက ဆိုကြသည်
(ဓာတ်ပုံ – Reuters)
ရန်ကုန် တာမွေမြို့နယ်တွင် အိမ်အကူ အလုပ်လုပ်ခဲ့သည့် အသက်မပြည့်သေးသူ မိန်းကလေး တဦးကို ခိုးမှုဖြင့်စွပ်စွဲကာ ဖမ်းဝရမ်းနှင့် ရှာဖွေပုံစံ မပါဘဲ ၎င်းနေအိမ်တွင် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွား

ကမ္ဘာပေါ်တွင် လုပ်ကြံသတ်ဖြတ်ဖို့ အခက်ခဲဆုံး လူသားများ

နာဇီခေါင်းဆောင် ဟစ်တလာ

နာဇီခေါင်းဆောင် ဟစ်တလာသည် ခန့်မှန်းချေ ဂျူးလူမျိုး ခြောက်သန်းခန့်ကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသူ ဖြစ်ပေသည်။ နှစ်သန်းခန့်သည် လူမျိုးရေးကြောင့်ဖြစ်ပြီး
... လေးသန်းခန့်မှာ “ဘ၀နှင့်ထိုက်တန်မှုမရှိ” (Unworthy of life) ၊ သို့မဟုတ်
ရှင်သန်နေထိုင်ရန် မထိုက်ဟု ဆုံးဖြတ်၍ သတ်ဖြတ်သုတ်သင်ခဲ့ခြင်း ဖြစ်သည်။

အားလုံးကိုဖတ်စေချင်သောအရမ်းကောင်းတဲ့စာစုလေး....

(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

စစ်အာဏာရှင်တို့ရဲ့ ဒုတိယမ္ပိ ငရဲလမ်းစဉ်။


လူတွေရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းဟာ သူတို့ဘဝမှာ ဘာသာတရားနဲ့ ပတ်သက်ပြီး ရွေးချယ်ခွင့် မရခဲ့ကြဘူး။ ရွေးချယ်ခွင့် ရတဲ့အချိန်မှာလည်း မရွေးချယ်ရဲကြဘူး။ ဒါ့ကြောင့် ၉၉ % သော လူတွေ အတွက် ဘာသာတရား ဆိုတာဟာ သူတို့ဘဝမှာ ပြဌာန်းပေးခံလိုက်ရတဲ့ အရာဖြစ်လာတယ်။

Eleven Media အား ဂုဏ်သိက္ခာထိခိုက်အောင် ပုတ်ခတ်စွပ်စွဲကာ DDos ဖြင့် တိုက်မည်ဟု Myanmar Express မှ သတင်းတင်ထားခြင်းနှင့် ပတ်သက်သူများအား ဥပဒေအရ ဆက်လက် ဆောင်ရွက်မည်

Eleven Media Group အား ဂုဏ်သိက္ခာ ထိခိုက်စေသည့် ပုဂ္ဂိုလ်ရေး ပုတ်ခတ်စွပ်စွဲကာ DDos ဖြင့်တိုက်မည်ဟု Myanmar Express မှ သတင်းတင်ထားသည်ကို တွေ့ရကြောင်း၊ထို့အတွက် ပတ် သက် ဆက်နွယ်သူများအား ဥပဒေအရ

SE-ME-WE-5 ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာသန်း ၄၀ ကျော် အကုန်ကျခံ ချိတ်ဆက် သွားမည်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်း အင်တာနက် မြန်နှုန်းများ ပိုမို ကောင်းမွန်စေဖို့ အတွက် SE-ME-WE-5 ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာ သန်း ၄၀ ၀န်းကျင်ခန့် ကုန်ကျခံကာ ချိတ်ဆက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှု အတွက် ဖိုက်ဘာ ဆက်ကြောင်း ချိတ်ဆက် ထားမှုဟာ SE-ME-WE-3 နဲ့ ဆောင်ရွက် နေတာဖြစ်ပြီး အင်တာနက် မြန်နှုန်း ပိုမိုကောင်းမွန် စေမယ့် SE-ME-WE-5 ကို ဖိုက်ဘာ ဆက်ကြောင်း SE-ME-WE-3 နေရာမှာ အစားထိုး ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက် ဆောက်လုပ်ခြင်းများကြောင့် တရားစွဲဆိုမှု ၅၀၀ ကျော် ရှိနေပြီး ကန်ထရိုက်ထက် မြေရှင်များသာ အဓိက အမှုရင်ဆိုင်နေရ

Photo: သင်္ဃန်းကျွန်းမြို့နယ်အတွင်း ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက် 
ဆောက်လုပ်ခြင်းများကြောင့် တရားစွဲဆိုမှု ၅၀၀ ကျော် ရှိနေပြီး ကန်ထရိုက်ထက် 
မြေရှင်များသာ အဓိက အမှုရင်ဆိုင်နေရ

သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ စည်ပင်ခွင့်ပြုချက်မယူဘဲ ဆောက်သော 
ကန်ထရိုက်တိုက်အချို့
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက် အဆောက်အအုံများ
 ဆောက်လုပ်ခြင်းကြောင့် တရားစွဲဆိုမှု ၅၀၀ ကျော်ရှိနေပြီး ကန်ထရိုက်များထက် 
မြေပိုင်ရှင်များသာ အဓိက အမှုရင်ဆိုင်နေရပြီး နစ်နာနေရကြောင်း 
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဆောက်လုပ်ခွင့် 
လုံးဝတင်ပြခြင်း မရှိဘဲ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အဆောက်အအုံများမှာ 
သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်းနှင့် အင်းစိန်မြို့နယ်များတွင် အဓိက 
ဖြစ်ပွားနေပြီး သင်္ဃန်းကျွန်းမြို့နယ်မှာ အများဆုံး ဖြစ်ပွားနေကြောင်း၊ 
ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့် ကန်ထရိုက်တာများမှာ ရန်ကုန်မြို့တော် 
စည်ပင်တွင် လိုင်စင်ရယူထားခြင်း မရှိသော ကန်ထရိုက်များ ဖြစ်နေသည့်အတွက် 
ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ ဆောက်လုပ်ပါက ကန်ထရိုက်ကို 
တရားစွဲဆိုရန် ခက်ခဲနေပြီး မြေရှင်ကိုသာ အဓိက တရားစွဲဆို 
နေရခြင်းဖြစ်ကြောင်း သိရသည်။ အကယ်၍ လိုင်စင်ရ ကန်ထရိုက်ဖြင့် ဆောက်လုပ်မည် 
ဆိုပါက ခွင့်ပြုချက်မဲ့ ဖြစ်သော်လည်း အဆိုပါ လိုင်စင်ရ ကန်ထရိုက်တာကို 
အရေးယူနိုင်သောကြောင့် မြေရှင်အား တရားစွဲဆိုမှု လွတ်ကင်းကြောင်း သိရသည်။
''သင်္ဃန်းကျွန်းမြို့နယ်မှာ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်တွေ ဆောက်တာ 
စတွေ့ကတည်းက ရပ်ကွက်ရုံးတွေကနေ တစ်ဆင့် အသံချဲ့စက်တွေနဲ့ ခွင့်ပြုချက်ရမှ 
ဆောက်ဖို့၊ လူနေထိုင်ခွင့် မရဘဲနေရင် တရားစွဲဆိုခံရနိုင်ကြောင်းကို 
တစ်လခွဲလောက် ကြေညာ အသိပေးခဲ့ပါတယ်။ ဒါ့အပြင် ရပ်ကွက်ရုံးတွေမှာလည်း 
ဆိုင်းဘုတ်တွေ ထောင်ပြီးလည်း အသိပေးခဲ့ပါတယ်။ ဒါပေမဲ့ ကန်ထရိုက်တွေက 
မြေရှင်တွေ့ကို စည်းရုံးပြီး ခွင့်ပြုချက်ရအောင် ယူပေးမယ်ဆိုပြီး မယူပေးဘဲ 
ခွင့်ပြုချက်မဲ့ ဆောက်တာ။ အခုသင်္ဃန်းကျွန်းမှာ ခွင့်ပြုချက်မဲ့ 
ကန်ထရိုက်ဆောက်တာတွေ အရမ်းများနေပြီး အခုလက်ရှိ အမှုပေါင်း ၅၀၀ ကျော် 
တရားစွဲထားတယ်။ ကန်ထရိုက်က အဆောက်အအုံဆောက်ပြီး ထွက်သွားတော့ နောက်ပိုင်း 
မြေရှင်ကပဲ အမှုကိုဆက်ပြီး ရင်ဆိုင်ရင်နေရတယ်။ တရားစွဲထားတဲ့အတွက် 
ဒဏ်ကြေးကို မြေရှင်ကပဲ ဆက်ဆောင်နေရတဲ့အတွက် မြေရှင်တွေ အများကြီး 
နစ်နာမှုတွေ ရှိနေပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးလည်း မြေရှင်တွေဘက်က ဌာနကို 
တင်ပြလာတာတွေ ရှိပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ 
အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ ဆောက်လုပ်ပါက ပုဒ်မ ၂၉ ဖြင့်တရားစွဲဆို
 ခြင်းဖြစ်ပြီး ယင်းပုဒ်မ ၂၉ မှာ ဆောက်လုပ်ခွင့်ပါမစ် မယူမချင်း 
ဒဏ်ကြေးများ နေ့စဉ်ပေးဆောင် နေရကြောင်း၊ အချို့ ကန်ထရိုက်တိုက်များမှာ 
ခွင့်ပြုချက်မဲ့ ဆောက်မိခဲ့သော်လည်း ဆောက်လုပ်စတွင်ရပ်ကာ ခွင့်ပြုချက် 
တင်ပြခြင်းမရှိဘဲ အဆောက်အအုံပြီးအောင် ဆောက်လုပ်ခဲ့ခြင်းကြောင့် 
ဒဏ်ကြေးများ ပိုမိုတက်လာခဲ့ပြီး အချို့ဒဏ်ငွေမှာ ကျပ်သိန်း ၉၀ လောက်အထိ 
ပေးဆောင်ရမှုများပင် ရှိကြောင်း သိရသည်။
''ဌာနအနေနဲ့ ဒီလိုခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်တွေ ဆောက်တာကို လူထုကို 
ကြိုတင်သတိပေးတာ လောက်ပဲ လိုက်လို့ရပါတယ်။ ကျန်တဲ့အပိုင်းကတော့ မြေရှင်က 
စဉ်းစားရမှာပါ။ ဆောက်သင့် မဆောက်သင့်ပေါ့။ အချို့ဆိုရင် ဌာနက 
အဲဒီကန်ထရိုက်က လိုင်စင်မရှိဘူး မဆောက်နဲ့လို့ ပြောတာတောင် သူတို့ဘာသာ 
သဘောတူဆောက်ပြီးမှ နောက်ပိုင်း ဒုက္ခရောက်တာတွေလည်း ရှိတယ်။ အဲဒါကြောင့် 
ကန်ထရိုက်တိုက် ဆောက်မယ်ဆိုရင် မြို့နယ်စည်ပင်သာယာ ရုံးတွေမှာ 
စုံစမ်းလို့ရတယ်။ ကိုယ်နဲ့ဆောက်မယ့် ကန်ထရိုက်က လိုင်စင်ရှိလား 
မရှိလားဆိုတာ'' ဟု အဆောက် အအုံဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

EMG
သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ စည်ပင်ခွင့်ပြုချက်မယူဘဲ ဆောက်သော ကန်ထရိုက်တိုက်အချို့
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက် အဆောက်အအုံများ ဆောက်လုပ်ခြင်းကြောင့် တရားစွဲဆိုမှု ၅၀၀ ကျော်ရှိနေပြီး ကန်ထရိုက်များထက် မြေပိုင်ရှင်များသာ အဓိက အမှုရင်ဆိုင်နေရပြီး

အရှေ့တောင်အာရှအားကစားပြိုင်ပွဲဖွင့်ပွဲတွင် ဖျော်ဖြေမည့် ထားဝယ်တက္ကသိုလ်ကျောင်းသူ(၁၀၀)ဦးအတွက် ထားဝယ်ရိုးရာဝတ်စုံ ရက်လုပ်

Photo: အရှေ့တောင်အာရှအားကစားပြိုင်ပွဲဖွင့်ပွဲတွင် ဖျော်ဖြေမည့်
ထားဝယ်တက္ကသိုလ်ကျောင်းသူ(၁၀၀)ဦးအတွက် ထားဝယ်ရိုးရာဝတ်စုံ ရက်လုပ်


ထားဝယ်-ဇွန်၂၉
လာမည့်ဒီဇင်ဘာလတွင် နေပြည်တော်တွင်ကျင်းပမည့် 
အရှေ့တောင်အာရှအားကစားပြိုင်ပွဲဖွင့်ပွဲ
အခမ်းအနားတွင် ထားဝယ်တက္ကသိုလ်မှကျောင်းသူ(၁၀၀)ဦးက ထားဝယ်ရိုးရာဝတ်စုံဖြင့်
 
ကပြဖျော်ဖြေခွင့်ရမည်ဖြစ်ရာ ထားဝယ်မြို့၊၀ဲကျွန်းရပ်ရှိ
ရက်ကန်းရုံများတွင် ထားဝယ်ရိုးရာဝတ်စုံများ ရက်လုပ်လျက်ရကြောင်းသိရသည်။ 
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

Popular Myanmar News Journal
Photo: အရှေ့တောင်အာရှအားကစားပြိုင်ပွဲဖွင့်ပွဲတွင် ဖျော်ဖြေမည့် ထားဝယ်တက္ကသိုလ်ကျောင်းသူ(၁၀၀)ဦးအတွက် ထားဝယ်ရိုးရာဝတ်စုံ ရက်လုပ် ထားဝယ်-ဇွန်၂၉ လာမည့်ဒီဇင်ဘာလတွင် နေပြည်တော်တွင်ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် ထားဝယ်တက္ကသိုလ်မှကျောင်းသူ(၁၀၀)ဦးက ထားဝယ်ရိုးရာဝတ်စုံဖြင့်

အသားကင်ဆိုင်များရှိ အကင်များ၌ အစာအဆိပ်သင့်မှု ဖြစ်စေသော E.coli ပိုးတွေ့ရှိ

အသက်မပြည့်သော မိန်ခလေးများကို မတရား စေခိုင်းမှု

Photo: အသက်မပြည့်သော မိန်ခလေးများကို မတရား စေခိုင်းမှု
Saturday, June 29, 2013

အသက်မပြည့်သော မိန်ခလေးများကို မတရား စေခိုင်းမှုမန္တလေး
တိုင်း ဒေသကြီး၊ မန္တလေး စက်မှုဇုန်(၁)မြ၀တီ မင်းကြီး ကျောင်းတိုက် လမ်းတွင်
 တရုတ် လူမျိုးပိုင်သော သက်တန့်နီယွန် ကုမ္ပဏီ ရှိပါတယ်။ တရုတ် လူမျိုးတွေက 
မြန်မာ ဗီဇာနဲ့ နေတယ်လို့ ပြောပါတယ်။ သက်တန့်နီယွန် ဆိုတဲ့ဆိုင်းဘုတ် ကလည်း
 စစ်ဆေး ရေးတွေလာမှ တပ်ဆင် ထားလေ့ ရှိတယ်လို့ သိရပါတယ်။

လျှပ်စစ်မီးသီး ပြုလုပ်ရန် မိန်းခလေး တွေကို ခိုင်းစေ ပါတယ်။ မီသီးတွင် 
ပါရှိသော ခဲ ဆော်တဲ့ အလုပ်လုပ် ကြရပါ တယ်။ ခဲဆော်တဲ့ နေရာမှာ ထင်းရှူးဆီ 
သုံးပြီး ခဲ ဆော်ရမှာဖြစ်ပေမဲ့ ပြင်းလွန်းတဲ့ ဓါတု အက်စစ်တမျိုး သုံးပြီး 
ခဲဆော်ခိုင်း ပါတယ်။ မိန်းခလေးတွေ ကိုယ်တိုင် ထင်းရှူးဆီ ယူလာ 
ခဲ့ရင်တောင်မှတရုတ်တွေက လာသိမ်းသွားပါတယ်။ကျန်းမာရေး
စောင့်ရှောက်မှု မရှိပါဖူး အကာအကွယ်အနေနဲ့လက်အိပ်နဲ့နှာခေါင်း 
စွပ်ဆိုတဲ့ပေါပေါရနိုင် တာတောင် မပေးပါ ဘူးလို့ မလှိုင်မြို့ညောင်ကန်
ကျေးရွာမှ လာရောက်လုပ် နေကြတဲ့မိန်းခလေး အလုပ်သမားတွေက
ပြောပါတယ်။

နေစရာပေးထား ပေမဲ့မီး၊ ရေအသုံးပြုခ လုပ်ခ ကနေဖြတ် တောက်ပါတယ်။ မိုးရွာရင် 
မိုးမလုံလို့ မအိပ်ရဖူးလို့သိရှိ ရပါတယ်။ သုံးရက်လုပ်ခ လေးထောင်
ကျပ် ပေးနေတာနေ(၂၅၀၀)ကျပ်ပေးတာ မကျေနပ်ကြတာကို ပြောဆို ကြတောင်းဆိုကြတော့ 
နောက်နေ့ကစပြီး လာစရာ မလိုတော့ဘူးးဆိုပြီး တမင်သက် သက်အလုပ်ထုတ်လိုက် ပါတယ်
 တိုင်ချင်ရာ တိုင်ကြလို့လည်း တရုတ်လူမျိုး မြန်မာနံ မည် 
ယူထားတဲ့ကျော်ဝင်းထွန်းက တွန်းထုတ်ရင်း ဆိုတယ်လို့ သိရပါတယ်။

အလုပ် ထုတ်ခံရတဲ့ မိန်ခလေးများမှာ-(၁၅)နှစ်ထဲက ၀င်လုပ်နေတဲ့ 
မမီးမီး-ဘ-ဦးကြည်လင် ညောင်ကန် မလှိုင်မြို့။ အသက်(၁၃)နှစ်ထဲက လုပ်နေတဲ့ 
မခိုင်မွန်ဟန်-ဘ-ဦကြည် လင် ညောင်ကန် မလှိုင်မြို့။ အသက်(၁၆)နှစ်
ထဲက ၀င်ရောက်လုပ်နေတဲ့ မလှလှဝင်း -ဘဦးမောင်ညို ညောင်ကန်၊ မလှိုင်မြို့။

အသက်(၁၂)ခွဲလောက်ထဲက လုပ်နေတဲ့ မနီလာထွန်း ဘ-ဦးနိုင်ဝင်းညောင်
ကန်၊ မလှိုင်မြို့။ အသက်(၁၆)နှစ်ထဲက လုပ်တဲ့ မသင်းနွယ်အောင် 
ဘ-ဦးသန်းထွန်းအောင် ညောင်ကန်မလှိုင်မြို့။ အသက်(၁၆)နှစ် ထဲကလုပ်တဲ့ 
မတင်မော်အောင် ဘဦးသန်းထွန်းအောင် ညောင်ကန်၊ မလှိုင်မြို့။ 
အသက်(၂၄)နှစ်ထဲကလုပ်နေတဲ့မဇာဇာ ဘ-ဦးရဲဝင်း ညောင်
ကန်မလှိုင်မြို့။ အသက်(၂၂)နှစ်ထဲက လုပ်တဲ့ မနွယ်နွယ်ဝင်း ဘ-ဦးမောင်
ညို ညောင်ကန်၊မလှိုင် မြို့။ အသက်(၂၂)ခွဲထဲက လုပ်တဲ့မဖြူသီဝင်း ဘ-ဦးရီ 
ညောင်ကန် မလှိုင်မြို့။ အသက်(၂၂)နှစ်ထဲက လုပ်တဲ့မသူဇာ ဘ-ဦးမင်းလှိုင် 
ညောင်ကန်၊ မလှိုင်မြို့။ အသက်(၁၆)နှစ်ခွဲ ထဲက လုပ်တဲ့မမိုးမိုး 
ဘ-ဦးမင်းလှိုင် ညောင်ကန် မလှိုင်မြို့။

ထို (၁၁)ဦးမှာ အလုပ်သမား နစ်နာရမှုတို့ကို မြ၀တီဆရာ တော်နှင့် တပည့် ဒါယကာ 
ဦးဘိုကြိုင်(၀မ်းတွင်း)တို့ထံ လာရောက်ပြီး Rainbow တံဆိပ်ပါ မီးသီးသွင်း 
လုပ်ငန်း ၏ ရက်ရက်စက်စက် အလုပ်ထုတ် ခံရသော နစ်နာမှုတို့ကို သမ္မတကြီးနှင့် 
နိုငံတော် အဆင့်လူကြီးများ ထံဥပဒေနဲ့ အညီလုပ်ဆောင်ပေးပါရန် ပြောပြ 
အကူအညီတောင်း ခံလာတယ်ဆိုတာ သတင်းရရှိပါတယ်။ ခဲဆိပ်များကြောင့်လည်း 
ကျန်မာရေးချို့တဲ့နေရ တယ်လို့ သိရပါတယ်။ မြ၀တီ 
ဆ၇ာတော်-၀၉-၉၁၀၄၁၀၄၆၊၀၉-၃၃၁၁၅၅၀၉။ ကိုဘိုကြိုင်-၀၉-၃၃၁၁၅၅၀၄။ တို့ကို 
မေးမြန်း နိုင်ပါတယ်။

YoYarLay
အသက်မပြည့်သော မိန်ခလေးများကို မတရား စေခိုင်းမှုမန္တလေး
တိုင်း ဒေသကြီး၊ မန္တလေး စက်မှုဇုန်(၁)မြ၀တီ မင်းကြီး ကျောင်းတိုက် လမ်းတွင် တရုတ် လူမျိုးပိုင်သော သက်တန့်နီယွန် ကုမ္ပဏီ ရှိပါတယ်။ တရုတ် လူမျိုးတွေက မြန်မာ ဗီဇာနဲ့ နေတယ်လို့ ပြောပါတယ်။ သက်တန့်နီယွန် ဆိုတဲ့ဆိုင်းဘုတ် ကလည်း စစ်ဆေး ရေးတွေလာမှ တပ်ဆင် ထားလေ့ ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲဖြစ်ရပ်မှန်ကို ယခုနှစ်ကုန် စရိုက်မည်

ဒါရိုက်တာ အဏ်ထော်နီ

ဇွန်လ ၂၉ ရက် ၂၀၁၃

၁၉၅၄ ခုနှစ်က ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံက လေယာဉ်ပြန်ပေးဆွဲ တဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ကို ဒီနှစ်ကုန်ပိုင်း ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

စစ်ဘေးဒဏ်သင့် ဒေသများရှိ အမျိုးသမီးတို့ကို ဦးစားပေးထောက်ပံ့သွားရန် အရပ်ဘက်အဖွဲ့များ စီစဉ်နေ

ဇွန်လ ၂၉ ရက် ၂၀၁၃

စစ်ဘေးဒဏ်သင့် ဒေသများ၊ ပဋိပက္ခဒေသများရှိ အမျိုးသမီးများ၏ လိုအပ်ချက်များအား ကွင်းဆင်းလေ့လာ မှုများပြုလုပ်ထားပြီး ဦးစားပေး ထောက်ပံ့သွားရန် ပြည်တွင်းပြည်ပ အရပ်ဘက်လူမှုအဖွဲ့များ ပူးပေါင်း စီစဉ်လျက်ရှိသည်ဟု ကချင်အမျိုးသမီးများ ကွန်ရက်မှ မမေစပယ်ဖြူက မဇ္စျိမသို့ ပြောသည်။

မြန်မာ့ဆက်သွယ်ရေးမှ တယ်လီဖုန်း ခေါ်ဆိုခများကို ယခုဘဏ္ဍာရေးနှစ် အတွင်း တစ်မိနစ်ကျပ် ၅၀ မှ လျော့ချ ကောက်ခံသွားမည်

၁၅၀၀ တန် တန်ဖိုးနည်းဖုန်းအတွက် မဲနှိုက်နေကြစဉ်
 ဇွန်လ ၂၉ ရက် ၂၀၁၃

မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ တယ်လီဖုန်း ခေါ်ဆိုခနှုန်းထား တစ်မိနစ် ကျပ် ၅၀ ကို ယခုနှစ် ဘဏ္ဍရေးနှစ်အတွင်း လျော့ချဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဇွန် ၂၈ ရက်က ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံရေး ဆွေးနွေးပွဲများကို လွှတ်တော်မှ ဦးစီးကျင်းပမည်

ကချင်ပြည်နယ် တာလောကြီးဒေသဌာနေ ပြည်သူ့စစ်များကို တွေ့ရစဉ်
ဇွန်လ ၂၉ ရက် ၂၀၁၃

နိုင်ငံတော်သမ္မတ ဦးဆောင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး အတွက် နိုင်ငံတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ကော်မတီမှ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး

ဖားကန့်ထက် ပိုအရောင်းသွက်နေတဲ့ မဟာအောင်မြေကျောက်စိမ်းဈေးကွက်

ဇွန်လ ၂၉ ရက် ၂၀၁၃

ဈေးကွက်အတွင်း ကျောက်စိမ်းကုန်ကြမ်းများ ရှားပါးနေမှုကြောင့် ကျောက်ရှားပါးလာပြီး ဈေးကွက်လို အပ်ချက်ကို မလိုက်နိုင်သဖြင့် အမြင့်ဈေးနှုန်းဖြင့် အရောင်းအ၀ယ်ကောင်းနေကြောင်း မဟာအောင်မြေဈေး ကွက်အတွင်းက သိရသည်။

ငြိမ်းချမ်းရေးအတွက်လမ်းလျှောက်သူ(သို့ မဟုတ်) ကျည်ဆံဘုရားနှင့် လက်ဝါးကပ်တိုင်ဖော်ဆောင်သူ ဦးဝင်ချိုနှင့်ခဏတာ

ဇွန်လ ၂၉ ရက် ၂၀၁၃

ကချင်ပြည်နယ်ကြီးငြိမ်းချမ်းစေရန်အတွက်ရန်ကုန်မြို့မှ မြန်မာပြည်မြောက်ပိုင်းကချင် ပြည်နယ်၊လိုင်ဇာမြို့ အထိခြေလျင် လမ်းလျှောက်ငြိမ်းချမ်းရေးဖော် ဆောင်ကြပြီး မိုးညှင်းမြို့မှဖြတ် သန်းသည့် ကိုရန်နိုင်ထွန်း ၊ကို စည်သူတို့နှင့်အတူဦးဆောင်ခဲ့ သည့် ဦးဝင်းချို သည်ငြိမ်းချမ်း ရေးကို အလွန်မြတ်နိုးသူတစ်ဦး ဖြစ်ပေ သည်။

ကချင်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်လျှင် လူရွှင်တော်အဖွဲ့က ငြိမ်းချမ်းရေးအောင်ပွဲကို အောင်ဆန်းကွင်းတွင် ဖျော်ဖြေမည်

ဇွန်လ ၂၉ ရက် ၂၀၁၃

ဇူလိုင်၂၇ရက်နေပြည်တော် ၌ပြုလုပ်မည့် ကချင်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပွဲပြီးလျှင် လူရွှင် တော်အဖွဲ့မှ ဦးဆောင်၍ ငြိမ်း ချမ်းရေးအောင်ပွဲအနေဖြင့်ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေအနုပညာပွဲ ကို ရန်ကုန်မြို့အောင် ဆန်းကွင်း ၌ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း ဇွန် ၂၄ ရက်တွင် လူရွှင် တော် ဦးဇေယျကပြောသည်။

ရှမ်းအမျိုးသမီးငယ် ညီအစ်မ(၂)ဦးအား KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်မှု မိုးမောက်မြို့နယ်တွင် ဖြစ်ပွား

မိုးမောက်မြို့နယ်၊ မိုင်းခတ်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ လယ်ကွင်း၌ ကောက်စိုက်ပျိုးနေသော မိုင်းခတ်ရွာနေ ရှမ်းအမျိုးသမီး ညီအစ်မ(၂)ဦးအား KIA အဖွဲ့တစ်ဖွဲ့က သေနတ် များဖြင့်ချိန်၍ ဇွန် ၂၇ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

အမှန်တကယ် ဆင်းရဲချို့တဲ့သူများကို စိစစ်၍ အခမဲ့ ဆေးကုသမှု ပေးနိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို အမျိုးသားလွှတ်တော် က မှတ်တမ်းတင်ရန် ဆုံးဖြတ်

မြန်မာနိုင်ငံတွင် ကျန်းမာရေးကဏ္ဍ၌ ကျန်းမာရေး စီမံကိန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသကဲ့ သို့ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့ကျစေရေး အစီအမံတစ်ခု အနေဖြင့် အမှန်တကယ် ဆင်းရဲချို့တဲ့ သူများအား စိစစ်၍ အခမဲ့ဆေးကုသမှု (Free Medical Service) ပေးနိုင်ရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဇွန် ၂၆ ရက်တွင် ပြုလုပ်သော အမျိုးသား လွှတ်တော်က မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့သည်။

KIA အဖွဲ့ ထောင်ထားသော မိုင်းများကြောင့် ဒေသခံများ လယ်ယာ လုပ်ကိုင်ရန် အခက်ကြုံ

ကချင်ပြည်နယ်၊ ချီဗွေမြို့နယ်အတွင်းရှိ မျှော်မောတလျှောက် တမူးကျေးရွာနှင့် မေခမြစ် အနောက်ဘက် ကမ်းပါး တလျှောက်ကြားတွင် KIA ရင်း(၁၀)မှ မိုင်းများ ထောင်ထားခဲ့ပြီး နယ်မြေအေးချမ်းလာချိန်တွင

ငြိမ်းချမ်းရေးကို သဘောထားကြီးမှုဖြင့် တည်ဆောက်မှ ဒီမိုအသွင် ပြောင်းလမ်းကြောင်း ချောမွေ့မည်

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ရပ် သဘောတူညီမှု လက်မှတ်ရေး ထိုးပြီးနောက်ပိုင်း နိုင် ငံရေး ဆွေးနွေးမှုများ စတင်နိုင်ရန် လုပ်ငန်း ဖော်ေ ဆာင်မှု၌ ပါဝင်သူတို့၏ သဘောထားကြီးမှု သည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်း ကို ပိုမိုလွယ်ကူ ချောမွေ့စေ မည် ဖြစ်ကြောင်း ဒီမို ကရေစီအသွင် ကူးပြောင်းရေး လေ့လာသူအချို့က သုံးသပ်သည်။

အုန်းသီးအစိမ်းတစ်လုံးအစွမ်းထက်အသုံးဝင်ပုံ

Photo: အုန်းသီးလေးရဲ့လျှို့ ဝှက်ချက်


တကယ်လို့များ သင်ဟာ ပင်လယ်ကမ်းခြေကို ရောက်ဖူးသူဆိုရင် အုန်းသီးစိမ်းထဲက 
အုန်းရည်ကို
သောက်ခဲ့ဖူးမယ် ထင်ပါတယ်နော်.. ပင်လယ်ကမ်းခြေ မရောက်ဖြစ်တောင် 
မိမိတို့နေထိုင်တဲ့မြို့
ရှိ ဆိုင်တွေမှာ အုန်းရည်ကို သောက်သုံးလို့ ရပါသေးတယ်.. အုန်းရည်ဟာ 
ချိုမြမြ ရှတတအရသာ
ရှိတယ်ဆိုတာ လူတိုင်းက သိကြပေမဲ့ အုန်းရည်ရဲ့ အသုံးဝင်ပုံ 
လျှို့ဝှက်ချက်လေးကိုတော့ သိသူနည်းမယ်
ထင်ပါတယ်.. အုန်းသီးတစ်လုံးထဲက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ 
အုန်းရည်အကြောင်းနဲ့အတူ
အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည် ဝေမျှပါဦးမယ်ရှင်။


အုန်းသီးလေးရဲ့လျှို့ ဝှက်ချက်

အုန်းသီးဟာ လူတွေအတွက် ကောင်းမွန်ထူးခြားတဲ့ အစာတစ်မျိုးဖြစ်ပါတယ်.. 
အထူးခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင်နိုင်စွမ်းရှိတဲ့ အသီးဖြစ်ပါတယ်.. 
အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေနိုင်စွမ်းရှိခြင်း၊ 
ကိုလက်စရောကို လျော့ချပေးနိုင်စွမ်းရှိခြင်း၊ ရေဓာတ်ကို 
ထိန်းသိမ်းပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည်သွင်းဖို့ 
လိုအပ်နေသူများကိုတောင်မှ အုန်းရည်ဖြင့် အစားသွင်းကုသပေးနိုင်ခြင်းစတဲ့ 
အုန်းသီးရဲ့ အသုံးဝင်အရေးပါပုံကို သိရှိသူမှာ လူအနည်းစုလောက်သာ ရှိပါတယ်.. 
ခေတ်ပေါ် ဆေးသုတေသနပြုသူများကလည်း အုန်းသီးဟာ ကျန်းမာရေးအတွက် 
အလွန်အကျိုးပြုစေနိုင်သော အသီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်..

အုန်းရည်


အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်း 
ရှိပုံနဲ့ပတ်သက်ပြီး အကောင်းဆုံး သက်သေတစ်ခုကို ပြောပြရမယ်ဆိုရင် 
ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေ အများအပြား 
ဒဏ်ရာရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေပေမဲ့ 
စစ်မြေပြင်ဖြစ်တာကြောင့် သွေးရည်ကြည်ပုလင်းတွေကို အချိန်မှီ ရရှိဖို့ 
အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ 
အုန်းရည်ကို သွေးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ 
ရှိခဲ့ပါတယ်.. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး 
တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်..


အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို 
အထူးအကျိုးပြုကြောင်း လေ့လာတွေ့ရှိရပါတယ်..


ကိုလက်စရောကို ကျဆင်းစေခြင်း


အစာခြေနိုင်စွမ်း မြင့်မားစေခြင်း


အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း


သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း


ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း


ဆဲလ်အသစ်များကို တိုးပွားစေခြင်း


ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း


ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း


အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း

ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း


ရောဂါများကို ခုခံကာကွယ်ပေးခြင်း


မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း


ဘက်တီးရီးယားများကို သေစေနိုင်ခြင်း


စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် 
အဖိုးတန်တဲ့
အုန်းသီးဖြစ်ပါတယ်..
အုန်းသီးအနုတွင် သန့်စင်ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့အတွက် 
အုန်းသီးအရင့်ထက်စာရင်
အဆီပါဝင်မှုနှုန်း နည်းပါးပါတယ်.. ထို့ကြောင့်လည်း ကျန်းမာရေးအတွက် 
စဉ်းစားပြီး အုန်းသီးတစ်လုံးကို
ဝယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ၀ယ်ယူသင့်တယ်လို့ သိရပါတယ်.. 
အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် 
ခပ်စိမ်းစိမ်းအရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး 
အညိုခပ်ဖျော့ဖျော့အရောင် ရှိတတ်ပါတယ်..


အုန်းဆီ

အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုးများတဲ့ ဆေးကုသမှုဆိုင်ရာ 
ပစ္စည်းအဖြစ် သုံးစွဲနိုင်ပါသေးတယ်.. အုန်းဆီဟာ အားလုံးသိကြတဲ့အတိုင်း 
ဆံပင်သန်စွမ်းနက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာဝ အားဖြည့်ဆေး 
ဖြစ်ပါတယ်.. အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက 
ဦးရေပြားတွင်ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြားခြောက်သွေ့ခြင်းတို့ကို 
ကာကွယ်နိုင်ပါတယ်။ ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ 
အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။ ထို့ကြောင့်လည်း 
အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သောပစ္စည်းအဖြစ်
နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်.. နောက်ထပ် အသုံးဝင်သောအချက်မှာ 
အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို 
ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်.. အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့်
သွားတို့တွင် အမြဲတမ်း ပွတ်တိုက်ပေးပါက သွားများကို 
ပိုမိုခိုင်မာစေနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်.…


အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများအတွက် 
အကောင်းဆုံး moisturizer ဖြစ်ပါတယ်..
အုန်းဆီကို အရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ 
ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်.. 
အရေပြားတွန့်ခြင်းကိုလည်း နှောင့်နှေးစေတယ်လို့ သိရပါတယ်. အုန်းဆီပါဝင်တဲ့ 
အရေပြားစောင့်ရှောက် ပစ္စည်းများဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ 
လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ်ကြပါတယ်.. 
ထိခိုက်ရှနာများအတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက်အဖြစ် 
အထောက်အကူပြုနိုင်ပါသေးတယ်.. ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့်
 ပြင်ပမှ ဖုန်များ ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ 
မ၀င်ရောက်နိုင်အောင် အလွှာပါးလေးအဖြစ် ဖုံးအုပ်ထားစေပါတယ်.. အုန်းဆီဟာ 
ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံး ပြန်လည် 
ကောင်းမွန်စေနိုင်စွမ်းရှိကြောင်း သိရပါတယ်.. အုန်းဆီဟာ ဘက်တီးရီးယားများ၊ 
ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သောမှိုများ၊ စသည်တို့ကို 
ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်..


အုန်းသီးထွက်ပစ္စည်းများ

အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် 
စသည်တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် 
အသုံးပြုကြပါတယ်.. အချို့သောနိုင်ငံများတွင် အုန်းနို့မှာ 
ဟင်းလျာအတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရာသာထူးကဲ 
ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုး ဖြစ်ပါတယ်.. မြန်မာနိုင်ငံတွင်တော့ 
ဟင်းချက်ရာတွင် အသုံးပြုမှု နည်းပါးသော်လည်း မြန်မာမုန့် 
တော်တော်များများတွင် အုန်းနို့ပါဝင်တတ်ပါတယ်.. အုန်းရည်မှာ 
ကျန်းမာရေးအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်သော်လည်း 
အုန်းနို့နှင့်ပြုလုပ်သော အစားအသောက်များ အလွန်အကျွံစားသုံးပါက 
သွေးတိုးရောဂါသမားများအတွက် အလွန်အန္တရာယ်ကြီးပါတယ်..


ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီ များများလိမ်းလို့ 
အုန်းနို့ကိုတော့ သင့်တင့်ရုံသာ
စားကြပါစို့နော်.... :)


Kiran Patil ရဲ့ Health Benefits of Coconut Oil, Coconut Water Health 
Benefits နှင့်
Funzug.com မှ အချက်အလက်များကို မှီငြမ်းကိုးကားပါသည်။ ဤပိုစ့်ပါ 
အချက်အလက်များကို
အတည်ပြုပေးပြီး အချက်အလက်အသစ်များ ထပ်မံရှာဖွေ ကူညီပေးသော 
ဒေါက်တာဇီဝက(ဆေး-၂)
အား အထူး ကျေးဇူး တင်ရှိပါသည်။
တကယ်လို့များ သင်ဟာ ပင်လယ်ကမ်းခြေကို ရောက်ဖူးသူဆိုရင် အုန်းသီးစိမ်းထဲက အုန်းရည်ကို

သောက်ခဲ့ဖူးမယ် ထင်ပါတယ်နော်.. ပင်လယ်ကမ်းခြေ မရောက်ဖြစ်တောင် မိမိတို့နေထိုင်တဲ့မြို့

ရှိ ဆိုင်တွေမှာ အုန်းရည်ကို သောက်သုံးလို့ ရပါသေးတယ်.. အုန်းရည်ဟာ

 ချိုမြမြ ရှတတအရသာ

မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနှင့် အရေးယူခံရသည့် သရုပ်ဆောင်ဘုန်းလျှံ

 Saturday, June 29, 2013
ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် ဟိန်းထူးလင်း(ခ) ဘုန်းလျှံအား
 မူးယစ်ဆေးဝါးများလက်ဝယ်ထားရှိသုံးစွဲမှု ဖြင့် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

မလေးရှားနိုင်ငံတွင် မလေးရဲယောင်ဆောင်မြန်မာတစ်ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ၊ စလန်ဂေါ၊ ပတ်တလင်းဂျာယာ တွင် ဇွန် ၂၉ မနက်ပိုင်း၌ မလေးရှားရဲအယောင်ဆောင်သူ နှစ်ဦးတို့အားသက်ဆိုင်ရာမှဖမ်းဆီးထားပါသည်

မလေးရှားမှ မြန်မာလုပ်သား နှစ်ရာကျော် ထပ်ရောက်မည်

အကြမ်းဖက် မှုများ နောက်ပိုင်း မလေးရှား နိုင်ငံရောက် မြန်မာ လုပ်သားများ ဆက်တိုက် ပြည်တော်ပြန် ဝင်လျက် ရှိရာ ဇွန်လ ၂၉ ရက်နေ့ (ယနေ့) တွင် မြန်မာလုပ်သား ၂၂၈ ဦး ထပ်မံ ရောက်ရှိမည် ဖြစ်ကြောင်း ဧရာဝတီ ဖောင်ဒေးရှင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးမိုးဝေက ပြောကြားသည်။

ကျောင်းပြန်နောက်ကျ၍ ဟုဆိုကာ အသက်ကိုးနှစ်ကျော် ကျောင်းသူကို ရိုက်နှက်ခဲ့သူ တစ်ဝမ်းကွဲ အစ်မအား အမှုဖွင့်

6.28.14
ရိုက်နှက်ခံရသော မနှင်းဝတ်ရည်၏ ဒဏ်ရာများကို တွေ့ရစဉ်

ကျောင်းပြန်နောက်ကျ၍ ဟုဆိုကာ အသက်ကိုးနှစ်ကျော် ကျောင်းသူကို တုတ်နှင့်ရိုက်၊ လက်သီးဖြင့် ထိုးခဲ့သူ တစ်ဝမ်းကွဲ အစ်မအား လူမှုဝန်ထမ်းဌာနမှ အရာရှိ ဒေါ်စံပယ်မှ လှိုင်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။

Time မဂ္ဂဇင်းကို ပိတ်ပင်ရခြင်း အကြောင်းရင်း

သောကြာနေ့က ရန်ကုန်မြို့ ဆွေးနွေးပွဲတခုကို ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် တက်ရောက်လာပါတယ်။

ဆွေးနွေးပွဲအပြီး သတင်းထောက်များက သူ့ကို ဝိုင်းမေးကြပါတယ်။
ဧရာဝတီက မေးခဲ့တဲ့ မေးခွန်းနဲ့အဖြေတွေထဲက တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

TIME-မဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါး သတင်းကြောင့် အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူအား ရဟန်းရှင်လူ ပြည်သူများက ယခင်ထက်ပို၍ ကြည်ညိုလေးစားလာကြ"

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ကြေညာချက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်စိန်မြို့နယ်
ရွာမပရိယတ္တိစာသင်တိုက်၊ အောင်ဆန်းတပ်ဦး မိုးကုတ်ရိပ်သာ၌ ကျင်းပအပ်သော
အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
ကြေညာချက်

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် တယ်လီဖုန်း ခေါ်ဆိုခတွေ ထပ်မံလျှော့ခဖို့ရှိ

မြန်မာနိုင်ငံမှာရှိတဲ့ မိုလ်ဘိုင်းဖုန်းတွေရဲ့ ခေါ်ဆိုခကို ဒီဘဏ္ဍာရေးနှစ်အတွင်းမှာ တစ်မိနစ် ၅ဝ ကျပ်ကနေ အဲ့ဒီထက်သက်သာတဲ့ နှုန်းထားနဲ့ ထပ်မံလျော့ချသွားမယ်လို့ ဒီကနေ့ ပြည်သူ့ လွှတ်တော် မှာ ပြောကြား လိုက်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်စု ကန့်ကွက်သော်လည်း အမျိုးစောင့်ဥပဒေကို သံဃာတော်များ ထောက်ခံ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် အောင်ဆန်းတပ်ဦး မိုးကုတ် ရိပ်သာ၌ ကျင်းပ ပြုပ်ခဲ့သော အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ သြ၀ါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် တက်ရောက်လာကြသူ ရဟန်းတော်များက မျိုးစောင့် ဥပဒေကို ထောက်ခံလိုက်ကြသည်။

အမေရိကန်-မြန်မာ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မည်

အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာ ကို ယမန်နေ့က လက်မှတ်ရေးထိုးသည်။

အမြွှာကျောင်းသား ၂၄တွဲရှိသည့် အီလီနွိုက်ကျောင်း

ချီကာဂိုမြို့ ဆင်ခြေဖုံးမှ  ၁၁ နှစ်အရွယ်လုခ်နှင့်  ရိုင်ယန်နိုဗို ဆဲလ် တို့ အမြွှာညီအစ်ကို နှစ်ဦးက ကမ္ဘာ့ဂင်းနစ်စံချိန် စာရင်းမှာပါရှိတဲ့ထူးဆန်း  အံ့ဩဖွယ်ရာတွေကို လေ့လာရင်း သူတို့ ကိုယ်တိုင်လည်းဘယ်လို ပါ ဝင်နိုင် မလဲဆိုတာစဉ်းစားနေကြပါတယ်။

ပြူတင်းပေါက်မှာ ချစ်တင်းနှောနေစဉ် ပြုတ်ကျသေဆုံးသော စုံတွဲ

လူသေစေနိုင်လောက်အောင် ပူသော ရာသီဥတုဖြစ်ပါတယ်။ အကြောင်းမှာ ဝူဟန်က စုံတွဲတစ်တွဲ ပြူတင်းပေါက်မှာ ချစ်တင်းနှောရင်း ပြုတ်ကျသေဆုံးရသောကြောင့် ဖြစ်သည်။

မြန်မာမတွေ တိုးတက်လာတာလား ဆုတ်ယုတ်လာတာလား (သို့ ) သို့လော သို့လော.... ????

သံဃာ့ညီလာခံကြီးမှာ ဘာတွေ ဆွေးနွေးတိုင်ပင်ခဲ့လဲ ?

၁။ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရေး ..
၂။ အမျိုးစောင့် ဥပဒေ ပေါ်ထွန်းရေး တို့ကို ဆွေးနွေးသွားတာပါ ..

ဒီ(၂)ချက်က ဗုဒ္ဓသာသနာတော်အတွက် ယနေ့ခေတ် လိုအပ်ချက်နဲ့ ကိုက်ညီလှပါတယ်..

မြန်မာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်သည် ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာဖြစ်သည်

ကုလားပညာတတ်တစ်ချို့ရဲ့ ၀ါဒဖြန့်မှုကြောင့် အခုဆိုရင်ကျနော်တို့နိုင်ငံဟာ မိခင်ဘာသာ/ဗုဒ္ဓဘာသာသည် အစောဆုံး

Friday, June 28, 2013

ဖူးကက်တွင် မြန်မာ တဦး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရ


https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-prn1/p480x480/1009758_594687657238543_616849171_n.jpg
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်မြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းချနေသည်ဟု ယူဆရသော မြန်မာနိုင်ငံသား တဦးကို ထိုင်း အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

အသက် ၂၅ နှစ်အရွယ် ဇော်ကိုကိုအောင်ထံမှ စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ အိုက်စ်(ICE)ဟု ခေါ်သည့် မူးယစ်ဆေးဝါး တို့ကို နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက နေအိမ် တအိမ်တွင် ယမန်နေ့က ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ပေါက်တော ကြိမ်နီပြင် ဒုက္ခသည်စခန်း မတည်ငြိမ်မူ အတွင်း လူ (၂) ဦးသေဆုံး

Photo: ပေါက်တော ကြိမ်နီပြင် ဒုက္ခသည်စခန်း မတည်ငြိမ်မူ အတွင်း လူ (၂) 
ဦးသေဆုံး
Friday, June 28, 2013

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည် စခန်းတွင် မတည်ငြိမ်မူ
 ဖြစ်ပွားသဖြင့် စစ်တပ်က ပစ်ခတ်၍ လူ (၂) ဦး သေဆုံးသွားကြောင်း ပေါက်တော 
မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သူသိသလောက် ရှင်းပြရာ ကြိမ်နီပြင် မွတ်ဆလင် 
ဒုက္ခသည် စခန်းတွင် အစိုးရမှ တည်ဆောက်ပေးသော အိမ်ယာ အစီအစဉ်ကို 
လက်ခံသူများနှင့် လက်မခံသူများဟူ၍ အုပ်စု (၂) စုကွဲနေကြောင်း၊ အုပ်စု 
တစ်ခုက အစိုးရက စီစဉ် တည်ဆောက်ပေးသော အိမ်ယာများတွင် နေထိုင်နေကြောင်း၊ 
ယမန်နေ့က မိုးရွာသဖြင့် အိမ်များ မိုးယိုရာ အိမ်ကို ပြုပြင်နိုင်ရန်အတွက် 
လိုအပ်သော ၀ါးများ၊ ဓနိများကို သယ်ယူရန် သွားစဉ် အစိုးရ၏ အိမ်ယာ 
ဆောက်လုပ်ပေးမူ အစီအစဉ်ကို လက်မခံသော အုပ်စုက တုတ်ဓါးများ တိုက်ခိုက်ရန် 
ကြိုးပမ်းသဖြင့် အနီးအနားရှိ တပ်စခန်းသို့ ၀င်ပြေးကြကြောင်း၊ စစ်တပ်မှ 
ဟန့်တားသော်လည်း မရကြောင်း၊ နောက်ပိုင်းတွင် လူအုပ်ဖြင့် စစ်သားများကိုပါ 
ရန်ရှာလာသဖြင့် စစ်တပ်က ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မူကြောင်း 
တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ဦးမှာ နောက်ပိုင်းမှ 
သေဆုံးသွားခဲ့ကြောင်း ပြောကြားသည်။

ယခုအခါ သေဆုံးသူများ၏ အလောင်းများမှာ ပေါက်တောမြို့နယ် ဆေးရုံသို့ 
ရောက်ရှိနေပြီ ဖြစ်ကြောင်း သူက ပြောသည်။

ပေါက်တောရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ သေဆုံးသူ တစ်ဦး၏ အလောင်းသာ 
ပေါက်တော ဆေးရုံသို့ ရောက်ရှိပြီး ယခုအခါ အလောင်းကို သက်ဆိုင်ရာ ဒုက္ခသည် 
စခန်းရှိရာသို့ ပြန်လည် ယူဆောင်သွားပြီ ဖြစ်ကြောင်း ပြောဆိုသည်။

သေဆုံးသူ ဘယ်နှစ်ဦးရှိသည်ကို မိမိတို့ အနေဖြင့် အတည်မပြုနိုင်သေးကြောင်း၊ 
သက်ဆိုင်ရာ ရဲတာဝန်ရှိသူများမှ သွားရောက် စစ်ဆေးနေတုန်း ဖြစ်ကြောင်း၊ 
ပိုမိုသိလိုပါက ပြည်နယ် အဆင့်တာဝန်ရှိသူများကိုသာ ဆက်သွယ်မေးမြန်းပါဟု 
ဆိုကာ ဖုံးချသွားခဲ့သည်။

ပြည်နယ်အဆင့် တာဝန်ရှိသူ ဦးဝင်းမြိုင်ထံ ဆက်သွယ်သော်လည်း လူကြီးမင်း 
ခေါ်ဆိုသော တယ်လီဖုံးမှာ စက်ပိတ်ထားပါတယ်ဟု ပြန်လည် ဖြေကြားသဖြင့် အသေးစိတ်
 အချက်အလက်များကို မေးမြန်းနိုင်ခြင်း မရရှိခဲ့ပါ။

narinjara
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည် စခန်းတွင် မတည်ငြိမ်မူ ဖြစ်ပွားသဖြင့် စစ်တပ်က ပစ်ခတ်၍ လူ (၂) ဦး သေဆုံးသွားကြောင်း ပေါက်တော မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။

ရန်ကုန်မြို့ကမ်းနားလမ်းတွင် ရေနံများထွက်ရှိ

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အတွင်းရှိ ကမ်းနားလမ်းနားနှင့် (၇)လမ်းထောင့်တွင် မြို့တော်စည်ပင်မှ လမ်းများတိုးချဲ့လျက်ရှိသော မြေများတူးဖော်နေသည့်နေရာတွင် ရေနံများ ထွက်ရှိနေကြောင်း မြို့တော်စည်ပင်မှ ယင်းနေရာသို့ ရောက်ရှိနေသော တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှာ Telenor SIM Card တွေအမြန်ဆုံးသုံးနိုင်အောင် လုပ်ပေးမယ်လို့ Telenor ပြော


https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-ash4/p480x480/480834_594612263912749_1508193525_n.jpg
မြန်မာ နိုင်ငံအတွင်းမှာ ဆက်သွယ်ရေး လုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ပြည်ပက ကုမ္ပဏီ ၂ ခုကို တင်ဒါ စိစစ်ရေးအဖွဲ့က ခွင့်ပြုလိုက်တဲ့ အထဲမှာ နော်ဝေးနိုင်ငံက တယ်လီနော ကုမ္ပဏီလည်း ပါဝင်ပါတယ်။ဒီ တယ်လီနော ကုမ္ပဏီ အနေနဲ့ အခုလိုင်စင် ရရှိပြီးနောက်မှာ ဘာတွေ

အမုန်းတရား မပွားကြအောင် ဆွေးနွေး

အမုန်းတရားမပြန့်ပွားရေးဆွေးနွေးပွဲတက်ရောက်လာကြသော ဘာသာရေး၊ 
နိုင်ငံရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ။ (ဓာတ်ပုံ/စည်သူ-VOA မြန်မာ) အမုန်းတရားမပြန့်ပွားရေးဆွေးနွေးပွဲတက်
ရောက်လာကြသော ဘာသာရေး၊ နိုင်ငံရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ။ (ဓာတ်ပုံ/စည်သူ-VOA မြန်မာ)
ကိုကျော်ကျော်သိန်း

28.06.2013
မြန်မာနိုင်ငံမှာ အမုန်းတရားပြန့်ပွားအောင် ပြောဆို ရေးသားတာတွေဟာ တိုင်းပြည်သွားနေတဲ့ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေပြီး နိုင်ငံရဲ့ပုံရိပ်ကိုလည်း ထိခိုက်စေတယ်လို့ ပြည်ထောင်စု ဒုတိယ၀န်ကြီးတစ်ဦးက ပြောလိုက်ပါတယ်။ အမုန်း တရားတွေကို ပြန့်ပွားအောင် ဘယ်သူကပဲလုပ်လုပ် အမြန်ဆုံးရပ်ဖို့လိုပြီလို့

တင်ပြီးသား post များ

3D