သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 27, 2013

မိုင်းဖောက်ခွဲ ဖျက်ဆီး ခံခဲ့ရသော လဂျားယန် အနီးရှိ မိုးလဲတံတား ပြန်လည်ပြုပြင်

ဇွန်လ ၂၇ ရက် ၂၀၁၃

ဗန်းမော် မြစ်ကြီးနား ကားလမ်း မိုးမောက်မြို့နယ် လဂျားယန်၊ လိုင်ဇာဝင်ပေါက် အနီးရှိ မိုးလဲချောင်း ဖြတ် ကူးသည့် ဘေလီတံတား အား KIAအဖွဲ့မှ ဖောက်ခွဲဖျက်ဆီးခဲ့ရာ၂ဝ၁၃ခုနှစ်၊ဇွန်လကုန်တွင် ပြန်လည်  ပြုပြင် ပြီးစီးမည် ဖြစ်သည်။

အဆိုပါ တံတားအား KIA အဖွဲ့မှ စစ်ရေးကို အကြောင်းပြကာ ၂ဝ၁၁ခုနှစ်၊ ဇူလိုင်လ လောက်က ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ ဗန်းမော်-မြစ်ကြီးနား သွားလာမှုများ ပြတ်တောက် ခဲ့ရသည်။ အလားတူ ဗန်းမော်မြစ်ကြီးနား ကားလမ်းပေါ်ရှိ တံတား အများအပြားအား KIA အဖွဲ့မှ ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ အဆိုပါ မိုးလဲတံတားသည် သံဘောင်ဘေလီ တံတားဖြစ်ပြီး ပေ ၃၇ဝ အရှည်ရှိသည်။ ဖောက်ခွဲ ဖျက်ဆီးမှုကြောင့် အရှည် ၂ဝပေ၊ အနံ ၁ပေ၊ ဗျက် ၆လက်မ၊ သံဘောင်ယက်မကြီး ၃ခုနှင့် ၁ဝပေ ဘေလီသံဘောင်အချို့ပျက်စီးကာ မော်တော် ယာဉ်များ သွားမရအောင် ပျက်စီးခဲ့ရသည်။

၎င်းသံဘောင်ကြီးများအား မိုးမောက်မြို့နယ် အစိုးရ ဆောက်လုပ်ရေး အဖွဲ့မှ အစားထိုး ပြုပြင်၍ တည်ဆောက်ခဲ့ရာ ဆွေးမြေ့သော သစ်သားများ ပြန်လဲရန်သာ အနည်းငယ် ကျန်ပြီး ယခုအခါ ကား များ ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်သည်။ တံတားနှင့်ပတ်သက်၍ ဗန်းမော်-မြစ်ကြီးနားသွား ''မနောဧရာ'' ယာဉ်လိုင်းစီး ခရီးသည်တစ်ဦးမှ'' ဒီတံတားကြီး (၃)နေရာ ဖောက်ခွဲခံရပြီး ကားလုံးဝ သွားလို့ မရတော့ဘူး၊ ဒါ့ကြောင့်ချောင်းရဲ့ အောက်ဘက် ရေတိမ်တဲ့ မန်သဲရွာနားမှာ သစ်သားတုံးနဲ့ ယာယီတံတား ဆောက်လုပ် ပြီးသွား နေရတယ်၊ မိုးရာသီ ရေများလာရင် တံတားပါ ရေမျောသွားပြီး သွားလို့ရမှာ မဟုတ်တော့ဘူး၊ မိုးရာသီအမီ ဒီတံတားကြီး ပြုပြင်ပြီးစီးသွားလို့ ကားသွားလာမှု မပျက်တော့ဘူးပေါ့ အဆက်အသွယ် မပျက်တော့တဲ့ အတွက် အတော်ဝမ်းသာ မိပါတယ်'' လို့ပြောကြား ခဲ့ပါတယ်။

 Today Myanmar

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D