သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 29, 2013

သတင်းသမားတွေက တကယ် တာဝန် ရှိတဲ့ အစိုးရကို မေးရမယ်

မီဒီယာတွေက ချောင်ပိတ်စေ နိုင်မယ့် မေးခွန်းတွေ မေးလာရင် နိုင်ငံရေး သမားတွေ ရင်ဆိုင် ဖြေဆိုရ မှာဖြစ်ပြီး တကယ် တာဝန်ရှိတဲ့ အစိုးရကိုလည်း မေးရမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော်ထဲမှာ ဒီဗွီဘီသတင်းထောက် အောင်ထွန်းမြင့်က မေးမြန်းရာမှာ ဖြေကြားလိုက်
တာပါ။
ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး သမ္မတက ဖော်ဆောင်နေတယ်၊ ဒါပေမယ့် ဖော်ဆောင်မှုတွေက လွှတ်တော်နဲ့ သီးခြားဖြစ်နေတယ်လို့ ပြောတဲ့အပေါ် ဘယ်လိုမြင်မိပါလဲ။
“ဝေဖန်မှုတွေရှိနေလို့လည်း ပိုနီးစပ်အောင်လုပ်နေတယ်လေ။ မနက်တုန်းကတောင် လွှတ်တော်ဥက္ကဋ္ဌကြီး
ရဲ့ တောင်းဆိုချက်အရ လာရှင်းပြတာတွေ ရှိတယ်။ ပို ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ထင်တယ်။ ဒီမို
ကရေစီအစိုးရဆိုတာ လွှတ်တော်ကမပါဘဲ လုပ်လို့မရဘူး။ အစိုးရဆိုတာ လွှတ်တော်လည်းပါတယ်။ ၀န်
ကြီးအဖွဲ့တင် မဟုတ်ဘူး။ နောက် အန်တီတို့မှာ သိပ်မရှိသေးတဲ့ တရားရေးမဏ္ဍိုင်ဆိုတာလည်း ပါရမယ်။ အားလုံး ၀ိုင်းဝန်းဆောင်ရွက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မယ်။”
ပြည်တွင်း၊ ပြည်ပ မီဒီယာတချို့က အန်တီကို မေးခွန်းတွေနဲ့ ချောင်ပိတ်စေနိုင်မယ့်အဖြစ်မျိုးတွေ ဖန်တီး
နေတယ်လို့ တချို့ကမြင်တယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါလဲ။
“ဒါက နိုင်ငံရေးလုပ်ရင် ဒီလိုမေးတဲ့ မေးခွန်းတွေဖြေရမယ်၊ နိုင်ငံရေးသမားတွေ ရင်ဆိုင်ရမှာပဲ။ တခုတော့ ရှိတယ်။ သတင်း သမားတွေက တကယ် တာဝန်ရှိတဲ့ အစိုးရကို မေးဖို့ လိုတယ်။ ဒါမှ သတင်း သမားတွေ
အနေနဲ့ ချိန်ခွင်လျှာ ညီမျှတယ်လို့ လူတွေက မြင်မှာ။ နိုင်ငံရေး သမားတွေဆိုတာ နိုင်ငံရေး လုပ်တာမှန်
တယ်။ တကယ်တော့ တိုင်းပြည်ထဲမှာ အုပ်ချုပ်ရေးအာဏာရှိတာ မဟုတ်ဘူး။ တိုင်းပြည်ထဲဖြစ်နေတဲ့ကိစ္စ
နဲ့ ပတ်သက်လို့ အဓိကတာဝန်ရှိတာက အစိုးရဖြစ်တယ်။ အဓိက တာဝန်ရှိသူတွေကို မေးဖို့က ပထမဆုံး လုပ်ရမယ့်ကိစ္စလို့ မြင်တယ်။”
တရုတ်အစိုးရက မြစ်ဆုံနဲ့ပတ်သက်လို့ ပြန်စချင်တဲ့အရိပ်အယောင်တွေ ပြောနေတယ်။ ဒါနဲ့ ပတ်သက်
လို့ရော။
“အဲဒီဟာက အစကတည်းက အန်တီပြောတယ်။ ရပ်လိုက်တယ်၊ ဆိုင်းငံ့လိုက်တယ်ဆိုတာ ငါးနှစ်။ ဆိုင်း
ငံ့လိုက်တာ ၅ နှစ်ဆိုကတည်းက အန်တီတို့အနေနဲ့ ဘယ်လို စာချုပ်တွေချုပ်ထားပြီး ဘယ်လို သဘော
တူညီမှုတွေ ယူထားမှန်းမသိဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။ ပွင့်လင်းမြင်သာမှုမရှိတဲ့အပေါ်မှာ အန်တီ
တို့ကနေပြီး မှတ်ချက်ချဖို့ အင်မတန်ခက်တယ်။ အဲအတွက်လည်း အစိုးရကို မေးရမယ်။ ဘယ်လို သ
ဘောတူညီချက်တွေရှိလဲ။ ဘယ်လိုသဘောတူညီချက်တွေနဲ့ ဒီဟာကို သဘောတူထားတာလဲ။ အခု ဘယ်လိုဆက်လုပ်ဖို့ အစီအစဉ်ရှိလဲဆိုတာ။ ဆိုင်းငံ့တာက ဆိုင်းငံ့တာပဲ။ ဒါက ရပ်သွားတာမဟုတ်ဘူး။
နောင် ဘယ်လိုအစီစဉ်ရှိလဲဆိုတာ မေးရမှာ။ ဆိုင်းငံ့လိုက်တဲ့ အစိုးရကို မေးရမှာ။”
 
by ဒီဗွီဘီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D