အီလက်ထရောနစ် ပုဒ်မအကြောင်း မကြာခဏ ပြောဆိုကာ ဒေါက်တာဆိတ်ဖွား နှင့် Myanmar Express ကို တရားစွဲနေသည့် Eleven Media Group ၏ အင်တာနက် စာမျက်နှာအချို့ကို BHG မှ တိုက်ခိုက်လိုက်ကြောင်း သတင်းရရှိသည်။ ဇွန်လ ၈ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီ ခန့်တွင် Blink Hacker Group မှ Eleven Media ၏ စာမျက်နှာများဖြစ်သည့် www.elevenmyanmar.com နှင့် www.thedailyeleven.com တို့အား တိုက်ခိုက်ခဲ့ကြောင်း BHG ၏ စာမျက်နှာတွင် ဖော်ပြထားသည်။ အပြည့်အစုံမှာ
www.elevenmyanmar.com
www.thedailyeleven.com
Eleven Media Group Editor သန်းထွတ်အောင် သည် အစိုးရကိုအပုပ်ချတိုက်ခိုက် ၊ ပြည်သူလူထုကိုစော်ကား ၊ မီဒီယာလွပ်လပ်ခွင့်ဟု အော်နေပြီး Eleven Page မှာ ဆဲဆိုခြင်းမပါပဲ အကြံပေးထောက်ပြ comment ပေးသည်ကို comment ကို ဖျက်ပြီး ဘန်း နေခြင်းသည် မီဒီယာလွတ်လပ်ခွင့်လော?
ထို့ကြောင့် သတိပေးသည့်အနေဖြင့် Eleven Myanamr Website နှင့် The Daily Eleven Website တို့ကို တိုက်ခိုက်လိုက်ပါသည်။
ဟူ၍ ဖော်ပြထားသည်။ မူရင်းကို http://www.blinkhackergroup.org/2013/06/eleven-media-group-websites-got-hacked.html တွင် ဖတ်ရှုနိုင်သည်။
BHG မှ ယခင်ကလည်း Eleven Media ကို တိုက်ခဲ့ခဲ့ဖူးပြီး ယနေ့ Eleven Media စာမျက်နှာ တိုက်ခိုက်ခံရမှုမှာ ပဉ္စအကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ Eleven Media Group သည်
၂၀၁၂ ဒီဇင်ဘာ ၆ ရက်နေ့တွင် ပထမ အကြိမ်
၂၀၁၃ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဒုတိယ အကြိမ်
၂၀၁၃ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် တတိယ အကြိမ်
၂၀၁၃ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတုတ္ထအကြိမ်
၂၀၁၃ ဇွန်လ ၆ ရက်နေ့တွင် ပဉ္စမအကြိမ် တိုက်ခိုက်ခံခဲ့ရပြီး BHG နှင့် အခြား မြန်မာ Hackers များ ပူးပေါင်းပါဝင်ကြောင်း သိရသည်။
ဒါ့အပြင် DDos နှင့် လည်း အကြာခဏ အတိုက်ခံရသဖြင့် Website Error ခဏခဏ ဖြစ်နေလေ့ရှိပြီး Eleven Media Facebook စာမျက်နှာလည်း တိုက်ခိုက်ခြင်းခံခဲ့ရဖူးသည်။
လက်တလောအားဖြင့် Eleven Media မှာ Myanmar Express ကို ၎င်းတို့၏ အင်တာနက်စာမျက်နှာ တိုက်ခိုက်မှု နှင့် အီလက်ထရောနစ် ပုဒ်မဟုဆိုကာ တရားစွဲထားပြီး လွှတ်တော်တွင် ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်ပြီးပါက ဒေါက်တာဆိတ်ဖွားကိုလည်း တရားစွဲမည်ဟု သိရသည်။ သို့သော် အင်တာနက်စာမျက်နှာသာ မက အီးမေးကိုပါ ဖောက်ထွင်းရယူခဲ့သည့် BHG ကိုတော့ ဖိန့်ဖိန့်တုန်အောင် ကြောက်နေပြီး တရားစွဲမည့်စကား မပြောရဲသော်လည်း အမေရိကန်သံရုံးသို့သွားကာ Blink Hacker Group ကို ဖော်ထုတ်ပေးရန် တိတ်တဆိတ် တိုင်ကြားထားကြောင်း သိရသည်။
Eleven Media စာမျက်နှာ တိုက်ခိုက်ခံရမှုကြောင့် ဦးသန်းထွဋ်အောင် (ခေါ်) ခရိုနက် သန်းဖွတ်အောင် ၊ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာသိန်းမြင့် (ခေါ်) ငဖား ၊ အယ်ဒီတာ ဦးဝေဖြိုး (ခေါ်) မိဝေ နှင့် နေထွန်းနိုင် (ခေါ်) ဖွန်ကြီး တို့ (၄) ဦးလုံး ထိတ်လန့်တုန်လှုပ်ကာ Eleven Media ကို သိက္ခာဆည်ရန် မည်သို့လိမ်ညာ၍ မည်သူ့ကို အပြစ်ဖို့ ရမည်ကို စဉ်းစားလျှက်ရှိပြီး ၎င်းတို့ အဖွဲ့ တိုက်ခိုက်ခံရမှုအတွက် လူထုက ဝမ်းသာပျော်ရွှင်လျှက် ရှိကြောင်း သတင်းရရှိသည်။
.. www.MyanmarExpress.net