သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 2, 2013

နိုင်ငံကိုးခုမှ ဆရာဝန်များက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအား အခမဲ့ ခွဲစိတ်မည်

Photo: နိုင်ငံကိုးခုမှ ဆရာဝန်များက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ 
ကလေးများအား အခမဲ့ ခွဲစိတ်မည်
Sunday, June 02, 2013

နိုင်ငံပေါင်း ၉ နိုင်ငံမှ စေတနာရှင် ဆရာဝန်ကြီးများ ပါဝင်သည့် Operation 
Smile အဖွဲ့သည် မြန်မာနိုင်ငံအတွင်း မျက်နှာပုံပန်းမကျ ဖြစ်နေသည့် 
နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့လာရောက် ခွဲစိတ်ကုသ 
ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခွဲစိတ်ကုသမှု အစီအစဉ်ကို ဇွန် ၁၅ ရက် မှ ၂၂ ရက်အထိ ရန်ကုန်ပြည်သူ့ 
ဆေးရုံကြီး၊ မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ 
ခွဲစိတ်ကုဌာန၌ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိမြန်မာ တစ်နိုင်ငံလုံးရှိ 
နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များအား ဖိတ်ခေါ်ထားကြောင်း သိရသည်။

ခွဲစိတ် ကုသမှုတွင် အမေရိကန်၊ အင်္ဂလန်၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ 
အင်ဒိုနီးရှား၊ မလေးရှား၊ ပီးရူးနှင့် ဖိလစ်ပိုင်နိုင်ငံများမှ စေတနာရှင် 
ဆရာဝန်ကြီးများ၊ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ စုစုပေါင်းဦးရေ (၄၀)ခန့် 
ပါဝင်မည်ဖြစ်ကြောင်းနှင့် ယင်းအစီအစဉ်ကို စင်ကာပူနိုင်ငံ Fraser & 
Neave Ltd မှ အဓိက ပံ့ပိုးကူညီပြီး မြန်မာနိုင်ငံရှိ ကရုဏာရှေ့ရှု မြန်မာမှု 
အစီအစဉ်မှလည်း ပူးပေါင်းဆောင်ရွက်ပေးခြင်း ဖြစ်သည်။

"Operation Smile အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာခွဲတာ ဒါနဲ့ဆို 
တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာ ဝေဒနာရှင်ဦးရေ ၁၀၀ ကနေ ၁၅၀ 
အထိခွဲဖို့ မှန်းထားပါတယ်။ လက်ရှိစာရင်း ရထားတဲ့ ဦးရေက ၅၀ လောက်ပဲ 
ရှိပါသေးတယ်။ ခွဲမယ့်ရက်က ဇွန် ၁၅ ရက်စမှာ ဆိုတော့ ၁၄ ရက်နေ့အထိ 
စာရင်းပေးတာ လက်ခံသွားမှာပါ။ နယ်ကလာမယ့် သူတွေဆိုရင်တော့ စာရင်းကို 
ဖုန်းနဲ့ကြိုပေးပြီး ရန်ကုန်ကို ၁၄ ရက်နေ့ အရောက်လာပေးဖို့ လိုပါတယ်" 
ဟု ကရုဏာရှေ့ရှု မြန်မာမှု အစီအစဉ်မှ ဒေါ်ဝင်းဝင်းသန့်က ပြောကြားခဲ့သည်။

Operation Smile အဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ မျက်နှာပုံပန်းမကျ 
ဖြစ်နေသည့် ကလေးငယ်များအား အခမဲ့ခွဲစိတ် ကုသမှုများကို ၂၀၁၀ ပြည့်နှစ်တွင် 
တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် ပြုလုပ်ပေးခဲ့ပြီး လက်ရှိအချိန်အထိ 
နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်ပေါင်း ၂၁၈ ဦးကို ခွဲစိတ်ကုသ 
ပေးခဲ့ပြီးဖြစ်သည်။ Operation Smile အဖွဲ့တွင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားရှိ 
နိုင်ငံပေါင်း (၅၆)နိုင်ငံမှ လုပ်အားဒါန အခမဲ့ ပေးလှူကြသည့် စေတနာရှင် 
ဆရာဝန်ပေါင်း လေးထောင်ကျော်ရှိကြောင်း သိရသည်။

ခွဲစိတ်ကုသ လိုသူများ ၀၉၇၃၁၁၃၄၀၄၊ ၀၉၈၆၁၈၄၅၂ တို့သို့ 
စာရင်းပေးနိုင်ကြောင်း သိရသည်။

EMG
နိုင်ငံပေါင်း၉ နိုင်ငံမှ စေတနာရှင်ဆရာဝန်ကြီးများပါဝင်သည့်OperationSmileအဖွဲ့သည် မြန်မာနိုင်ငံအတွင်း မျက်နှာပုံပန်းမကျ ဖြစ်နေသည့် နှုတ်ခမ်းကွဲအာခေါင်ကွဲကလေးငယ်များအားအခမဲ့လာရောက်ခွဲစိတ်ကုသ ပေး သွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါခွဲစိတ်ကုသမှုအစီအစဉ်ကိုဇွန်၁၅ရက်မှ၂၂ရက်အထိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊မျက်နှာ၊ မေးရိုး၊ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာခွဲစိတ်ကုဌာန၌ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိမြန်မာ တစ်နိုင်ငံလုံးရှိ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များအားဖိတ်ခေါ်ထားကြောင်းသိရသည်။

ခွဲစိတ် ကုသမှုတွင် အမေရိကန်၊ အင်္ဂလန်၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပီးရူးနှင့် ဖိလစ်ပိုင်နိုင်ငံများမှ စေတနာရှင် ဆရာဝန်ကြီးများ၊ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ စုစုပေါင်းဦးရေ (၄၀)ခန့် ပါဝင်မည်ဖြစ်ကြောင်းနှင့် ယင်းအစီအစဉ်ကို စင်ကာပူနိုင်ငံ Fraser & Neave Ltd မှ အဓိက ပံ့ပိုးကူညီပြီး မြန်မာနိုင်ငံရှိ ကရုဏာရှေ့ရှု မြန်မာမှု အစီအစဉ်မှလည်း ပူးပေါင်းဆောင်ရွက်ပေးခြင်း ဖြစ်သည်။

"Operation Smile အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာခွဲတာ ဒါနဲ့ဆို တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာ ဝေဒနာရှင်ဦးရေ ၁၀၀ ကနေ ၁၅၀ အထိခွဲဖို့ မှန်းထားပါတယ်။ လက်ရှိစာရင်း ရထားတဲ့ ဦးရေက ၅၀ လောက်ပဲ ရှိပါသေးတယ်။ ခွဲမယ့်ရက်က ဇွန် ၁၅ ရက်စမှာ ဆိုတော့ ၁၄ ရက်နေ့အထိ စာရင်းပေးတာ လက်ခံသွားမှာပါ။ နယ်ကလာမယ့် သူတွေဆိုရင်တော့ စာရင်းကို ဖုန်းနဲ့ကြိုပေးပြီး ရန်ကုန်ကို ၁၄ ရက်နေ့ အရောက်လာပေးဖို့ လိုပါတယ်" ဟု ကရုဏာရှေ့ရှု မြန်မာမှု အစီအစဉ်မှ ဒေါ်ဝင်းဝင်းသန့်က ပြောကြားခဲ့သည်။

Operation Smile အဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ မျက်နှာပုံပန်းမကျ ဖြစ်နေသည့် ကလေးငယ်များအား အခမဲ့ခွဲစိတ် ကုသမှုများကို ၂၀၁၀ ပြည့်နှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် ပြုလုပ်ပေးခဲ့ပြီး လက်ရှိအချိန်အထိ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်ပေါင်း ၂၁၈ ဦးကို ခွဲစိတ်ကုသ ပေးခဲ့ပြီးဖြစ်သည်။ Operation Smile အဖွဲ့တွင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားရှိ နိုင်ငံပေါင်း (၅၆)နိုင်ငံမှ လုပ်အားဒါန အခမဲ့ ပေးလှူကြသည့် စေတနာရှင် ဆရာဝန်ပေါင်း လေးထောင်ကျော်ရှိကြောင်း သိရသည်။

ခွဲစိတ်ကုသ လိုသူများ ၀၉၇၃၁၁၃၄၀၄၊ ၀၉၈၆၁၈၄၅၂ တို့သို့ စာရင်းပေးနိုင်ကြောင်း သိရသည်။

EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D