သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 8, 2013

"မြင်းခွာတစ်ချက်ပေါက်လျှင်းမီဟုန်းဟုန်းတောက်"ခြင်းနှင့် ကျွန်ုပ်တို့၏မြန်မာပြည်သမိုင်း

 
 မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းရာဇ၀င်ကို ပြန်ကြည့်ရင် နယ်ချဲ့အင်္ဂလိပ်တွေကိုတော်လှန်ခဲ့တဲ့ သူရဲကောင်းတွေရဲ့ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ခဲ့တဲ့လုပ်ရပ်တွေကို တွေ့မြင်ရမှာပါ " မြင်းခွာတစ်ချက်ပေါက်လျှင်မီးဟုန်းဟုန်းတောက် " စေရမယ် ဆိုတဲ့ ကျောင်းသားခေါင်းဆောင်ကိုဗဟိန် ရဲ့ မိန့်ခွန်းကိုကျနော်တို့ အသဲခိုက်အောင် ကြိုက်ခဲ့ကြ အရမ်းကိုမျိုးချစ်စိတ်ကို နှိုးဆွစေ တဲ့ မိန့်ခွန်းအဖြစ် အားရခဲ့ကြပါတယ်။ ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မျိုးချစ်သူရဲကောင်းတွေရဲ့ ကြိုးပမ်းမှုနဲ့နိုင်ငံလွတ်လပ်ရေး ကိုရအောင် ယူပေးခဲ့တဲ့အချိန်မှာလဲ ဗိုလ်ချုပ်က " ရရင်ရ မရရင်ချ "

 ဆိုခဲ့တော့ကျနော်တို့ဟာ ဗိုလ်ချုပ်နဲ့ အဲ့ခေတ်အဲ့အချိန်ကမြန်မာတွေရဲ့ သွေးစည်းညီညွှတ်မှုနဲ့သတ္တိကို အားကျအတုယူမိပါတယ်။ ဒီလိုနဲ့ ဦးနုရဲ့ ပါလီမန်ဒီမိုကရေစီခေတ်၊ အဲဒီနောက်တော့ ဦးနေ၀င်းရဲ့ တိုင်းပြည်ကြီးချောက်ထဲကျတော့မှာ လက် ၂ လုံးလောက်ပဲ လိုတော့တယ်ဆိုတဲ့ ( ဘယ်လိုတိုင်း လဲတော့မသိဘူး ) အာဏာသိမ်းမှု၊ရွေးကောက်ပွဲ ၄ ကြိမ်လောက်လုပ်လိုက်ရုံနဲ့ အရပ်သားအစိုးရတွေပျောက်ခဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဆင့်ကအစ တပ်ဖက်ကဖြစ်လာတော့ မြန်မာပြည်သူတို့ရဲ့ အကြီးကျယ်ဆုံး ရင်အနာရဆုံး ၈၈ အရေးတော်ပုံကြီးဖြစ်ခဲ့ရပါတော့တယ်။ ၈၉မှာတော့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့" မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ " ဆိုတဲ့ မူဝါဒနဲ့ နိုင်ငံရေးခရီးလမ်းကို ပြည်သူတွေအနေနဲ့ မမောနိုင်မပမ်းနိုင်ချီတက်ခဲ့ကြပြန်တာပေါ့ ဟုတ်ကဲ့ပါ ဒီအခြေအနေတွေ ရဲ့အရှေ့ သမိုင်းတွေမှာလဲ ဆရာတော် ဦးဥတ္တမရဲ့ "ဂရက်ဒေါက်ဂတ်အောက်" ဆိုတဲ့ စကားရပ်တွေ နောက်ပိုင်းယနေ့ခတ်အထိ ကျနော်တို့သိပြီး နိုင်ငံရေးပုံစံတွေဟာ တော်လှန်ရေးကနေပေါက်ဖွားခဲ့ကြပါတယ် " အလိုမရှိ အလိုမရှိ " ဆိုတဲ့ ကြွေးကြော်သံတွေဟာ အခုလို ဒီမိုကရေစီပေါက်စ တိုင်းပြည်မှာတော့ အကြားရဆုံးဖြစ်ပါလိမ့်မယ်။

          ဒီမိုကရေစီတစ်ကယ်ရောက်ခြင်းနဲ့ တည်ဆောက်ခြင်း အများကြီးကွာခြားပါသေးတယ် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက် ပမာဏတွေကို ကျနော်တို့တိုင်းပြည်အနေနဲ့ရော လက်ရှိအစိုးရနဲ့ နောင်တက်လာမဲ့အစိုးရ အဆင့်ဆင့်အနေနဲ့ လုံးဝ ပြီးပြည့်စုံအောင်လုပ်ဆောင်ပေးနိုင်ဖို့ခက်ခဲပါလိမ့်မယ်။ ကျနော်တို့ဟာ တိုင်းပြည်ဖွဲ့ဖြိုးရေး အတွက်ရုန်းကန်လှုပ်ရှားကြ ရအုန်းမှာပါ ဒီလိုအချိန်မှာ ဒီမိုကရေစီရဲ့လိုအပ်တဲ့ " စိတ်ဓါတ်နဲ့အမူအကျင့် "တွေကို အစဦးဆုံးပျိုးထောင်ဖို့က အဓိကကျနေပါတယ်။ နိုင်ငံရေး၊ လူမျိုးရေးနဲ့ဘာသာရေး စတဲ့ အဓိကကျတဲ့ အရေးကိစ္စတွေဟာ ဘယ်လောက်တည်ငြိမ်မှုရှိလဲ ဆိုတဲ့အတိုင်းအတာဟာ" နိုင်ငံရဲ့ အဖက်ဖက်သော ကဏ္ဍများ " တိုးတက်ရေးအတွက် အခြေခံအကျဆုံးသော လိုအပ်ချက်ဖြစ်လို့နေပါတယ်။ဒီအခြေခံအကြောင်း တရားတွေရဲ့ မတည်ငြိမ်မှုဟာ နိုင်ငံရဲ့တိုးတက်မှုတွေအတွက် အခြေခံအုတ်မြစ်မခိုင်ခန့်မှုတွေ ဖြစ်စေမှာအသေအချာပါ။ အခြေခံအုတ်မြစ်ယိမ်းယိုင်မှုတွေအပါအ၀င် အဖက်ဖက်သော ကဏ္ဍများရဲ့ တိုးတက်မှုလမ်းကြောင်းတွေကိုလဲ ပိတ်ပင်တားဆီးခြင်း၊ အချိန်ကြာမြင့်စေခြင်းတွေ ဖြစ်စေပါလိမ့်မယ်။ဒါကြောင့် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ နိုင်ငံရေးတည်ငြိမ်မှု၊ လူမျိုးရေးတည်ငြိမ်မှု၊ ဘာသာရေးတည်ငြိမ်မှု တွေအားကောင်းအောင် ကျနော်တို့အနေနဲ့ အစွမ်းကုန်ကြိုးစားနိုင်ဖို့ အရေးကြီးပါတယ်။

          တရုတ်မင်းသားဂျက်ကီချန်းကပြောတယ် တရုတ်ပြည်သူတွေဟာ ဒီမိုကရေစီနဲ့မတန်ဘူးတဲ့၊ ဒီလိုဆိုရင် ကျနော်တို့ မြန်မာနိုင်ငံက ပြည်သူတွေရော ဒီမိုကရေစီနဲ့တန်လား ဒါမှမဟုတ်မတန်ဘူးလားဆိုတာကို မေးခွန်းထုတ်စရာ တစ်ခုရှိလာပါပြီ ဒီအဖြေကိုပြန်ဖြေပြနိုင်တဲ့သူက ပြည်သူတွေပါ ဒီမိုကရေစီဆိုတဲ့ ပြည်သူတွေအာဏာရှင်ဖြစ်တဲ့စနစ်မျိုးမှာ ဒီစနစ်နဲ့ တိုင်းပြည်ကောင်းအောင် တည်ဆောက်ဖို့ဖြစ်နိုင်မဖြစ်နိုင် ပြည်သူတွေက ဆုံးဖြတ်ရမှာပါ။ တော်လှန်ရေးပုံစံရဲ့ စီးမျောမှု နဲ့လွှမ်းမိုးမှုဟာ ယနေ့မြန်မာနိုင်ငံရဲ့ အခြေခံအုတ်မြစ်တွေကို ထိပါးလို့လာနေပါပြီ၊ ဘာသာရေးသွေးထိုးမှု၊ လူမျိုးရေးကို အမျိုးသားရေးအနေပြောင်းပြီးသွေးထိုးမှုတွေ၊ နိုင်ငံရေးမှာလဲ ငါမပါရရင် ပတ်မကြီးထိုးခွဲမယ်ဆိုတဲ့၊" ကြွက်မနိုင်ကျီမီးရှို့တဲ့ လုပ်ကွက်တွေ "၊ ဒါတွေကိုဖြေရှင်းနေတဲ့ ပြည်သူတွေရဲ့ ရွေးချယ်မှုလမ်းကြောင်းတွေဟာ တော်လှန်ရေးပုံစံမျိုးတွေဖြစ်နေတာ ကိုတွေ့မြင်ရမှာပါ။ဒီတော့ Gas အပြည့်လွှတ်ထားတဲ့အခန်းထဲမှာ အခန်းပြင်ထွက်ဖို့မစဉ်းစားပဲ၊ ထွက်နေတဲ့ Gas ပေါက်ကို မပိတ်ပဲ၊ မီးခြစ်လိုက်ဝေနေတဲ့ ပုံသဏ္ဍာန်နဲ့တူလို့နေပါတယ်။ အင်မတန်မွန်မြတ်တဲ့ တရားတော်တွေနဲ့ဘာသာရေးတွေကို အသုံးပြုပြီး ငြိမ်းချမ်းစွာနေထိုင်ကြရမဲ့အစား အဲ့ဒီဘာသာတရားတွေကိုအသုံးပြုပြီး ကိုယ့်လည်ပင်းကိုကြိုးကွင်းစွပ်နေတာကို ၀မ်းနည်းဖွယ် ရှုမြင်နေရပါတယ်။ ဒါတွေဟာ ကျနော်တို့လိုချင်တဲ့အဖြေလားဆိုတာ အားလုံးဝိုင်းဝန်းစဉ်းစားစေလိုပါတယ်။

         ဒီမိုကရေစီမှာ လွတ်လပ်စွာပြောဆိုခွင့်ရှိပါတယ်၊ဒါပေမဲ့ ကိုပြောတဲ့စကားကို တာဝန်ယူနိုင်တာဝန်ခံနိုင်ရပါမယ် Face book  မှာ Online မှာ စာလေးတစ်ကြောင်းတင်လိုက်တာပဲဖြစ်ဖြစ်၊ Post လေးတစ်ခုရှဲ လိုက်တာပဲဖြစ်ဖြစ် တာဝန်ယူနိုင်၊ တာဝန်ခံနိုင် ရပါမယ်။ တာဝန်ယူတဲ့နေရာမှာလဲ ဘယ်လိုပုံစံဆိုတဲ့အတိုင်းအတာရှိပါတယ် မိမိသိရှိထားတဲ့ သတင်းအချက်အလက်ရဲ့ ခိုင်လုံ တိကျမှု၊ အဲ့ဒီအပေါ်သုံးသပ်ရှုမြင်နိုင်တဲ့ မိမိရဲ့ဥာဏ်ပညာနဲ့ရှင်းလင်းနိုင်မှု၊ မိမိတင်လိုက်တဲ့ အကြောင်းအချက်ရဲ့ ကောင်းမှု၊ မကောင်းမှု  ဖြန့်ဝေနိုင်မှုအတိုင်းအတာ၊ ဒါတွေကိုကောင်းကောင်းသိရှိဖို့လိုအပ်ပါတယ်။ အကြောင်းမဲ့ပြသာနာတွေကိုဖြန့်ဝေ မှုဟာ သင်ကိုယ်တိုင်မီးခြစ်ဝေတဲ့သူတစ်ယောက်ဖြစ်သွားစေနိုင်တာကို သတိပြုရပါမယ်။

        "  နိုင်ငံရေးတည်ငြိမ်မှု " အတွက်အကောင်းဆုံးအဖြေဟာ " အမျိုးသားပြန်လည်သင့်မြတ်ရေး " ဖြစ်တယ်ဆိုတာငြင်းလို့မရတဲ့ အကြောင်းအချက်ပါ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ဖို့ ဦးဆောင်ကြိုးပမ်းနေသူတွေဟာ မည်သူတွေလဲဆိုတာ အထူးမဖော်ပြ လိုတော့ပါဘူး၊ " ဘာသာရေးတည်ငြိမ်မှု " အခုတလောဖြစ်ပေါ်နေတဲ့ သွေးထိုးလှုံ့ဆော်မှုတွေဟာ ဘာသာရေး တည်ငြိမ်မှုကို အထူးပျက်ပြားစေပါတယ် ကမ္ဘာ့နိုင်ငံတွေမှာ ဘာသာလေးမျိုးလုံး အတူတကွယှဉ်တွဲနေထိုင်ကြတဲ့ နိုင်ငံပေါင်းမျာစွာရှိပါတယ် ဒီလို နေထိုင်ကြတဲ့အခြေအနေမှာ နိုင်ငံအတော်များများမှာ တည်ငြိမ်မှုရှိနေကြတယ်ဆိုတာ ငြင်းဖို့မရှိပါဘူး၊ မတည်ငြိမ်တဲ့ နိုင်ငံတွေလဲရှိပါလိမ့်မယ် ဒါဟာလဲ အဓိကအားဖြင့် တရားဥပဒေစိုးမိုးမှုမရှိတဲ့နိုင်ငံတွေမှာပဲ ဖြစ်နေတာပါ၊ ဘာသာရေးခေါင်းဆောင်ပိုင်းတွေကိုယ်တိုင်က ဘာလိုပဍိပက္ခအသွင်မျိုးမျမဆောင်ပဲ ချစ်ခင်ရင်းနှီးနေကြပြီး၊ ကိုးကွယ်သူဘာသာဝင်တွေ ကြားမှာပဲ ဒီလိုပဍိပက္ခအသွင်ကို တွေ့မြင်နေရတာကိုကြည့်ခြင်းဖြင့် ထိုကိုးကွယ်သူဘာသာဝင်တွေဟာ မိမိတို့ကိုးကွယ်တဲ့ဘာသာတရားကို မိမိတို့ကိုယ်တိုင်မထီမဲ့မြင်ပြုလုပ်နေခြင်းဖြစ်တယ်ဆိုတာ သိရှိနိုင်ပါတယ်။ " လူမျိုးရေးတည်ငြိမ်မှု " လက်ရှိတွေ့ ရတဲ့ပြသာနာတွေမှာ ဘာသာရေး၊လူမျိုးရေးယှဉ်တွဲပြီးသွေးထိုးနေကြတာကို တွေ့မြင်ရပါတယ် အမျိုးသားရေးအသွင်လက္ခဏာအနေနဲ့လဲ ထပ်ဆင့်သွေးထိုးလှုံဆော်ကြပါတယ်၊ ဒီနေရာမှာ ပုံစံ၂မျိုးတွေ့ရှိရပါတယ် နိုင်ငံရေး အမြတ်ထုတ်လိုမှုအတွက် ဘာသာရေး နဲ့အမျိုးသားရေး သွေးထိုးလှုံ့ဆော်မှုနဲ့ အစွန်ရောက်ပုံစံတွေနဲ့သွေးထိုးနေမှုတွေပါ မြန်မာနိုင်ငံမှာ ဘယ်ခေတ်ဘယ်အချိန်တုန်းကမှ အစွန်းရောက်ဗုဒ္ဓဘာသာဆိုတာ မရှိခဲ့ပါဘူး၊ ဗုဒ္ဓဘာသာကိုယ်၌ကလဲ အစွန်းရောက်ခြင်းကိုတားမြစ်ထားပြီးသားပါ ဒီအတွက်ကြောင့် မခံမရပ်နိုင်တဲ့အဆုံး အမျိုးသားရေးဆိုတာနဲ့ လမ်းကြောင်းပြောင်းသွေးထိုးကြပါတော့တယ်။

          အမျိုးသားရေးဂုဏ်သိက္ခာဆိုတာ အလွန်အရေးကြီးပါတယ်၊ တစ်မျိုးသားလုံးရဲ့အသက်လို့ ပြောလို့ရပါတယ် နိုင်ငံတကာ မှာလဲသူ့နိုင်ငံနဲ့သူအလိုက်၊ မိမိလူမျိုးနဲ့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာတွေကို မြှင့်တက်အောင်ကြိုးစားကြပါတယ်၊ နိုင်ငံတစ်နိုင်ငံ အတွက် လူမျိုးစုတစ်ခု ဒါမှမဟုတ် လူမျိုးစုအားလုံးကိုရည်ညွှန်းတဲ့ အမျိုးသားရေးဂုဏ်သိက္ခာကို တိုင်းတာတဲ့စံချိန်စံညွှန်းတွေရှိ ပါတယ် ၁။ အဲ့ဒီနိုင်ငံ ဘယ်လောက်တည်ငြိမ်သလဲ ဆိုတာနဲ့တိုင်းတာပါတယ် ၂။ အဲ့ဒီနိုင်ငံမှာ လူ့အခွင့်အရေး ဘယ်လောက်ရှိလဲ ဘယ်လောက်ပြည့်ဝသလဲ ( အခုခေါင်းဆောင်တွေ ဘာလို့ လူ့အခွင့်အရေးကိုထည့်သွင်းပြောကြားရတာလဲဆိုတာသိရှိစေဖို့ပါ ) ၃။ အဲ့ဒီနိုင်ငံရဲ့ ပညာရေးစနစ်၊ လူတစ်ဦးချင်းဝင်ငွေ၊ စီးပွားရေးနဲ့ နိုင်ငံခြားရေးမူဝါဒများ  စတဲ့အချက်တွေနဲ့ တိုင်းတာပါတယ်။ ဒါကြောင့် ပြည်သူတစ်ဦးချင်းစီအနေနဲ့ ကိုယ့်နိုင်ငံရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးလိုပါသလား၊ မိမိလူမျိုးနဲ့အမျိုးသားရေးဂုဏ်သိက္ခာ ကိုမြှင့်တင်ပေးလိုပါသလား၊ မြှင့်တင်ပေးလိုတယ်ဆိုရင်တော့ နိုင်ငံတွင်းတည်ငြိမ်ရေးကို မိမိဘယ်လောက်ပံ့ပိုးပေးနိုင်မလဲ၊ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုမြင့်တင်မှုအပိုင်းတွေကို ဘယ်လိုထောက်ပံ့ပေးနိုင်မလဲ၊ မိမိနိုင်ငံမှာ နိုင်ငံတကာကသတ်မှတ်တဲ့ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့ တက်နိုင်သမျှပြည့်စုံအောင် ဘယ်လိုပံ့ပိုးကူညီမလဲဆိုတာတွေကို ပြည်သူတစ်ဦးချင်းစီအနေနဲ့ စဉ်းစားလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

           တရားဥပဒေစိုးမိုးရေးဘာကြောင့်အရေးကြီးသလဲ ... ? တရားဥပဒေရဲ့အောက်မှာ လူမျိုးရေးခွဲခြားမှုမရှိပါ ဗမာတစ်ယောက် ဥပဒေချိုးဖောက်ရင်ဖြစ်ဖြစ်၊ ရှမ်းတစ်ယောက် ဥပဒေချိုးဖောက်ရင်ဖြစ်ဖြစ်၊ ကျန်တဲ့ ကချင်၊ကယား၊ကရင်၊ချင်း တွေနဲ့ တရုတ်၊အိန္ဒိယအနွယ်တွေပဲဖြစ်ဖြစ် ဥပဒေကိုချိုးဖောက်ရင် ချိုးဖောက်သူက ပြစ်မှုအလိုက် အပြစ်ဒါဏ်ခံရမှာဖြစ်ပါတယ်၊ ဒါအပြင် တရားဥပဒေရဲ့ အောက်မှာ ဘာသာရေးခွဲခြားမှုမရှိပါ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပဲဖြစ်ဖြစ်၊ ဟိန္ဒူဘာသာဝင်ပဲဖြစ်ဖြစ်၊ အစ္စလာမ် ဘာသာဝင်တစ်ဦးပဲဖြစ်ဖြစ် တရားဥပဒေချိုးဖောက်ရင် တိုင်းပြည်ရဲ့ တရားဥပဒေနဲ့အညီ အပြစ်ဒါဏ်ကျခံရမှာဖြစ်ပါတယ်။ ဒါကြောင့် လူအများအနေနဲ့ နိုင်ငံနဲ့တစ်မျိုးသားလုံးရဲ့ဂုဏ်သိက္ခာမြှင့်တင်ရေး၊ နိုင်ငံတွင်း အဖက်ဖက်မှတည်ငြိမ်မှုရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးတွေကို အဖက်ဖက်မှထောက်ပံ့ကူညီပြီး ဒီမိုကရေစီရေးအတွက်လိုအပ်တဲ " စိတ်ဓါတ်နဲ့အမူအကျင့် " တွေကိုတည်ဆောက်ယူကြပါစို့လို့တိုက်တွန်းလိုက်ပါရစေ၊ တစ်ခေတ်တစ်ခါက " မြင်းခွာတစ်ချက်ပေါက်လျှင်မီးဟုန်းဟုန်းတောက်စေရမယ် " ဆိုတဲ့ ကိုဗဟိန်းရဲ့မိန့်ခွန်းဟာ မှန်နေပေမဲ့ ယနေ့အချိန်မှာတော့ မြင်းခွာပေါက်လို့မီးရှိ့မယ်ဆိုရင် ကိုယ်ရှို့တဲ့မီးဟာ ကိုယ်တင်မက ကိုယ့်တစ်အိမ်လုံး ကိုယ့်တစ်နိုင်ငံလုံးကိုပါ ပြာကျသွားစေနိုင်တယ်ဆိုတာကို သတိရှိကြဖို့ အသိပေးလိုက်ပါရစေခင်ဗျာ။

*** တစ်ကယ်လို့ ဒီအချက်အလက်တွေကို ပြည်သူတွေသိသင့်တယ်လို့ သင်ယူဆပါက ရှဲပေးစေလိုပါတယ်***


                                                                                                                          ပြည်သူ့အကျိုး အစဉ်ဦးထိပ်ထားလျှက်

                                                                                                                           WintHtal KaungMyat
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D