သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 6, 2013

သတင်းဋ္ဌာန အသုံးမကျတာနဲ့  -NLD -မဲမပေးရေး

တကယ်တော့ ကျွန်တော်စိတ်ပျက်နေတဲ့ အထဲမှာ မြန်မာပိုင်းဆိုင်ရာ လွှင့်ထုတ်နေတဲ့  နိုင်ငံခြားက သတင်းဋ္ဌါနတွေဘဲဖြစ်တယ် ။ သူတို့ တွေ လွှင့်ထုတ်နေတာဟာ မီဒီယာကျင့်ဝတ်နဲ့  ညီနေတာ တစက်မှု မရှိဘူးဆိုတာ ထင်ရှားနေတယ် ။ ရေဒီိယိုသတင်းတပုဒ်ကို လွှင့်ထုတ်မယ်ဆိုရင် သတင်းအတည်ပြုချက် ယူမှသာ သတင်းတိကျတယ် - ခိုင်မာတယ် - မှန်ကန်တယ်- ဆိုတာပြောလို့ ရတယ် ။

ခုတော့ မီဒီယာကျင့်ဝတ်ဆိုတာကို လုံးဝဆန့် ကျင်ဖီလာပြီး ရေးထုတ် လွှင့်ချင်သလို လွှင့်နေတယ်။ ဒီတော့ မဖြစ်သင့်တဲ့  သွေးထိုးလှုံ့ ဆော်မှုတွေဟာ ၀ါဒဖြန့် ချီမှုကြောင့် ဖြစ်ပေါ်လာရတာများတယ် ။
     အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  ညီလာခံကျင်းပတာကို သိရတယ် ။ အဲဒီညီလာခံကအပြန်မှာ -RFA- သတင်းဋ္ဌါနက ထုတ်လွှင့်တဲ့  သတင်းအရ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းက မောင်တောနဲ့  ဘူးသီးတောင်မြို့ နယ်အတွင်းမှာ နေထိုင်တဲ့  ရိုဟင်ဂျာမိသားစုတွေကို မိသားစုတစုလျှင် ခလေးနှစ်ယောက် ယူရမယ်ဆိုတာကို ညီလာခံကအပြန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ ခွဲခြားဆက်ခံတာဖြစ်တယ်လို့  ပြောသွားကြောင်း မြင်ကြားရတယ် ။
  ကောင်းပါပြီ ။ RFA- သတင်းထောက်က ပြောသလို ရိုဟင်ဂျာမိသားစုလို့  သတင်းမေးတဲ့  အဲဒီသတင်းထောက်ဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးသာ ရှိတယ်ဆိုတာ မသိဘဲ နေတာလား ။ ဒါမှမဟုတ် မြန်မာနိုင်ငံအတွင်းမှာ အစိုးရက အသိအမှတ် မပြုတဲ့  လူမျိုးကို တိုင်းရင်းသားလူမျိုး အဖြစ် သတ်မှတ်ချင်လို့  အခုလို ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ တာလား ဆိုတာ မေးခွန်းထုတ်ရပါတော့မယ် ။  လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌါနနဲ့  ပြည်သူ့ ဆက်ဆံရေးအင်အားဦးစီးဋ္ဌါနကို မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားလူမျိုး ဘယ်နှစ်မျိုး ရှိသလဲဆိုတာကို အဲဒီသတင်းထောက်က  သတင်းအတည်ပြုချက် ယူဖို့  သင့်တယ် ။ ပြန်ကြားရေးဝန်ကြီးကသော်လဲ ယူဖို့ သင့်တယ် ။ ပြောရေးဆိုခွင့် ရှိတဲ့  တာဝန်ရှိသူများဆီကလဲ သတင်းအတည်ပြုချုက်ကို ယူသင့်တယ် ။ ခုတော့ ဘာမှ သတင်းအတည်ပြုချက် မယူခဲ့ ဘဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုး အပြင် နောက်ထပ် လူမျိုး တမျိုးကို တိုးလို့  ကြေညာတာဟာ -RFA-VOA- တို့  ကို စဉ်းစားကြည့်ရင် လက်မခံနိုင်စရာဖြစ်တယ် ။
    ဒီတော့ကာ မီဒီယာဥပဒေကို ရေးဆွဲအတည်ပြု နေတဲ့  မီဒီယာသမားတွေ သတင်းစာဆရာတွေ စာရေးဆရာတွေကအစ အခုလို ဖြစ်နေတဲ့  ပြသနာကို ကန့် ကွက်ရမှာဖြစ်တယ်လို့  မြင်တယ် ။ မီဒီယာဆိုတာ လွပ်လွပ်စွာရေးခွင့် တခုတည်းကိုဘဲ မီဒီယာအခွင့်အရေးကို ကြည့်ပြောနေရတာမဟုတ်ဘဲ အခုလို နိုင်ငံတနိုင်ငံရဲ့  အမျိုးသားလုံခြုံမှုတွေ- အမျိုးသားယဉ်ကျေးမှု ထိပါးပျက်စီးမဲ့  အရာတွေ- အမျိုးသားအကျိုးစီးပွါးကို ထိခိုက်ပျက်စီးဆုံးရှုံးစေမှုတွေကို ကာကွယ်စောင့်ရှောက်ဖို့  ဥပဒေနဲ့ အညီ ပြဋ္ဌန်းတားဆီးပေးရတာတွေ ရှိတယ် ။  နိုင်ငံတော်ကို အယုံအကြည် ပျက်စေတာတွေ -ပဋိပက္ခဖြစ်စေတာတွေကို တားဆီးကာကွယ်ပေးရတာတွေ- မီဒီယာကျင့်ဝတ်အရ သတင်းအတည်ပြုချက် ယူရတာတွေကို တည့်မတ်စွာ ပြုလုပ်ရတယ် ။
     ခုတော့ မြန်မာနိုင်ငံအတွင်းမှာ ဒီဥပဒေမျိုးက မရှိတော့ ရေးချင်ရာရေး ဖြစ်ချင်ရာဖြစ်နေတော့ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုးရှိရာကနေပြီး ခုတော့ -၁၃၆-မျိုးဖြစ်အောင် ပြောဆိုရေးသားနေတာဟာ အစိုးရရဲ့ မီဒီယာဥပဒေထိမ်းချုပ်မှု ညံ့ဖျင်းမှုကြောင့် ဖြစ်တယ် ။ ဒီပြသနာကို အစိုးရက ငြိမ်နေလို့  မဖြစ်ဘူးဆိုတာ ပြောချင်တယ် ။ သမ္မတဦးသိန်းစိန်ကတောင် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး-၁၃၅-မျိုး ရှိပါတယ်လို့  ကြေညာထားတာကို ဘာကြောင့်များ အစိုးရဥပဒေအရ ဘာ့ကြောင့် ထိမ်းချုပ် မတားဆီးနေရမှာလဲ ။ ဒါဟာ ကျွန်တော်မေးချင်တဲ့  မေးခွန်းဘဲဖြစ်တယ် ။
   ဒုတိယအချက်အနေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဥက္ကဋ္ဌဖြစ်တဲ့  ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တဦးရဲ့  မေးခွန်းကို မေးမြန်းရာမှာ သတင်းထောက်ပြောတဲ့ အတိုင်း ရိုဟင်ဂျာမိသားစု ဆိုတဲ့  စကားကို ကြားလို့  ဒီလူမျိုးကို လက်ခံပြီး ပြန်လည် ဖြေကြားခဲ့ လေသလားဆိုတာ စဉ်းစားစရာဖြစ်တယ် ။  သတင်းထောက်က မေးတဲ့ အတိုင်းသာ ဖြေကြားခဲ့ တယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်လက်မခံ ကန့် ကွက်ကြောင်း ပြောပါရစေ ။  တကယ်လို့  သတင်းထောက်မေးရာမှာ အဲဒီလို လူမျိုးကို ထုတ်ဖေါ်ပြောဆိုပြီး မေးမြန်းခဲ့ တာမဟုတ်ဘဲ မောင်တောနဲ့  ဘူးသီးတောင်မြို့ နယ်မှာ မိသားစု တစုလျှင် ခလေး နှစ်ယောက်သာ ယူရမယ်ဆိုတာကို လက်မခံဘူး-ဒါဟာ ခွဲခြားဆက်ဆံတာဖြစ်တယ် -လူ့ အခွင့်အရေးနဲ့ လဲ မကိုက်ညီဘူးလို့ သာ ဖြေကြားခဲ့ တယ်ဆိုရင် ကျွန်တော်တို့  ဘာမှ ကန့် ကွက်ပြောဆိုစရာ အကြောင်းမရှိဘူး ။
    ကောင်းပါပြီ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  အခုလို သတင်းထောက်တဦးက မေးမြန်းတာကို ချက်ချင်းသဘောမပေါက်ဘဲ တုန့် ပြန်ဖြေကြားလိမ့်မယ်လို့  ယုံကြည်ရမှာ ခက်ခဲလှတယ် ။  ဒီတော့ မိသားစုတစုလျှင် ခလေးနှစ်ယောက် ယူရမယ်ဆိုတဲ့  ဒေသန္တရအမိန့် ကို လက်မခံ- ခွဲခြားဆက်ဆံတာမျိုး မြင်တယ်လို့  ပြောရင်လဲ ပြောလို့ ရတယ် ။ သို့ ပေမဲ့  မြန်မာနိုင်ငံအတွင်းမှာ မောင်တောနဲ့  ဘူးသီးတောင်မြို့ နယ်မှာ ရှိနေတဲ့  ဘင်္ဂလီလူမျိုးတွေနဲ့  ပါတ်သက်လို့  အခုလို ကောက်ချက်ချပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ပြောချင်ရာ ပြောနေတာကိုတော့ ကျွန်တော်တို့  အထူးစိတ်ပျက်မိတယ် ။
ကျွန်တော်တို့ အနေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို မဲပေးကြဖို့  ဘယ်လိုမှ တိုက်တွန်းချင်တဲ့  စိတ်မရှိတော့ဘူး ဆိုတာ ပြောချင်တယ် ။  ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ရဲ့  အမျိုးသီလကို စောင့်ရှောက်ပြီး အမျိုးသားအကျိုးစီးပွါးကို ဘယ်လိုကာကွယ်စောင့်ရှောက်ရမယ် ဆိုတာကို  နားလည်နေကြတယ်လို့  ပြောရင် တူသောအကျိုးကို ပေးတာဘဲလို့  ထင်မြင်ယူဆနိုင်ပါတယ် ။

From : ..ခိုင်အောင်ကျော် ( နယူးယောက် )

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D