လူထု ခေါင်းဆောင် (ခေါ်) ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မှ ဘင်္ဂလီများနှင့် ပတ်သက်၍ ဝေဖန်ပြောကြားသည့် သမိုင်းဝင်စကားကို ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေ မှ ရဟန်း ရှင်လူ ပြည်သူ ပေါင်း ထောင်သောင်း ချီပြီး ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူများက အစိုးရ ၏ အစီအမံ နှင့် ဒေသန္တရ ဥပဒေ ကို ထောက်ခံကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသည့် အခွင့်အရေး ဆိုတာကို ဆန့်ကျင်ကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒို့ရန်သူဟု ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ လူထုတစ်ရပ်လုံးမှ ထောက်ခံသူဟု လူတစ်စု မှ ချီးမွှမ်းလေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ယခုကဲ့သို့ ရဟန်းရှင်လူ ပြည်သူအများမှ ၎င်း၏ စကားကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရှက်ဖွယ်လိလိဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။ ပြီးခဲ့သည့် စနေနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် ဆန္ဒပြပွဲ တစ်ခုဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ပါက ဒီပဲယင်းထက် ဆိုးသွားမည်ဟု သတင်းများ ပျံ့နေသဖြင့် ဒေါ်အောင်ဆန်းစုကြည် သွေးပျက်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။
www.MyanmarExpress.net
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...