သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, June 7, 2013

မြန်မာနိုင်ငံသား ၉၀၀ ကျော် ဖမ်းခံရချိန်ထိ လူနည်းစုစာနာရေးသမား ဒေါ်စု ပါးစပ်ပိတ်နေစဲ

အစ္စလမ်ဘာသာဝင် အကြမ်းဖက်သမားများမှ ဗုဒ္ဒဘာသာဝင် မြန်မာလူနည်းစုအား သတ်ဖြတ်မှုများ ပေါ်ပေါက်ပြီးနောက်  မြန်မာနိုင်ငံသား ၉ဝဝ ကျော်ကို ဖမ်းဆီးလိုက်တဲ့အကြောင်း မလေးရှားရဲတပ်ဖွဲ့က ဒီနေ့ပြောကြားပါတယ်။

မြန်မာနိုင်ငံသားတွေများတဲ့နေရာတွေမှာ ဖမ်းဆီးတာလို့ မလေးရှားမှာ နေထိုင်နေတဲ့ ဦးထွန်းထွန်းက ပြောပါတယ်။

မေလ ၃ဝ ရက်ကစပြီး ကွာလာလမ်ပူမြို့မှာ မြန်မာဗုဒ္ဓဘာသာဝင်တွေ တိုက်ခိုက်ခံရချိန်မှာ ၂ ဦး သေဆုံးခဲ့တယ်လို့ ကွာလာလမ်ပူမြို့တော် ဒုရဲချုပ် Amar Singh Ishar Singh  က ပြောပါတယ်။ နောက်နှစ်ဦးလည်း စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ပြောကြားပြီး ဒါတွေဟာ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်တယ်လို့ ယုံကြည်ရတဲ့အကြောင်းပြောပါတယ်။

မလေးရှားမှာ မြန်မာနိုင်ငံသားတွေ ဒီလိုတိုက်ခိုက်ခံရတဲ့အတွက် အသက်ဆုံးရှူံးရတာတွေ၊ ထိခိုက်ဒဏ်ရာရရှိတာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှားသံအမတ်ကြီးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က သတိထောက်လွှာတစ်စောင် ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေ တိုက်ခိုက်ခံရမှုအတွက် ချက်ချင်းစုံစမ်းစစ်ဆေးဖော်ထုတ်ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့၊  မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ဖို့နဲ့ နောင်ဒီလိုဖြစ်ရပ်မျိုး မပေါ်ပေါက်ရအောင် မလေးရှားအစိုးရက အရေးယူဆောင်ရွက်ပေးဖို့ သတိထောက်လွှာမှာ ပါရှိပါတယ်။

သတိထောက်လွှာပေးအပ်ပြီးတဲ့ နောက်တနေ့မှာ  မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာဖြစ်ပြီး ဒါဟာ ဒီလိုအဓိပ္ပာယ်မဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်သွားအောင်နဲ့ မလေးရှားနိုင်ငံထဲ ဒီလိုအကြမ်းဖက်မှုတွေ ယူဆောင်မလာဖို့ ရှင်းရှင်းလင်းလင်း သတိပေးတာဖြစ်တယ်လို့ ကွာလာလမ်ပူမြို့တော် ဒုရဲချုပ်က ပြောပါတယ်။
အဖမ်းခံလိုက်ရတဲ့သူတွေထဲက လူ ၂၅ဝ ကျော်မှာ လိုအပ်တဲ့စာရွက်စာတမ်း အထောက်အထားတွေ မရှိတဲ့အတွက် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနကို လွှဲအပ်လိုက်တယ်လို့လည်း ပြောကြားပါတယ်။

တကယ်တမ်းအကြမ်းဖက်ခံရပြီး သေဆုံးရသူများမှာ ဗုဒ္ဓဘာသာ မြန်မာလူနည်းစု သာဖြစ်ပြီး မြန်မာပြည်တွင်းမှ မွတ်ဆလင်လူနည်းစုများ ဒုက္ခရောက်စဉ်က ဝမ်းနည်းကြောင်းပြောခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မှ ဗုဒ္ဓဘာသာ မြန်မာလူနည်းစု သေဆုံး ၍ အများအပြား အဖမ်းခံ ရမှုအတွက် ဝမ်းနည်းကြောင်း လုံးဝ မပြောသေးပဲ ပါးစပ်ပိတ်နေစဲဖြစ်ပါတယ်။

From :  RFA

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D