သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 6, 2013

ကောလဟလ ဆင်ခြင်ကြ

ဒီကနေ့ ၅-၆-၂၀၁၃-ရက်နေ့မှာ သတင်းမျိုးစုံကြားရပါတယ်။ ဖုန်းသတင်းတွေပါ။
သိုးခြံမှာ ကုလားတွေက စာသင်ကျောင်းကို ဝိုင်းထားပြီ။ ကျောင်းသားမိဘတွေက ဒုတ်တွေဆွဲပြီး ချီတက်ကုန်ကြပြီ- ဆိုတဲ့ သတင်းက အရင်ဝင်လာတာပါ။
၄၁-လမ်းမှာ အဓိကရုဏ်းဖြစ်နေပြီဆိုတာ ဟုတ်လား။ ဘုန်းကြီးကို ထိရင် မခံဘူး။ ဗမာကို ထိရင် ပြန်ချမယ်-ဆိုပြီး သတင်းလည်းမေး သဘောထားလည်းပေးသူတွေကလည်း မနည်းလှပါဘူး။
စက်မှုက အထက်တန်းကျောင်းကို ကုလားတွေ ဝင်စီးဖို့ ချီတက်လာလို့ စက်မှုလုပ်သားတွေ ဒုတ်တွေ ဓားတွေကိုင်ပြီး ဝိုင်းကာကွယ်ထားကြပြီ-ဆိုတာကလည်း အတည်ပေါက်ကြီးဝင်လာတာပါ။
အုန်းကျောမှာ လူတွေ ရပ်စောင့်နေကြတယ်။ ကုလားတွေ ပြေးလာရင် ဆီးချမလို့တဲ့။ ဒါက အတိအကျကြီး ဝင်လာတာပါ။

          စုံးစမ်းကြည့်တော့ ကောလဟလတွေ ဖြစ်နေပါတယ်။ ဆိုင်ကယ်လူအုပ်တစ်စုက စ,ဖွသွားတာလို့ ပြောသူကပြော၊ ကုလားမတစ်ယောက်က စာသင်ကျောင်းထဲထိ ဝင်ရန်တွေ့သွားတာက စတာလို့ ဆိုသူကဆို။ ဆန်နီကားအဖြူပေါ်မှာ ကိုယ်တော်တွေ ဒုတ်တွေကိုင်ပြီး လှည့်ပတ်နေတာကြောင့် ပိုကြီးသွားတာလို့ ထင်ကြေးပေးသူက ပေးနှင့် မန္တလေးမြို့စွန်က ပြည်သူတွေအားလုံး အထိတ်တလန့်ဖြစ်ကြရတဲ့ နေ့ဆိုးတစ်ခုပါ။
          မိဘပြည်သူတွေ ကောလဟလကြောင့် စိတ်အနှောင့်ယှက် မဖြစ်အောင် ဘာလုပ်ပေးရရင် ကောင်းမလဲ စဉ်းစားနေတုန်းမှာဘဲ ၃၅-လမ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီဆိုတာက ပေါ်လာပြန်ရော။
ပြဿနာကြီးကြီးမားမား ဖြစ်စေချင်နေတဲ့ လူတစ်စုက နှစ်ဖက်စလုံးမှာ ရှိနေတာပါ။
မီးအရှို့ခံချင်နေတဲ့ ကုလားတွေ၊ အဖြို၊ အဖျက်ခံချင်နေတဲ့ ကုလားတွေလည်း ရှိပါတယ်။ သူတို့က ဗလီတွေ အိမ်တွေ ဆိုင်တွေ ထိုးကျွေးပြီး ဂျီးဟဒ်လုပ်ချင်နေကြတဲ့ ပြည်ပသြဇာခံ အစွန်းရောက်တွေပါ။
          နောက်တစ်စုက ဗလီတွေ၊ အိမ်တွေ၊ ဆိုင်တွေထိုးကျွေးပြီး ဝီရသူကို စားချင်နေတဲ့ အသိဉာဏ်နည်းပါးတဲ့ လူတစ်စုပါ။
မြန်မာတွေဘက်ကလည်း ရှိနေတာ အမှန်ပါ။ တိုင်းပြည်မငြိမ်မသတ်ဖြစ်အောင် တမင်ဖန်တီးနေတဲ့ ယူဂျီတောကြောင် တစ်စုပါ။
သူတို့တစ်တွေဘာရည်ချက်နှင့်ပဲလုပ်လုပ်တကယ်ဒုက္ခရောက်ကြရတာက ပြည်သူတွေပါ။ ပြည်သူတွေထဲမှာ မြန်မာတိုင်းရင်းသားတွေတင် ပါဝင်တာမဟုတ်ပါဘူး။ နိုင်ငံသားမူဆလင်တွေလည်း ပြည်သူတွေပဲ ဖြစ်ပါတယ်။
          ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်နေတဲ့ နှစ်ဖက်စလုံးက လူတစ်စုကို အရေးမယူဘဲ ပစ်ထားနေသမျှ ကောလဟလ ကြီးနေအုံးမှာပဲ။
          ကောလဟလဆိုတာ လက်သည်မပေါ်တဲ့ လူသတ်မှုတွေ ကြူလွန်နေတဲ့ ကိုယ်ပျောက်လူသတ်သမား အစစ်ပါ။
          ကောလဟလတွေဟာ အသိဉာဏ်မဖွင့်ဖြိုးတဲ့ နိုင်ငံတွေမှာ ဖြစ်တတ်တဲ့ အလေ့ရှိပါတယ်။ အီရန်တို့ အီရတ်တို့မှာ တံတားကျိုးလို့ လူအုပ်တိုးလို့၊ လူချင်းပိလို့၊ တက်နင်းမိလို့ သေလိုက်ကြတာ အစုလိုက် အပြုံလိုက်ပါပဲ။ ကျန်ရစ်ခဲ့တဲ့ ဖနပ်တွေတောင် ရေတွက်လို့ မကုန်နိုင်အောင် များပြားတာ တွေ့ရပါတယ်။
          ဘုရားဟော ဇာတ်တော်တွေထဲက မြေပြိုတယ်ထင်ပြီး ထွက်ပြေးတဲ့ ယုန်သူငယ်ကြောင့် တစ်တောလုံးတစ်တောင် လုံးက သတ္တဝါတွေ ဆင်းရဲဒုက္ခရောက်ကြရပြီး။ တကယ်ခြေခြေ မြစ်မြစ်ဆုံစမ်းကြည့်တော့ ဥသျှစ်သီး ကြွေကြတာ ဖြစ်နေပါရောလား။
          ဖြစ်နိုင်၏။ မဖြစ်နိုင်၏။ ဟုတ်၏။ မဟုတ်၏။ ဆိုတာလောက်ကိုတောင် မဆင်ခြင်နိုင်တဲ့ ဆင်ခြင်တုံ တရားကင်းမဲ့သူတွေသာ ကောလဟလသားကောင်ဖြစ်ကြရတာပါ။
          အပ္ပတွာ ပဒဝိညာဏံ၊ ပရဃောသာနုသာရိနော။
        ပနာဒ ပရမာ ဗာလာ၊ တေ ဟောန္တိ ပရပတ္တိယာ။
          အကြင်သူမိုက်တို့သည် ကိုယ်တိုင်မမြင်မကြားရပါဘဲ သူတစ်ပါးစကား တစ်ဆင့်ကြားကို အဟုတ်ထင်မှတ် ယုံကြည်တက်ကုန်၏။
          ယေစ သီလေန သမ္ပန္နာ၊ ပညာရှုပ သမေ ရတာ။
        အာရကာ ဝိရတာ ဓီရာ၊ န ဟောန္တိ ပရပတ္တိယာ။
          သီလနှင့် ပြည့်စုံသူ၊ ပညာနှင့်ပြည့်စုံသူ၊ ငြိမ်းချမ်းရေးမှာ ပျော်မွေ့သူ၊ မကောင်းမှုကို ရှောင်ကြဉ်သူ- ပညာရှိတို့သည် သူတစ်ပါးစကား တစ်ဆင့်ကြားကို ယုံကြည်တက်သူ မဟုတ်ကြကုန်။
                                                                    (စတုက္ကနိပါတ်။ ဒုဒ္ဒုဘဇာတ်၊ ဇာ၊ ဋ္ဌ။ ၃။ ၆၉။)
          မိုက်လှအလို၊ မြေကြီးပြိုဟု၊ မြည်ဆိုတုံငြား၊ ယုန်စကားကြောင့်၊ တောသားကုန်အောင်၊
        တောသုံးတောင်ဝယ်၊ ဆင်ပြောင်ကစ၊ တွေးဆမဲ့လျှင်၊ ရေသို့ဆင်းခဲ့။  ဖျားရင်းနီးဝေး၊
        ကြီးငယ်သေးနှင့်၊ အရေးပြုထိုက်၊ မပြုထိုက်ကို၊ ဉာဏ်၌မျှော်ဆ၊ ရှုကုန်ကြလော့။
                                                                                      (မဃဒေဝ။ ၃၇၂။)
          ပညာနုပ်သေး၊ လူတဝေးတို့၊ အရေးမမြင်၊ အရေးထင်လျှက်၊
        ဆင်ခြင်မဟဲ့၊ ယုံတတ်ခဲ့၏၊ ယုံငယ့်သဘော၊ မြေပြိုသောဟု၊ ပြောသံကြားရုံ၊
        ယုံကြီးယုံ၍၊ လုံးစုံသားပေါင်း၊ ခြေလေးချောင်းတို့၊ သောင်းသောင်းကြွက်ငြာ၊
        ဉာဏ်မဲ့စွာဖြင့်၊ သမုဒ္ဒရာရေတွင်း၊ ပြေးဝင်ဆင်းရှင့်။ (မဃဒေဝ။ ၂၁၈။)
          ပြည်သူတွေ ကောလဟလကြောင့် ဒုက္ခမရောက်စေဖို့ အသိပညာပေးလုပ်ငန်းတွေ လုပ်ချင်ပေမဲ့ ရေရှည်လုပ်ရမည့် လုပ်ငန်းဖြစ်နေတာကြောင့် လက်တစ်လော ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ကောလဟလတွေကို နှိမ်နှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ပူပေါင်းဖြေရှင်းရေး အဖွဲ့တစ်ခု မြို့တိုင်းရွာတိုင်းမှာ ဖွဲ့ထားဖို့ပါဘဲ။
          ကုလားက ရန်ရှာရင် ချက်ချင်းဖြေရှင်းပေးမည့် အဖွဲ့ ဖုန်းနံပါတ်။
          ဗမာက ရန်ရှာလျှင် ချက်ချင်းဖြေရှင်းပေးမည့် အဖွဲ့ ဖုန်းနံပါတ်။
          ဒါတွေကို ဆိုင်တိုင်းအိမ်တိုင်း နေရာတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကြေညာထားမယ်ဆိုရင် ကောလဟလတွေ ပျောက်ပျက်သွားမှာပါ။
          နောက်ပြီး နှစ်ဦးနှစ်ဖက်ခေါင်းဆောင်တွေ ထိတွေ့ဆက်ဆံရာမှ ချစ်ကြည်ရင်းနှီးမှု ရရှိသွားတဲ့အခါ အလွယ်တစ်ကူ သွေးထိုးလို့ မရနိုင်ဘူးပေါ့။
ဒီအခါ ထာဝရငြိမ်းချမ်းရေးအတွက်ပါ တစ်ဆင့်ခြင်း တက်လှမ်းလို့ ရနိုင်သွားမှာပါ။
အေးအေးလူလူ နေချင်ကြတဲ့ လူကောင်းသူကောင်း မူဆလင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်နှင့် ဘဝလုံခြုံမှုကို အာမခံချက် အပြည်အဝ ပေးနိုင်မည့် အစီစဉ်လေးပါ။
                                                ယုံကြည်ရင်      ပူးပေါင်းလိုက်။
                                                မယုံကြည်ရင်    ကျီးလန့်စာစား နေမြဲနေလိုက်ပါ။
                                                                                       ဦးပဉ္စင်း
                                                                                       ဝီရသူ(မစိုးရိမ်)
                                                                                       (၅-၆-၂၀၁၃ PM 9:57)


From:Wira Thu

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D