သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, June 7, 2013

ကမ္ဘာ့စီးပွားရေးဖိုရမ် အခမ်းအနား ကျင်းပနေသည့် အဆောက်အအုံ အ၀င်အထွက် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးဆိုင်ရာ အထူးကျွမ်းကျင်သည့် ရဲမေများကို တာဝန်ပေးထား

Photo: 
ကမ္ဘာ့စီးပွားရေးဖိုရမ် အခမ်းအနား ကျင်းပနေသည့် အဆောက်အအုံ အ၀င်အထွက် 
စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးဆိုင်ရာ အထူးကျွမ်းကျင်သည့် ရဲမေများကို 
တာဝန်ပေးထား
Friday, 7 June 2013

၂၀၁၃ ခုနှစ် ဇွန် ၅ ရက်မှ ၇ ရက်အတွင်း နေပြည်တော် MIC အဆောက်အအုံတွင် 
ကျင်းပနေသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်အခမ်းအနားတွင် 
အ၀င်အထွက် ဂိတ်ပေါက်များ၏ လုံခြုံမှု စစ်ဆေးရေး အပိုင်းကို 
အထူးကျွမ်းကျင်သည့် ရဲမေများဖြင့် တာဝန်ပေးထားကြောင်း မြန်မာနိုင်ငံ 
ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဇွန် ၆ ရက်က ပြောကြားခဲ့သည်။
အဆိုပါ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် အခမ်းအနားကို အောင်မြင်စွာ 
ကျင်းပနိုင်ရန်အတွက် ဌာနဆိုင်ရာ အသီးသီးမှ ဆပ်ကော်မတီ ၁၀ ခုဖြင့် 
ဖွဲ့စည်းဆောင်ရွက်ထားကြောင်း သိရသည်။

ယင်းဆပ်ကော်မတီ ၁၀ ခုမှာ လုံခြုံရေး ဆပ်ကော်မတီ၊ သတင်းနှင့် ပြန်ကြားရေး 
ဆပ်ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီ၊ အတွင်းရေးမှူးလုပ်ငန်း 
ဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ 
တည်းခိုနေရာချထားရေး ဆပ်ကော်မတီ၊ ပြည်ဝင်ဗီဇာ ဆပ်ကော်မတီ၊ ဖိတ်ကြားရေး 
ဆပ်ကော်မတီနှင့် ကြိုဆိုရေး ဆပ်ကော်မတီတို့ ဖြစ်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူ ရဲမှူးကြီး ဦးကိုကိုအောင်က 
ဇွန် ၆ ရက် ညနေပိုင်းတွင် ''ဒီအခမ်းအနားကြီးကို ခမ်းခမ်းနားနား 
အောင်မြင်ဖို့အတွက် ဌာနဆိုင်ရာ ပေါင်းစုံပါဝင်တဲ့ ဆပ်ကော်မတီတွေ 
ဖွဲ့စည်းထားပါတယ်။ ရဲတပ်ဖွဲ့ဌာန အနေနဲ့ကလည်း အခမ်းအနား မကျင်းပမီကတည်းက 
လုံခြုံရေးဆိုင်ရာတွေကို ကြိုတင်ပြင်ဆင် ထားပါတယ်။ ဒါ့အပြင် 
ဒီအဆောက်အအုံရဲ့ အ၀င်အထွက် ဂိတ်ပေါက်တွေမှာလည်း လုံခြုံရေးစစ်ဆေးမှု 
အပိုင်းကို အထူးကျွမ်းကျင်တဲ့ ရဲမေတွေကို ခန့်ထားပါတယ်'' ဟု The Daliy 
Eleven သို့ ပြောကြားခဲ့သည်။
အဆိုပါ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားဖိုရမ် အခမ်းအနားကို 
နိုင်ငံပေါင်းစုံမှ မီဒီယာ ၆၀၀ ဦးကျော် လာရောက်သတင်း ရယူလျက်ရှိကြောင်း 
သိရသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်သူများကို လုံခြုံရေးတပ်ဖွဲ့မှ 
စစ်ဆေးနေသည်ကို တွေ့ရစဉ်

EMG

ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်သူများကို လုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးနေသည်ကို တွေ့ရစဉ်
၂၀၁၃ ခုနှစ် ဇွန် ၅ ရက်မှ ၇ ရက်အတွင်း နေပြည်တော် MIC အဆောက်အအုံတွင် ကျင်းပနေသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်အခမ်းအနားတွင် အ၀င်အထွက် ဂိတ်ပေါက်များ၏ လုံခြုံမှု စစ်ဆေးရေး အပိုင်းကို အထူးကျွမ်းကျင်သည့် ရဲမေများဖြင့် တာဝန်ပေးထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဇွန် ၆ ရက်က ပြောကြားခဲ့သည်။

အဆိုပါ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဌာနဆိုင်ရာ အသီးသီးမှ ဆပ်ကော်မတီ ၁၀ ခုဖြင့် ဖွဲ့စည်းဆောင်ရွက်ထားကြောင်း သိရသည်။

ယင်းဆပ်ကော်မတီ ၁၀ ခုမှာ လုံခြုံရေး ဆပ်ကော်မတီ၊ သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီ၊ အတွင်းရေးမှူးလုပ်ငန်း ဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ တည်းခိုနေရာချထားရေး ဆပ်ကော်မတီ၊ ပြည်ဝင် ဗီဇာ ဆပ်ကော်မတီ၊ ဖိတ်ကြားရေး ဆပ်ကော်မတီနှင့် ကြိုဆိုရေး ဆပ်ကော်မတီတို့ ဖြစ်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူ ရဲမှူးကြီး ဦးကိုကိုအောင်က ဇွန် ၆ ရက် ညနေပိုင်းတွင် ''ဒီအခမ်းအနားကြီးကို ခမ်းခမ်းနားနား အောင်မြင်ဖို့အတွက် ဌာနဆိုင်ရာ ပေါင်းစုံပါဝင်တဲ့ ဆပ်ကော် မတီတွေ ဖွဲ့စည်းထားပါတယ်။ ရဲတပ်ဖွဲ့ဌာန အနေနဲ့ကလည်း အခမ်းအနား မကျင်းပမီကတည်းက လုံခြုံရေးဆိုင်ရာတွေကို ကြိုတင်ပြင်ဆင် ထားပါတယ်။ ဒါ့အပြင် ဒီအဆောက်အအုံရဲ့ အ၀င်အထွက် ဂိတ်ပေါက်တွေမှာလည်း လုံခြုံရေးစစ်ဆေးမှု အပိုင်းကို အထူးကျွမ်းကျင်တဲ့ ရဲမေတွေကို ခန့်ထားပါတယ်'' ဟု The Daliy Eleven သို့ ပြောကြားခဲ့သည်။

အဆိုပါ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားဖိုရမ် အခမ်းအနားကို နိုင်ငံပေါင်းစုံမှ မီဒီယာ ၆၀၀ ဦးကျော် လာရောက်သတင်း ရယူလျက်ရှိကြောင်း သိရသည်။
EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D