သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 2, 2013

ကျောင်းခန်းထဲတွင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ရန်အမေရိကန်ကျောင်းသားတစ်ဦးကြံစည်

Photo: ကျောင်းခန်းထဲတွင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ရန် 
အမေရိကန်ကျောင်းသားတစ်ဦးကြံစည်
Sunday, June 02, 2013

အသက် ၁၇ နှစ်အရွယ်ရှိ အမေရိကန်ကျောင်းသားတစ်ဦးသည် သူ၏ကျောင်းတွင် 
ပေါက်ကွဲစေ တတ်သော ပစ္စည်းများနှင့် သေနတ်များကိုသုံးကာ 
တိုက်ခိုက်ရန်ကြံစည်ကြောင်းစွပ်စွဲခံရသဖြင့် မေ ၂၈ ရက်တွင် တရားသူကြီးက 
အာမခံကြေးဒေါ်လာနှစ်သန်းပေးရန် ပြောခဲ့သည်။ ဂရန့်အကော့သည် သူ၏ 
ကျောင်းဖြစ်သော အိုရီဂွန်၏အနောက်မြောက်ဘက်တွင်ရှိသော Albany 
အထက်တန်းကျောင်း တွင် “ရုရှားနိုင်ငံသားရက်စက်တဲ့ လူသတ်သမားကဒီမှာပါ” ဟု 
ပြောကာ မီးလောင်ဗုံးတွင် လောင်စာ ဆီပစ်ထည့်ပြီး သေနတ်ဖြင့် 
ပစ်ခတ်ရန်စီစဉ်ကြောင်း တရားရုံးအချက်အလက်များအရ သိရသည်။

အကော့သည်ရှားပါးသော စိတ်ကယောင်ချောက်ချား ရောဂါခံစားနေရကြောင်း 
၎င်း၏မိခင်ကပြောခဲ့ပြီး သူသည်ဗုံးပြုလုပ်နည်းစာအုပ်ကို ဝယ်ပြီးချိန်မှစပြီး 
စိုးရိမ်မိကြောင်း အာဏာပိုင်များက ပြောသည်။

အကော့ကိုလူသတ်မှုကျူးလွန်ရန် အားထုတ်မှုကြောင့် 
တရားရုံးတွင်အမှုစစ်ဆေးနေပုံများကို ဗီဒီယိုဖိုင် များမှတစ်ဆင့်တွေ့ရသည်။ 
ပြီးခဲ့သောရက်သတ္တပတ်က ၎င်း၏အိပ်ခန်းတွင် ဗုံးနှစ်လုံး၊ပိုက်ဗုံးနှစ်ခုနှင့် 
တခြားလက်နက်နှစ်ခုကို တွေ့ခဲ့သည့်အပြင် သူ့ကျောင်းတွင် 
လူအစုလိုက်အပြုံလိုက်ကို သတ်ရန် စီစဉ်ထားသည့် စာများကိုအရာရှိများက 
တွေ့ခဲ့သည်။

“ကားကို ကျောင်းဝင်းထဲမှာ ရပ်လိုက်မယ်၊ လက်တစ်ဖက်က 
ကျောပိုးအိတ်ကိုကိုင်မယ်၊နောက်တစ် ဖက်ကမီးလောင်ဗုံးကိုင်မယ်။ 
ပြီးတော့ကျောင်းကို လမ်းလျှောက်သွားမယ်။ လက်ထဲကအိတ်ကို ပစ်ချ မယ်။ 
မီးလောင်ဗုံးမှာ လောင်စာလောင်းထည့်မယ်။ အိတ်ကိုပြန်ပိတ်မယ်။ မီးရှို့မယ်၊ 
ထွက်ပေါက်တွေ ကို မီးလောင်ဗုံးနဲ့ ပစ်ထားမယ်။ တံခါးတွေ အကုန်ပိတ်ထားမယ်၊ 
ပြီးရင် ရဲတွေမဖမ်းမိခင် ကိုယ့်ကိုယ် ကိုယ် သတ်သေလိုက်မယ်” ဟု 
စာဖြင့်ကြိုတင်ရေးသားထားခဲ့သည်။

၁၉၉၉ ခုနှစ်ဧပြီ ၂၀ ရက်ကလည်း Columbine အထက်တန်းကျောင်းတွင် 
ကျောင်းသားနှစ်ဦး ထိုသို့တိုက်ခိုက်သဖြင့် လူပေါင်း ၁၃ ဦးသေကာ ၂၃ ဦး 
ဒဏ်ရာရခဲ့ဖူးသဖြင့် အကော့က ကိုကဲ့သို့ ဖန်တီး ခြင်းဖြစ်သည်။ အကော့သည် OCD 
ဟုခေါ်သော စိတ်ရောဂါတစ်မျိုးခံစားနေရကြောင်း ၎င်း၏မိခင်က ပြောခဲ့သည်။

မောက္ခ
အသက် ၁၇ နှစ်အရွယ်ရှိ အမေရိကန်ကျောင်းသားတစ်ဦးသည် သူ၏ကျောင်းတွင် ပေါက်ကွဲစေ တတ်သော ပစ္စည်းများနှင့် သေနတ်များကိုသုံးကာ တိုက်ခိုက်ရန်ကြံစည်ကြောင်းစွပ်စွဲခံရသဖြင့် မေ ၂၈ ရက်တွင် တရားသူကြီးက အာမခံကြေးဒေါ်လာနှစ်သန်းပေးရန် ပြောခဲ့သည်။ ဂရန့်အကော့သည် သူ၏ ကျောင်းဖြစ်သော အိုရီဂွန်၏အနောက်မြောက်ဘက်တွင်ရှိသော Albany အထက်တန်းကျောင်း တွင် “ရုရှားနိုင်ငံသားရက်စက်တဲ့ လူသတ်သမားကဒီမှာပါ” ဟု ပြောကာ မီးလောင်ဗုံးတွင် လောင်စာ ဆီပစ်ထည့်ပြီး သေနတ်ဖြင့် ပစ်ခတ်ရန်စီစဉ်ကြောင်း တရားရုံးအချက်အလက်များအရ သိရသည်။


အကော့သည်ရှားပါးသော စိတ်ကယောင်ချောက်ချား ရောဂါခံစားနေရကြောင်း ၎င်း၏မိခင်ကပြောခဲ့ပြီး သူသည်ဗုံးပြုလုပ်နည်းစာအုပ်ကို ဝယ်ပြီးချိန်မှစပြီး စိုးရိမ်မိကြောင်း အာဏာပိုင်များက ပြောသည်။

အကော့ကိုလူသတ်မှုကျူးလွန်ရန် အားထုတ်မှုကြောင့် တရားရုံးတွင်အမှုစစ်ဆေးနေပုံများကို ဗီဒီယိုဖိုင် များမှတစ်ဆင့်တွေ့ရသည်။ ပြီးခဲ့သောရက်သတ္တပတ်က ၎င်း၏အိပ်ခန်းတွင် ဗုံးနှစ်လုံး၊ပိုက်ဗုံးနှစ်ခုနှင့် တခြားလက်နက်နှစ်ခုကို တွေ့ခဲ့သည့်အပြင် သူ့ကျောင်းတွင် လူအစုလိုက်အပြုံလိုက်ကို သတ်ရန် စီစဉ်ထားသည့် စာများကိုအရာရှိများက တွေ့ခဲ့သည်။

“ကားကို ကျောင်းဝင်းထဲမှာ ရပ်လိုက်မယ်၊ လက်တစ်ဖက်က ကျောပိုးအိတ်ကိုကိုင်မယ်၊နောက်တစ် ဖက်ကမီးလောင်ဗုံးကိုင်မယ်။ ပြီးတော့ကျောင်းကို လမ်းလျှောက်သွားမယ်။ လက်ထဲကအိတ်ကို ပစ်ချ မယ်။ မီးလောင်ဗုံးမှာ လောင်စာလောင်းထည့်မယ်။ အိတ်ကိုပြန်ပိတ်မယ်။ မီးရှို့မယ်၊ ထွက်ပေါက်တွေ ကို မီးလောင်ဗုံးနဲ့ ပစ်ထားမယ်။ တံခါးတွေ အကုန်ပိတ်ထားမယ်၊ ပြီးရင် ရဲတွေမဖမ်းမိခင် ကိုယ့်ကိုယ် ကိုယ် သတ်သေလိုက်မယ်” ဟု စာဖြင့်ကြိုတင်ရေးသားထားခဲ့သည်။

၁၉၉၉ ခုနှစ်ဧပြီ ၂၀ ရက်ကလည်း Columbine အထက်တန်းကျောင်းတွင် ကျောင်းသားနှစ်ဦး ထိုသို့တိုက်ခိုက်သဖြင့် လူပေါင်း ၁၃ ဦးသေကာ ၂၃ ဦး ဒဏ်ရာရခဲ့ဖူးသဖြင့် အကော့က ကိုကဲ့သို့ ဖန်တီး ခြင်းဖြစ်သည်။ အကော့သည် OCD ဟုခေါ်သော စိတ်ရောဂါတစ်မျိုးခံစားနေရကြောင်း ၎င်း၏မိခင်က ပြောခဲ့သည်။

မောက္ခ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D