ဦးသောဘိတ အသတ်ခံရချိန်မှ မအေးဝင်း မီးရှိုခံရချိန်ထိ ပါးစပ်ပိတ်နေသည့် ဗုဒ္ဓဘုန်းကြီး ဦးပညာသီဟသည် ဥရောပနိုင်ငံ အချို့နှင့် အမေရိကန်ပြည်ထောင်စုသို့ ဇွန်လ ၁ဝ ရက်နေ့တွင် စတင်ကြွရောက်မည် ဖြစ်ကြောင်း ယင်းဆရာတော်က The Voice သို့ မိန့်ကြားသည်။
ဥရောပနိုင်ငံအချို့နှင့် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများက တရားဟောရန် ဖိတ်ကြားသဖြင့် သွားရခြင်းဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။ ရွှေညဝါဆရာတော်သည် ယင်းခရီးစဉ် အတွင်း ဂျပန်နှင့် ကနေဒါနိုင်ငံတို့သို့ လည်း ကြွရောက်မည်ဖြစ်ကြောင်း ဆရာတော်က မိန့်ဆိုသည်။
ရွှေညဝါဆရာတော်သည် ဇွန်လ ၉ ရက်နေ့၌ မှော်ဘီမြို့နယ်ရှိ ရွှေညဝါ ဓမ္မဗိမာန်တော် အုတ်မြစ်ချခြင်း အခမ်းအနား နှင့် ဥရောပ-အမေရိက ခရီးစဉ်အတွက် နှုတ်ဆက်ပွဲကျင်းပသွားမည် ဖြစ်ကြောင်း ဆရာတော်၏ တပည့်ဒါယကာများထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိစာသင်တိုက်နေ ရွှေညဝါဆရာတော် ဦးပညာသီဟကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်ကနေပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ဘာသာရေးတရားဟောကြားခွင့် ပိတ်ပင်ခဲ့ ဖူးပြီး ဆိုဆုံးမရန် ခက်ခဲသူအဖြစ် သတ်မှတ်ကာ ကျောင်းတိုက်မှ ထွက်ခွာခိုင်းခဲ့သည်။
From :the voice


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...