သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 2, 2013

"သမ္မတမိန့်ခွန်းပြောတဲ့ အခမ်းအနားသွားသူတွေကို ရဲတပ်ဖွဲ့က တားဆီး

Photo: "သမ္မတမိန့်ခွန်းပြောတဲ့ အခမ်းအနားသွားသူတွေကို ရဲတပ်ဖွဲ့က
 တားဆီး"
Sunday, June 02, 2013

ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ကျင်းပတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်
 လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အခမ်းအနားကို သမ္မတဦးသိန်းစိန် 
တက်ရောက်စဉ် သမ္မတကို ကြိုဆိုဖို့ သွားရောက်ကြတယ်ဆိုတဲ့ အိမ်မြေ 
သိမ်းဆည်းခံရသူ ၂၀၀ လောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပါတယ်။

တားဆီးခံရသူတွေကတော့ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း(၁)(၂)(၃)က 
မြေသိမ်းဆည်းခံထား ရတဲ့ ဒေသခံတွေ၊ မရမ်းကုန်းမြို့နယ်က 
နေအိမ်ပြောင်းရွှေ့ခံရသူတွေ နဲ့ ရန်ကုန်မြို့မှာ ကျူးကျော်အိမ်အဖြစ် 
သတ်မှတ်ခံထားရသူတွေ ဖြစ်ပါတယ်

အဲဒီလူတွေကို ဦးဆောင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်က 
သူတို့တွေဟာ သမ္မတကို ကြိုဆိုဖို့ သွားရောက်တာ ဖြစ်တယ်လို့ RFA ကို အခုလို 
ပြောပါတယ်။

"သူတို့က ဆန္ဒပြမှာ ကြောက်လို့တားတာပါ။ကျွန်တော်တို့က ဆန္ဒပြတာ 
မဟုတ်ဘူး။အိမ်အသိမ်းခံရသူတွေ အိမ်ယာမဲ့တွေက သမ္မတကို သွားကြိုတာပါ။သမ္မတကြီး 
ဦးသိန်းစိန် ကျန်းမာပါစေ၊ချမ်းသာပါစေ။အားလုံးကောင်းပါသည်လို့ သမ္မတကြီးကို 
လိမ်နေသူတွေကို ဖယ်ရှားပေးမယ့် နိုင်ငံတော် သမ္မတကြီး အဲလို အော်တာပါ။

သမ္မတဦးသိန်းစိန်ဟာ သမ၀ါယမ၀န်ကြီးဌာနက စီစဉ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့
 ဆင်းရဲမွဲတေမှု လျော့ချရေးအကြောင်း ရှင်းလင်းပွဲမှာ ဒီနေ့ 
တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

RFA Burmese
ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ကျင်းပတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အခမ်းအနားကို သမ္မတဦးသိန်းစိန် တက်ရောက်စဉ် သမ္မတကို ကြိုဆိုဖို့ သွားရောက်ကြတယ်ဆိုတဲ့ အိမ်မြေ သိမ်းဆည်းခံရသူ ၂၀၀ လောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပါတယ်။တားဆီးခံရသူတွေကတော့ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း(၁)(၂)(၃)က မြေသိမ်းဆည်းခံထား ရတဲ့ ဒေသခံတွေ၊ မရမ်းကုန်းမြို့နယ်က နေအိမ်ပြောင်းရွှေ့ခံရသူတွေ နဲ့ ရန်ကုန်မြို့မှာ ကျူးကျော်အိမ်အဖြစ် သတ်မှတ်ခံထားရသူတွေ ဖြစ်ပါတယ်
အဲဒီလူတွေကို ဦးဆောင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်က သူတို့တွေဟာ သမ္မတကို ကြိုဆိုဖို့ သွားရောက်တာ ဖြစ်တယ်လို့ RFA ကို အခုလို ပြောပါတယ်။
"သူတို့က ဆန္ဒပြမှာ ကြောက်လို့တားတာပါ။ကျွန်တော်တို့က ဆန္ဒပြတာ မဟုတ်ဘူး။အိမ်အသိမ်းခံရသူတွေ အိမ်ယာမဲ့တွေက သမ္မတကို သွားကြိုတာပါ။သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ၊ချမ်းသာပါစေ။အားလုံးကောင်းပါသည်လို့ သမ္မတကြီးကို လိမ်နေသူတွေကို ဖယ်ရှားပေးမယ့် နိုင်ငံတော် သမ္မတကြီး အဲလို အော်တာပါ။
သမ္မတဦးသိန်းစိန်ဟာ သမ၀ါယမ၀န်ကြီးဌာနက စီစဉ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျော့ချရေးအကြောင်း ရှင်းလင်းပွဲမှာ ဒီနေ့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D