သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, June 5, 2013

လှိုင်သာယာ စက်မှုဇုန် (၂) ရှိ ဟောင်ကောင် ကြာဆံစက်ရုံတွင် မီးလောင်မှု ဖြစ်ပွား

Photo: 
လှိုင်သာယာ စက်မှုဇုန် (၂) ရှိ ဟောင်ကောင် ကြာဆံစက်ရုံတွင် မီးလောင်မှု 
ဖြစ်ပွား
Wednesday, June 05, 2013

ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန် (၂) ဦးရေပေါလမ်းတွင် တည်ရှိသော 
ဟောင်ကောင် ကြာဆံစက်ရုံတွင် ဇွန် ၄ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုမှာ ညနေ ၆ နာရီ၊ မိနစ် ၃၀ ခန့်တွင် 
စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ည ၇ နာရီခွဲခန့်တွင် 
မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

ထို့ပြင် မီးလောင်မှု အကြောင်းအရင်းကို စုံစမ်းဆဲဖြစ်ကာ အဆောက်အအုံ 
ငါးလုံးနှင့် ဒီဇယ်ဆီဂါလန် ၃၀ ပျက်စီး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို ငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက "အထဲမှာ 
မီးမလောင်သေးတဲ့ ဒီဇယ်ပေပါ ၁၆ လုံးလောက် ရှိမယ်။ ပြီးတော့ ဒီဇယ်မီးစက် 
အကြီးစားနှစ်လုံးလည်း မီးလောင်ထားတယ်။ လူအထိအခိုက်တော့ မရှိဘူး" ဟု 
ပြောသည်။

အဆိုပါစက်ရုံ မီးလောင်မှုကို မီးသတ်ယာဉ် ၄၆ စီး၊ ကွပ်ကဲမှုယာဉ် 
ခြောက်စီးလာရောက် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

"စလောင်တဲ့ နေရာက အလုပ်သမားတွေ နေတဲ့တန်းလျားက စလောင်နေတာ တွေ့ရတယ်။ 
လောင်လောင်ချင်း မီးသတ်ဆေးဘူးနဲ့ ငြှိမ်းပါသေးတယ်။ နောက်တော့ မီးသတ်ကားတွေ 
ရောက်လာပါတယ်" ဟု အဆိုပါ စက်ရုံမှ စက်ပြင်တာဝန်ခံ ဦးမျိုးထွဋ်က 
ပြောသည်။

EMG
ဇွန် ၄ ရက်က လှိုင်သာယာစက်မှုဇုန် ၂ ရှိ ဟောင်ကောင်ကြာဆံစက်ရုံ မီးလောင်မှုအား
 ငြိမ်းသတ်နေသည်ကို ည ၇ နာရီ ခန့်က တွေ့ရစဉ်

ဇွန် ၄ ရက်က လှိုင်သာယာစက်မှုဇုန် ၂ ရှိ ဟောင်ကောင်ကြာဆံစက်ရုံ မီးလောင်မှုအား ငြိမ်းသတ်နေသည်ကို ည ၇ နာရီ ခန့်က တွေ့ရစဉ်

ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန် (၂) ဦးရေပေါလမ်းတွင် တည်ရှိသော ဟောင်ကောင် ကြာဆံစက်ရုံတွင် ဇွန် ၄ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ မီးလောင်မှုမှာ ညနေ ၆ နာရီ၊ မိနစ် ၃၀ ခန့်တွင် စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ည ၇ နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

ထို့ပြင် မီးလောင်မှု အကြောင်းအရင်းကို စုံစမ်းဆဲဖြစ်ကာ အဆောက်အအုံ ငါးလုံးနှင့် ဒီဇယ်ဆီဂါလန် ၃၀ ပျက်စီး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို ငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက "အထဲမှာ မီးမလောင်သေးတဲ့ ဒီဇယ်ပေပါ ၁၆ လုံးလောက် ရှိမယ်။ ပြီးတော့ ဒီဇယ်မီးစက် အကြီးစားနှစ်လုံးလည်း မီးလောင်ထားတယ်။ လူအထိ အခိုက်တော့ မရှိဘူး" ဟု ပြောသည်။

အဆိုပါစက်ရုံ မီးလောင်မှုကို မီးသတ်ယာဉ် ၄၆ စီး၊ ကွပ်ကဲမှုယာဉ် ခြောက်စီးလာရောက် ငြှိမ်းသတ် ခဲ့ကြောင်း သိရသည်။

"စလောင်တဲ့ နေရာက အလုပ်သမားတွေ နေတဲ့တန်းလျားက စလောင်နေတာ တွေ့ရ တယ်။ လောင်လောင်ချင်း မီးသတ်ဆေးဘူးနဲ့ ငြှိမ်းပါသေးတယ်။ နောက်တော့ မီးသတ် ကားတွေ ရောက်လာပါတယ်" ဟု အဆိုပါ စက်ရုံမှ စက်ပြင်တာဝန်ခံ ဦးမျိုးထွဋ်က ပြောသည်။

EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D