သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, November 23, 2012

ဆယ်စုအလွမ်း

ဆယ်စုနှစ်တစ်ခုသာ ပြောင်းလဲသွားခဲ့တယ် ။ အရင်ကလိုပဲ နင့်ကိုချစ်တဲ့စိတ်တွေနဲ့ ငါဟာ ဘာဆိုဘာမှ ပြောင်းလဲမသွားသေးဘူး ။ ဟောင်းနွမ်းမသွားသေးတဲ့ ချစ်ခြင်းတရားတွေနဲ့ အတူ အချိန်တွေကြာလာတာနဲ့ အမျှ မပြယ်လေတဲ့ သံယောဇဉ်တွေက အစွဲလမ်းကြီးနေဆဲ ငါ့ရင်ခွင်ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားတုန်းပဲ ။ ရုန်းထွက်ဖို့လဲ ခက်ခဲသလို ရုန်းထွက်ဖို့လဲ ငါဟာ မကြိုးစားဖူးဘူး ။ အဆုံးမသတ်နိုင်တဲ့ မျှော်လင့်ခြင်းတွေနဲ့သာ အဆုံးမရှိ မျှော်လင့်ရင်း....... ချစ်ရတဲ့သူ နင်အခုဘယ်မှာ ရှိနေမလဲလို့ သိချင်မိတယ် ။ ဟိုးအဝေးက ..... တိမ်တိုက်တွေထဲမှာလားကွယ် ။ မိုးနတ်ကြယ်စင်

Thursday, November 22, 2012

တိုးတိတ်တမ်းတ..

ချစ်သူ.... သတိရမိမှာစိုးလို့ မေ့ပစ်ဖို့... ကြိုးစားမိကာမှပဲ မင်းကိုသတိရစေမဲ့.. အကြောင်းအရာတွေက တိုက်ဆိုင်စွာနဲ့ ငါ့ရဲ့ရှေ့မှာ ဖြစ်ဖြစ်လာတယ်...... ဘာကြောင့်လဲကွယ်...... မင်းရှေ့မှာဆို အမြဲအေးစက် မာကျောခဲ့တဲ့ငါက မင်းကွယ်ရာကျမှ တိတ်တိတ်လေး လွမ်းနေတတ်တာ..... ငါ့ရဲ့အတွေးတွေထဲကို မကြာခဏ ၀င်လာတတ်တဲ့ မင်းဟာ..ငါ့ရဲ့ အိပ်မက်တွေကိုလဲ အမြဲစိုးမိုးထားတာ... ငါရေးခဲ့ဖူးတဲ့ ကဗျာတွေတိုင်းဟာလဲ မင်းအတွက်ပဲ ဖြစ်နေခဲ့ရတာ..... အဲဒါတွေအားလုံးဟာ ဘာကြောင့်လဲကွယ်.... ဘာကြောင့်လဲဆိုတာ သိနေရက်နဲ့ ငါက မသိချင်ယောင်ဆောင်ခဲ့မိတယ်.. ငါတို့နှစ်ယောက်စလုံးရဲ့ အချစ်တွေကိုလဲ ငါ့ရဲ့ မာနနဲ့ သိက္ခာအတွက် ဥပေက္ခာပြုခဲ့မိတယ်ဆိုရင်....... ခေါင်းမာပြီး လက်တွေ့ဆန်တဲ့ ..... မိန်းမတယောက်ကို ချစ်ခဲ့မိတဲ့အတွက် မင်းက နောင်တတွေရနေတော့မှာလား..... ချစ်သူ....... ဒါပေမဲ့......ချစ်သူ......... ငါရှုသွင်းလိုက်တဲ့ လေနဲ့အတူ မင်းကိုမေ့တတ်တဲ့ စိတ်တွေပါလာပြီးတော့ ငါပြန်ထုတ်လိုက်တဲ့ လေနဲ့အတူ မင်းကို သတိရတတ်တဲ့ စိတ်တွေ အငွေ့ဖြစ်ပျောက်ကွယ်သွားရင် ခုချိန်ဆို ဟိုအရင်လို ငါမင်းကို လွမ်းနေဖို့ မလိုတော့ဘူးပေါ့..... Posted by မိုးနတ်ကြယ်စင် at 6:30 AM

မျှော်လင့်ခြင်းလေး.....

ငါလေ မင်းရဲ့အပြုံးကို စတွေ့ကတည်းက....... ကဗျာတွေ ရေးတတ်ခဲ့တာ... နွေးထွေးတဲ့ မင်းရဲ့အကြည့်တွေကလဲ ငါ့အတွက် အင်အားတွေဖြစ်စေခဲ့လို့.... ဘာကိုမှ ဂရုမစိုက် အရွဲ့တိုက်တတ်တဲ့ ငါတောင် မင်းကြောင့် လောကကြီးနဲ့.... အဆင်ပြေအောင် နေတတ်လာပြီပဲ.... ကျေနပ်ပါတယ် ချစ်သူ....... ကံကြမ္မာကြောင့် ငါတို့တွေ တခဏတာပဲ ဆုံတွေ့ခွင့် ရခဲ့ကြပေမဲ့လို့................ ငါ့ရဲ့ တဘ၀တာလုံးကို အဓိပ္ပါယ်ရှိစွာ ရပ်တည်သွားနိုင်ဖို့ မင်းက ခွန်အားတွေပေးခဲ့တာ...... လမ်းပျောက်နေတဲ့ ငါ့ရဲ့ဘ၀မှာ မင်းဟာ ကန္တာရအလယ်က လမ်းပြကြယ် တစ်ပွင့်လိုပါပဲ..... အဲဒိညက ပြတင်းပေါက်မှန်မှာ ပေါ်နေတဲ့ မင်းရဲ့မျက်နှာကို တစ်ညလုံး ထိုင်ကြည့်ရင်း ငုတ်တုတ်မေ့ခဲ့တာ........ အဲဒိနေ့ကစလို့ မင်းပြန်အလာကို မျှော်ကြည့်တတ်တဲ့ အကျင့်ဖြစ်ခဲ့တာ..... အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ မင်းရဲ့မျက်နှာကို ငါဒီတသက်..... ဘယ်တော့မှ မေ့တော့မယ်မထင်ဘူး ချစ်သူ..... အဲဒိလိုပဲ ငါတို့တွေ ပြန်ဆုံနိုင်ဖို့ကိုလဲ မျှော်လင့်ဆုတောင်းရင်းနဲ့ သတိရခြင်းတွေနဲ့ အတူ ငါမင်းကိုစောင့်လို့နေပါ့မယ် ချစ်သူ.................. Posted by မိုးနတ်ကြယ်စင် at 7:17 AM

မ...... ညညဆို အိပ်မက်မှာအလည်လာ...... သန်းခေါင်ယံကျမှ ကိုယ်ထင်ပြတတ်တဲ့ မကို... တဘ၀လုံး ကျွန်တော့်နှလုံးသားကို အပ်နှင်း.... ဆယ်စုနှစ်များစွာကို မ နဲ့အတူတူ ဖြတ်သန်းခွင့်ရချင်တယ်........ ကျွန်တော့် ဆန္ဒတွေ ဘယ်တော့များမှ လက်တွေ့ဖြစ်လာမှာလဲ မသိဘူး..... မ....... မက ခေါင်းငြိမ့်ဆို ခေါင်းငြိမ့်....... မက ဒူးထောက်ဆို ဒူးထောက်..... အရာရာကို မစိတ်တိုင်းကျ ဖြည့်ဆည်းပေးခဲ့တဲ့ ကျွန်တော် ဘယ်တော့များမှ မမျက်နှာကို မော်ဖူးခွင့်ရပါ့မလဲ မသိဘူး........ မ....... မနက်ဖြန်ဆို “Valentine Day” တဲ့ သူငယ်ချင်းက ပြောတယ်လေ...... ကောင်မလေးနဲ့ အတူတူလျှောက်လည်မလို့တဲ့.. ပျော်စရာကောင်းလိုက်တာနော် မရယ်...... ကျွန်တော်လဲလေ မနဲ့ နှစ်ကိုယ်တူ...... အဲလို ဘယ်တော့များမှ..... ကြည်နူးခွင့်ရပါ့မလဲ မသိဘူး.... မ..... ကျွန်တော် လောဘကြီးသလိုများ ဖြစ်နေပြီလားဟင်.......? ဒါမှမဟုတ်..“.မ”ကပဲ မကြင်နာတတ်ခဲ့တာလား....? တကယ်ဆို .....မရယ်..... ကျွန်တော်က“ မ”သဘောနဲ့ အသက်ရှင်နေမိတဲ့သူပါဗျာ....... ကျွန်တော့်ဘ၀ရဲ့ နာရီ..မိနစ်..စက္ကန့်တိုင်းကိုလဲ “မ” ကသာ ပိုင်တာပါ........ ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လို့ ပင်လယ်ပြင်ကိုပဲ လက်ပစ်ကူးခိုင်းကူးခိုင်း အရာရာကို “မ” စိတ်တိုင်းကျဖြစ်ရစေမှာပါ..... ကျွန်တော် “မ” ကို အဲဒိလောက်တောင်ချစ်တယ်.. “မ”ရယ် အဲဒါကို “မ” နဲနဲလေးမှတောင် မခံစားမိဘူးလား ?..... Posted by မိုးနတ်ကြယ်စင် at 7:05 AM

တကိုယ်ရေည

ခန်းဆီးလိုက်ကာစတွေ အရောင်မှိန် အိမ်အိုလေးလဲ ဟောင်းခဲ့ချိန် မပြောင်းလဲပဲ အရင်အတိုင်း ရှိနေတာက ငါ့နှလုံးသား မင်းအကြောင်း တွေးလိုက်တိုင်း ရင်ခုန်လှုပ်ရှား နေတုန်းပါပဲလား မီးလင်းဖို နွေးနွေးလေးဘေးမှာ ထိုင်ငေးရင်း အမှတ်မရှိနိုင်လွန်းတဲ့ ကိုယ့်နှလုံးသားကို ကိုယ်သာ အပြစ်တင်နေမိတော့တယ် ကမ္ဘာဆုံးသွားတောင် ဆုံးသေးမယ် မထင်တဲ့ ငါ့အချစ်တွေ ဟိုစဉ်ကလိုပဲ ပျိုရွယ်နေဆဲ သစ်လွင်တောက်ပ လတ်ဆတ်နေဆဲပဲ အားလုံးဟာ အသစ်..အသစ် ဟိုစဉ်ကလိုပဲ မင်းအနမ်းတွေဟာ အသစ်...အသစ် ရီဝေယစ်မူး အထိအတွေ့တွေဟာ အသစ်... အသစ် သံစဉ်ချိုတဲ့ အပြာရောင်အိပ်မက်တွေဟာ အသစ်...အသစ် မင်းအချစ်တွေသာ အသစ်ဖြစ်မလာတာ ဆိုးရွားလွန်းလှတယ် ဥပေက္ခာ နှလုံးသားကို အစိမ်းရောင်ခြယ် သံမဏိလို သဘောထားကို မင်းဦးနှောက်မှာ ကိုင်စွဲလို့ထားမှတော့ ဒီညလဲ တကိုယ်တော် အိပ်မက်ကိုပဲ ငါ ဆက်မက်နေရအုံးမယ်ထင်ပါတယ် post by မိုးနက်ကြယ်စင် at 4:24 AM

မိဘမေတ္တာ

ချစ်သူ





ချစ်သူရေ ...
ရေဝေးရင်ကြာနွမ်းတယ်ဆိုတဲ့စကားဟာကို့
အတွက်များထားခဲ့လေသလား...
မင်းမရှိတော့တဲဒီနေရာဟာကို့အတွက်တော့
အထိကျန်ကမ္ဘာရယ်ပါ ချစ်သူ...
မင်းမရှိတော့တဲ့ ဒီအခန်း
မင်းမလျှောက်တော့တဲ့ ဒီလမ်းလေးတွေမှာ ငါဘယ်လို
သတ္တိတွေနဲ့ ဆက်လျှောက်ရမလဲ?
နားလည်မှု့တွေနဲ့ချစ်ခဲ့ပြီးမှ ကမ္ဘာကြီးတစ်ခုတည်းနဲ့
ရေမြေနေရာတွေခြားခဲ့ရပြီနော်
ရက် လ နှစ် တွေဘယ်လိုပြောင်းပေမဲ့
မင်းနဲ့နှစ်ယောက်အတူဖြတ်သန်းခဲတဲ့
ပျော်ရွှင်ခဲတဲ့အချိန်လေးတွေကို
သတိရနေမိသေးတယ် ချစ်သူရယ်....

အမှတ္တရ...
,ရဲဝင်းနိုင်,

ဓာတ်ပုံအချစ်ကဗျာများ

ဓာတ်ပုံအချစ်ကဗျာများ

Tuesday, November 20, 2012

ဒီလိုပဲ ...အားတင်းပြီး...ဆက်လျှောက်

ပန်းတိုင်မရှိပဲ ခရီးဆက်နေရတဲ့ဘ၀မှာ လမ်းကလဲ အမြဲလိုလိုပျောက်ပျောက်နေတတ်လို့ အားငယ်စိတ်နဲ့ စိုးရိမ်သောကတွေဟာ အိပ်ပျက်ညတွေရဲ့ ခြေရာ ...( ဒီလိုနဲ့ ) ငါ့ဘ၀မှာ အနှုတ်လက္ခဏာဆောင်နေတဲ့ ညတွေ တဖြေးဖြေးနဲ့ များများလာခဲ့ပြီလေ ဧပရယ်ရေ....... ငါတို့တွေ့ခဲ့ကြတဲ့ နောက်ဆုံးနေ့ကလိုပါပဲ မြင်မြင်ရာ နေရာတိုင်းမှာ ခြောက်သွေ့ခြင်းတွေနဲ့ လေးလံထိုင်းမှိုင်း..... အပြိုင်းပြိုင်းကျနေတဲ့ ပင်အိုကြီးတွေ.......... ဖေးကူ ကယ်ဆယ် ကောက်ယူမဲ့သူ ကင်းမဲ့နေတဲ့ မြေပြင်ပေါ်က ရော်ရွက်ဝါလေးတွေ...... နွေရဲ့သရုပ်ကို အစွမ်းကုန် အံထုတ် ဖော်ထုတ် ပြသနေကြလေရဲ့...... ကျွန်တော့်ရှေ့မှာ မြင်နေရတဲ့ ပစ္စုပ္ပုန်ဆိုတာကြီးကို ခဏလောက်ဖြစ်ဖြစ် ကျွန်တော် မေ့ထားလိုက်ချင်တယ်ဗျာ.. အနာဂတ်ဟာ မိုးလိုစိမ်းစိုနေမလား ဆောင်းလိုပဲ အေးခဲနေမလား ကြိုတင်မမြင်နိုင်သေးတဲ့ အနာဂတ်ကို စိတ်ကူးနဲ့ မှန်းမျှော်ကြည့်ရတာ တခါတခါ ရင်ခုန်စရာတော့ အကောင်းသားဗျ.... ဘ၀ဆိုတာ ရာသီတိုင်းပွင့်တဲ့ ပန်းလိုမဟုတ်ဘူး.... လင်းတလှည့် မှိန်တခါ ကြွေတလှည့် ကြက်တခုန် လောက ဇာတ်ခုံပေါ်မှာ အဖုံဖုံ ကရချည်သေးရဲ့..... နောက်ဆုံးကားလိပ် မချခင်အထိတော့ ငါဟာ ဒီကမ္ဘာမြေပေါ်မှာ ရှင်သန်နေဆဲ လူတစ်ယောက်ပါပဲ.. Posted by မိုးနတ်ကြယ်စင် at 5:30 AM 8 comments:

ပြန်မလာနဲ့

လေးနက်တဲ့ ကဗျာတစ်ပုဒ်လို မင်းမျက်နှာလေးကို ခံစားပြီးရင်းခံစားလို့ နူးညံ့တဲ့ စကားလုံးတစ်ချို့ကို ငါ့နားထဲမှာ ပြန်ကြားပြီးရင်း ပြန်ကြားလို့ ငါ့မျက်ရည်တွေ မြစ်လိုစီး... ငါ့သောကမီးတွေ ပင်လယ်လောက်ကြီးမှ မင်းက ကျေနပ်နိုင်မှာလား ချစ်သူ.... ဒဏ်ခတ်တယ် ဆိုရင်လဲ တော်လောက်ရောပေါ့... ၀ဋ်ကြွေး ဆိုတာရှိခဲ့ရင်လဲ ကြေပါစေတော့... နေသာသလိုသာ နေလိုက်ပါ.... ငါက နင့်အတွက် အစကတည်းက ဘာဆိုဘာမှ မဟုတ်ခဲ့တဲ့ကောင်ပါ... ငါသိတာပေါ့....... နင့်မျက်ဝန်းတွေ အရင်လိုမဟုတ်ပဲ ငါ့အပေါ် စိမ်းနေခဲ့တာ... နင့်စိတ်အစဉ်ဟာ.... လေနှင်ရာလွင့်တဲ့ သစ်ရွက်တွေလို ငါမဟုတ်ပဲ တခြားတစ်ယောက်ဆီမှာ ယိမ်းနေခဲ့တာ..... တိမ်းညွှတ်လွယ်လှချည်ရဲ့ လို့လဲ အပြစ်မတင်ချင်တော့ပါဘူး.... ဖြစ်တတ်တဲ့ သဘောတွေမို့ ငါနားလည်လက်ခံပေးလို့ ရပါတယ် တခုပဲ..... ငါ့ဘ၀ကို ဆုတ်ဖြဲ... ရက်စက်စွာနဲ့ ငါ့ကို... ချန်ရစ်လို့ ထားခဲ့ပြီးမှတော့... ပြန်ဆက်ဖို့ ကြိုးစားနေတဲ့ ငါ့နှလုံးသားကို မင်း..... ဒဏ်ရာတွေ ထပ်ပေးဖို့ မကြိုးစားပါနဲ့တော့.............. မိုးနတ်ကြယ်စင်ပြန်မလာနဲ့ လေးနက်တဲ့ ကဗျာတစ်ပုဒ်လို မင်းမျက်နှာလေးကို ခံစားပြီးရင်းခံစားလို့ နူးညံ့တဲ့ စကားလုံးတစ်ချို့ကို ငါ့နားထဲမှာ ပြန်ကြားပြီးရင်း ပြန်ကြားလို့ ငါ့မျက်ရည်တွေ မြစ်လိုစီး... ငါ့သောကမီးတွေ ပင်လယ်လောက်ကြီးမှ မင်းက ကျေနပ်နိုင်မှာလား ချစ်သူ.... ဒဏ်ခတ်တယ် ဆိုရင်လဲ တော်လောက်ရောပေါ့... ၀ဋ်ကြွေး ဆိုတာရှိခဲ့ရင်လဲ ကြေပါစေတော့... နေသာသလိုသာ နေလိုက်ပါ.... ငါက နင့်အတွက် အစကတည်းက ဘာဆိုဘာမှ မဟုတ်ခဲ့တဲ့ကောင်ပါ... ငါသိတာပေါ့....... နင့်မျက်ဝန်းတွေ အရင်လိုမဟုတ်ပဲ ငါ့အပေါ် စိမ်းနေခဲ့တာ... နင့်စိတ်အစဉ်ဟာ.... လေနှင်ရာလွင့်တဲ့ သစ်ရွက်တွေလို ငါမဟုတ်ပဲ တခြားတစ်ယောက်ဆီမှာ ယိမ်းနေခဲ့တာ..... တိမ်းညွှတ်လွယ်လှချည်ရဲ့ လို့လဲ အပြစ်မတင်ချင်တော့ပါဘူး.... ဖြစ်တတ်တဲ့ သဘောတွေမို့ ငါနားလည်လက်ခံပေးလို့ ရပါတယ် တခုပဲ..... ငါ့ဘ၀ကို ဆုတ်ဖြဲ... ရက်စက်စွာနဲ့ ငါ့ကို... ချန်ရစ်လို့ ထားခဲ့ပြီးမှတော့... ပြန်ဆက်ဖို့ ကြိုးစားနေတဲ့ ငါ့နှလုံးသားကို မင်း..... ဒဏ်ရာတွေ ထပ်ပေးဖို့ မကြိုးစားပါနဲ့တော့.............. Posted by မိုးနတ်ကြယ်စင် at 5:30 AM 9 comments:

Monday, November 19, 2012

အိပ်မက်တွေ ငိုကြွေးတဲ့အခါ ..

အိပ်မက်တွေထဲ လန့်နိုးခဲ့ရ သွေးပျက်နေတဲ့ ခံစားချက်ရဲ့ ရင်ခုန်ခြင်းမဲ့ တေးသွားတစ်ပုဒ် ဘာသာပြန်မရခဲ့ ဘဝရဲ့ ဆိုနာတာ ... စိတ်ပြတင်းပေါက်က ကယောင်ကတမ်းနဲ့ ဝမ်းနည်းခြင်းကို ကဗျာစပ်တယ် .. အလင်းဖျော့  ကြယ်ကလေးတွေရဲ့ ကွဲအက်ကြေ ငိုသံတွေက လမင်းကြီးကို ရောင်ပြန်ဟပ်တဲ့အခါ ... တိတ်ဆိတ် ညတွေထဲ မှောင်မိုက်ခြင်းရဲ့ အသက်ရှူသံတွေ ခြောက်ကပ် မွန်းကျပ်တယ် ။ ။ သက်အောင်

ကျွန်တော့်အိပ်မက်

ဖုန်မှုန့်ပျံ့စင်… ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း အခု..လင်းနို့တွေအောင်းနေပြီမေမေ..။ လွန်ခဲ့တဲ့အနှစ် (၂၀)ကျော် ကျွန်တော်မြင်းရုပ်စီးပြီး၊သစ်သားခွာကြီးနဲ့ခရီးတွေနှင် မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့….။ စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ ဂျစ်ကားတွေတက်နင်း၊ရထား တစ်စင်းလုံးဆောင့်ကန် ကျွန်တော့်ထမင်းပန်းကန်အထူအပါး မေမေခွံ့ကျွေးမှစားခဲ့တယ်..။ မေမေက ဥုံဖွလို့မန်းမှုတ်ရင် ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက် ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ်..။ “လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့ မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ်… ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ်…။ ကျွန်တော့်အိပ်မက် မေမေ့လည်တိုင်ကိုဖက်လို့ပေါ့…။ ...တာရာမင်းဝေ...

ကျွန်တော်မှတ်မိသမျှ…

မေမေ့မျက်လုံးဟာဆောင်းရာသီဆန်လွန်းတယ် မြူတွေဖုံး၊နှင်းစက်တွေဖုံး နေရောင်တွေလည်းခါးကုန်းအောင်ရုန်းခဲ့ရပေါ့ သစ်ကိုင်းခြောက်ကြီးကမီးတောက်ကလေးကိုမွေးဖွား ပြာအနန္တတိုင်အောင်ထွေးပိုက်ပျိုးထောင်သွားသလို မေမေဟာ… သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကိုလျှောက်နင်းခိုင်းခဲ့တယ်…။ မုသားတစ်လွှာမာယာတစ်ထပ်၊၀တ်ရည်တစ်စက်နဲ့ အို…ခတ္တာရေ… ပုခက်လွှဲသောလက်တွေနဲ့ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက သူမ..ကိုယ်တိုင်က.. ကျွန်တော့်အတွက်ဆိုရင်ပုခက်ဖြစ်ပြခဲ့တယ်…။ “အမေ”အဖြစ် စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။ ...တာရာမင်းဝေ...

*ဆွံ့အ .. အလွမ်း*

ဆောင်းရက်တွေကုန်ဆုံးလို့  နွေရဲ့ အလင်းတွေအရည်ပျော်ကျ ငါ့ရင်ထဲက ရင်ကွဲနာအလွမ်းတွေက ပုံဆောင်ခဲံအဖြစ်ကျန်ရှိနေသေးတယ် .. တကယ်တော့ .. နင်နဲ့ငါက နီးရက်နဲ့ .. ဝေး .. အဝေးကို .. ငေးမောမိတယ် .. လေညင်းတွေက တိုးတိတ်စွာ စိတ်ရဲ့ နာမကျန်းမှု့တွေကို ကုစားတယ် .. အချိန်တွေကုန်ဆုံးတယ် .. နေရာတွေ ပျောက်ဆုံးတယ် .. ကြေကွဲခြင်းရဲ့ မျက်ကွယ်ပြုမှု့ တွေနောက် .. နင် နဲ့ ငါ ပုန်းခိုခဲ့မိကြတယ် .. မျက်ရည်စတွေ ခန်းခြောက်သွားစေဖို့  စကားလုံးတွေကို ရှာမရခဲ့ .. နင့်ကို .. ငါ မုန်း တယ် .. ( လိမ်ညာ ခွင့်ပြုပါ ) နာကျင်ပစ်လိုက်ပါ ငါ့ကိုမေ့လိုက်ပါ ကျွမ်းကျင်စွာ ပြုလုပ်ထားတဲ့ ဥပက္ခာပြုမှု့တွေ .. အလွမ်းစိတ်တွေ .. နာကျင်ခြင်းတွေ .. ငါ့သွေးသား.. ငါ့ခန္ဓာထဲ .. ပူလောင်စွာနဲ့ စီးဆင်းတယ် ငါ့ ရင်ခွင်ကို နင် နှုတ်ဆက်သွားတော့ ရင်ဘတ်ကြီးထဲ အလွမ်းတွေ နဲ့ ငါ .. တိုးတိတ်စွာ ကျန်ရစ်ခဲ့ရတယ် .. တကယ်တော့ .. ငါနင့်ကို .. အရမ်း ချစ်တယ် ဆွံ့အစွာ တမ်းတနေမိတယ် .. ^သက်အောင်^

Sunday, November 18, 2012

သူမဆီသို့ လွင့်စင်သွားသောနွေ

လေစိမ်းတွေတိုက်တိုင်း အမှတ်တရတွေကိုအိပ်မက်နဲ့ လွမ်း ဆုံဖူးတဲ့မျက်ဝန်းတွေကိုပဲ တမ်းတမ်းတတစွဲလမ်းမိတယ် ။ တောင်တန်းတွေတောင်အသက်မရှိပဲ တန်ပြန်ပဲ့တင်သံ ရှိသေးတာပဲ နှလုံးသားရှိတဲ့သူတစ်ယောက်ဆီက တန်ပြန်ပဲ့တင်သံ ငါ တမ်းတမိပါရဲ့ ။ နွေပျိုရဲ့ည ကောင်းကင်ဝင်းရိုးစွန်းတန်းကို ကြည့်ရင်း စိတ်ကူးနဲ့ပျော်အိပ်မက်နဲ့ လွမ်း နင့်ပုံရိပ်တွေတမ်းတရင်း လရောင်ချည်တိုင်အောက်က ပြေးမထွက်နိုင်တဲ့ကြယ်လေးလို နင်ငါ့ကို ဖမ်းစားခဲ့ပေါ့ ကောင်မလေးရယ်။ အနေဝေးရေမြေတွေ ခြားနေပေမဲ့ မဖွင့်ဟမိတဲ့စကားလုံးတွေနဲ့အတူ နင့်ရဲ့ အတိတ်မှာ ငါမကျန်ခဲ့ပါရစေနဲ့ နင့်မျက်နှာ ၀င်းပပလေး ငါ ငေးကြည့် နေ ခွင့် လေး ရ ပါ ရ စေ ။ လင်းခေတ်ဒီနို ( 6.6.12 )

စေ . . .

ရိုးတံကျဲကျဲခပ်ဖွာဖွာလွင့်မျှောနေတဲ့ ကောင်းကင်ဟာ အက်ကြောင်းရာတွေထပ်နေတဲ့ ပန်းတစ်ပွင့်လိုပါပဲ ကျွန်တော်ဟာပန်းအကြေတွေ ကြားထဲမှာ လက်ပြနှုတ်ဆက်သွားခဲ့တဲ့ အချစ်ကို ပြုံးပြခဲ့ဖူးတယ် ။ ညဥ့်ဦးယံရဲ့ကြယ်ရောင်ပျပျ အောက်မှာ လေပြေဟာကျွန်တော်ကို ကြေကွဲခြင်းလွင်ပြင်ကနေထွက်ခွါဖို့ နှစ်သိမ့်ပေးခဲ့တယ် ကျေးဇူးတင်ပါတယ်လေပြေ . . . . . ကျွန်တော်နဲ့ကြယ်စင်တွေဟာ ချစ်သူရဲ့အစေအပါးအဖြစ်သာ နေချင်ခဲ့သူတွေပါ ။ ဒီလိုနဲ့ပဲ . . . စွယ်တော်ရွက်တစ်ရွက်မှာ သူ့အတွက်ရေးခဲ့ဖူးတဲ့ ကဗျာ တစ်ဝက်ဟာလည်း အေးစက်စက်စကားလုံးတွေ သီထားတဲ့ ဒိုင်ယာရီတစ်အုပ်ဖြစ်သွားခဲ့ပေါ့ ။ အိပ်မက်ဆိုတာ နေမညိုတတ်တဲ့ကောင်းကင်မှ မဟုတ်တာပဲလေ . . ပြိုကျလာတဲ့ မိုးခါးစက်တွေအောက်မှာ ဥပေက္ခာတွေ ခပ်စိတ်စိတ် ပျိုးလှည့်ခဲ့ပါ ချစ်သူ. . . ။ အလွမ်းညနေနဲ့နေညိုချိန်ဆိုတာ ကိုယ်နဲ့အသားကျပြီးသား ခပ်နွမ်းနွမ်းကံကြမ္မာလေးပဲ. . . . . .. . . ကိုယ်ကျေနပ်သင့်တာပေါ့ ။ လမ်းဆုံးတစ်နေရာရောက်နေတာတောင်မှ နောက်ပြန်မလှည့်ချင်ခဲ့ဘူး ကိုယ်ရဲ့စိတ်စေတသိုက်ဟာ ကိုယ့်ကိုယ်ကိုတောင်မစေနိုင်ခဲ့ဘူး . . . . ချစ်သူ . . . ကိုယ်ဟာမင်းရဲ့ စေလိုရာစေ ဖြစ်ခဲ့သူပေါ့ ။ မင်းရဲ့နှုတ်ထွက်စကားတစ်ချက်ဟာ ဓားသွားတစ်လက်ဆိုရင် အဲဒီဓားအဖျားထက်မှာ ကိုယ့်နှလုံးသားကိုတင်ထားပေးလိုက်မယ် ကိုယ့်အိပ်မက်ကိုတောင် မင်းစေလိုရာစေနိုင်တယ်ကွယ် ။ လင်းခေတ်ဒီနို ( 14.5.12 , 1း40 AM )

"သူငယ်ချင်း ချစ်သူ"

နင်ဘာလုပ်မှာလဲ နင်ဘယ်သွားမှာလဲ ခဏခဏမေးမိတဲ့အခါ စိတ်မရှည်တဲ့ဟန်လေးနဲ့ မျက်စောင်းထိုးတတ်တာတွေကို အခု နှမြောနေမိတယ်သူငယ်ချင်လေး...။ ဘာတွေစားမလို့လဲ နင်နဲ့တည့်လို့လား..မေးတဲ့အခါ နင်နဲ့ဘာဆိုင်လဲလို အမြဲပြေတဲ့နုတ်ခမ်လေးကိုလည်း ငါမေ့မရခဲ့တာအခုထိပါပဲ....။ အရာရာပြောလိုက်တိုင်း ဆန့်ကျင် နေတဲ့နင့်ကို ငါမပြောရဲခဲ့တဲစကားနဲ့ ရင်ထဲမှာစောင့်ရှောက်ခဲ့တာပါ..။ သွာတေ့မယ်လို့နုတ်ဆက်တဲ့အခါ ငိုချင်ပါလျှက်မျက်ရည်မကျခဲ့တဲ့နင် မျက်ရည်သုတ်ပေးချင်တဲ့ငါ့ကို နည်းနည်းလေးတော့ကိုယ်ချင်းစာသင့်တာပေါ့ အခုတော့........နင် နဲ့ ငါ.. စာအုပ်ငယ်လေးကိုသာနောက်ပြန်ကြည့်ရင်း နှလုံးသားချင်းပေးဆပ်နေရပြီပေါ့ အကယ်လို့သာ.............. ငါသိတဲ့နေ့ရက်တွေငါရှိတဲ့အရပ်ဆီ ခုတ်မောင်းလာခဲ့မယ်ဆို...... နင်လေ............ မာယာ တွေမသုံးဘဲ အကြင်နာတွေသာဖုံးစေချင်တယ်ဟ စိတ်ကူးတွေနဲ့ငါပြန်မေးချင်ပါတယ် အရင်ကလို ပြန်မဖြေလိုက်ပါနဲ အခု............. နင် ဘယ်အရပ်မှာလဲ..........။ ဘယ်သူ့အနားမှာလဲ...........။ ငါလွမ်နေတာနင်မသိတာလား နှလုံးသာနဲ့ဖြေပေးပါသူငယ်ချင်းချစ်သူရယ်....။ Natural (ဗန်းမော်)

တင်ပြီးသား post များ

3D