သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, January 26, 2013

မင်းရဲ့သိနားလည်မှု



အချစ်ရယ်...
ကိုယ့်ကို ကျေနပ် နှစ်သိမ့်စေဖို့အတွက်၏
ကိုယ်ပြောသမျှ နားထောင်ပေခဲ့တယ်။
ကိုရဲ့ စကားလုံးတွေနောက်
တကောက်ကောက်လိုက်ရင်း
မျှော်လင့်ခြင်းတွေ စားသုံး
မင်းပြုံးပျော်နေတာကို ကိုယ်မြင်ပါတယ်
ဒါပေမဲ့...အချစ်ရယ်.....
မင်းအလိုလိုက် မင်းအကြိုက်တွေ့စေမယ့် စကားလုံးတွေ
ကိုယ် သုံးနှုန်းမိတာတော့ ခွင့်လွှတ်ပါကွယ်...

( I THINK OF YOU )



My beloved
every day and every night;
I think of you always,
and in every thought
there is a certain pleasure and
a certain pain.
What is strange is that whenever
I think of you 'Come and pour your
troubles here, here on my breast;

And at time I call you by name
unknown anyone but loving fathers
and passionate mothers.

Thursday, January 24, 2013

ပန်းချီဆရာ

တစ်ခါက ပန်းချီဆရာတစ်ယောက်ဟာ
သူ့ပန်းချီကားတွေ ရောင်းရရဲ့လားလို့
ပန်းချီပြခန်းပိုင်ရှင်ကိုမေးတယ်။
ပြခန်းပိုရှင်က ပြန်ပြောတယ်
ရှင့်ပန်းချီကားတွေအကြောင်း စုံစမ်းတဲ့သူရှိတယ်
ပြီးတော့ ရှင်သေရင် ရှင့်ပန်းချီကားတွေ
တန်ဖိုးတက်မလားလို့လည်းမေးတယ်။
ရှင့်ပန်းချီကားတွေကလက်ရာကောင်းတော့
တန်ဖိုးတက်မှာ အသေအချာပဲလို့ပြောလိုက်တယ်
ဒါနဲ့အဲဒီလူက ရှင့်ပန်ချီကားအားလုံး
ဝယ်သွားတယ်လေ။ပန်ချီအနုပညာဝါသနာကြီးလို့
ခုလိုဝယ်တာလားလို့ ကျွန်မစပ်စုလိုက်တော့
မဟုတ်ပါဘူးတဲ့.။
အကျိုးအမြတ်သေချာလို့ဝယ်တာတဲ့။
ကျွန်တော်က သူ့ကိုဆေးကုနေတဲ့ဆရာဝန်ပါလို့ပြောသွာပါသတဲ့
ဟားဟားဟားဟားဟား.........................

Wednesday, January 23, 2013

လေးနက်မှု





တစိမ့်စိမ့်တွေးလို့
ချစ်စိတ်တွေပေါ်
ရင်ခုန်သံ စည်းချက်များ
ရင်ခွင်မှာ လှိုင်းခတ်လောက်အောင်
မြတ်နိုးတွယ်တာ ချစ်ရသူပါ။

အချစ်စစ်က မာနကြီးလို့
အထိမခံ ဖြစ်လို့နေလဲ
မင်းက ငါ့အတွက်
အချစ်ဦးမို့
ရူးလောက်မတတ် ချစ်ရသူပါ။

ငါ့ဘ၀အတွက်
တစ်ခုထဲသော အရေးပါမှု
မင်းဖြစ်နေလို့
အရာအားလုံး
အရှုံးပေးပြီး ချစ်ရသူပါ။


မောင်စေတနာ

Monday, January 21, 2013

ကြံဒဿန

 တစ်ဦးသူက
ကြံအရသာ၊ ကြံဆ ရာမှာ
ဝန်ဇင်ရာဇာ၊ ရသာခံသလို
ကြံဖျားကိုစ၊ အရင်းက နောက်ဆုံး
ဖြည်းဖြည်း သုံးဆောင်
အမောင်မှတ်သား ကြားဖူးလား..တဲ့။

   ကျန်တစ်ဦးက
အရသာသဘော
ဆန့်သောလက်ကလေး၊ မကွေးခင်တည့်
ကွေးသည့်လက်ကလေး၊ မဆန့်သေးမီ
အပြေးရောက်ချ၊ သင်္ခါရကြောင့်
အရသာကို၊ လိုရင်း တိုရှင်း
အရင်းကစ စား၊ သည်တရားက
သီဟပတွေမှ၊ပညာရသတဲ့။

သိဂ်ါလောဝါဒမှ

မိဘနှင့်သား၊ မယားနှင့်ကြင်ရာ
ဆရာနှင့်တပည့်၊ စသည့်ကျင့်ဝတ်များ
သိသလားမေးလျှင်
လင်နှင့်မယား၊ သားနှင့်မာတာ
ဆရာနှင့်တပည့်၊ မတည့်အတူ
ရန်လိုသူလိုနေကြ၊ သည်လောကမှာ
တွေ့ရဖူးမှာပေါ့။

အလှဆိုတာ၊ ရှာတတ်မှ ရသတဲ့
အလှရှာသူ၊ ဗလောင်ဆူစိတ်များ
ထွေပြားဆင်းပျက်၊ အတွင်းဘက် ဆိုးရုပ်
အလုပ်ချင်းမတူ
ပုတီဖြူ ပုတီးမည်း၊ လက်မှဆွဲလည်း
အသည်းမငြိမ်လျှင်
စိတ်အိမ် ဘယ်မှာ ခိုင်နိုင်ပါ့။  ။

   ပေဖူးလွှာ

တစ်ခုသောနေရာ

ဝေးရာမှနီးလာ
နီးရာမှငြိကပ်၊ အထပ်ထပ်အခါခါ
ပြန်ကာရောက်ရောက်၊ တစ်ထောက်နားခို
မြှူချိုတတ်သောဝေဒနာ
သူငိုတတ်သောနေရာ။

ထိုနေရာသည်
ငါနှင့်သူနှင့်၊ သီးပွင့်ပြုစု
ပျိုမျစ်နုနယ်၊ လှဆိုဝ်ငြယ်ကို
ဖလှယ်နွဲ့မောထွေတလာ
အကွယ်မဲ့သောနေရာ။
 
   ရှုမဝ

တင်ပြီးသား post များ

3D