သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, March 30, 2013

အကြမ်းဖက်မှုများရဲ့ ပုံရိပ်စစ်မှန်

Justice Pao
Lwin Thandar Cho
အကြမ်းဖက်မှုများရဲ့ ပုံရိပ်စစ်မှန်
မြန်မာပြည်၌ အစိုးရမှ အာဏာအတွက် လှည့်စားမှုကားပြင်းထန်လွန်းလှသည်။ ယုတ်ညံ့လွန်းလှသည်။ ရက်စက်လွန်းလှသည်။ အရှက်တရားမရှိသလောက်ပင်။ ဘုရားသားတော်ဟု ပညတ်ကာ မိမိတို့ ကိုယ်တိုင် ကိုးကွယ်သည့် ဘုန်းကြီးများကိုပင် အာဏာနှင့် ပတ်သက်ပါက အလွတ်မပေး ဖိနပ်နှင့် နင်းခဲ့သူတွေက အခြားဘာသာဝင်ဆိုရင်တော့ ပြောစရာပင် မလိုတော့ပေ။ အသက်ရှိတဲ့ လူလို့တောင် မထင်တော့။ ပုရွက်ဆိတ်များကို ဖိနပ်နှင့် အသာအယာ နင်းသတ်နေသည့်နှယ်။
နေ့စဉ် ငပိရည်ကျဲနှင့် ထမင်းစားနေတဲ့ စရိုက်ကြမ်းတမ်းတဲ့သူတွေ လက်ထဲ ပိုက်ဆံ အနည်းငယ် ထည့်ပေးလိုက်သည်။ ဒါနဲ့ မရသေး မိမိကိုယ်ကို မိမိ ဘာသာသာသနာအား စောင့်ရှောက်သူ ၊ သူရဲကောင်းများအဖြစ် မြင်နိုင်စေရန် သူတို့ ဥာဏ်ရည်နဲ့ လိုက်မမှီသော အမျိုးသားရေး တရားနည်းနည်း ဟောပေးရသေးသည်။ ကဲ . . . အမျိုးသားရေး သူရဲကောင်းတွေ အဆင်သင့်ဖြစ်ပြီလား?????
...
နေအုန်း . . . တစ်ခြားဘာသာဝင်တွေကို အကြမ်းဖက်မှာတော့ ဟုတ်ပြီ။ အသိတရားရှိပြီး ဘာသာတရား လေးစားတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ရဟန်းသံဃာတွေ ထကန့်ကွက်ရင် ဘယ်လိုလုပ်မလဲ။ အင်း . . . ဒါလည်းလွယ်ပါတယ်။ ကတုံးတုံးကာ သင်္ကန်းစည်းလိုက်ရင် ဘုရားသားတော်အဖြစ် ကြည်ညိုကြတဲ့ ဓလေ့ကို အခွင့်ကောင်းယူရပေတော့မည်။
အလုပ်အကိုင်မရှိ ဆိုးသွမ်းသူတွေထဲက ဥပဓိရုပ် နည်းနည်းရှိသူတွေ ဆွဲထုတ်လိုက်သည်။ ကတုံးရိတ်ကာ သင်္ကန်းစည်းပေးလိုက်သည်။ ကဲ . . . အခုမင်းတို့ ကြည်ညိုတဲ့ ဘုရားသားတော်တွေ ရပြီ။ ဘုရားသားတော်တွေ ပါပြီဆိုမှတော့ လူထုကို စည်းရုံးစရာပင်မလိုတော့။ ပြီးတော့ ကိုယ်က အကြမ်းသွားဖက်လို့ ပြန်ခုခံရင် ဘုရားသားတော်တွေကို တစ်ခြားဘာသာဝင်တွေက ရိုက်နှက်စော်ကား သည်ပေါ့။ ဒါဆို မြန်မာတစ်ပြည်လုံး အုံကြွလာလိမ့်မယ်။ ဘယ်ဘာသာဝင်ကမှ ဘုန်းကြီးဆို မရိုက်ရဲဘူးလေ။ ဘုရားသားတော်တွေကိုး။
ဒါပေမယ့် ခဏနေပါအုန်း . . . ။ တစ်ဖက်က ဖိနှိပ်ပါများလို့ ပြန်ခုခံရင်ကော။ ဘုရားသားတော်လည်း သည်းမခံနိုင်တော့ဘူးဆိုရင်ကော။ အင်း . . . ဒါတော့ ဟုတ်သည်။ စုထားတဲ့ သူတွေက ငတ်လို့သာ လူမိုက်လုပ်တာ။ အမျိုးသားရေးလည်း သိတာမဟုတ်။ အုပ်စုလိုက်သာ အကြမ်းဖက်ရဲသည်။ ပြန်ချရင်တော့ ထွက်ပြေးကြမှာ။ ဒီတော့ စဉ်းစားရပြန်တယ်။ သူတို့ ပြန်မချအောင်။ ဘာခက်တာမှတ်လို့။ ရဲ . .ယူနီဖောင်းဝတ် ကိုယ့်လူတွေ ရှိတာပဲ။ သူတို့က ဘေးက ထိန်းပေးပေါ့။ ဟိုဖက်က ဝင်ချရင် ဆွဲသာစိလိုက် ။ သေနတ်ဆိုတာ ထိအောင်ပစ်ရင် သေစေတယ်ဆိုတာ လူတိုင်းသိတာပဲ။ အဲ…. ဒါပေမယ့် ကိုယ့်လူတွေပါတယ် ဆိုတာ အရမ်း မထင်ပေါ်စေနဲ့ပေါ့။ လူမြင်ကွင်းဆို နှစ်ဖက်ညှိုပေး။ လစ်ပြီဆိုရင် ပြောင်းဝလှည့်တော့။ ကဲ . . . ညီစေနော်.
ကဲ . . . စထွက် . . .
သြော် . . . တစ်ခုမေ့နေသေးတယ် . . . ။
ပြဿနာတွေပြီးသွားရင် ပြည်သူကို ချွေးသိပ်ရအုန်းမယ်။ ကဲ . . . အခုထဲက လူရွေးထား ။ စုံးစမ်းစစ်ဆေးရေးကော်မတီလေးဖွဲ့ပြီး သူတို့ကို အလုပ်ပေးထားလိုက်။ ဒါမှ နောက်တစ်ပွဲ . . . အတွက် စီစဉ်ဖို့ အချိန်ရမှာ . . . ။
ဤသို့ဖြင့် သယံဇာတ ပေါများသော မြန်မာနိုင်ငံကြီးသည် ရွေးကောက်ပွဲ မရောက်ခင်ထိ တစ်မြို့ပြီး တစ်မြို့ ဖြေရှင်းမရသော ပြဿနာများ ပေါ်ပေါက်နေကာ ပြဿနာကြွယ်ဝသော၊ သူတစ်ပါး ဘာသာတရားအား မိုက်ရိုင်းစော်ကားသော၊ သူများအသတ်အား အလွယ်တကူ သတ်ဖြတ်ကာ မင်းမဲ့စရိုက်ဆန်သော နိုင်ငံတော်ကြီးသာ ဖြစ်နေပေတော့မည်။
By Lwin Thandar Cho

ပြည်သူ့အကျိုးပြု ရင်းနှီးမြှုပ်နှံမှု

ဦးအောင်ခင်, ကိုဇော်ဝင်းလှိုင်
30.03.2013

အစိုးရရဲ့  ပြုပြင်ရေးစီမံချက်ကြောင့် သယံဇာတကြွယ်ဝတဲ့ နယ်စပ်ဒေသမှာ ရင်းနှီးမြှုပ်နှံဖို့ ပြည်တွင်းပြည်ပမှာ စဉ်းစားလာကြပါတယ်။ ဒီဒေသဟာ ပြည်တွင်းစစ်ဒဏ်အခံရဆုံးနဲ့ အဆင်းရဲဆုံး ဖြစ်ပါတယ်။ အခုတော့ နိုင်ငံခြားအစိုးရနဲ့ ကုမ္မဏီကြီးတွေ အာရုံအစိုက်ဆုံးနေရာ ဖြစ်နေပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသမှာ ရင်းနှီးမြှုပ်နှံလို့ တိုင်းရင်းသားတွေ အကျိုးခံစားရတဲ့ အစဉ်အလာမရှိသေးပါဘူး။ ဒါကြောင့် ဒေသခံ တိုင်းရင်းသားဟာ သူတို့ဘဝကို အခြေပျက်စေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လက်ခံမှာမဟုတ်ပါဘူး။
ဒေသခံတိုင်းရင်းသားတွေ အကျိုးခံစားနိုင်ရေးဟာ အလွန်အရေးကြီးပါတယ်။

ဒါကြောင့် ပြည်သူကို ဗဟိုပြုတဲ့ ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ စေ့စပ်ဆွေးနွေး ပြဿနာဖြေရှင်းရေးကို အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း လွန်ခဲ့တဲ့လက ထုတ်ဝေတဲ့ Developing Disparity ဆိုတဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ နယ်သာလန်နိုင်ငံအခြေစိုက် Transnational Institute နဲ့ Burma Center က သုတေသီတွေ စုပေါင်းပြီး ရေးသားထားတဲ့စာတမ်း ဖြစ်ပါတယ်။ လက်ရှိ အစိုးရရဲ့  ပြုပြင်ရေးစီမံကိန်းဟာ တိုင်းရင်းသားအပါအဝင် လူအများစုအကျိုးခံစားနိုင်ပြီး သဘာဝသယံဇာတ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာ ဒေသဆိုင်ရာပဋိပက္ခကို ဟန့်တားနိုင်ပါ့မလားဆိုတာကို စမ်းစစ်ထားတဲ့ စာတမ်းဖြစ်ပါတယ်။
သဘာဝသယံဇာတ ကြွယ်ဝတဲ့ ကချင်ပြည်နယ်မှာ ၁၇ နှစ် အပစ်အခတ်ရပ်စဲခဲ့ပေမယ့် ကချင်ပြည်သူလူထုဟာ ပိုပြီးဆင်းရဲလာပါတယ်။ ကျောက်စိမ်းမှော်၊ ရွှေမှော်၊ သစ်နဲ့တခြား လုပ်ငန်းတွေကို အစိုးရတပ်နဲ့ ပုဂ္ဂလိကကုမ္မဏီတွေက လက်ဝါးကြီးအုပ်ထားပါတယ်။ ၂၀၀၅ မှာ အစိုးရလေလံပြစ်တဲ့ ရွှေလုပ်ကွက် ၄၂ ကွက်မှာ ၂၃ ကွက်ဟာ ကချင်ပြည်နယ်မှာ ရှိပါတယ်။

အပစ်အခတ်ရပ်စဲတဲ့ နောက်ပိုင်းမှာ ရွှေတူးဖော်တဲ့လုပ်ငန်းတွေ များလာပါတယ်။ ဒါပေမဲ့ စစ်အစိုးရ အာဏာပိုင်၊ ကေအိုင်အိုအဖွဲ့နဲ့ စီးပွားရေးသမားတစုသာ အကျိုးခံစားရပါတယ်။ အကျိုးမခံစားရသူတွေဟာ ဒေသခံတွေ ဖြစ်ပါတယ်။ ဆေးစွဲ၊ အကြွေးတင်၊ ရောဂါဖြစ်ပွား စတဲ့ ပြဿနာမျိုးစုံ ရွှေမှော်ဒေသမှာ ကြုံရပါတယ်။ အစိုးရဟာ စီးပွားရေးအကျိုးအမြတ်ကို မကြည့်ဘဲ ကချင်ပြည်သူတွေ ဖွံ့ဖြိုးအောင်လုပ်သင့်တယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲပြီး ဒေသခံပြည်သူလူထု တိုးတက်ဖွံ့ဖြိုးလာအောင် မလုပ်နိုင်ဘဲ စီးပွားရေးအကျိုးအမြတ်ကိုသာ အဓိကထားနေရင် ကချင်ပြည်နယ်လို ဖြစ်သွားမှာကို စိုးရိမ်နေကြပါတယ်။

အစိုးရတပ်များပြားလာတာကလည်း ဒေသခံတိုင်းရင်းသားတွေအဖို့ စိတ်မချမ်းသာစရာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲလိုက်တဲ့ ကရင်ဒေသက ဖွံ့ဖြိုးရေးအစီအစဉ်တွေကို စိုးရိမ်နေကြပါတယ်။ နိုင်ငံရေးမတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး ဒေသခံလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်ရင်းကို လာဘ်ထိုးပြီး တရုတ်နဲ့ ထိုင်းကုမ္မဏီတွေ စီးပွားရေးအမြတ်ထုတ်တာဟာ ဒေသခံတိုင်းရင်းသားတွေကို အကျိုးပြုတဲ့လုပ်ရပ် မဟုတ်ပါဘူး။ ကရင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေး လုပ်တာနဲ့အတူ ဖွံ့ဖြိုးရေးစီမံချက်တွေ လုပ်ဖို့ကြိုးစားတာကို ကရင်ဘက်က ဘဝင်မကျ ဖြစ်နေပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် ဒေသအတွင်း ပဋိပက္ခ ပြန်မဖြစ်လာဖို့အရေးကြီးပါတယ်။ ဒါကြောင့် ဒေသခံတွေကို လစ်လျှူရှုပြီး စီးပွားရေးအကျိုးအမြတ်ကိုသာ အဓိကထားတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး မဖြစ်ဖို့လိုပါတယ်။ သယံဇာတထုတ်ယူတဲ့ လက်ရှိလုပ်ငန်းတွေဟာ ဒေသခံတိုင်းရင်းသားတွေကို အကျိုးမပြုတာများပါတယ်။ တိုင်းရင်းသားအကျိုးမဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုကို အစိုးရကိုယ်တိုင် ထောက်ခံအားပေးပြီး စစ်တပ်က လုံခြုံရေးကို တာဝန်ယူပေးပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆန့်ကျင်ပြီး ပြည်သူအကျိုးစီးပွားကို အဓိကထားတဲ့ အရပ်သားအဖွဲ့တွေ လှုပ်ရှားလာနိုင်တာဟာ ဒေသခံတွေအတွက် ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူဦးရေးကို အန္တရာယ်ပေးမယ့် စီမံချက်ကြီးတွေကို အရပ်သားအဖွဲ့အစည်းတွေက တညီတညွှတ်တည်း ဆန့်ကျင်လာကြပါတယ်။

လွန်ခဲ့တဲ့ ၆၅ နှစ်ကစခဲ့တဲ့ တိုင်းရင်းသားပြဿနာကို ဖြေရှင်းဖို့ အချိန်ယူရပါလိမ့်မယ်။ အပစ်အခတ်ရပ်စဲတာဟာ ပထမအဆင့်သာ ဖြစ်ပါတယ်။ တိုင်းရင်းသားရဲ့  မကျေနပ်ချက်နဲ့ မျှော်မှန်းချက်တွေကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရပါလိမ့်မယ်။ ဒေသခံနဲ့ တိုင်းပြည်ကို အကျိုးပြုမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်ပေါ်စေဖို့ တိုင်းရင်းသားပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရပါလိမ့်မယ်။ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ရင် ပြုပြင်ရေးလုပ်ငန်းတွေကို ထိခိုက်နိုင်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်စေဖို့အတွက် ပြည်သူပါဝင်မှုနဲ့ သိသာမြင်သာမှု ရှိရမယ်လို့ ဆိုပါတယ်။ ဒီလို မလုပ်နိုင်ရင် နယ်စပ်ဒေသမှာ ပဋိပက္ခ ပြန်ဖြစ်လာနိုင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ နယ်စပ်နေ တိုင်းရင်းသားတွေ အကျိုးမခံစားရဘဲ ဖြစ်သွားနိုင်တာကို အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါကြောင့် မြန်မာပြည်သူပြည်သားအားလုံး အကျိုးရှိနိုင်မယ့် နည်းလမ်းတွေကို ရပ်ကွက်အဆင့်ကစပြီး နိုင်ငံလုံးဆိုင်ရာအဆင့်အထိ အခြေအတင်ဆွေးနွေးနိုင်အောင် အစိုးရက အားပေးအားမြှောက်လုပ်သင့်တယ်လို့ Developing Disparity ဆိုတဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

(VOA)  မှ

မြန်မာတွေ သတိမူစရာ အိန္ဒိယနိုင်ငံက ဘာသာရေး အဓိကရုဏ်း



မြန်မာတွေ သတိမူစရာ အိန္ဒိယနိုင်ငံက ဘာသာရေး အဓိကရုဏ်း

မြန်မာနိုင်ငံမှာ ဘာသာရေး အဓိကရုဏ်းတွေနဲ့ အကြမ်းဖက်မှု၊ လူသတ်မှုတွေ ဖြစ်နေတော့ အနှစ်၂၀လောက် နေထိုင်ခဲ့တဲ့အိန္ဒိယက ဘာသာရေးပဋိပက္ခတွေကို ပြေးမြင်မိတယ်။ ကျနော်တို့ရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံကြီးမှာ ဟိန္ဒူမူစလင် အရေးပြဿနာနဲ့ အဓိကရုဏ်းတွေ မကြာခဏပဲ ဖြစ်တတ်တယ်။

၂၀၀၁ ခုနှစ် စာရင်းအရ ဟိန္ဒူဘာသာဝင် ၈၀.၅ ရာခိုင်နှုံး၊ အစ္စလာမ်က ၁၃.၄ ရာခိုင်နှုံး ရှိပါတယ်။ ဗုဒ္ဓ...ဘာသာဆိုတာ ၀.၈ ရာခိုင်နှုံးပဲ ရှိပါတယ်။ ဟိန္ဒူမွတ်စလင် ဘာသာရေးဟာ အထိမခံ ရွှေပန်းဂံပါပဲ။ ကိုယ်နေထိုင်လာခဲ့တဲ့ အနှစ်၂၀ ကာလအတွင်း ဟိန္ဒူ မွတ်စလင် အဓိကရုဏ်းကြီး ၂ကြိမ်ကြုံဖူးပါတယ်။ အယုဒ္ဓယ အဓိကရုဏ်းနဲ့ ဂေါ်ဒရာ အဓိကရုဏ်းတို့ ဖြစ်တယ်။ ၂ခုလုံးက ရက်ရက်စက်စက် ကြောက်ခမန်းလိလိပဲ။

ဒီကနေ့ မိထ္တီလာအပါအ၀င် ဒေသ အနီးတ၀ိုက်မှာပျံ့နှံ့နေတဲ့ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခတွေ ကြားရတော့ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က စက်မှုစီးပွားဖွှံ့ဖြိုးတဲ့ အိန္ဒိယ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ထဲက ဆင်းရဲသားများတဲ့ မထင်မရှား ဂေါ်ဒရာမြို့လေးကနေ အစပြုပြီး ပြည်နယ်တခုလုံး မီးဟုန်းဟုန်းတောက်ခဲ့သလို သွေးချောင်းစီးဂယက်ထသွားတဲ့ အဓိကရုဏ်းကို မျက်စေ့ထဲ ပြန်မြင်လာပါတယ်။

အဲဒီအဓိကရုဏ်းနောက်ကွယ်က နိုင်ငံရေးကစားကွက်နဲ့ ဘာသာရေးအစွန်းရောက်တွေရဲ့ မဲတွေကို သိမ်းကြုံးလိုချင်တဲ့ အာဏာရ လကျာင်္စွန်း ဟိန္ဒူပါတီကြီးရဲ့ နိုင်ငံရေးလှည့်ကွက်တွေကို ကျနော်တို့ ပြည်သူတွေ သိစေလိုတဲ့ စိတ်တွေပေါ်လာတယ်။

၂၀၀၂ခု ဖေဖ၀ါရီလ ၂၇ရက် ကပါ။ ဟိန္ဒူတွေ အထွတ်အမြတ်ထားတဲ့ ရာမမင်းသားရဲ့ ဇာတိ အယုဒ္ဒယမြို့ကလေးကနေ ဘုရားဖူးတွေ ငါးပိငါးချဉ်သိပ် စီးနင်းလိုက်ပါလာတဲ့ မီးရထားကြီးဟာ ဂေါ်ဒရာဘူတာလေးကို ဆိုက်လာတယ်။ ထုံးစံအတိုင်း ရထားတွဲပေါ် ဈေးသည်တွေ အပြေးအလွှားတိုးဝှေ့ပြီး ဈေးတက်ရောင်းတယ်။ အဲဒီမှာ ဈေးသည်တယောက် နဲ့ ခရီးသည် ကတောက်ကဆတွေ ဖြစ်၊ စ ရင်းနောက်ရင်း ဆဲဆိုရင်း ဈေးသည်ရဲ့ပါးကို ခရီးသည်တယောက်က ဆတ်ကနဲ ရိုက်လိုက်တယ်။ အဲဒီမှာ ပွဲကစသွားတာပဲ။ ဈေးသည်က ရထားပေါ်ကဆင်းပြီး သူ့မိတ်ဆွေတွေကို အကူအညီတောင်းတယ်။ ဖြစ်ချင်တော့ အဲဒီဘူတာအနီးတ၀ိုက် နေထိုင်သူတွေက မူစလင်ဘာသာဝင်တွေ၊ ဆင်းရဲသား ပညာမတတ်ရှာဖူး။ ဒေါသတွေနဲ့ တုန့်ပြန်ရင်း ဘာသာရေးစော်ကားမှုတွေ ဖြစ်လာတယ်။ နောက်ဆုံး ရထားတွဲတွေ မီးရှို့လိုက်တယ်။ အနီးအနားက လက်နက်ကိုင် မီးရထားလုံခြုံရေးရဲတွေက မိုးပေါ်သေနတ်ထောင်ပြီး လူစုလူဝေးကို ရှင်းဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ အခြေအနေက ထိမ်းမရတော့ဘူး။ ခြေလွန်လက်လွန်တွေ၊ ဒုတ်တပျက် ဓားတပျက်တွေဖြစ်ကုန်ပြီ။ နောက်ဆုံးတော့ မီးရထားပေါ်က ခရီးသည် ၁၀၀ကျော် တခါတည်း မီးလောင်သေဆုံးသွားတယ်။

ပြဿနာက မီးခိုးမဆုံး မိုးမဆုံး ဖြစ်ကုန်တယ်။ အဓိကရုဏ်းက တောမီးလို ပျံ့သွားတယ်။ ပြည်နယ်ရဲ့ အဓိက မြို့ကြီးတွေဖြစ်တဲ့ ဂန်ဒီနာဂါး၊ အမ္မဒါဘတ်ဂ် ၊ စူရတ်စ် မြို့ တွေက ဟိန္ဒူ နဲ့ မွတ်စလင်တွေ ရန်စောင်ကုန်တယ်၊ ရိုက်ကြနှက်ကြတယ်။ ပြည်နယ်အနှံ့ မြို့ကြီးတွေမှာ ပဋိပက္ခတွေ ပျံ့နှံ့သွားတယ်။ နောက်တရက် ဖေဖေါ်ဝါရီ ၂၈ ရက်ဟာ ဂူဂျာရတ်ပြည်နယ် ကမ္ဘာပျက်တဲ့နေ့ပဲ။ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ အသက်အရွယ်ကြီးသူတွေ ဓားဆာခံဖြစ်ရတယ်။ သူတို့အများဆုံး ထိခိုက်သေဆုံးတယ်။ အဲဒီ၂ ရက်အတွင်း သေဆုံးမှုက ကြောက်ခမန်းလိလိပဲ။ ခန့်မှန်းချေ မွတ်စလင် ၂၅၀၀၊ ဟိန္ဒူ ၅၀၀ သေဆုံးတယ်။ မွတ်စလင် တသိန်းလောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်။

ဟိန္ဒူဘုရားကျောင်းတွေ ဗလီတွေ သာမက ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းတွေပါ အဆစ်ပါတယ်။ စုစုပေါင်း ဘာသာရေးဆိုင်ရာ အဆောက်အဦး ၈၀၀ လောက် ပျက်ဆီးသွားတယ်။ နောက်ပိုင်း အဓိကရုန်းမှာ ပါဝင်တဲ့ ဟိန္ဒူအစွန်းရောက် ၂၇၀၀၀ လောက်ကို ထိန်းသိမ်းခဲ့တယ်။ မွတ်စလင်က ၈ ထောင်လောက်ပါတယ်။

နောက်ကွယ်က လက်မဲ

အဲဒီကာလ ဂူဂျာရတ်ပြည်နယ်ကို အုပ်ချုပ်နေတာက BJP( Bharatiya Janata Party) ဖြစ်တယ်။ တနည်းပြောရရင် လကျာင်္အမျိုးသား အစွန်းရောက်ပါတီ ဖြစ်တယ်။ တိတိကျကျ ပြောရရင် ဟိန္ဒူ အမျိုးသားရေးကို ရှေ့တမ်းတင်ပြီး အာဏာခိုင်မြဲအောင် ကြိုးပမ်းနေတဲ့ ပါတီပါ။ ၁၉၉၂ခုနှစ်က ဖြစ်ခဲ့တဲ့ အယုဒ္ဓယအရေးအခင်း (ရာမမင်းသားကြီး မွေးဖွားရာ နေရာမှာ တည်ရှိနေတဲ့ နှစ်ပေါင်း ၅၀၀ သက်တမ်းရှိ ဘာဘရီ ဗလီကြီးကို ဖြိုချဖျက်ဆီးမှုမှ အစပြု) ကိုလည်း BJP ပါတီကပဲ လှုံ့ဆော်ခဲ့တာဖြစ်တယ်။ အဲဒါက ဘာသာရေး ပဋိပက္ခသက်သက်ဖြစ်တယ်။ အခုဟာက လူတစုနဲ့တစု ခိုက်ရန်ပွဲကနေ ဘာသာရေးအဓိကရုဏ်း ဖြစ်အောင်လှုံ့ဆော်တဲ့ နိုင်ငံရေးအကောက်ကြံမှုပါ။

အဲဒီဂူဂျာရတ်ပြည်နယ် ၀န်ကြီးချုပ် မိုဒီး (Narendra Modi) နိုင်ငံရေးအာဏာဆုတ်ကိုင်ဖို့ ကြိုးစားမှုကိုပါ အိန္ဒိယ သတင်းမီဒီယာတွေက ဖော်ထုတ်နိုင်ခဲ့တယ်။ တကယ်တော့ အဲဒီအချိန် ဂေါ်ဒရာ ပြဿနာပေါ်ပြီဆိုတာနဲ့ အတွေ့ အကြုံရင့်ကျက်တဲ့ ရဲမင်းကြီးတွေက ဟိန္ဒူ မူစလင် အဓိကရုံး ဖြစ်နိုင်တဲ့ အရပ် ဒေသတွေမှာ လုံခြုံရေး အစီအမံချထားဖို့ ချက်ချင်းစီစဉ်ကြတယ်။ ဒါပေမဲ့ သိပ်မကြာလိုက်ဖူး၊ ရက်ပိုင်းအတွင်းမှာ အဲဒီအတွေ့အကြုံရှိတဲ့ ရဲအရာရှိတွေ နယ်ပြောင်းခံရတယ်၊ ရာထူးချခံလိုက်ရတယ်။ ၀န်ကြီးချုပ်မိုဒီး ဟာ သူစိတ်ချရတဲ့ ရဲအရာရှိတွေကို ရာထူးတိုးပေးပြီး ဘာသာရေး ပဋိပက္ခကို ၀င်ကိုင်တယ်။

နောက်ပိုင်း သတင်းမီဒီယာတွေနဲ့ စုံစမ်းရေးကော်မရှင်တွေရဲ့ (စုံစမ်းရေးကော်မရှင်က ၅ဖွဲ့လောက်ရှိတယ်၊ ဗဟိုအစိုးရ ကဖွဲ့တဲ့ ကော်မရှင်၊ ပြည်နယ်အစိုးရဖွဲ့တဲ့ ကော်မရှင် ၊ လူ့အခွင့်အရေးကော်မရှင်၊ လွတ်လပ်တဲ့ လူထုတန်းစားတွေက ဖွဲ့တဲ့ ကော်မရှင် တွေလည်း ပါတယ်) တွေရဲ့ စုံစမ်းဖော်ထုတ်ချက်တွေအရ --- အကြမ်းဖက်မှုမှာ လက်မဲကြီး၂လက်ရဲ့လှုပ်ရှားမှုကို တွေ့ရတယ်။ ပထမလက်မဲကတော့ လူဆိုးလူမိုက်တွေကို BJP ပါတီရဲ့အဓိက ဟိန္ဒူ အမျိုးသားရေး အသင်းကြီး ဖြစ်တဲ့ အာ အက်စ် အက်စ် (RSS-Rashtriya Swayamsevak Sangh) အဖွဲ့ဝင်တွေရဲ့လက်ချက်ကြီးဖြစ်တယ်။ လူဆိုး လူမိုက်တွေစု၊ ငွေပေး အရက်သေစာ တိုက်ပြီး မွတ်စလင်တွေနေတဲ့ ရပ်ကွက်ထဲ ၀င်ပြီး မီးရှို့ဖို့ စီစဉ်ခဲ့တာတွေပဲ။ ဒုတိယလက်မဲက ပဋိပက္ခ ဖြစ်နေတာကို ထိန်းသိမ်းဖို့သွားတဲ့ ရဲတွေကိုယ်တိုင်က RSS အဖွဲ့ဝင်တွေ။ သူတို့ဟာ အရေးအခင်းမဖြစ်ပွားမီ နှစ် အတန်ကြာကတည်းက (နအဖခေတ်-စွမ်းအားရှင်တွေလို) ရဲတပ်ဖွဲ့ထဲ မြှုပ်နှံထည့်သွင်းထားတဲ့ ဆဲလ်တွေဖြစ်တယ်။ ဒါကြောင့် တကယ်တမ်း အရေးအခင်းနဲ့ ထိတ်တိုက်တွေ့တဲ့အခါ သူတို့ကိုယ်တိုင် မွတ်စလင် ရပ်ကွက်ထဲဝင်ပြီး ပစ်ခတ်တော့တာပဲ။

ပြည်နယ်ဝန်ကြီး မိုဒီးဟာ သူအပိုင်စားတဲ့ ဂူဂျာရတ်ပြည်နယ်တင် မကဘူး၊ တခြားထိစပ်နေတဲ့ မဒရာပရာဒါခ်ျ၊ ရာဂျက်စတ္တန်၊ မဟာရာဇ်စတာ ပြည်နယ်တွေကိုပါ ကူးစက်အောင် အားထုတ်ခဲ့တယ်။ အဲဒီပြည်နယ်တွေမှာလည်း BJP ပါတီက အာဏာရထားတာကိုး။ ဒါပေမဲ့ ပြည်သူတွေက သတိရှိတော့ မဖြစ်ခဲ့ဖူး။ အဓိကရုဏ်း ဖြစ်အောင်လှုံ့ဆော်တဲ့ အစွန်းရောက် ဟိန္ဒူတချို့ကို စာရွက် စာတမ်းတွေနဲ့ အတူ ဖမ်းဆီးမိတယ်။ အဲဒီလို ဂူဂျာရတ်မှာ မီးးဟုန်းဟုန်းတောက်နေချိန်၊ နယူးဒေလီ ပါလီမန်ကနေ အခင်းဖြစ်ပွားမှုတွေကို အမြန်ဆုံးရပ်စဲကြဖို့ အာဏာရ အစိုးရကို အပြင်းအထန် တောင်းဆိုကြတယ်။ အာဏာရ အစိုးရကလည်း BJP လူများစုက ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ ဖြစ်နေတယ်။

အခင်းဖြစ်နေတဲ့ ဒေသတွေကို စစ်တပ်စေလွှတ်ဖို့လည်း ဗဟိုအစိုးရက နှောင့်နှေးနေတယ်။
နောက် ၄ ရက်အကြာမှ စစ်သား ၂ သောင်းနဲ့ အရေးအခင်းကို ထိမ်းသိမ်းနိုင်ခဲ့တယ်။ မီဒီယာတွေကလည်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ၂၄ နာရီ သတင်းထုတ်နေတယ်။ အခင်းဖြစ်တဲ့ နေရာတွေထိ ရောက်အောင်သွားတယ်။ အချိန်နဲ့ တပြေးညီ အရပ်သားဂျာနယ်လစ်တွေ၊ သတင်းသမားတွေရဲ့ အကူအညီတွေ ထိထိရောက်ရောက် သုံးနိုင်ခဲ့တယ်။ အိန္ဒိယ မီဒီယာတွေ ကို အတုယူဖို့ကောင်းတာက ရက်ရက်စက်စက်ပုံတွေ ကို အစောပိုင်း သတင်းဌာနတချို့က (နာမည်ကြီး လူကြိုက်များအောင်) အသုံးပြုပေမဲ့ နောက်ပိုင်းမှာ သတင်းမီဒီယာ အဖွဲ့အစည်းတွေ အားလုံးက မေတ္တာရပ်ခံပြီး၊ အဓိကရုဏ်းပိုမို မကြီးထွားအောင် သတိပြုပြီး ထိန်းထိန်းသိမ်းသိမ်း
ရေးသားဖော်ပြကြတယ်။ နောက်ကွယ်က လက်သည်တရားခံတွေကို ကြိုးစားဖော်ထုတ်ကြတယ်။ ပြည်နယ် အစိုးရရဲ့ အားနည်းချက်နဲ့ မတရားမှုတွေကို သတ္တိကောင်းကောင်းနဲ့ နှိုက်ထုတ်ခဲ့ကြတယ်။

စုံစမ်းရေး ကော်မရှင် အမျိုးမျိုးဖွဲ့ပြီး နောက်ကွယ်က တာဝန်ရှိသူတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့တယ်။ ပြည်နယ် ၀န်ကြီးချုပ် မိုဒီး ကိုလည်း တရားစွဲဖို့ အားထုတ်ခဲ့တယ်။ ဒါပေမဲ့ အထမမြောက်ခဲ့ဖူး။ အာရှမှာ ရာစုနှစ်ပေါင်း ထောင်နဲ့ချီပြီး ထွန်းကားခဲ့တဲ့ အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှု ရဲ့ ဘုန်းရောင် ဂုဏ်အရှိန်ဟာ ဆင်းရဲတဲ့ ဂေါ်ဒရာမြို့ငယ်လေးရဲ့ ပဋိက္ခကို အစပြုပြီး ဂုဏ်သိက္ခာညှိုးခဲ့ ရတယ်။ နိုင်ငံတကာမှာ အရှက်တကွဲ အကျိုးနည်းခဲ့ရတယ်။

ပြည်သူ့တွေရဲ့ အမြင်ကျယ်မှု

ဂေါ်ဒရာ အရေးအခင်းဖြစ်ပြီး ၂ နှစ်အကြာ ၂၀၀၄ ခုမှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတယ်။ BJP ပါတီက ဇာတ်လိုက်ကြီး မိုဒီး ကို ပွဲထုတ်တယ်။ ဒါပေမဲ့ မရဖူး၊ မီဒီယာတွေကလည်း ပညာပေး၊ နိုင်ငံရေး နိုးကြားပြီး နိုင်ငံရေး အသိကလည်း မြင့်မားတဲ့ အိန္ဒိယ ပြည်သူတွေက မိအေးတခါပဲ အနာခံတယ်။ ၁၉၈၀ လောက်ကမှ ပါတီဖွဲ့ပြီး အချိန်တိုတို အတွင်း အစိုးရဖွဲ့လိုက်နိုင်တဲ့ BJP ဟိန္ဒူ အမျိုးသားရေး ပါတီကြီးဟာ ပဋိပက္ခ အလွန် ရွေးကောက်ပွဲမှာ ခွက်ခွက်လန်လန်အောင်ရှုံးတယ်၊ ပြည်သူတွေက လှလှလေး ဒဏ်ခတ်ခဲ့တယ်။ မတရား သူတွေကို ဥပဒေကြောင်းအရ အပြစ်မပေးနိုင်ခဲ့ပေမဲ့ နိုင်ငံရေး အမြင်ရှိတဲ့ အိန္ဒိယပြည်သူတွေက ပညာသားပါပါတော့ ဆုံးမနိုင်ခဲ့တယ်။

အိန္ဒိယက ဂေါ်ဒရာ ဘာသာရေးအဓိကရုဏ်းဟာ ကျနော်တို့ပြည်သူတွေ အတွက် ယူသင့်ယူထိုက်တဲ့ စံနမူနာကို ပြသနေတယ်။ စေတနာလည်း မမှန် မူလည်းမမှန်တဲ့ အမျိုးသားရေး စိတ်နဲ့ သွေးထိုးပေမဲ့ ပြည်သူတွေဘက်က အသိတရားနဲ့ သတိတရားရှိထားရင် အဲလို နိုင်ငံရေးပါတီမျိုး၊ အင်အားစုမျိုးကို ပြည်သူက အာဏာမရအောင် ထိမ်းချုပ်ထားနိုင်တယ်ဆိုတာ ဂေါ်ဒရာက သက်သေပြနေပါတယ်။
 (အောင်စံအေး)
Burma-Newselite

မြန်မာနိုင်ငံ၏ သမ္မတများ

ဗဟုသုတ စွယ်စုံကျမ်း

၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ် လူသိများ
လေသည်။သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့
သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့
ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ စ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသား
ဖြစ်လေသည်။၁၉၃၇ခု၊ဇွန်လတွင် မြောက်ပိုင်းသိန္နီစော်ဘွား ၏နှမတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး၁၁ယောက် ထွန်းကားခဲ့သည်။ စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၂။ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၆.၃.၁၉၅၂)မှ (၁၃.၃.၁၉၅၇)ထိ ထမ်းဆောင်ခဲ့
လေသည်။ဒေါက်တာဘဦးကို ၁၈၈၇ခု မေလ ၂၆ရက် ကြာသပတေးနေ့
ဧရာဝတီတိုင်း။ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့
သည်။မွေးချင်းကိုးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ဘိုးဘေးများမှာ
မင်းမျိုးမင်းနွယ်ဖြစ်လေသည်။၁၉၁၃ခုတွင် ဒေါ်ငြိမ်းငြိမ်းနှင့်လက်ထက်ပြီးသား၂ယောက်ထွန်းကားခဲ့သည်။၁၉၂၂တွင် ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါနှင့်
ကွယ်လွန်ပြီးနောက် ၁၉၂၃တွင် ဒေါ်အေးနှင့်လက်ထက်ခဲ့ရာ သားသမီး
၅ယောက်ထွန်းကားခဲ့သည်။ဒေါက်တာဘဦးသည် (၉.၁၁.၁၉၆၃) အသက် ၇၆နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၃။ဦးဝင်းမောင်(ခ)မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တတိယမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၃.၃.၁၉၅၇)မှ (၂.၃.၁၉၆၂)ထိ ထမ်းဆောင်ခဲ့သည်။ဦးဝင်းမောင်ကို ၁၉၁၆ခု၊ဧပြီလ၊၁၇ရက် တနင်္လာနေ့
ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊လှည်းဆိပ်ရွာတွင် အဖဦးရွှေရင်၊အမိဒေါ်သာယာ
တို့မှ ဖွားမြင်ခဲ့သည်။ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင်ဟု ထင်ရှားလေသည်။၁၉၄၂ခုတွင် ဒေါ်မြမေနှင့် လက်ထပ်ကာ
သားသမီး ၆ယောက် ထွန်းကားခဲ့သည်။မန်းဝင်းမောင်သည် (၄.၇.၁၉၈၉)
အသက်၇၃နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၎။ဦးနေ၀င်း(၁၉၁၁-၂၀၀၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၂.၃.၁၉၇၄)မှ (၉.၁၁.၁၉၈၁)ထိ ထမ်းဆောင်ခဲ့သည်။ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်လေသည်။
ဦးနေ၀င်းကို ၁၉၁၁ခု၊မေလ၊၂၄ရက်၊ဗုဒ္ဒဟူးနေ့၊ ပြည်ခရိုင်၊ပေါင်းတလည်မြို့
တွင် အဖဦးဖိုးခ ၊အမိဒေါ်မိလေးတို့မှ ဖွားမြင်သော သားဦးဖြစ်လေသည်။
ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ပထမဆုံး ဒေါ်သန်းညွန့်နှင့်လက်ထက်ကာ သား၁ယောက်၊ဒုတိယ ဒေါ်တင်တင်နှင့်လက်ထက်ကာ သား၂ယောက်၊တတိယ ဒေါ်ခင်မေသန်းနှင့်လက်ထက်ကာ သားသမီး ၃ယောက် ထွန်းကားခဲ့သည်။၁၉၇၂ခုတွင် ဒေါ်ခင်မေသန်းကွယ်လွန်ပြီး
၁၉၇၃ခုတွင် ဒေါ်နီနီမြင့်နှင့်လက်ထက်ခဲ့သည်။ထို့နောက် ၁၉၇၆ခုတွင်
ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မယ်နှင့်လက်ထက်ပြီး ငါးလသာ
ပေါင်းသင်းနေထိုင်ခဲ့သည်။ဦးနေ၀င်းသည် (၅.၁၂.၂၀၀၂) အသက် ၉၂နှစ်
တွင်ကွယ်လွန်ခဲ့သည်။
x x x x x x x x
၅။ဦးစန်းယု(၁၉၁၈-၁၉၉၆)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၉.၁၁.၁၉၈၁)မှ (၂၅.၇.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဦးစန်းယုကို ၁၉၁၈ခု၊မတ်လ၊၃ရက်၊တနင်္ဂနွေနေ့၊ပြည်ခရိုင်၊သဲကုန်းမြို့
တွင် အဖဦးစံဖေ၊အမိဒေါ်ရွှေလဲ့တို့မှ ဖွားမြင်လေသည်။၁၉၄၇ခုတွင် အင်းစိန်
အစိုးရကျောင်းဆရာမ ဒေါ်သန်းရှိန်နှင့်လက်ထက်ခဲ့ပြီး သမီး၎ယောက် ထွန်းကားခဲ့သည်။ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက်၇၈နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၆။ဦးစိန်လွင်(၁၉၂၄-၂၀၀၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၂၅.၇.၁၉၈၈)မှ (၁၂.၈.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဦးစိန်လွင်ကို ၁၉၂၄ခု၊ဇန်န၀ါရီလ၊၂၇ရက်၊တနင်္ဂနွေနေ့၊ ပေါင်မြို့တွင်
အဖ ဦးရွှေရင်၊အမိ ဒေါ်မမကြီးမှ ဖွားမြင်လေသည်။ဒေါ်ရွှေတင်(ခ)ဒေါ်တင်
တင်လှိုင်နှင့်လက်ထက်ခဲ့ပြီး သားသမီး ၅ယောက် ထွန်းကားခဲ့သည်။
ဦးစိန်လွင်သည် (၉.၄.၂၀၀၄) အသက်၈၁နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၇။ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သတ္တမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၉.၈.၁၉၈၈)မှ (၁၈.၉.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဒေါက်တာမောင်မောင်ကို ၁၉၂၅ခု၊ဇန်န၀ါရီလ၊၃၁ရက်၊စနေနေ့၊
မန္တလေးမြို့တွင် အဖဦးဆင့်၊အမိ ဒေါ်အေးတင်တို့မှဖွားမြင်လေသည်။
မွေးချင်းအနက် တစ်ဦးတည်းသောသားဖြစ်သည်။၁၉၄၇ခုတွင် ဒေါ်ခင်မြင့်
နှင့်လက်ထက်ခဲ့ရာမှ သားသမီး ၇ယောက်ထွန်းကားခဲ့သည်။ဒေါက်တာ
မောင်မောင်သည် (၂.၇.၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၈။ဦးသိန်းစိန်(၁၉၄၅)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေ
သည်။၂၀၀၈ခု၊ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံး
ရွေးချယ်ခံရသော သမ္မတဖြစ်သည်။(၄.၂.၂၀၁၁)တွင် သမ္မတတာဝန်ကို
ထမ်းဆောင်ရသည်။ဦိးသိန်းစိန်ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့
ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးရွာတွင် အဖဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့်
တို့မှ ဖွားမြင်လေသည်။ဦးသိန်းစိန်မှာ ဒေါ်ခင်ခင်ဝင်းနှင့်လက်ထက်ပြီး
သားသမီး ၃ယောက်ထွန်းကားလေသည်။ယခုအခါ နေပြည်တော်ရှိ နိုင်ငံ
တော် သမ္မတအိမ်တော်တွင် နေထိုင်လျက်ရှိသည်။

သံလွင်ရေကာတာ ကန့်ကွက်သံ

 
ကယားပြည်နယ် သံလွင်မြစ် အတွင်းက ရေအားလျှပ်စစ်ထုတ်လုပ်မယ့် ရေကာတာတွေ နဲ့ပတ်သက်ပြီး ဒေသခံတွေကြားမှာ ကန့်ကွက်မှုတွေ ရှိနေပါတယ်။ ဒီရေကာတာနဲ့ပတ်သက်လို့ ဒေသခံပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ရှင်းလင်း ပြောဆိုတာမျိုး မရှိသလို၊ သဘာဝ ဘေးအန္တရယ်တွေ ကြုံရနိုင်တဲ့ အနေအထားရှိမရှိ စနစ်တကျ စမ်းသပ်စစ်ဆေးတာတွေ မရှိဘူးလို့လည်း ဖေ၀န် ပြောဆိုနေပါတယ်။ မြစ်မခ မီဒီယာက မမေသင်္ကြန်ဟိန်က တင်ပြပါလိမ့်မယ်။
(VOA) မှ

သဲကုန်းအခြေအနေ တင်းမာဆဲ

Thegon Map
မဆုမွန်
30.03.2013

ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားနေတဲ့ ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲမှာတော့ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။ အကြမ်းဖက်မှုတွေစခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့ပေါ်မှာတော့ ဒီကနေ့မှာ မြို့မဈေးကြီး ပြန်ဖွင့်နေပြီး အခြေအနေဟာ တည်ငြိမ်စ ပြုနေပြီလို့ မြို့ခံတွေကပြောပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ မြို့နယ်တွေနဲ့ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားတဲ့နေရာတွေမှာတော့ စစ်တပ်က စစ်ကားတွေနဲ့ကင်းလှည့်ပြီး စောင့်ကျပ်နေ တယ်လို့ဆိုပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားအောင် မီးရှို့ဖျက်ဆီးမှုတွေလုပ်ဖို့ လူအုပ်စုတချို့ကနေ ကြိုးစားလုပ်ဆောင်လာတဲ့အတွက် ပဲခူးတိုင်းဒေသကြီး သဲကုန်းခရိုင်ထဲမှာ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားရပါတယ်။ စစ်တပ်က မြို့ထဲမှာ တပ်စိပ်တွေ အင်အားတိုးချထားပြီး မြို့ခံလူထုနဲ့ ပူးပေါင်းလုံခြုံရေးယူထားရတဲ့ အနေအထားဖြစ်တယ်လို့ သဲကုန်းဒေသခံတွေက ပြောပါတယ်။ ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲက ပုတီးကုန်းမြို့တွင်းမှာ ဗလီတလုံးအပါအဝင် အိမ်တချို့ အဖျက်ခံခဲ့ရပြီး မြို့မနဲ့ အင်းမဘက်မှာတော့ ဈေးဆိုင်တွေ နဲ့ နေအိမ်တချို့ အဖျက်ဆီးခံခဲ့ရပါတယ်။

သဲကုန်းမြို့မှာတော့ အထိအခိုက်မရှိဘူးလို့ သဲကုန်းဒေသခံ ဦးသိန်းထွန်းက ပြောပါတယ်။ သဲကုန်းမြို့နယ်ထဲမှာတော့ ဘာသာရေးအဆောက်အဦးကို ဖြိုဖို့အတွက် လူအုပ်စုလိုက် အကြမ်းဖက်ဖို့ ရောက်လာတဲ့အချိန်မှာ စစ်တပ်က လုံခြုံရေးအပြည့် ယူပေးထားတဲ့အတွက် နောက်ဆုတ်သွားကြတယ်လို့လည်း သူကဆက်ပြောပါတယ်။

“နယ်ဘက်ကလူတွေက ဗလီဖျက်ဖို့ဆိုပြီး တက်လာတယ်။ တက်လာတော့ တပ်က ရောက်နေပြီလေ။ တပ်ကရောက်နေပြီဆိုတော့ တပ်က မဖျက်ဖို့ပြောတယ်။ ဖျက်ရင်ပစ်မယ်လို့ပြောတယ်။ သေနတ်တွေ ဘာတွေ မောင်းတင်တော့ ပြန်သွားကြတယ်။ ပုတီးကုန်းမှာ ဗလီအဖျက်ခံရတယ်။  နေအိမ် နှစ်လုံးသုံးလုံး အဖျက်ခံရတယ်။ ဆိုင်နှစ်ခု အဖျက်ခံရတယ်။ အင်းမဘက်မှာလည်း ဆိုင်တွေအဖျက်ခံရတယ်။”

သဲကုန်းမြို့နယ်တွင်းက မူစလင်တွေကို ဒေသခံတွေက လုံခြုံတဲ့နေရာတွေမှာ ဖွက်ပေးထားပြီး မြို့ခံလူငယ်တွေက လုံခြုံရေးယူထားကြတယ်လို့ သိရပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ သဲကုန်းမြို့ထဲမှာ ည ၆ နာရီကနေ မနက် ၅ နာရီ ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး မြို့နယ်တွင်းမှာ လူအုပ်စုလိုက်သွားလာခွင့်မပြုဘဲ မသင်္ကာသူမှန်သမျှကို စစ်ဆေးနေပြီး ပုဒ်မ ၁၈၈ ထုတ်ပြန်ထားပါတယ်။ သဲကုန်းမြို့နယ်တွင်း မြို့တွေမှာတော့ စစ်တပ်က တပ်စိပ်တွေတိုးချထားပြီး မြို့လယ်တွေမှာ နေရာယူပြီး တပ်စွဲထားတယ်လို့လည်း သိရပါတယ်။

“ည ၆ နာရီနဲ့ မနက် ၅ နာရီ curfew ထုတ်ထားတယ်။ ညဆို လူတွေအားလုံးစစ်တယ်။ လူအုပ်စုနဲ့လက်မခံဘူး။ တပ်ကရောက်ပြီးတော့ မြို့လယ်ခေါင်က စာကြည့်တိုက်မှာ ချထားတယ်။ ဇီးကုန်းမှာလည်း ဒီလိုပဲ။ မြို့လယ်ခေါင်က ပြန်ကြားရေးတနေရာမှာ တပ်ဆွဲထားတယ်။”

သဲကုန်းဘက်မှာ ဒီနေ့အခြေအနေကတော့ ငြိမ်သက်နေပြီး ပဲခူးတိုင်း အနောက်ဘက်ခြမ်း တလွှားက နတ္တလင်း၊ ဇီးကုန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့တွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်ပြီး စစ်တပ်နဲ့ရဲလုံခြုံရေးတွေက လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့သိရပါတယ်။

ဘာသာရေးအသွင်ဆောင်တဲ့  အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာခရိုင် မိတ္ထီလာမြို့ထဲမှာတော့ ဒီနေ့မှာ မြို့မဈေးကြီးပြန်ဖွင့်လိုက်ပြီဖြစ်ပြီး မြို့တွင်းအခြေအနေဟာ တည်ငြိမ်စပြု လာနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ခြုံရေးအခြေအနေ ကောင်းလာပြီဖြစ်လို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ မူစလင်တချို့ကလည်း သူတို့ရဲ့ နေအိမ်တွေဆီကို ပြန်ခွင့်တောင်းပြီး ပြန်နေကြတဲ့ အတွက် ဒေသခံလူငယ်အဖွဲ့တွေက လိုက်လံပို့ဆောင်ပေးနေတယ်လို့ မိတ္ထီလာမြို့ခံ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“ဒီနေ့တော့ ဈေးပြန်ဖွင့်တယ်လို့ ကြားတယ်။ အခု တချို့ အမှတ် (၃) ကျောင်းက မူစလင်တချို့က ဆိုလို့ရှိရင် သူတို့ရပ်ကွက်က မီးလည်းမလောင်တဲ့အတွက် ပြန်ချင်ပါတယ်လို့ ဆိုပြီး ဌာနဆိုင်ရာကို ပြောပေးပါဆိုလို့ ကျမ စောစောကပဲ ပြောပေးလိုက်တယ်။ ပြန်ချင်လို့ရှိရင် ကိုယ့်အိမ်ကိုယ်ပြန်လို့ရတယ်လို့ဆိုတော့ သူတို့ပြန်လို့မရသေးလို့ပါတဲ့။ အဲဒီနေရာတွေမှာ နေရတာကတော့ အဆင်မပြေနိုင်ဘူးဆိုတာတော့ ရှိမှာပေါ့လေ။ စိုးရိမ်တာကတော့ မြန်မာလူမျိုးတွေကလည်း စိုးရိမ်တာပဲ။ မူစလင်တွေကလည်း စိုးရိမ်တာပဲ။ အခြေအနေတခုကို စိတ်အေးချမ်းသာတဲ့ အခြေအနေတခုရောက်အောင်တော့ အချိန်နည်းနည်း စောင့်ရမယ်ထင်တယ်။”

အရေးပေါ်အခြေအနေ မရုပ်သေးတဲ့ မိတ္ထီလာမြို့တွင်းအခြေအနေကတော့ ပုံမှန်အနေအထားအထိ မရောက်သေးပေမဲ့လည်း လုံခြုံရေးကို မြို့ခံလူထုနဲ့အတူ စစ်တပ်နဲ့ ရဲလုံခြုံရေးတွေက အလှည့်ကျမြို့ကိုပတ်ပြီး ကင်းလှည့်နေကြတယ်လို့ ဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“မြို့ထဲကတော့ ပုံမှန်ပြောလို့ရပါတယ်။ ည ညတော့ စောင့်နေကြရတယ်။ ည ၇ နာရီကနေ မနက်ခင်း ၅ နာရီအထိအောင် အလှည့်ကျ လှည့်ကြတယ်တဲ့။ ရဲကတော့ အထိုင်ပဲပေါ့။ စစ်ကားတွေလှည့်တယ်တဲ့။ စစ်ကားပေါ်မှာ တက်လိုက်တဲ့သူက နောက်တပတ် ခြေလျှင် လှည့်တယ်တဲ့။ ခြေလျှင်လှည့်တာရော၊ ကားနဲ့လှည့်တာရော အဲဒီလိုမျိုး မြို့မိမြို့ဖတွေက ပြောတာပေါ့။ လုပ်ငန်းတွေကလည်း နည်းနည်းတော့ ပြန်စနေပြီဒီမှာ။ စခန်းတွေမှာလည်း လှူတာလေးတွေတော့ ဆက်တော့လာနေတယ်လို့ ကြားမိတယ်။ ဒါပေမဲ့ ရေအခက်အခဲ ဆိုတာလေးတွေလည်း နည်းနည်းတော့ ရှိတယ်။ အခြေအနေက ပြန်တည်ငြိမ်အောင် ကြိုးစားနေရတဲ့ အနေအထားလို့ ပြောလို့ရတယ်။”

ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၁၃ ထဲမှာတော့ မတ်လ ၂၀ ရက်နေ့ကနေ ဒီနေ့အထိ မြို့နယ် ၁၅ မြို့နယ်မှာ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ၁၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း၊ အဆောက်အဦး ၁,၃၅၅ လုံး နဲ့ ယာဉ်မျိုးစုံ ၃၉ စီးပျက်စီးဆုံးရှုံးကြောင်း၊ လူဦးရေ ၁၁,၃၇၆ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၆ ခုမှာ လူဦးရေ ၉,၀၆၅ ဦးကို စောင့်ရှောက် ထားကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြစ်မှု ကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီ အရေးယူရန် ဆောင်ရွက်နေကြောင်းလည်းဖော်ပြထားပါတယ်။

(VOA)  မှ

Friday, March 29, 2013

ဘူးသီတောင်မြို့နယ်တွင် ဘင်္ဂလီကုလားမှ ဘုန်းကြီးအား ရိုက်နှိပ် မှုဖြစ်ပွား

RSV about an hour ago ဘူးသီတောင်မြို့နယ်တွင် ဘင်္ဂလီကုလားမှ ဘုန်းကြီးအား ရိုက်နှိပ် မှုဖြစ်ပွား
(သတင်းအပြည့်အစုံ) ရခိုင်ပြည်နယ်၊ ဘူးသးေးတာင်မြို့ ၊ ဘူးသီးတောင်မြို့ထောင်ရှေု့ရခိုင်တိုင်းရင်းသားများ မျိုးနွယ်စုထဲမှ ဒိုင်နက် တိုင်းရင်းသားများ ကိုးကွယ်သော ဒိုင်နက် ဘုန်းတော်ကြီးကျောင်းတွင် ကိုရင်ကြီးတပါးနှင့် ကိုရင်ငယ်တစ်ပါး သီတင်သုံးလျှက်ရှိသည်။ ၂၈.၃.၂၀၁၃ ရက်နေ့ ညနေပိုင်း တရားထိုင်နေစဉ်တွင် ဘင်္ဂလီ ကုလား နှစ်ကောင်မှ ဝင်ရောက်လာပြီး ကိုရင်ကြီး နားရွက်အားဆွဲ ဆစ်ပြီး ဆေးလိပ်သောက်ရန် အတွက် မီးခြစ်အား တောင်းပါသည်။ ကိုရင်ကြီးမှ ငါဆေးလိပ်မသောက်ဘူးဟု ပြန်ပြောလိုက်ပြီး ဘင်္ဂလီကုလားမှ ပြသာစရှာပြီး ကိုရင်ကြီး ပါးအား နှစ်ချပ်ရိုက်သတ်ပါသည်။ ထို့နောက် ကိုရင်ကြီး အား နောက်ထပ်ရိုက်နှက်ပြီး ဘင်္ဂလီကုလားများ ထွက်ပြေးသွားပါသည်။ အသတ်ခံ ရသော ဒဏ်ရာကြောင်း ကိုရင်ကြီးတွင် အခြေအနေ စိုးရိမ်ရသဖြင့် ဘူးသီးတောင်မြို့ပြည့်သူဆေးရုံးကြီး တွင် သွားရောက်ပြသခဲ့ပြီး ဒါကာ ဒါကာမများမှ မကျေနပ်သဖြင့် ဘုန်းတော်ကြီးကျောင်းေ ရှ့ ထောင်ပိုင်အာဏာပိုင်များအား သွားရောက် တိုင်းကြားခဲ့ပြီး ထောင်အာဏာပိုင်များမှ မြို့နယ် လုံခြုံရေး များအား အကြောင်းကြားပေးခဲ့ပြီး ၂၉.၃.၂၀၁၃ ရက်နေ့ လိုက်လံ ရှာဖွေဖမ်းဆီရာ ဘင်္ဂလီကုလား နှစ်ကောင်ထဲမှ တစ်ကောင်အား ဖမ်းဆီရရှိပါသည်။ လက်ဝဲဒက်ပုဇွန်ချောင်းမှ ဇူဗိုင်နှင့် အ ပေါင်းအပါ တစ်ဦးဖြစ်ကြောင်း တစ်ဦးမှာလွတ်မြောက်နေဆဲဖြစ်ကြောင်း သတင်း ရှိပါသည်။ ယခုအခါ ကိုရင်ကြီးအား ရိုက်နှက်မှုအား ဒေသခံများအကြား အကျေနပ်ချက် များ တိုးပွါးလျှက်ရှိပါသည်ဟု သိရှိရပါပြီး ထိုကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော်ကြီးတွင်လည်း ခရီးထွက်လျှက်ရှိသောကြောင်း သိရှိရပါသည်။RSV 3 hours ago via mobile ဘူးသီးတောင်မြို့  အကျဉ်းထောင် အနီးရှိ ဘုန်းတော်ကြီးကျောင်းသို့ ဝင်ရောက်ကာ ဘုန်းတော်ကြီးအား ဒါးဖြင့်ထောက်ပြီး ကိုယ်ထိလက်ရောက် ပါးရိုက်မှုအား ဘင်္ဂလီခေါတော ကုလား ၃ ကောင် မှ ကျုးလွန်မှုဖြစ်စဉ် ယမန်နေ့ ၂၈ ရက်နေ့ ည နေ ၇ နာရီ ခန့် တွင် ဘာသာဿနာ အား စော်ကား သည်ကို ကျုးလွန်သူင်္ဘလီနှစ်ကောင် အား အာဏာပိုင် များမှဖမ်းဆီးရှိကြောင်း လက်ဝဲဒက် ပုဇွန်ချောင်းမှ ဇူဗိုင်နှင့် အ ပေါင်းအပါ တစ်ဦးဖြစ်ကြောင်း တစ်ဦးမှာလွတ်မြောက်နေဆဲဖြစ်ကြောင်း သတင်းရှိပါသည် ။
RSV

သန်းခေါင်စာရင်း အဖြစ် မြို့နယ် ၂၀ အတွင်း ကောက်ယူသွားမည်

မတ်လ ၃၀ ရက်နေ့မှ စတင်ကာ စမ်းသပ် သန်းခေါင်စာရင်း အဖြစ် မြို့နယ် ၂၀ အတွင်း ကောက်ယူသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုခဲ့သည်။


ထိုသို့ စမ်းသပ် သန်းခေါင်စာရင်း ကောက်ခံရာတွင် သတ်မှတ် ဒေသများ အတွင်းရှိ လူမျိုးမရွေး ဘာသာမရွေး၊ နိုင်ငံသား၊ နိုင်ငံခြားသား မခွဲခြားဘဲ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ရှိမရှိ၊ မှတ်ပုံတင် ရှိမရှိ စသည်တို့ကို စစ်ဆေးသွားမည် မဟုတ်ဘဲ မေးခွန်း ၄၁ ခုကိုသာ မေးမြန်းသွားမည် ဖြစ်ကြောင်း သိရသည်။


“ကောက်ယူမယ့် စမ်းသပ်မြို့နယ် ၂၀ ရွေးထားတယ်။ ၁၂ ရက်ကြာ ကောက်ပါမယ်။ မတ် ၃၀ ကနေ ဧပြီ ၁၀ ရက်နေအထိ ကောက်သွားမယ်။ ၂၀၁၄ အတွက် ရည်ရွယ်ပြီး ကြိုကောက်တာပါ။ စမ်းသပ်ကောက်တာမှာ ဘာအခက်ခဲတွေရှိမလဲ၊ မေးတဲ့ မေးခွန်းတွေမှာ အခက်ခဲတွေ ရှိမလား သိရအောင် ကောက်တာပါ” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန သန်းခေါင်စာရင်း ဌာနခွဲမှ ဌာနမှူး ဒေါက်တာခိုင်ခိုင်စိုးက ဧရာဝတီသို့ ပြောသည်။

စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရာတွင် သာမန် အနေအထားရှိ မြို့များထက် ထူးခြား အနေအထားရှိသည့် မြို့များဖြစ်သည့် နယ်စပ်မြို့များ၊ တောင်ပေါ်မြို့များကို အများဆုံး ရွေးချယ်ကောက်ယူရန် စီစဉ်ထားကြောင်း သိရသည်။


စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်သူများ အလွယ်တကူ ခွဲခြား သိရှိနိုင်ရေးအတွက် ကူညီမည့် ပညာရေး ၀န်ထမ်းများကို လူဝင်မှု ကြီးကြပ်ရေးဌာနမှ ၀န်ထမ်းများ၏ ၀န်ထမ်းဝတ်စုံအရောင် ဖြစ်သော ကာကီရောင် ၀တ်စုံနှင့် ဦးထုတ်၊လက်ဆွဲအိတ်များ ထုတ်ပေးထားကြောင်း ပြည်သူများ အလွယ်တကူ ခွဲခြားသိရှိနိုင်ရန် ရည်ရွယ်ကာ ထုတ်ပေးထားခြင်း ဖြစ်ကြောင်း သိရပြီး စမ်းသပ် သန်ခေါင်စာရင်း ကောက်ပါက အဆိုပါ ၀တ်စုံများဖြင့် ၀တ်ဆင်ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေက မေးခွန်းလာမေးတဲ့အခါ ဘာလဲဆိုတာမျိုး၊ လန့်တာမျိုး မဖြစ်အောင် သတ်မှတ်ဝတ်စုံ ဆင်ပေးတာပါ။နောက် စာရင်းစစ်တဲ့ သူကို တနေ့ ၄၀၀၀ နှုန်း၊ ကောက်တဲ့သူကို တနေ့ ၃၀၀၀ နှုန်းနဲ့ ၁၂ ရက်စာ ပေးထားပါတယ်” ဟု ဒေါက်တာ ခိုင်ခိုင်စိုးက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်ခေါင်းစာရင်း ကောက်ယူမှုကို ၁၉၇၃ တွင် တကြိမ်၊၁၉၈၃ တွင် တကြိမ် ကောက်ယူခဲ့ဖူးပြီး နှစ်ပေါင်း ၃၀ အကြာ ၂၀၁၄ မတ်လ ၃၀ ရက်နေ့တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ထပ်မံ ကောက်ယူသွားမည် ဖြစ်သည်။

ဧရာဝတီ

မြန်အောင်မြို့မှာ အောင်ကြီး (၇၈၆) အကြောင်း

===============================
 
မြန်အောင်မြို့၊ ပရိက္ခရာလမ်းတွင် အီလက်ထရွန်းနစ်ဆိုင် ဖွင့်လှစ်ရောင်းချနေသော မွတ်ဆလင်အောင်ကြီး (ဘ) ဦးတင်မြင့်
ထိပ်တန်းရောင်းဝယ်ရေး)၏ အကြောင်းအား မြန်အောင်သူ/မြန်အောင်သားများ သိရှိ သတိထားနိုင်ရန် တင်ပြလိုက်ပါသည်။
အောင်ကြီးသည် လွန်ခဲ့သော (၁၈)နှစ်ခန့်က မခင်သန္တာဝင်း ဆိုသူ မြန်မာမိန်းကလေးတစ်ဦးအား လက်ထပ်ပြီး
မွတ်ဆလင်ဘာသာသို့ သွတ်သွင်းခဲ့ပါသည်။ ထို့အပြင် အောင်ကြီးသည် မြန်မာမိန်းကလေးများစွာကို အခကြေးငွေ ပေးပြီးသော်လည်းကောင်း၊
ဥစ္စာဓနအားဖြင့် စည်းရုံးသိမ်းသွင်းပြီးသော်လည်းကောင်း ပျော်ပါးခဲ့ပါသည်။
အောင်ကြီးဆိုင်တွင် အလုပ်လုပ်ကြသော မိန်းကလေးအတော်များများ သိကြပါသည်။ အချို့ ကိစ္စများတွင် ပြဿနာများ
ပေါ်ပေါက်ခဲ့၍ ကျပ်သိန်း ဆယ်ဂဏန်းအထိ ပေးလျော်ခဲ့ရပါသည်။
ယခု ဘာသာရေးပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် ပြည်သူ့စစ်တပ်ဟု အမည်ရထားသော မြန်အောင် - ခ လ ရ (၅၁) တပ်အား
လာဘ်ငွေပေးပြီး ညအချိန်တွင် စစ်တပ်အတွင်းသွားရောက် နေထိုင်ခဲ့ ပါသည်။ ၄င်းစစ်တပ်ကားတစ်စီးမှ ညနေတိုင်း လာရောက် ခေါ်ဆောင်ပေးခဲ့သည်ကိုမျက်မြင်တွေ့ရှိသူများက
ပြောကြပါသည်။ ပြည်သူ့ စစ်တပ်မှ (၇၈၆) စစ်တပ် ဖြစ်နေတယ်လို့ ပြောရမလိုပါပဲ ခင်ဗျာ။
ယခုအချိန်တွင် အောင်ကြီးနှင့် မိသားစုအား စစ်တပ်မှ လက်နက်အပြည့်အစုံဖြင့် လိုက်လံ စောင့်ရှောက်ပေးနေသည့်အပြင်
အောင်ကြီးမှ င့ါနောက်မှာ စစ်တပ် တစ်တပ်လုံးရှိတယ် မင်းတို့ တစ်မြို့လုံး စောက်ဂရုစိုက်စရာမရှိဘူး င့ါဆိုင်နှင့် ဗလီနှစ်လုံးကို
ထိရဲရင်ထိကြည့် မင်းတို့ မြန်အောင်တစ်မြို့လုံး မီးလောင်တိုက် သွင်းပစ်လိုက်မယ်။ ဘီအိုစီနှင့် ဂက်စ် တာဘိုင်ကို မီးရှို့မယ်
စသည်ဖြင့် ချိမ်းခြောက် ပြောဆိုလျက်ရှိကြောင်း သိရပါသည်။

အပိုင်း (၂) မကြာမီ လာမည်
 FB  မှ

ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင် ဆူပူ ဖျက်ဆီးမှုများ ဆက် ပျံ့နှံ့


    လူမျိုးရေး၊ ဘာသာရေး ဆူပူ အကြမ်းဖက် ဖျက်ဆီးမှုများ ပဲခူးတိုင်း အနောက်ခြမ်းဒေသများသို့ ပျံ့နှံ့လာရာ ဇီးကုန်း၊ နတ္တလင်း မြို့တွင် ဗလီနှင့် မွတ်စလင်များ၏ နေအိမ်၊ ဈေးဆိုင်များ ယမန်နေ့ညက ဆက်လက် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
ယမန်နေ့ည ၁၁ နာရီခန့်က နတ္တလင်းမြို့ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ဘုန်းတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် နိုင်ငံရေးပါတီများမှ စောင့်ကြပ်နေသည့် ကြားမှပင် လူ ၁၅၀ ခန့် စတင် စုဝေးလာရာမှ လူအုပ်စုမှာ ပိုမိုများပြားလာပြီး လုံခြုံရေး တပ်ဖွဲ့များက လူစုခွဲသော်လည်း မရတော့ဘဲ အဆောက်အအုံများကို ဖျက်ဆီးကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

နတ္တလင်းမြို့ခံ ဦးအုန်းသန်းက “ဖျက်ဆီးရေး ခေါင်းဆောင်တွေက မီးရှို့ဘူး၊ လူမသတ်ဘူး၊ ပစ္စည်းမယူဘူး ဖျက်ပဲဖျက်မယ်၊ တားဆီးတာတွေ မလုပ်ပါနဲ့ ဆိုတဲ့ ခြိမ်းခြောက်စကားတွေ ပြောလာတဲ့အတွက် အကြမ်းမဖက်အောင် အာဏာပိုင်တွေ နောက်ဆုတ်ပေးလိုက်ရတယ်။ အဲဒါမှာ အန္တရာယ် မရှိတော့ဘူးဆိုပြီး လူတွေ ပိုရဲတင်းလာတယ်” ဟု ဆိုသည်။

ထို့နောက် မွတ်စလင်များ ပိုင်ဆိုင်သော ပစ္စည်းများကို လမ်းပေါ်သို့ သယ်ယူပြီး မီးရှို့ကြကြောင်း၊ တချို့သော မွတ်စလင်များမှာ ၎င်းတို့ပိုင် ပစ္စည်းဥစ္စာများနှင့် အတူ ညနေပိုင်းကတည်း မြို့ခံ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် အိမ်တချို့သို့ ပြောင်းရွေ့ထားသည့် အတွက် ဖျက်ဆီးခြင်းမှ လွတ်မြောက်သွားကြောင်း ၎င်းက ဆက်ပြောသည်။

အိမ်နှင့် ဆိုင် ဖျက်ဆီးခံရသည့် မွတ်စလင်တဦးဖြစ်သူ ဦးတင်အေးက မိမိတို့ နတ္တလင်းမြို့၌ နေထိုင်လာသည်မှာ နှစ်ပေါင်း ၄၀ ခန့် ရှိပြီဖြစ်ကြောင်း၊ ဒေသခံ ဘာသာခြားများဖြင့်လည်း ညီရင်းအစ်ကိုတမျှ နေထိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ ဖျက်ဆီးမှုမျိုး မကြုံဖူးကြောင်း၊ အုပ်ချုပ်ရေး ကင်းမဲ့သွားပြီဟု ခံစားရကြောင်း၊ မည်သည့် အာဏာပိုင် အဖွဲ့အစည်းများကမျှ လာရောက် အားပေးပြောဆိုမှု မရှိကြောင်း ပြောသည်။

“ကျနော်တို့ ပုန်းနေရတယ်။ တအိမ်လုံး ရစရာမရှိဘူး၊ ဖျက်ဆီးသွားတာ။ ချွေးနဲစာနဲ့ ရှာထားရတာတွေ ကုန်ပြီ။ ဘယ်သူ့ကို အားကိုးရမှန်း မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။

အလားတူ ဇီးကုန်းမြို့တွင်လည်း ဗလီနှင့် မွတ်စလင်များ၏ နေအိမ်၊ ဆိုင်များကို ဖျက်ဆီးခံရကြောင်း၊ ဒေသခံ လုံခြုံရေး ရဲတပ်ဖွဲ့များကလည်း ၀င်ရောက် ထိန်းသိမ်းပေးခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဇီးကုန်းမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါ်ခင်ဝိုင်းက “တမြို့ထဲနေတဲ့ မွတ်စလင်တွေကို လူသားချင်း စာနာဖို့တော့ ကောင်းပါတယ်။ အခု ဖျက်ဆီးတဲ့လူတွေလက်ထဲမှာ ပုဆိန်၊ ဓား၊ သံတူရွင်း အစုံပါတယ်။ မင်းမဲ့စရိုက်တွေ ဖြစ်နေပြီ” ဟု ဆိုသည်။

ဇီးကုန်းဗလီမှာ အနည်းငယ်သာ ပျက်စီးသွားသည့်အတွက် ယနေတွင် ထပ်မံဖျက်စီးမည်ဟု သတင်းများ ထွက်ပေါ်လာသည့်အတွက် ယခုအခါ မွတ်စလင်များမှာ ထိတ်လန့်တုန်လှုပ်နေကြောင်း သိရသည်။

အဆိုပါ ဆူပူမှုနှင့် ပတ်သက်ပြီး ဇီးကုန်း NLD မှ ကိုအောင်မြတ်သူ အပါအ၀င် တခြားသော ၁၀ ဦးကိုလည်း ထိန်းသိမ်းထားကြောင်း သိရသည်။

မိတ္ထီလာမြို့မှ စတင်ခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများသည် ယခုအခါ ပဲခူးတိုင်း အနောက်ခြမ်း မြို့များဖြစ်သည့် ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ၊ နတ္တလင်းမြို့များသို့ ပြန့်နှံ့လာခြင်း ဖြစ်သည်။

ယမန်နေ့ညက ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှမြို့များ၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း လမ်းပေါ် မထွက်ရန်၊ လူစုခြင်း၊ ဟောပြောခြင်း၊ စီတန်းလမ်းလျှောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ တိုက်တွန်းခြင်းမပြုလုပ်ရန် ကြေညာထားသည်။

အုတ်ဖိုမြို့နယ် အိုးသည်ကုန်း အုပ်စု၌ ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုတွင် ပါဝင်သည်ဟု ယူဆရသူ ၅ ဦးကို မင်းလှရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းမှ ရန်ကုန်သို့ လမ်းတလျှောက်ရှိ မြို့များတွင် ဆူပူ ဖျက်ဆီးမှုများ ကူးစက်ဖြစ်ပေါ်နေခြင်းအပေါ် သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ၏ တရားဥပဒေစိုးမိုးရေး ကိုင်တွယ်ကို ဝေဖန်မှုများ ရှိနေသည်။

ပြည်မြို့တွင်လည်း ဆူပူအုံကြွအောင် လှုံ့ဆော်စာများ ဝေငှသည်ဟု သိရကြောင်း၊ ထိုမှတဆင့် ရန်ကုန်-ပြည် အဝေးပြေး ကားလမ်းအတိုင်း ရန်ကုန်ဘက်သို့ ဆင်းလာကာ အုတ်ဖို၊ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်မြို့တို့တွင် ထပ်မံ ဖြစ်ပေါ်ခဲ့ရာ အဝေးပြေး ကားလမ်းမပေါ်ရှိ မြို့များတလျောက် ဖြစ်ပျက်ခဲ့သည်ကို မတားဆီးနိုင်သေးသည်က သံသယ ရှိစရာကောင်းကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးမင်းကိုနိုင်က ပြောသည်။

“ဒါက သိပ်ကို သံသယရှိဖို့ကောင်းတယ်။ လုပ်ချင်ရင် အလွယ်လေးပါဗျာ။ အခုက မတားဆီးဘူး။ ဖြစ်တော့မှ ဖြစ်တဲ့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်။ အစိုးရဘက်က အာရုံပဲ မစိုက်တာလား၊ အကဲမခတ်မိတာလား။ ဘာ့ကြောင့် ဒီလို လူအုပ်စုလိုက် တမြို့ဝင်တမြို့ထွက်ကို ခွင့်ပြုနေရတာလဲ” ဟု ၎င်းက ပြောသည်။

ကြို့ပင်ကောက် မြို့နယ် ရဲစခန်းမှ တာဝန်ကျ ဒု ရဲအုပ် တဦးကမူ ယခုဖြစ်စဉ်များကို ပြန်လည် သုံးသပ်ရလျှင် လူအုပ်စုဖြင့်သော် လည်းကောင်း၊ လူတစုက အကြမ်းဖက်မှု ဖြစ်ပျက်ခဲ့သော ဒေသများရှိ ၎င်းတို့၏ အမာခံများနှင့် ချိတ်ဆက်၍ သော်လည်းကောင်း လုပ်ဆောင်နေနိုင်ကြောင်း၊ လူအုပ်စုလိုက်ကားများဖြင့် လာရောက် ဖျက်ဆီးနေခြင်းမျိုး မဟုတ်သောကြောင့် ခန့်မှန်းရန် ခက်ခဲနေကြောင်း ဆိုသည်။

ထို့အတွက် မြို့အ၀င်များတွင် ပိတ်ဆို့ရှာဖွေ တားဆီးရန်မှာလည်း ရိုးရိုးသားသား ခရီးသွားများအတွက် အဟန့်အတား ဖြစ်မည်ကို စိုးရိမ်သောကြောင့် ထိုသို့လုပ်ရန် မလွယ်ကူကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီကွင်းဆက်ကို လိုက်ဖို့ကလည်း အခုခေတ်က ဖုန်းတွေ တအားပေါနေတော့ ဖြစ်ပျက်မှုတွေက တအားမြန်တယ်။ လုံခြုံရေးတွေဘက်ကလည်း ဒီလို ဖျက်ဆီးမှုတွေထဲမှာ သံဃာတွေ ပါလာတော့ ကိုင်တွယ်ရ ခက်တယ်။ အထက်ကို ပြန်တင်ပြရ၊ ညွှန်ကြားချက် ပြန်စောင့်ရမျိုး လုပ်ရတယ်” အဆိုပါ ဒု ရဲအုပ်က ပြောသည်။

ဧရာဝတီမှ

ဖတ်ကြည့်ပေးပါအုန်းခင်ဗျာ

Photo: ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား
Friday, March 22, 2013

(မိထ္ထီလာ အရေးအခင်းအပေါ် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် 
အင်တာဗျူး)

မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း 
တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ် 
မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင်
အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။

အုပ်စုဖွဲ့၍ အားနည်းသူကို အနိုင်ကျင့်သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ
ဖြင့် အမှောင်လွှမ်းသော မိထ္ထီလာ နေ့ရက်များမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ရရုံ
နှင့် မပြီးဘဲ အရေးပေါ်အခြေအနေအဖြစ် အကြေညာလိုက်သည်အထိ အခြေအနေ 
ဆိုးရွားခဲ့ရသည်။

အခင်းဖြစ်ပွားရာ မိထ္ထီလာသို့ အခြေအနေ ဝိုင်းဝန်းထိန်းသိမ်းရန် 
သွားရောက်ခဲ့ကြသူများထဲတွင် ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင်များလည်း ပါဝင်သည်။

ကိုယ်တိုင် သွားရောက်ခဲ့သည့် ကိုမင်းကိုနိုင်အား ၎င်းမြင်တွေ့ခဲ့ရသည့် 
အခြေအနေနှင့် အလားအလာကို သုံးသပ်ပေးရန် မဇ္ဈိမက တွေ့ဆုံမေး
မြန်းခဲ့သည်။

အကြမ်းဖက်မှု၊ မတရားမှုများ ကျယ်ပြန့်ကြီးမားလာရပုံနှင့် လုံခြုံရေး 
တာဝန်ရှိသူများ၏ အားနည်းချက်များကို ကိုမင်းကိုနိုင်ကထောက်ပြ
အကြံပြုထားပြီး ၎င်းတို့ အတွေ့အကြုံအရ ထိုသို့သော အဖြစ်အပျက်
များဖြစ်လာနိုင်ချေရှိကြောင်း ကြိုတင်စိုးရိမ် တွေးထင်ခဲ့သည်ဟု ကို
မင်းကိုနိုင် က အစချီ ပြောပြထားသည်။

မိတ္ထီလာကို ရောက်ရောက်ချင်း ဘယ်လို အနေအထားတွေနဲ့ ကြုံတွေ့ခဲ့ရလဲ။

မင်း။ ။ ကျနော်တို့ လွန်ခဲ့တဲ့ ရက်ပိုင်း၊ လပိုင်းကတည်းက စိတ်ထဲမှာ 
စိုးရိမ်ပူပန်မှုတွေ ရှိခဲ့တယ်။ အဲဒါတွေက မိတ္ထီလာမှာ စဖြစ်တယ်။ ဘယ်နေရာမှာ 
ဖြစ်မယ်ဆိုတာ မသိတာ စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ
ကတော့ အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေတော့ ဖြစ်လာတော့မယ်လို့တော့ ကျနော်တို့ရဲ့
 အသက် ၅၀၊ နိုင်ငံရေး အသက် ၂၅၊ ထောင်သက် ၂၀၊ အဲဒီအတွေ့အကြုံက တခုခု 
ဖြစ်လာတော့မယ်လို့ ထင်နေခဲ့တာ။ မိထ္ထီ
လာမှာ စဖြစ်တယ် ဆိုတော့ အတိုင်းအဆကို ကျနော် မေးလိုက်တယ်။
ပောတာက လိုအပ်နေတယ်၊ အရေးကြီးတယ်ဆိုတော့ ကျနော်တို့ ညတွင်းချင်း 
လိုက်သွားတယ်။

ပြဿနာတွေကို ဘယ်လိုညှိနှိုင်းခဲ့ရလဲ။

မင်း။ ။ လူတွေ ပိတ်မိရင် အရေးကြီးတယ်။ ကယ်ဆယ်ရေးက အဓိကပဲ။ 
ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ အဆက်အသွယ် ရတယ်။ ကျနော်တို့တွေ တိုင်းဒေသကြီး 
ဝန်ကြီးလည်း ရှိနေတဲ့အတွက် သွားတွေ့တယ်။ ဝန်ကြီးချုပ် ဦးရဲမြင့်နဲ့ 
အဖွဲ့တွေနဲ့တွေ့ပြီးတော့ လူထုကို စည်းရုံးသိမ်းသွင်းပေးဖို့
ပြောတယ်။ သူတို့တွေကလည်း ဖြေရှင်းဖို့ကို တက်တက်ကြွကြွရှိပါတယ်။

လုံခြုံရေးတွေက အထက်အမိန့် မရသေးတဲ့ အတွက် ဘာမှမလုပ်ဘဲ ရပ်ကြည့်နေတယ် 
ဆိုတဲ့အပေါ် ဘယ်လိုမြင်လဲ။

မင်း။ ။ တခုတော့ ရှိတာပေါ့ဗျာ။ အမိန့်မရဘဲ လူတွေရဲ့ အသက်ကို ကယ်မိမယ်၊ 
ရာဇဝတ်သားကို ဖမ်းလိုက်မယ် ဆိုရင် ဘာဖြစ်သွားမလဲပေါ့။ သူတို့ကိုယ်တိုင်လည်း
 သိဟန် မတူပါဘူး။ ဘယ် ဥပဒေမှလည်း ကျနော်တို့ တိတိကျကျ ပြဋ္ဌာန်းထားတာ 
မတွေ့ရဘူး။ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပုံမျိုး သူတို့တွေရဲ့ အသက်ဟာ 
အမိန့်နာခံမှု ဖြစ်နေတယ်။ အဲတော့ တချို့
ကိစ္စတွေဟာ ရှုတ်ထွေးနက်ရှိုင်းပေမယ့် မျက်စိရှေ့မှာတင် လက်နက်မျိုးစုံ 
ကိုင်ထားပြီးတော့ လူတယောက်ကို အစစ်ဆေး မေးမြန်းမရှိ ဥပဒေမဲ့ 
သတ်ဖြတ်နေတဲ့ကိစ္စ၊ ဥပဒေမဲ့ အိုးအိမ်တွေ ဖျက်ဆီးနေတာကို ဘာမှ အထွေအထူး 
အမေးအမြန်း လုပ်နေစရာမလိုဘူး။ ကျနော်တို့ လူသားဝါဒ
အရ ချက်ချင်းလက်ငင်း ကာကွယ်ပေးဖို့ ပါပဲ။ ပြီးတော့မှ ပြည်သူလူထုရဲ့ 
အသက်အိုးအိမ်ကို ကာကွယ်မှုနဲ့ ကြိုးစင်ကို တက်ဆိုရင်လည်း တက်ဖို့ 
အဆင်သင့်ပါပဲ။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းအပေါ် ဘယ်လိုသုံးသပ်လဲ။

မင်း။ ။ သက်သက် ညှာညှာ စဉ်းစားမယ်ဆိုရင်တော့ တော်တော့်ကို အားမရစရာ 
ကောင်းပါတယ်။ ကျနော်တို့ အပြန်မှာ ဆိုရင် ဓါတ်ဆီဆိုင် တဆိုင်မှာ 
ကင်ဒိုဓါးကိုင်ပြီးတော့ ဆိုင်ကယ်တစီးနဲ့ တယောက်ထဲ ရမ်း
နေတာကို တွေ့ရတယ်။ အုပ်ချူပ်ရေးပိုင်းက၊ လုံခြုံရေးပိုင်းက လူတွေက 
ဒီအတိုင်းကို မတ်တပ်ရပ် ကြည့်နေကြတာ။

ဒီပုံအတိုင်းဆို အမိန့်တစုံတရာ စောင့်စရာ မလိုတော့ဘူး။ ဘာကြောင့်လဲ
ဆိုတော့ တရားဥပဒေ စိုးမိုးရေ ဆိုတာဟာ လက်နက်ကိုင်ပြီးတော့ ချိုးဖောက်နေပြီ 
ဆိုရင် အဲဒီဓါတ်ဆီဆိုင် ကို ကာကွယ်ပေးထားရမယ်။

အဲဒါကို ရဲတွေက ဘာလို့ ဝိုင်းပြီး ကြည့်နေတာ လဲ။ ရဲတပ်ဖွဲ့ဝင်တွေ
က အမိန့်မရလို့ပြောတယ်။ ကျနော့် သဘောကတော့ အမိန့်မလိုပါ
ဘူး။ အမိန့်မရဘဲနဲ့ ရာဇဝတ်ကောင် တကောင်ကို ဖမ်းလိုက်လို့ အပြစ်ပေးမယ်ဆိုရင်
 ကြိုးစင်တက်ဖို့ပဲ ရှိတော့တယ်။ ဒီလောက် လက်နက်တွေနဲ့ ရမ်းကားနေတာတွေကို 
မသိလို့လည်း မဟုတ်ဘူး။

အဲဒါတွေက သိပ်သံသယဖြစ်ဖို့ ကောင်းတယ်။ နောက်တခုက တားထားတဲ့ ဒိုင်းတွေ 
ကြားထဲကနေ တိုးဝှေ့ပြီး ဝင်သွားကြတာတွေ ရှိတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ 
လူတွေတုန်းကတော့ ဆက်ဆံပုံက တမျိုး၊ အခုလို ဖျက်ဆီးနေကြတာကျတော့ 
တမျိုးနဲ့ဗျာ။ စိတ်အပူရဆုံး လို့တော့ မဟုတ်ဘူးဗျ။

ကျနော် ခေါင်းစဉ်ခွဲ ပြောရမယ်ဆိုရင် ကျနော်တို့တွေဟာ ဘဝတွေကို
ပေးဆပ်ပြီး သုညဘဝကနေ ပြီးတော့ အစက နေပြန်စရတာ။ အခုကတော့ ဖျက်ဆီးခံရတာတွေနဲ့
 စိုးရိမ်စရာ ဖြစ်နေတယ်။ တယောက်နဲ့ တယောက် မျိုးတုံး သတ်ဖြတ်ပစ်ဖို့ 
ဆိုတာမျိုး တိုင်းရင်းသား လူမျိုးတွေရဲ့ စိတ်ထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။
 မရှိခဲ့တဲ့ အပေါ်မှာ အဲလိုမျိုး လုပ်နေပါတယ်လို့ အစွပ်စွဲခံရပြီးတော့ 
နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကျနော်တို့နဲ့ နားလည်မှု လွဲနေတယ်။ 
မဖြစ်သင့်တဲ့ အရာတွေ၊ ဒုက္ခတွေ နောက်ထပ် အကြပ်အတည်း
ပေါင်းစုံတွေ ရင်ဆိုင်ရမှာ တွေးပူမိတယ်။

တသက်လုံးမှာ ကျနော်တို့က ဘာသာလူမျိုးပေါင်းစုံနဲ့ ချစ်ချစ်ခင်ခင် 
တွဲပြီးတော့ နေခဲ့တာပါ။ အဲဒီအစဉ်အလာ ဆိုတဲ့ဟာတွေ ပျောက်သွား
ပြီးတော့ သံသယတွေနဲ့ တချိန်လုံးမအေးချမ်းမှုတွေ ဖြစ်လာနိုင်တာ
တွေကိုလည်း စိုးရိမ်ရတယ်။ စိုးရိမ်မှုတွေကတော့ ပြောလို့ ကုန်မှာ 
မဟုတ်တော့ဘူး။

ဝါဒဖြန့်မှုတွေက ဘယ်လောက်အထိ အကျိုး သက်ရောက်မှု ရှိသွားမလဲ။

မင်း။ ။ အထူးသဖြင့် အွန်လိုင်း စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ အရာတွေက 
ရေးတဲ့သူ၊ တင်ထားတဲ့ လူတွေက ကိုယ်လုပ်တဲ့ဟာ
ကို ကိုယ်တာဝန်ယူတယ်။ အဲဒီလိုမှ မဟုတ်ရင် သူ့ရဲ့ နာမည်နဲ့ မ
တင်ထားတဲ့ လူတွေက တွေ့အကြောင်း ထိုင်ပြီး မကောင်းပြောမယ်။

ညစ်ညမ်းတာတွေ ရေးမယ်။ အကောင်းဘယ်လောက်ပဲ လုပ်လုပ် မဟုတ်တမ်းတရား 
စွပ်စွဲမှာပေါ့။ အဲတော့ အွန်လိုင်းမှာ တက်လာတဲ့
သတင်း (သို့) ဝါဒဖြန့်ချီမှုတွေကို မျက်စိမှိတ်ပြီးတော့ မယုံပါနဲ့၊ ဓါတ်
ပုံတွေက အစ လုပ်ကြံလို့ ရနေတာကိုဗျာ။

ကမ္ဘာ့ တနေရာမှာဗျာ သတ်ဖြတ်ခဲ့တဲ့ ဟာကိုမြန်မာပြည်တနေရာလို့ ပြော
မယ်ဆိုရင်လည်း ယုတ္ထိရှိအောင် လုပ်လို့ ရနေတယ်။ တတ်နိုင်သမျှကတော့ 
ဆန်းစစ်ဖို့ လိုပါတယ်။

ဘယ်လောက်အထိ သက်ရောက်နိုင်လဲ ဆိုတော့ တိုင်းပြည်ပျက်သွား
တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ အားလုံးရဲ့ ဉာဏ်အမြော်အမြင် ရှိမှု
နဲ့ တဦးကို တဦးအပြန်အလှန် ထိန်းကြောင်းနိုင်မှုတွေနဲ့ပဲ ဒီကိစ္စကို 
ကာကွယ်နိုင်ပါလိမ့်မယ်။

အစိုးရကို ဘယ်လိုအကြံပေးချင်လဲ၊ ဘာတွေလုပ်ဖို့ လိုနေတယ်လို့
ပောချင်လဲ။

မင်း။ ။ ရဲတွေ၊ လုံထိန်းတွေက အထက်က အမိန့်မပေးရင် ရပ်ကြည့်ဆိုရင်လည်း 
ကြည့်နေတာပဲ မနာခံလို့ မရဘူး ။ သူတို့ရှေ့
မှာ လက်နက်တွေ ကိုင်ပြီးတော့ သွားလာနေကြတာကို ဘုရားသွား
ဖို့ ပန်းကလေးတွေ လက်မှာ ကိုင်သွားသလိုပဲ ရပ်ကြည့်နေတာ။ အ
ကုန်လုံး တုံ့နှေးတုံ့နှေးပဲ။ ပွဲဖျက်ပြီးတော့မှ ကယ်တင်ရှင် ဝင်လုပ်
မှာလားလို့ တွေးမိတယ်။

ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။

မင်း။ ။ အရေးတကြီး လိုအပ်ချက်က ကိုယ့်အိမ် လုံခြုံရေးကို ဂရုစိုက်ကြဖို့။ 
ဂရုစိုက်တယ် ဆိုတဲ့နေရာမှာ သံသယ အခြေခံပြီးတော့ ရန်သူရှာတာမျိုး 
မဖြစ်စေရဘူး။ ကျနော်တို့ ဈေးထဲမှာ တယောက်နဲ့တယောက် ပုခုံးချင်း 
တိုက်မိမှာပဲ။ အဲဒီအခါမျိုး ဘယ်ဘာသာဝင်က ဘယ်ဘာသာဝင်ကို တိုက်မိတယ် 
ဆိုတာမျိုး မဖြစ်ပါစေနဲ့။ ရိုးသားလား ရည်ရွယ်သလား ဆိုတာတော့ သေသေချာချာ 
ပိုင်းခြားရလိမ့်မယ်။ သူတို့ ကိုယ်တိုင်မှပဲ သိလိမ့်မယ်။ အဲဒီကနေပြီးတော့ 
ပျံ့ပြီးတော့ နည်းဗျူဟာက ပြောင်းလဲ
တာတွေ ရှိနိုင်ပါတယ်။

နောက်တချက်ကတော့ ဝါဒဖြန့်မှုတွေပါ။ ဒီနေရာမှာ ဘယ်သူက ဘယ်
သူကို ဘာတွေ လုပ်သွားလဲ ဆိုတာမျိုး အဲဒါတွေကို သေချာ ဆန်းစစ်ပါ။ 
တကယ်အကြံအစည် တခုခု ရှိနေတဲ့ လူတွေဟာ အဲဒီနည်းတွေကို သုံးပါတယ်။ အဲဒီတော့ 
ကျနော်တို့ဟာ ဘာမဆို ဆန်းစစ်မှ ရပါမယ်။ ကာကွယ်တာနဲ့ အတူသွားပြီးတော့ 
ကျူးကျော်တိုက်ခိုက်တာကို ခွဲခြားနိုင်ရပါမယ်။

ဓာတ်ပုံ - The Myanma Age

ခိုင်ခိုင်
Mizzima
(မိထ္ထီလာ အရေးအခင်းအပေါ် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အင်တာဗျူး)
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်
မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင်
အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
အုပ်စုဖွဲ့၍ အားနည်းသူကို အနိုင်ကျင့်သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ
ဖြင့် အမှောင်လွှမ်းသော မိထ္ထီလာ နေ့ရက်များမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ရရုံ
နှင့် မပြီးဘဲ အရေးပေါ်အခြေအနေအဖြစ် အကြေညာလိုက်သည်အထိ အခြေအနေ ဆိုးရွားခဲ့ရသည်။

အခင်းဖြစ်ပွားရာ မိထ္ထီလာသို့ အခြေအနေ ဝိုင်းဝန်းထိန်းသိမ်းရန် သွားရောက်ခဲ့ကြသူများထဲတွင် ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင်များလည်း ပါဝင်သည်။

ကိုယ်တိုင် သွားရောက်ခဲ့သည့် ကိုမင်းကိုနိုင်အား ၎င်းမြင်တွေ့ခဲ့ရသည့် အခြေအနေနှင့် အလားအလာကို သုံးသပ်ပေးရန် မဇ္ဈိမက တွေ့ဆုံမေး
မြန်းခဲ့သည်။

အကြမ်းဖက်မှု၊ မတရားမှုများ ကျယ်ပြန့်ကြီးမားလာရပုံနှင့် လုံခြုံရေး တာဝန်ရှိသူများ၏ အားနည်းချက်များကို ကိုမင်းကိုနိုင်ကထောက်ပြ
အကြံပြုထားပြီး ၎င်းတို့ အတွေ့အကြုံအရ ထိုသို့သော အဖြစ်အပျက်
များဖြစ်လာနိုင်ချေရှိကြောင်း ကြိုတင်စိုးရိမ် တွေးထင်ခဲ့သည်ဟု ကို
မင်းကိုနိုင် က အစချီ ပြောပြထားသည်။

မိတ္ထီလာကို ရောက်ရောက်ချင်း ဘယ်လို အနေအထားတွေနဲ့ ကြုံတွေ့ခဲ့ရလဲ။

မင်း။ ။ ကျနော်တို့ လွန်ခဲ့တဲ့ ရက်ပိုင်း၊ လပိုင်းကတည်းက စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့တယ်။ အဲဒါတွေက မိတ္ထီလာမှာ စဖြစ်တယ်။ ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာ မသိတာ စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ
ကတော့ အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေတော့ ဖြစ်လာတော့မယ်လို့တော့ ကျနော်တို့ရဲ့ အသက် ၅၀၊ နိုင်ငံရေး အသက် ၂၅၊ ထောင်သက် ၂၀၊ အဲဒီအတွေ့အကြုံက တခုခု ဖြစ်လာတော့မယ်လို့ ထင်နေခဲ့တာ။ မိထ္ထီ
လာမှာ စဖြစ်တယ် ဆိုတော့ အတိုင်းအဆကို ကျနော် မေးလိုက်တယ်။
ပောတာက လိုအပ်နေတယ်၊ အရေးကြီးတယ်ဆိုတော့ ကျနော်တို့ ညတွင်းချင်း လိုက်သွားတယ်။

ပြဿနာတွေကို ဘယ်လိုညှိနှိုင်းခဲ့ရလဲ။

မင်း။ ။ လူတွေ ပိတ်မိရင် အရေးကြီးတယ်။ ကယ်ဆယ်ရေးက အဓိကပဲ။ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ အဆက်အသွယ် ရတယ်။ ကျနော်တို့တွေ တိုင်းဒေသကြီး ဝန်ကြီးလည်း ရှိနေတဲ့အတွက် သွားတွေ့တယ်။ ဝန်ကြီးချုပ် ဦးရဲမြင့်နဲ့ အဖွဲ့တွေနဲ့တွေ့ပြီးတော့ လူထုကို စည်းရုံးသိမ်းသွင်းပေးဖို့
ပြောတယ်။ သူတို့တွေကလည်း ဖြေရှင်းဖို့ကို တက်တက်ကြွကြွရှိပါတယ်။

လုံခြုံရေးတွေက အထက်အမိန့် မရသေးတဲ့ အတွက် ဘာမှမလုပ်ဘဲ ရပ်ကြည့်နေတယ် ဆိုတဲ့အပေါ် ဘယ်လိုမြင်လဲ။

မင်း။ ။ တခုတော့ ရှိတာပေါ့ဗျာ။ အမိန့်မရဘဲ လူတွေရဲ့ အသက်ကို ကယ်မိမယ်၊ ရာဇဝတ်သားကို ဖမ်းလိုက်မယ် ဆိုရင် ဘာဖြစ်သွားမလဲပေါ့။ သူတို့ကိုယ်တိုင်လည်း သိဟန် မတူပါဘူး။ ဘယ် ဥပဒေမှလည်း ကျနော်တို့ တိတိကျကျ ပြဋ္ဌာန်းထားတာ မတွေ့ရဘူး။ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပုံမျိုး သူတို့တွေရဲ့ အသက်ဟာ အမိန့်နာခံမှု ဖြစ်နေတယ်။ အဲတော့ တချို့
ကိစ္စတွေဟာ ရှုတ်ထွေးနက်ရှိုင်းပေမယ့် မျက်စိရှေ့မှာတင် လက်နက်မျိုးစုံ ကိုင်ထားပြီးတော့ လူတယောက်ကို အစစ်ဆေး မေးမြန်းမရှိ ဥပဒေမဲ့ သတ်ဖြတ်နေတဲ့ကိစ္စ၊ ဥပဒေမဲ့ အိုးအိမ်တွေ ဖျက်ဆီးနေတာကို ဘာမှ အထွေအထူး အမေးအမြန်း လုပ်နေစရာမလိုဘူး။ ကျနော်တို့ လူသားဝါဒ
အရ ချက်ချင်းလက်ငင်း ကာကွယ်ပေးဖို့ ပါပဲ။ ပြီးတော့မှ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်မှုနဲ့ ကြိုးစင်ကို တက်ဆိုရင်လည်း တက်ဖို့ အဆင်သင့်ပါပဲ။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းအပေါ် ဘယ်လိုသုံးသပ်လဲ။

မင်း။ ။ သက်သက် ညှာညှာ စဉ်းစားမယ်ဆိုရင်တော့ တော်တော့်ကို အားမရစရာ ကောင်းပါတယ်။ ကျနော်တို့ အပြန်မှာ ဆိုရင် ဓါတ်ဆီဆိုင် တဆိုင်မှာ ကင်ဒိုဓါးကိုင်ပြီးတော့ ဆိုင်ကယ်တစီးနဲ့ တယောက်ထဲ ရမ်း
နေတာကို တွေ့ရတယ်။ အုပ်ချူပ်ရေးပိုင်းက၊ လုံခြုံရေးပိုင်းက လူတွေက ဒီအတိုင်းကို မတ်တပ်ရပ် ကြည့်နေကြတာ။

ဒီပုံအတိုင်းဆို အမိန့်တစုံတရာ စောင့်စရာ မလိုတော့ဘူး။ ဘာကြောင့်လဲ
ဆိုတော့ တရားဥပဒေ စိုးမိုးရေ ဆိုတာဟာ လက်နက်ကိုင်ပြီးတော့ ချိုးဖောက်နေပြီ ဆိုရင် အဲဒီဓါတ်ဆီဆိုင် ကို ကာကွယ်ပေးထားရမယ်။

အဲဒါကို ရဲတွေက ဘာလို့ ဝိုင်းပြီး ကြည့်နေတာ လဲ။ ရဲတပ်ဖွဲ့ဝင်တွေ
က အမိန့်မရလို့ပြောတယ်။ ကျနော့် သဘောကတော့ အမိန့်မလိုပါ
ဘူး။ အမိန့်မရဘဲနဲ့ ရာဇဝတ်ကောင် တကောင်ကို ဖမ်းလိုက်လို့ အပြစ်ပေးမယ်ဆိုရင် ကြိုးစင်တက်ဖို့ပဲ ရှိတော့တယ်။ ဒီလောက် လက်နက်တွေနဲ့ ရမ်းကားနေတာတွေကို မသိလို့လည်း မဟုတ်ဘူး။

အဲဒါတွေက သိပ်သံသယဖြစ်ဖို့ ကောင်းတယ်။ နောက်တခုက တားထားတဲ့ ဒိုင်းတွေ ကြားထဲကနေ တိုးဝှေ့ပြီး ဝင်သွားကြတာတွေ ရှိတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူတွေတုန်းကတော့ ဆက်ဆံပုံက တမျိုး၊ အခုလို ဖျက်ဆီးနေကြတာကျတော့ တမျိုးနဲ့ဗျာ။ စိတ်အပူရဆုံး လို့တော့ မဟုတ်ဘူးဗျ။

ကျနော် ခေါင်းစဉ်ခွဲ ပြောရမယ်ဆိုရင် ကျနော်တို့တွေဟာ ဘဝတွေကို
ပေးဆပ်ပြီး သုညဘဝကနေ ပြီးတော့ အစက နေပြန်စရတာ။ အခုကတော့ ဖျက်ဆီးခံရတာတွေနဲ့ စိုးရိမ်စရာ ဖြစ်နေတယ်။ တယောက်နဲ့ တယောက် မျိုးတုံး သတ်ဖြတ်ပစ်ဖို့ ဆိုတာမျိုး တိုင်းရင်းသား လူမျိုးတွေရဲ့ စိတ်ထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ မရှိခဲ့တဲ့ အပေါ်မှာ အဲလိုမျိုး လုပ်နေပါတယ်လို့ အစွပ်စွဲခံရပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကျနော်တို့နဲ့ နားလည်မှု လွဲနေတယ်။ မဖြစ်သင့်တဲ့ အရာတွေ၊ ဒုက္ခတွေ နောက်ထပ် အကြပ်အတည်း
ပေါင်းစုံတွေ ရင်ဆိုင်ရမှာ တွေးပူမိတယ်။

တသက်လုံးမှာ ကျနော်တို့က ဘာသာလူမျိုးပေါင်းစုံနဲ့ ချစ်ချစ်ခင်ခင် တွဲပြီးတော့ နေခဲ့တာပါ။ အဲဒီအစဉ်အလာ ဆိုတဲ့ဟာတွေ ပျောက်သွား
ပြီးတော့ သံသယတွေနဲ့ တချိန်လုံးမအေးချမ်းမှုတွေ ဖြစ်လာနိုင်တာ
တွေကိုလည်း စိုးရိမ်ရတယ်။ စိုးရိမ်မှုတွေကတော့ ပြောလို့ ကုန်မှာ မဟုတ်တော့ဘူး။

ဝါဒဖြန့်မှုတွေက ဘယ်လောက်အထိ အကျိုး သက်ရောက်မှု ရှိသွားမလဲ။

မင်း။ ။ အထူးသဖြင့် အွန်လိုင်း စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ အရာတွေက ရေးတဲ့သူ၊ တင်ထားတဲ့ လူတွေက ကိုယ်လုပ်တဲ့ဟာ
ကို ကိုယ်တာဝန်ယူတယ်။ အဲဒီလိုမှ မဟုတ်ရင် သူ့ရဲ့ နာမည်နဲ့ မ
တင်ထားတဲ့ လူတွေက တွေ့အကြောင်း ထိုင်ပြီး မကောင်းပြောမယ်။

ညစ်ညမ်းတာတွေ ရေးမယ်။ အကောင်းဘယ်လောက်ပဲ လုပ်လုပ် မဟုတ်တမ်းတရား စွပ်စွဲမှာပေါ့။ အဲတော့ အွန်လိုင်းမှာ တက်လာတဲ့
သတင်း (သို့) ဝါဒဖြန့်ချီမှုတွေကို မျက်စိမှိတ်ပြီးတော့ မယုံပါနဲ့၊ ဓါတ်
ပုံတွေက အစ လုပ်ကြံလို့ ရနေတာကိုဗျာ။

ကမ္ဘာ့ တနေရာမှာဗျာ သတ်ဖြတ်ခဲ့တဲ့ ဟာကိုမြန်မာပြည်တနေရာလို့ ပြော
မယ်ဆိုရင်လည်း ယုတ္ထိရှိအောင် လုပ်လို့ ရနေတယ်။ တတ်နိုင်သမျှကတော့ ဆန်းစစ်ဖို့ လိုပါတယ်။

ဘယ်လောက်အထိ သက်ရောက်နိုင်လဲ ဆိုတော့ တိုင်းပြည်ပျက်သွား
တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ အားလုံးရဲ့ ဉာဏ်အမြော်အမြင် ရှိမှု
နဲ့ တဦးကို တဦးအပြန်အလှန် ထိန်းကြောင်းနိုင်မှုတွေနဲ့ပဲ ဒီကိစ္စကို ကာကွယ်နိုင်ပါလိမ့်မယ်။

အစိုးရကို ဘယ်လိုအကြံပေးချင်လဲ၊ ဘာတွေလုပ်ဖို့ လိုနေတယ်လို့
ပောချင်လဲ။

မင်း။ ။ ရဲတွေ၊ လုံထိန်းတွေက အထက်က အမိန့်မပေးရင် ရပ်ကြည့်ဆိုရင်လည်း ကြည့်နေတာပဲ မနာခံလို့ မရဘူး ။ သူတို့ရှေ့
မှာ လက်နက်တွေ ကိုင်ပြီးတော့ သွားလာနေကြတာကို ဘုရားသွား
ဖို့ ပန်းကလေးတွေ လက်မှာ ကိုင်သွားသလိုပဲ ရပ်ကြည့်နေတာ။ အ
ကုန်လုံး တုံ့နှေးတုံ့နှေးပဲ။ ပွဲဖျက်ပြီးတော့မှ ကယ်တင်ရှင် ဝင်လုပ်
မှာလားလို့ တွေးမိတယ်။

ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။

မင်း။ ။ အရေးတကြီး လိုအပ်ချက်က ကိုယ့်အိမ် လုံခြုံရေးကို ဂရုစိုက်ကြဖို့။ ဂရုစိုက်တယ် ဆိုတဲ့နေရာမှာ သံသယ အခြေခံပြီးတော့ ရန်သူရှာတာမျိုး မဖြစ်စေရဘူး။ ကျနော်တို့ ဈေးထဲမှာ တယောက်နဲ့တယောက် ပုခုံးချင်း တိုက်မိမှာပဲ။ အဲဒီအခါမျိုး ဘယ်ဘာသာဝင်က ဘယ်ဘာသာဝင်ကို တိုက်မိတယ် ဆိုတာမျိုး မဖြစ်ပါစေနဲ့။ ရိုးသားလား ရည်ရွယ်သလား ဆိုတာတော့ သေသေချာချာ ပိုင်းခြားရလိမ့်မယ်။ သူတို့ ကိုယ်တိုင်မှပဲ သိလိမ့်မယ်။ အဲဒီကနေပြီးတော့ ပျံ့ပြီးတော့ နည်းဗျူဟာက ပြောင်းလဲ
တာတွေ ရှိနိုင်ပါတယ်။

နောက်တချက်ကတော့ ဝါဒဖြန့်မှုတွေပါ။ ဒီနေရာမှာ ဘယ်သူက ဘယ်
သူကို ဘာတွေ လုပ်သွားလဲ ဆိုတာမျိုး အဲဒါတွေကို သေချာ ဆန်းစစ်ပါ။ တကယ်အကြံအစည် တခုခု ရှိနေတဲ့ လူတွေဟာ အဲဒီနည်းတွေကို သုံးပါတယ်။ အဲဒီတော့ ကျနော်တို့ဟာ ဘာမဆို ဆန်းစစ်မှ ရပါမယ်။ ကာကွယ်တာနဲ့ အတူသွားပြီးတော့ ကျူးကျော်တိုက်ခိုက်တာကို ခွဲခြားနိုင်ရပါမယ်။

ဓာတ်ပုံ - The Myanma Age

ခိုင်ခိုင်
Mizzima

မင်းပြောတာတော့ဘယ်သူတွေယုံမယုံတော့မသိ ငါကတော့မယုံပါ။

အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာဘယ်လိုမှ မသင့်တော်ကြောင်း သီတဂူဆရာတော်ကြီးက ပြောကြား။

တို့မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက်တာနှစ်၂၀၀၀ရှိပြီ။ ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ ရောက်လာတာက အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီနောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။ အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည်တွေ။
အိမ်ရှင် ဗုဒ္ဓဘာသာတွေက ဧည့်သည် တခြားဘာသာခြား လူမျိုးတွေကို နှစ်နှစ်ကာကာ Warmly Welcome လုပ်လို့၊ တိုင်းပြည်ထဲမှာ Church တွေရော၊ ဗလီတွေရော နေရာတကာမှာ အေးအေးဆေးဆေး ရှိနေကြပြီ။ အဲဒီတော့ အိမ်ရှင်က ဧည့်သည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံရင် ဧည့်သည် တွေကလည်း ဒီအိမ်ရှင်ရဲ့ အိမ်ထဲမှာအေးအေးချမ်းချမ်းနဲ့ အိမ်ရှင်နဲ့ လက်တွဲပြီးတော့ နေဖို့ကောင်းတယ်။ အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာကတော့ ဘယ်လိုမှမလျော်တဲ့ ကိစ္စပဲ။အဲဒါကြောင့် ငြိမ်းချမ်းစွာနေကြပါလို့ တိုက်တွန်းပါတယ်။

The Voice Weekly

သေချာတာကတော့ အစိုးရဟာ အန္တရာယ်အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီးကို ရင်ဆိုင်နေရပြီဆိုတာပါပဲ

မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ ပဋိပက္ခတွေကို ဘယ်လိုမြင်လဲ၊ တစ်နိုင်ငံလုံး ချောက်ကမ်းပါးထဲ ကျသွားနိုင်မလားတဲ့။ မြန်မာပြည်ကို အလည်အပတ်ရောက်နေတဲ့ ကမ္ဘာကျော် စာရေးဆရာကြီးက မေးပါတယ်။ ကျနော်ကတော့ ရန်ကုန်ကျရင် တစ်နိုင်ငံလုံး ကျသွားနိုင်တာပေါ့။ ဒါပေမယ့် မြန်မာပြည်မှာ လူမျိုးတစ်မျိုးနဲ့တစ်မျိုး မကြည့်ချင်လောက်အောင် မုန်းတီးပြီး အမြစ်ပြုတ်ရှင်းလင်းလိုစိတ်တွေ မရှိတာတော့ အမှန်ပဲ။ ဒါ့ကြောင့် လယ်ယာအစွန်းရောက် အမျိုးသားရေးဝါဒီတွေ ရှင်းရှင်းပြောပြောရင် ဖက်ဆစ်ပေါက်စ၊ နာဇီလက်သစ်တွေကို မြန်မြန်ရှင်းဖို့တော့ လိုပါတယ်လို့။ အဲဒီစာရေးဆရာက ကျနော်စကားကို လက်ခံပါတယ်။ ဒါပေမယ့် ၁၉၉၁က ဆာရာဂျေဗိုကို သူရောက်သွားတော့ အဲဒီတုန်းက တက္ကစီမောင်းသမားတစ်ယောက်ကလည်း ဒီလိုပဲ ပြောခဲ့တာပဲတဲ့။ သူတို့တွေဟာ အချင်းချင်း သိပ်ကို သင့်မြတ်ကြတယ်။ အဆင်ပြေကြပါတယ်တဲ့။ ဒါပေမယ့် ၆လလောက်အကြာမှာပဲ လူမျိုးတုန်းသတ်ဖြတ်မှု စစ်ပွဲကြီးတွေဆီ ဆာရာဂျေဗိုကို ဆွဲခေါ်သွားတော့တာပါပဲတဲ့။ ကျနော် ကြက်သီးမွေးညှင်းထသွားပါတယ်။
မြန်မာပြည်သူ အများစုကတော့ မြန်မာပြည်မှာ Home-Grown နာဇီတွေ ခေါင်းထောင်ထလာနေတာကို မဟုတ်ပါဘူးလို့တော့ ငြင်းကြမှာပါပဲ။
ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ အခုထိ တစ်နိုင်ငံလုံး တိတိပပ မသိကြသေးပေမယ့် မိတ္ထီလာပဋိပက္ခမှာ နာဇီတွေဘာဖြစ်ချင်တယ်ဆိုတာ ဘွားဘွားကြီး ပေါ်သွားပါတယ်။ သူတို့အတွက်ကတော့ အဘော်ရှင်းဖြစ်သွားတဲ့စစ်ပွဲကို အရှိန်မြှင့်တာပါပဲ။ ရန်ကုန်ကို ပထမဆုံး သွေးတိုးစမ်းတယ်။ သာကေတ၊ လှိုင်ယာသာကိစ္စ။ ဝါဒဖြန့်ဖို့လိုသေးတာကြောင့် နယ်မြို့တွေဘက်ကို လှည့်တယ်။ မိတ္ထီလာဟာ သားကောင်ဖြစ်သွားတာပါပဲ။ မိတ္ထီလာမီးတောက်တွေ မငြိမ်းခင်မှာပဲ ရန်ကုန်ကို ၂ရက်အတွင်း စစ်မြေပြင်ဖြစ်အောင် ကြိုးစားလာတယ်။ နယ်တွေမှာလို တစ်ပတ် ၁၀ရက် အချိန်ယူပြီး ဝါဒဖြန့် မှိုင်းတိုက်လို့မလွယ်တာကြောင့် ၃-၄ရက်အတွင်း စစ်ရှိန်မြှင့်ချင်ပုံရတယ်။ ဒါပေမယ့် ထင်သလို ဖြစ်မလာခဲ့ဘူး။ ပဲခူးတိုင်း အနောက်ဘက်ခြမ်းက နယ်မြို့တွေကို ဝင်စီးတဲ့အခါမှာ လူတွေ အထိတ်တလန့်ဖြစ်အောင်လောက်ပဲ လုပ်နိုင်တော့တယ်။ စစ်ရေးစကားနဲ့ဆို ခေါင်းနဲ့ကိုယ် နည်းနည်းဟနေပြီ။
ဘယ်သူတွေလဲ၊ ဘာကြောင့်လုပ်နေတာလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမယ့် စစ်အစိုးရလက်ထက်က တန်ခိုးထွားခဲ့တဲ့ စစ်ထောက်လှမ်းရေးနဲ့ စွမ်းအားရှင်ဟာ ဒီအချိန်မှာ ပါနေသေးလား၊ စွမ်းအားရှင်တွေကို ဘယ်သူကြိုးကိုင်နေလဲ။ အုပ်ချုပ်ရေးမှူးတွေ ရဲတွေ ငုတ်တုပ်ထိုင်ကြည့်နေရတဲ့ အကြမ်းဖက်မှုတွေက စနစ်တကျ ပြင်ဆင်ထားတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။
ဘယ်သူတွေက ဘာဖြစ်ချင်တာလဲ။
သေချာတာကတော့ ခေတ်ပြောင်းစနစ်ပြောင်းမှာ (အာဏာရအဝန်းအဝိုင်းထဲက) အထိနာသွားတဲ့ ကျားကြီးတွေပါနေတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ လက်ရှိအပြောင်းအလဲဟာ သူတို့အတွက် သေတွင်းလို့ယူဆနေတယ်။ နောက် ၂၀၁၅မှာ အခြားပါတီသာ အာဏာရသွားရင်ဆိုတဲ့အတွေးဟာ ...။ နောက်ထပ်ပါဝင်နေသူတွေကတော့ ဘာသာရေးနဲ့လူမျိုးရေးအရ သာကီဝင်ရောဂါပိုးဝင်နေတဲ့ နာဇီတွေပါပဲ။ သူတို့ဟာ သူတို့လိုလားချက်ဖြစ်တဲ့ Hidden Agenda အရ ဘာသာခြား၊ လူမျိုးခြားကို ဒီမြေပေါ်က အပြီးတိုင်ဖယ်ရှားရေးဆိုတဲ့ ပေါ်လစီကို ကိုင်စွဲပြီး လူထုကို မှိုင်းတိုက်ဖို့လုပ်တာပါပဲ။
နောက်ထပ် အင်အားစုတွေကတော့ စစ်အစိုးရခေတ်မှာ ကြီးပြင်းလာတဲ့ သမိုင်းဇာတ်ကွက်တွေမသိတဲ့ နားမလည်ပါးမလည်တွေကို recruit လုပ်တာမို့ ၂ဝပတ်ချာလည် လူငယ်လေးတွေဟာ ဓါးသွေး တုတ်သွေးလုပ်လာတာပဲဖြစ်ပါတယ်။
ဒီအင်အားစု ၃စုရဲ့ ရည်ရွယ်ချက်တွေ ဆုံမှတ်တစ်ခုကို ရောက်သွားတာမို့ ပယောဂဟာ ရိုးရိုး ပယောဂမဟုတ်တော့ပါဘူး။
သေချာတာကတော့ အစိုးရဟာ အန္တရာယ်အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီးကို ရင်ဆိုင်နေရပြီဆိုတာပါပဲ။ ပြုပြင်ပြောင်းလဲရေးအတွက် စိတ်ဒုံးဒုံးချထားတဲ့၊ တရားဥပဒေစိုးမိုးရေးအတွက် အာမခံထားတဲ့ အစိုးရကို ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူတွေက ဝန်းရံပေးဖို့အရေးကြီးပါတယ်။ အစိုးရကို ဖော်လံဖားဖို့ မဟုတ်ပါ။ တိုင်းပြည်ဟာ အစွန်းရောက်ဝါဒီတွေလက်ထဲရောက်သွားရင် နောက်ဂျွမ်းပြန်သွားပြီး ပြာပုံဖြစ်သွားနိုင်တာကြောင့်ပါ။ အစိုးရနဲ့ပြည်သူရင်ဆိုင်နေရတဲ့ ဒီအကြပ်အတည်းကို တပ်မတော်က အရပ်သားနိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ထွက်ပေါက်တွေ့နိုင်ပါတယ်။
ဒီအကြပ်အတည်းကို အတူတူရင်ဆိုင်ပြီး ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းလိုက်နိုင်ရင် မနှစ်တုန်းက ရင်ခုန်စရာကောင်းခဲ့တဲ့ မြန်မာ့နွေဦးဟာ လှပမြဲလှပနိုင်မှာပါ ...။
အဲဒီလိုမဟုတ်ရင်တော့ အာရပ်နွေဦးလို မီးတောက်မီးလျံတွေ ပဋိပက္ခတွေ၊ မျက်ရည်တွေ၊ သွေးတွေနဲ့ ....။

fb  မှ

ဘကြီးမောင် ပြောတဲ. မင်းကိုနိုင် အတွက် လက်ခုပ်သံ (ပေးစာ)

 
ခုတလော ထီလာ ဘက်မှာ ကုလားတွေ ဘက်က မားမား မတ်မတ် နဲ. ရပ်တည် ပီး ကိုယ်.နိုင်ငံကို ကုလားအောက် ရောက်ရင် ရောက်ပစေ စစ်တပ်ပြန်မလာရင် ပီးရော ဆိုပီး ဟောပြောသွားတဲ. ထောင်ထွက် မင်းကိုနိုင် သတင်းကို ကြည်.ပီး အွန်လိုင်းပေါ်က မြန်မာ ပညာတတ် ကျောင်သားလူငယ် လူရွယ်တွေ ဒေါသတကြီး နဲ. မင်းကိုနိုင်က ဘာကောင်လဲ ဘယ်ကျောင်းမှာ ခေါင်းဆောင်.မိလို. ခေါင်းဆောင်ဖြစ်တာလဲ ဘာလဲ ညာလဲ နဲ. တုံ ပြန်သံတွေ ကြားမိတော. ကျွှန်တော် လဲ ကိုယ်တွေ. မင်းကိုနိုင် အကြောင်းလေး ကို ပြောပြချင် လာတယ်ဗျ။
လွန်ခဲ.တဲ. လ အနည်းငယ်ကပေါ.ဗျာ။ ကျုပ်လဲ အလုပ်လေး အားတာနေတော. ဘကြီးမောင် တို. အိမ်ဘက် မရောက်တာလဲ ကြာတာနဲ. အလည်အပတ် ထွက်ခဲ. ရာကနေ ဒီဇတ်လေး ကို စသိရတော.တာဘဲ ဗျို.။
ဘကြီးမောင် အိမ် ရောက်တော. စားပီ သောက်ပီး ပီ ဆိုတာ နဲ. ဘကြီးနဲ. စကား ၀ိုင်း စတော.တာဘဲဗျို.။ ဘကြီးမောင် က ငါ.တူ ဒီည တို.ရပ်ကွက်ထဲ စာပေ ဟောပြောပွဲ ရှိတယ်ကွ၊ အဲတာ ငါတူ နားထောင်သွားဦးလေကွာ ဆိုတာနဲ. ကျွှန်တော် လဲ နဲနဲ စိတ်ဝင်စားသွားတာပေါ.။ ဒါနဲ. ဘကြီး ဘယ်စာရေးဆရာ တွေပါမှာလဲ လို.မေးမိတော. ဘကြီးမောင်ရဲ.အဖြေက စာရေးဆရာတွေ မပါဘူးကွ ထောင်ထွက်တွေ ကိုခေါ်ထားတယ်ကွ မင်းကိုနိုင် တို.လေကွာ တဲ.။ ဘကြီးမောင် ကလဲ ဗျာ ကျွှန်တော်က ဘွဲ.ရ လူငယ် ပညာတတ်ဗျ၊ ဘွဲ.ရ ဆိုတာတောင် စစ်တပ်ခေတ်မှာ ဘွဲ.ရပေမယ်. ကျွှန်တော် ဘယ်နိုင်ငံက ဘွဲ. ရတယ်ဆိုတာ ဘကြီးမောင် သိပါတယ် ကျွှန်တော် မကြွားချင်တော.ဘူး ဒီလို ထောင်ထွက် ယောင်ခြောက်ဆယ် လူပြောတာ နားထောင်ဖို. အချိန်မရှိပါဘူး ဘကြီးမောင်ရာ လို. ပြန်ပြောမိတယ် ဆိုရင် ဘဲ ………………………..
ဒီမယ် ငါတူ ဒီခေတ်က ဒီမိုကရေစီ ခေတ်ဦးလေကွာ အရင်က လူတွေ မပြောရဲမဆိုရဲ ဖြစ်နေကြသေးတဲ. အချိန် ထောင်ထွက် ကောင်တွေပြော တဲ.စကား နားယောင်ပီး အားကြနေကြတာကွ။ ဒို.ရပ်ကွက် ထဲက လူငယ်တွေ အပါအ၀င် ပေါ.ကွာ။ လူငယ်တွေ စိတ်ထဲ မှာ ဘာအလုပ်မှမလုပ်ဘဲ ဟေးလားဝါးလားနဲ. ထောင်ကြပီး အစိုးရမကောင်းကြောင်း ပြော ရင် သူဌေးဖြစ်ပီး လူထင်ကြီးတယ် နေရာ ရတယ်လို.ဘဲ စိတ်ထဲ ထင်နေတာကွ။ ဒါနဲ. ငါလဲ ဒီတိုင်းထား မဖြစ်ချေ ဘူး ဆိုပီး ရက်ကွက်ထဲက လူကြီး တွေ နဲ.တိုင်ပင်ပီး ဒီပွဲ ကို စီစဉ် လိုက်ရတာဘဲကွာ။
ဘကြီးမောင် ကလဲ လုပ်ပီ မင်းကိုနိုင် ကို အားကြပီး ဘာအလုပ်မှ မလုပ်ဘဲ မကြိုးစားဘဲ နေမှာလဲ စိုးသေးတယ် ဟောပြော ပွဲ တောင် ခေါ်လုပ်သေးတယ် ဆိုတော. ဘကြီးအကွက် ကို လင်းစမ်းပါဦး ဘကြီး ရဲ.လို. မေးတယ် ဆိုရင် ဘဲ ဘကြီးမောင် က ချက်ချင်း မပြောသေးဘဲ ရေနွေးကြမ်း တခွက် ကို ကောက် မော.နေပြန်ရောဗျ။
ဒါက ဒီလိုရှိတယ် ငါ.တူ။ ကျောင်းသား ခေါင်းဆောင် ဆိုပီး ဘယ်သူ ပေးမှန် မသိတဲ. နံမည် နဲ. နံမည် ကြီးနေတဲ. ကောင် ကို ဘာဘဲ ပြောပြော လူငယ်လူရွယ် တွေက အထင်ကြီးတာ မဆန်းဘူးလေကွာ။ ခက်တာက ဒီကောင် ဘာအရည်အချင်း ရှိတယ် ဘာစိတ်ဓါတ်ရှိတယ် ဘယ်လို လုပ်ရည် ကိုင်ရည် ရှိတယ် တိုင်းပြည် နဲ.လူမျိုး ကို ဘယ်လိုသဘောထားတယ် ဆို တာ လူငယ်တွေက မသိဘူးကွ။ ငါတို. လူကြီးတွေက ပြောပြ လို. တော.ရတယ်ကွ။ ဒါပေမယ်. လူငယ်တွေ ဆို တာ လွတ်လပ်မှု ကိုကြိုက်တယ် ကိုယ်တိုင် အတွေ.အကြုံ ရမှ ကြေနပ် ကြတာ လက်တွေ. ကြ ကြ ခေတ် လေကွာ ။ကိုယ်တိုင် လက်တွေ.သိမြင်တာကို စဉ်းစာ ဆုံဖြတ်ပီး လက်ခံ ကြတာကလဲ လူငယ်တွေအတွက် ပို သဘာဝ ကြတာပေါ.ကွ။ ဒီည ပွဲ လုပ်ရတဲ. ရည်ရွယ်ချက် ကလဲ ဒါ အဓိက ဘဲကွ။ ထုံစံအတိုင်း ပညာမရှိ တဲ. ကောင်တွေဆိုတော. မိုက် လက်ထဲ ရောက်တာနဲ. ထင်ရာ တွေလျောက်ပြော မှာကွ။ တနိုင်ငံ လုးံ မကောင်းကြောင်း သူတို.ဘဲ ကောင်းကြောင်းပေါ.ကွာ။ စကား ထဲကနေ ဇာတိပြမှာကွ။ အရည်အချင်း တွေ ပေါ်မှာပေါ.ကွာ။ အေး အဲမှာ လူငယ်တွေ ရဲ. အမှားနဲ. အမှန် စဉ်းစား ဆုံးဖြတ် တဲ. ဥာဏ် က စကားပြောတာ.တာဘဲ ဟေ.။ ထင်ရာတွေ သူများမကောင်းကြောင်း အနှစ်သာရ မပါတာတွေ ပြောပီးရင် ငါထင်တယ် ဒို.၇ပ်ကွက် ထဲက လူငယ် လူကြီးတွေ အရင်က အထင်ကြီးခဲ.သမျှ လူတွေ အားလုံက လက်ခုပ် တွေ အကျယ် ကြီး တီးကြလိမ်.မယ် ကွ။ သိပီးသား လူတွေ ကတော. ပြောစရာ မလိုဘူးပေါ.ကွာ။ မင်းတို. ခေတ်က အိုင်ပက် တို. အိုင်ဖုန်း တို.ခေတ်လေကွာ၊ ဘကြီး သိတာ အဲတာတွေနဲ. ကျန်းမာရေး ဆေးစစ်ချက် တွေ လုပ်ရအောင် တောင် တိုးတက် နေပီ ဆိုကွ၊ ငါတူ မှာ အိုင်ဖုန်း၇ှိတော. အချိန်ရရင် ဒီည ပွဲ မှာ တီးတဲ. လက်ခုပ် သံတွေ ကို ရာခိုင်နှုန်း တောင် ခွဲ ခိုင်းလိုက်ချင် တယ် လူငယ်တွေ ဘာကြောင်.လက်ခုပ်တီး သလဲ ကို…… ဟားဟား………………….
ဘကြီးမောင် အရမ်းပြေးလှချီလားဗျ လို. ကျွှန်တော် ထပ် မေးမိတော. ဘကြီးမောင်က
ငါတူ ဘကြီးပြေးတာ တကွက်ကျော်လောက် ဘဲ ရှိတယ် ဒီလောက် ၀ိုင်းပိတ်ဆို.ထားတဲ. ကြားက ဒို.တိုင်းပြည် ကျွှန်ပြန်မဖြစ်သေးတာ စစ်တပ်ကကောင်တွေ တော်တော် ပိုပြေးကြလို. ဘဲဟေ……
ကျွှန်တော် လဲ ဘကြီးစကားကို အရမ်းခိုက် သွားပီး ဘကြီးမောင် ရာ ကျွှန်တော် လဲ ပြေးလိုက်ဦးမယ် နောက်ကြနေရင် မိန်မ ကွိုင်ရှာနေဦး လို. ပြောမိရင် ဘဲ ဘကြီးမောင်က
အေးအေး ပြေးပြေး ငါတူ စစ်တပ်က ကောင်တွေထက် တော. ပိုပြေးဖို.လိုမယ်လိမ်မယ် တဲ.ဗျာ။

fb  မှ

နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်

''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယခုအစည်းအဝေးမှာ ပြည်သူလူထုအား ကြိုတင် အသိပေးထားသည့်အတိုင်း မိုဘိုင်းလ်ဖုန်း Sim Card များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် သာမက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး စသည်ဖြင့် ကဏ္ဍစုံကို အထောက်အကူပြုသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးသည့် ကဏ္ဍ ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ (၇) ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း၊ တယ်လီဖုန်းသုံးစွဲနိုင်မှု များပြားလာအောင် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် စီမံချက်များ ရေးဆွဲပြီးစီမံဆောင်ရွက်လျက် ရှိကြောင်း၊ တယ်လီဖုန်းသုံးစွဲမှု တိုးတက်များပြားလာအောင် တိုးမြှင့်တပ်ဆင်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ရာတွင် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် လိုင်း (၈)သန်း ၊ ၂ဝ၁၄-၂ဝ၁၅ တွင် လိုင်း (၁၈) သန်း စုစုပေါင်း (၂၆) သန်း တိုးချဲ့တပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆအားဖြင့် ၂ဝ၁၂-၂ဝ၁၃ တွင် (၁ဝ) ရာခိုင်နှုန်း၊ ၂ဝ၁၃-၂ဝ၁၄ တွင် (၂၇) ရာခိုင်နှုန်းနှင့် ၂ဝ၁၄-၂ဝ၁၅ တွင် (၅ဝ) ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊

ယင်းလျာထားချက်မှာ အနိမ့်ဆုံးရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတော်၏ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ တယ်လီဖုန်းသည် လက်တွေ့ နယ်ပယ်အသီးသီးတွင် ထိရောက်စွာ အသုံးပြုနေသည့် ပစ္စည်းတစ်ခု ဖြစ်ပါကြောင်း၊ တယ်လီဖုန်း သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍမှာ များပြားပါကြောင်း၊ အခြေခံ အဆောက်အအုံ တည်ဆောက်သည့် အပိုင်းနှင့် တယ်လီဖုန်းလိုင်းများ တည်ဆောက်သည့် အပိုင်းဟူ၍ ရှိပါကြောင်း၊ အခြေခံ အဆောက်အအုံနှင့် တယ်လီဖုန်းလိုင်းများ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ပြည်တွင်း ကုမ္ပဏီများသာမက ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်ထားပါကြောင်း။

မိုဘိုင်းလ် တယ်လီဖုန်း Sim Card များကို ယခင်က ပြည်သူများ ဝယ်ယူသုံးစွဲရသည်မှာ ဈေးနှုန်း များပြားခဲ့ပါကြောင်း၊ ဈေးများရသည့် အကြောင်းမှာ ပြည်သူများထံမှ ရောင်းချရသည့် ငွေများဖြင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် လိုင်းများ တပ်ဆင်ရခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ယခု အခြေအနေတွင် အခြေခံ အဆောက်အအုံနှင့် လိုင်းများမှာ တော်တော်များများ တပ်ဆင်ပြီးဖြစ်၍ လိုင်းများများ သုံးနိုင်ရန်အတွက်ဆိုလျှင် Sim Card များကိုလည်း ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူများအား Sim Card များ ရောင်းချပေးမည့် ရက်နှင့် ဈေးနှုန်းတို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက အချိန်မီ သတင်း ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ခွဲဝေရရှိလာသော Sim Card များကို တယ်လီဖုန်း မရရှိသေးသည့် ပြည်သူများ မျှမျှတတ ရရှိနိုင်အောင် စနစ်တကျ ဖြန့််ခွဲ ရောင်းချပေးသွားရန် ဖြစ်ပါကြောင်း၊ ပြင်ပတွင် ဈေးမကစားနိုင်ရေးအတွက် Sim Card များကို တူညီသည့်ဈေးနှုန်းဖြင့် လစဉ် ရောင်းချပေးသွားရန် စီစဉ်ထားပါကြောင်း၊ Sim Card များရောင်းချပေးသည့်နည်းတူ Hand Set များကိုလည်း ပုဂ္ဂလိကမှ ရောင်းချရာတွင် ဈေးမကစားနိုင်အောင် အခွန်လျော့ပေးသည့်နည်း၊ အပြိုင်အဆိုင် ရောင်းချပေးစေသည့် နည်းစသည့် နည်းလမ်းများအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး နည်းလမ်းရှာဖွေ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card များကို သတ်မှတ် ပေးထားသည့် ဈေးနှုန်းအတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card များကို လစဉ် ဈေးနှုန်းမပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလမရရှိပါက နောက်လတွင် ရရှိမည် ဖြစ်ကြောင်းကိုလည်း ပြည်သူများအား အသိပေးတင်ပြထားရန် ဖြစ်ပါကြောင်း၊ Sim Card များ ရရှိပြီးနောက် ဖုန်းလိုင်းများ ကြပ်တည်းမှု မရှိစေရေးအတွက်လည်း ကြိုတင်စီမံဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ဤဆိုဒ်မှ

ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ကို ပြည်ထောင်စုနေ့အခမ်းအနားတွင် တွေ့ရစဉ်။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၁၃)မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာသမ္မတဦးသိန်းစိန်တို့ကို ပြည်ထောင်စုနေ့အခမ်းအနားတွင် တွေ့ရစဉ်။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၁၃)
အောင်ရဲ မောင်မောင်
29.03.2013

လာမယ့် ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို သွားဖို့ရှိနေပြီး မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံ အတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိပါတယ်။ အဲဒီလို စိုးရိမ်မှုတွေ ရှိနေသလို နိုင်ငံရဲ့ အခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်တယ်လို့ ယုံကြည်ပုံရတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။  ဒီအကြောင်းကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာပါ။

သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံမှာ ဧပြီလ ၆ ရက် နေ့ကနေ ၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမဲ့ အာရှ နှစ်ပတ်လည်ညီလာခံကို တက်ရောက်ဖို့ ရှိနေတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောဆိုလာတာပါ။

တစ်ချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ဧပြီလ ၁၂ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

အခုလို နိုင်ငံအတွက် အရေးပါတဲ့ ခေါင်းဆောင်နှစ်ဦးလုံးက တိုင်းပြည်မှာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပေါ်နေချိန် ပြည်တွင်းကနေ ပြည်ပခရီးသွားရောက်ဖို့တွေ ရှိနေတဲ့အပေါ်မှာ စိုးရိမ်မှု တချို့ ရှိနေကြပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးသုဝေက အခုလိုအချိန်မှာ နိုင်ငံရဲ့ အလေးထားရတဲ့ သူနှစ်ဦး ပြည်ပခရီးသွားမယ်ဆိုတာကို အနည်းငယ်စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ဖြစ်သင့်တာကတော့ တိုင်းပြည်မှာ အရေးကြီးတဲ့ခေါင်းဆောင်များဟာ တိုင်းပြည်မှာ အခက်အခဲတွေ တွေ့နေတဲ့ ကာလမှာတော့ သူတို့က တိုင်းပြည်မှာပဲ ရှိသင့်တာပေါ့နော်။
ချိန်းပြီးသားတောင်မှပဲ အချိန်းအချက်တွေကို ဖျက်ပြီးတော့ သက်ဆိုင်ရာ အခြေအနေတွေ ကို ဖြေရှင်းဖို့က အရင်ဦးစားပေး တာပေါ့နော်။ တစ်ခုတော့ ရှိတာပေါ့။ ကျနော်တို့ အခု တိုင်းပြည်မှာ ညက ဆိုလို့ရှိရင် သမ္မတကြီးက တိုင်းပြည်အတွက်ကို ပြောကြားတဲ့ မိန့်ခွန်း ရှိတာပေါ့နော်။ သူပြောတာကတော့ ကျနော် အတော်ကြိုက်ပါတယ်။ ကောင်းပါတယ်။ အားလုံး အေးအေးဆေးဆေး ဖြစ်သွားအောင်ပေါ့နော်။ အကယ်၍များ အဲဒီဟာကြောင့်မို့လို့ လူတွေကလည်း လူတွေကလည်း အေးအေးချမ်းချမ်း ဖြစ်သွားမယ်၊ နောက်ပြီး အစိုးရ ကလည်း သေသေချာချာလေး ဂရုတစိုက်နဲ့ထားမယ်ဆိုရင်တော့ တိုင်းပြည်က ငြိမ်သွားမှာပေါ့နော်။ အဲလို ငြိမ်သွားလို့ သွားမယ်ဆိုရင်တော့လည်း ကောင်းပါတယ်။ တိုင်းပြည်အတွက် သွားတာပဲ-ပေါ့နော်။”

နိုင်ငံတော်သမ္မတဟာ အခုတစ်ကြိမ်သွားရောက်မယ့် ခရီးစဉ်နဲ့ဆိုရင် သူ့ရဲ့သမ္မတသက်တမ်းအတွင်း ၃ ကြိမ်မြောက် တရုတ်နိုင်ငံကို သွားရောက်မယ့်ခရီးစဉ်လည်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်ဟာ ဧပြီလ ၁၂ ရက်မှာ စတင်မှာဖြစ်ပေမဲ့ ဘယ်လောက် ကြာမယ် ဆိုတာကိုတော့ မသိနိုင်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောထားတာပါ။

ခေါင်းဆောင် (၂) ဦးဟာ အခုလို တိုင်းပြည်မှာ အနည်းငယ် မငြိမ်မသက်ဖြစ်နေပေမဲ့ ပြည်ပ နိုင်ငံတွေကို သွားဖို့ ဆုံးဖြတ်ကြတာဟာ သူတို့မှာ ယုံကြည်မှုတွေရှိလို့ သွားရဲတာဖြစ်နိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။

“ဒါကတော့ ဒီလိုပဲ ရှိမှာပဲလေ။ ဗမာရဲ့သမိုင်းကြောင်းက အဲလိုပဲလေ။ ရုတ်ရုတ်..ရုတ်ရုတ် ကတော့ ဖြစ်နေမှာပဲ။ သွားတာလည်း သူ့ဟာသူ သွားမှာပဲ။ ….တစ်ခုပဲ ရှိတယ်။ ပြောလို့မရတာကတော့ ရှမ်းပြည်ဘက်လည်း ပြောလို့ မရဘူး။ ရှမ်းပြည်ဘက်ကလည်း နည်းနည်း (စစ်) ထိုးနေတယ်ဗျ။”

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးသွားပေမဲ့လည်း ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ ကိုယ်လုံခြုံရေးအတွက်ကို အမြဲ သတိရှိရှိနဲ့ နေထိုင်နိုင်မယ်ဆိုရင် ပြဿနာတွေ ဖြစ်လာနိုင်ဖို့က နည်းတယ်လို့လည်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

“နိုင်ငံကို အုပ်ချုပ်တဲ့ သမ္မတတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့- သူတို့အောက်ကရှိတဲ့သူတွေ၊  သက်ဆိုင်ရာ လုံခြုံရေးတို့၊ တပ်မတော်ပိုင်းတို့၊ နောက် အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ကဏ္ဍက ဝန်ကြီးတွေအပေါ် မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပဲ သွားသွား၊ ဦးသိန်းစိန်ပဲ သွားသွား၊ အဆင့်ဆင့်အုပ်ချုပ်ရတဲ့ ဌာနဆိုင်ရာတွေမှာ မူတည်ပါတယ်။ အဓိက-ကတော့ ပြည်သူတွေရဲ့ နေရေးထိုင်ရေးမှာ ကိုယ့်စည်းကမ်းနဲ့ကိုယ် နေဖို့ အရေးကြီးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန်နိုင်ငံကိုသွားရောက်မဲ့ ခရီးစဉ်မှာမြို့တော် တိုကျိုကို သွားရောက်မှာ ဖြစ်တဲ့အပြင် ၁၉၈၅ -၁၉၈၆ ကာလတွေအတွင်းသူမ ပညာသင်ခဲ့တဲ့ ကျိုတိုမြို့ကိုလည်း လည်ပတ်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့တရုတ်ပြည်ခရီးစဉ်ကတော့ တရုတ်နိုင်ငံက ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲ ဖြစ်ပြီးချိန်မှာ ပထမဆုံး သွားရောက်လည်ပတ်တဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်လာမှာပါ။
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သွားရောက်မဲ့ တရုတ်နဲ့ဂျပန် နှစ်နိုင်ငံဟာ ဆိုရင် မြန်မာပြည်နဲ့ ထိတွေ့ ဆက်ဆံရေးတွေ အများကြီးရှိတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အရင်စစ်ခေါင်းဆောင်တွေလက်ထက်မှာ မြန်မာနိုင်ငံနဲ့  ဆက်ဆံရေး ကောင်းမွန် ခဲ့ပြီး ပြည်တွင်းမှာလည်း စစ်တပ်နဲ့အတူ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း အမြောက်အမြား ရင်နှီး လုပ်ကိုင်ခဲ့တာပါ။

ဂျပန်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အစဉ်တစိုက် တွန်းအားပေးဖို့ ကူညီ ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ မကြာသေးခင်တုန်းကဆိုရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေမှာ ပိုပြီးတိုးတက်ဖို့ မြန်မာနိုင်ငံက တင်နေတဲ့ ကြွေးမြီကင်းအော် ကူညီဆပ်ပေးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်ခင်ဗျာ။

(VOA)  မှ

မန္တလေးမှာ ဘာသာစုံ ငြိမ်းချမ်းရေးဆုတောင်း

 
29.03.2013

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နဲ့ တခြားမြို့တွေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးရစေဖို့၊ အကြမ်းဖက် ပဋိပက္ခတွေအဆုံးသတ်စေဖို့၊ မန္တလေးမြို့မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ခုကိုလည်း ကျင်းပပေးခဲ့ပါတယ်။ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မိတ္ထီလာမြို့က စတင်လိုက်တဲ့ အကြမ်းဖက် ဆူပူမှုတွေ အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေး ပေါ်ထွန်းရေးတို့အတွက် ရည်ရွယ်ပြီး ဒီကနေ့ မန္တလေးမြို့မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ကျင်းပခဲ့ရတာဖြစ်တယ်လို့ အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဦးဆောင်လုပ်ကိုင်သူတဦးဖြစ်တဲ့ ကိုနိုင်က ဗွီအိုအေကို ပြောပါတယ်။


“ဆုတောင်းပွဲခေါင်းစဉ်က တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက် ဖျက်ဆီးမှုများကို ရှုတ်ချရေးအတွက် ဆီမီးထွန်း ဆုတောင်းပွဲ- ပါခင်ဗျ။ အဲဒီ ဆုတောင်းပွဲလုပ်တဲ့ အခမ်းအနားရဲ့နေရာက မန္တလေး ဒက္ခိဏရာမ ဘုရားကြီးတိုက်နဲ့ စတုတ္ထမြောက် သံဃာ့မဟာ နာယက ဘဒ္ဒဏ္ဍ အာစရိယ ဘိဝံသရဲ့ စေတီတော်ထဲမှာပါ ခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့။ ဘယ်သူတွေ တက်ရောက်ခဲ့ကြပါသလဲ ခင်ဗျ။ ဘယ်နှစ်ယောက်လောက် လာပါသလဲ။


“ဘာသာပေါင်းစုံဖြစ်နေတဲ့အတွက် မွတ်စလင်အုပ်စုတွေနဲ့ ခရစ်ယာန်အုပ်စုရော ဗုဒ္ဓဘာသာအုပ်စုတွေ အားလုံးပေါင်း ၂၀၀ ဝန်းကျင်လောက် တက်ကြပါတယ် ခင်ဗျ။”

မေး။ ။ ဆုတောင်းတဲ့အခါမှာ ဘာတွေများ ထည့်ပြီး ဆုတောင်းကြပါသလဲ။

“ဟုတ်ကဲ့။ ပထမဦးဆုံး ပြောတာကတော့ ဆရာတော် ဦးခေမာပါ။ ဆရာတော် ဦးခေမာဆိုတာက ဘုရားကြီး အလယ်တိုက်ကြီးက ဆရာတော်ပါ။ ဦးခေမာက အကျဉ်းချုံးပြီးတော့ ဒီ အကြမ်းဖက်မှုတွေကို ရှုတ်ချတယ်။ ဘာသာတရားနဲ့ ပတ်သက်တဲ့ဟာ မဟုတ်ဘူး။ အကြမ်းဖက်မှုတွေကို လုံးဝ လက်မခံနိုင်ဘူးဆိုတဲ့ အကြောင်းအရာမျိုးနဲ့ပတ်သက်ပြီး ဆရာတော် ဦးခေမာက ပြောပါတယ် ခင်ဗျ။ မွတ်စလင်အဖွဲ့ KSPK က ဆရာဦး သိန်းဝင်းအောင်ကနေပြီးတော့လည်း ဒုတိယမြောက် ပြောပါတယ်။ သူကလည်း ဘာသာပေါင်းစုံ ညီညွတ်ရေးအနေနဲ့ ဦးတည်ပြီးတော့ အနည်းငယ် ပြောကြပါတယ် ခင်ဗျ။ အဲဒါတွေ ပြီးတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း မဖြစ်စေရ - ဆိုတဲ့ စာတန်းလေးတွေ ရေးထားတဲ့  တီရှပ်လေးတွေ ဆင်တူဝတ်ပြီးတော့ တယောက်ရဲ့လက်ထဲမှာ ဖုရောင်းတိုင်လေးတွေ ကိုင်ပြီးတော့ တပြိုင်နက်တည်း မီးထွန်းပြီးတော့ ငြိမ်သက်စွာ ဆယ်မိနစ်ခန့် ဆုတောင်းကြပါတယ် ခင်ဗျ။ အားလုံးက ကိုယ့်ဘာသာနဲ့ ကိုယ့်ယုံကြည်ချက်အတိုင်းပဲ စေတီတော်လေးမှာ မွတ်စလင်ရော၊ ခရစ်ယာန်ရော၊ ဗုဒ္ဓဘာသာရော မခွဲခြားဘဲနဲ့ အားလုံး ကိုယ့်ယုံကြည်ရာ၊ ယုံကြည်ရာကိုပဲ ဖုရောင်းတိုင်မီးထွန်းပြီး ဆုတောင်းခဲ့ကြပါတယ် ခင်ဗျ။”


ဒီဘာသာပေါင်းစုံ ဆုတောင်းပွဲကိုတော့ မန္တလေးမြို့မှာရှိတဲ့ လူမှုရေးနဲ့ ဘာသာရေးအဖွဲ့အစည်းတွေက မိမိအသိစိတ်ဓါတ်နဲ့ ၀ိုင်းဝန်း လုပ်ဆောင်ကြတာဖြစ်ပြီး လူ ၂၀၀ လောက် တက်ရောက်တယ်လို့ ကိုနိုင်က ပြောပါတယ်။


ဒီကနေ့မှာတော့ မိတ္ထီလာအပါအ၀င် ဆူပူမှုတွေ ဖြစ်ပွားခဲ့ မြို့နယ်တွေအားလုံးမှာ နောက်ထပ် ဆူပူမှုတွေ ထပ်မဖြစ်တော့ပေမယ့်လည်း မနေ့က ညပိုင်းအထိ ကြိုကြား ဆူပူမှုတချို့ရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထဋ်က ပြောပါတယ်။

“၂၈ ရက်နေ့မှာ တချို့ အသေးအမွှားလေးတွေ ဖြစ်တာ ရှိတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ခြောက်လှန့် ပစ်ခတ်ပြီးတော့ လူစုခွဲခဲ့ရတာတွေလည်း ရှိပါတယ်။”

ပြန်ကြားရေးဝန်ကြီးဌာက ဒီကနေ့ နောက်ဆုံး ထုတ်ပြန်တဲ့ သတင်းတွေအရကတော့ ဆူပူမှုတွေကြောင့် သေဆုံးသူ ၄၃ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၈၆ ဦးရှိတယ်လို့ ဖော်ပြထားပါတယ် ခင်ဗျား။

(VOA) မှ

အကြမ်းဖက်ရာ ပါဝင်ပတ်သက်မှု အစိုးရငြင်းဆန်

 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနား
ကိုဇော်ဝင်းလှိုင်
29.03.2013

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှာ စတင်ပြီး တခြားမြို့တချို့ကိုပါ ပြန့်သွားခဲ့တဲ့  ဘာသာရေး ဆန်တဲ့ အကြမ်းဖက် ဆူပူမှုတွေမှာ အာဏာပိုင်တွေဘက်က ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် မြန်မာ အစိုးရ ဘက်ကတော့ အဲဒီလို ပြောဆိုမှုတွေဟာ အခြေအမြစ်မရှိဘူးဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မိတ္ထီလာမြို့မှာ ဖြစ်သွားခဲတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေထဲက တချို့နေရာတွေမှာ နိုင်ငံတော် အဖွဲ့အစည်းတွေရဲ့ ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့ ပြောဆိုထားတဲ့ အထောက်အထားတွေ သူ့အနေနဲ့ လက်ခံရှိထားတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားလိုက်တာပါ။

“အကြမ်းဖက်မှု ဖြစ်ပွားတဲ့ တချို့နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ ရှိနေပေမယ့်လည်း အခြေ အနေတွေကို ၀င်ထိန်းသိမ်းပေးခဲ့တာ မရှိဘူးဆိုတဲ့ ပြောဆိုချက်တွေ ကျနော် လက်ခံ ရရှိထား ပါတယ်။ အခု ပြောလာတဲ့သူတွေကလည်း ကျနော် လွန်ခဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ သတင်း အချက်အလက်တွေ ရရှိနေတဲ့ နေရာတွေက လာတာဖြစ်ပါတယ်။”

လုံခြုံရေးတပ်ဖွဲ့တွေ ဆိုတဲ့နေရာမှာ စစ်တပ်လား၊ ရဲတပ်ဖွဲ့လား၊ အရပ်ဖက် အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေလား ဆိုတာကိုတော့ အခုချိန်မှာ တိတိကျကျ မသိနိုင်သေးဘူးလို့ မစ္စတာ ကင်တားနား က ပြောပါတယ်။ မစ္စတာကင်တားနားအနေနဲ့ မြန်မာနိုင်ငံကို ကိုယ်တိုင် လာရောက် လေ့လာခြင်းမရှိ ဘဲ အခုလို ပြောဆိုတဲ့အပေါ် သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးတစ်ဦးလည်းဖြစ်တဲ့ ဦးရဲထဋ်က ပယ်ချလိုက်ပါတယ်။

“ကျနော့်အနေနဲ့ မစ္စတာကင်တားနားရဲ့ ပြောကြားချက်ဖြစ်တဲ့ အကြမ်းဖက် ဆူပူမှုတွေရဲ့နောက် မှာ နိုင်ငံတော် အဖွဲ့အစည်းတွေ ပါနေတယ်၊ လုံခြုံရေးအဖွဲ့တွေ ပါနေတယ်၊ ကူညီအားပေးနေတယ် လို့ ပြောနေတဲ့အချက်တွေ အားလုံးကို ငြင်းပယ်ပါတယ်။ လုံးဝ ငြင်းပယ်ပါတယ်။ အဲဒီတော့ မစ္စတာ ကင်တားနားအနေနဲ့ မှန်မှန်ကန်ကန်လေ့လာမှု မရှိဘဲ တဆင့်ကြားတဲ့သတင်းတွေကို ကိုးကားပြီး ပြောနေခြင်းဟာ တကယ့်အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဆောင်ရွက်နေတဲ့ အစိုးရတွေ၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေ ရဲ့ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာ ရောက်တဲ့အတွက် ဝမ်းနည်းစရာ ဖြစ်ပါတယ်ဗျာ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ တချို့နေရာတွေမှာ ဝင်လုပ်လို့ မရတဲ့ဟာ ဘာကြောင့်လဲဆိုတာကို သူ သေချာမေးပြီး ပြောရင် ကောင်းတာပေါ့ဗျာ။ တချို့နေရာတွေမှာ အဲဒီ ဘာသာရေးအဖွဲ့အစည်းက လူတွေက ဝင်ပြီးတော့မှ ရှေ့ကနေ ပါလာတယ်။ ပါလာပြီးတဲ့အခါမှာ ခင်ဗျားတို့ ရဲတွေ မထိန်းနဲ့ သူတို့ထိန်းပါ့မယ်လို့ ပြောပြီးတော့မှ ထိန်းရာမရောက်ဘဲနဲ့ ကူညီအားပေးရာမြောက်တဲ့အလုပ်တွေ လုပ်သွားတဲ့ဟာတွေလည်း ရှိတယ်ဗျာ။ ဒါကြောင့် သေသေချာချာ မြေပြင်အခြေအနေကို လာရောက် သိအောင် လုပ်ပြီးမှ မှတ်ချက်ချတာက ပိုပြီးတော့ ကောင်းမယ်လို့ ထင်ပါတယ်ဗျာ။”

မိတ္ထီလာမြို့က စတင်လိုက်တဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေကနေ ရန်ကုန်မြို့နဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့ကိုပါ ကူးစက် ပြန့်နှံသွားပြီးတဲ့နောက် အခြေအနေတွေ တည်ငြိမ်လာအောင် လုပ်ဆောင်တဲ့အနေနဲ့ လိုအပ်ရင် မြို့ပြအင်အားသုံး နှိမ်နင်းသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြောဆိုလိုက်တဲ့အပေါ်မှာတော့ မစ္စတာ ကင်တားနားက ကြိုဆိုလိုက်ပါတယ်။

“သမ္မတ အခုလို ပြောလိုက်တာကိုတော့ ကျနော်တို့အနေနဲ့ ဦးစွာ ကြိုဆိုရမှာပေါ့ဗျာ။ အကြမ်းဖက် မှုတွေဖြစ်ပြီး လူအတော်များများ သေဆုံးပြီး နောက်မှာ ပြောလာတဲ့အတွက် သမ္မတ ပြောလာတဲ့ အချိန်အပေါ်မှာ မေးခွန်းထုတ်စရာတော့ ရှိတာပေါ့။ ဒါပေမယ့် သမ္မတက တိုင်းပြည်ကို အခုလို ပြောလိုက်တဲ့အချက်က ပိုအရေးကြီးပါတယ်။ နောက်တချက်က ဒီပြဿနာဟာ အရေးကြီးတဲ့ကိစ္စအဖြစ် ရှိနေတယ်ဆိုတာလည်း ပြသလိုက်တာ ဖြစ်ပါတယ်။”

မနှစ်က ရခိုင်ပြည်နယ်အတွင်း ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အဓိကရုဏ်းတွေ ဖြစ်ခဲ့တုန်းကလည်း တခြား ဒေသတွေကို အလားတူ ပြဿနာတွေ ပြန့်မသွားအောင် ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းဖို့ အာဏာပိုင်တွေကို သူ့အနေနဲ့ တိုက်တွန်း ပြောဆို ထားတဲ့ကြားက အခုလို မိတ္ထီလာမြို့မှာ ထပ်ဖြစ်ပွားခဲ့တာပါ။

အာဏာပိုင်တွေအနေနဲ့ ဒီကိစ္စကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းဖို့ မကြာသေးခင်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းဝေးပွဲမှာ ထပ်မံ သတိပေး ပြောကြားခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော် မြန်မာ အာဏာပိုင်တွေကို သတိပေးခဲ့ပါတယ်။ နောက် မတ်လ အတွင်း ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲ အတွင်းမှာလည်း မြန်မာအာဏာပိုင်တွေ ဖက်က လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို ထိထိရောက်ရောက် လုပ်ကိုင်တာကို မတွေ့ရသေးဘူး ဆိုပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို ထပ်ပြီး သတိပေး ပြောကြားခဲ့ပါသေးတယ်။ နောက် သမ္မတက ဖွဲ့စည်းပေးထားတဲ့ ရခိုင်ပဋိပက္ခစုံးစမ်းရေး ကော်မရှင် အနေနဲ့လည်း သူတို့ စုံစမ်း စစ်ဆေးချက်တွေ ဘာတွေဆိုတာ အခုချိန်ထိ တိတိပပ ထွက်မလာသေးတဲ့ကိစ္စကိုလည်း ကျနော် ထောက်ပြခဲ့ပါတယ်။”

မိတ္ထီလာမြို့မှာ ဖြစ်သွားခဲ့တဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ၄၀ ကျော် သေဆုံးတယ်လို့ အစိုးရက တရားဝင်သတင်း ထုတ်ပြန်ထားပေမယ့် တကယ် သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုနိုင်လို့ လေ့လာသူတွေက ထင်မြင် ယူဆနေကြတာပါ။

ဒီကနေ့မှာတော့ မိတ္ထီလာအပါအ၀င် ဆူပူမှုဖြစ်ပွားခဲ့တဲ့နေရာတွေမှာ နောက်ထပ် ဆူပူမှုတွေ ထပ်ဖြစ်တာမျိုးမရှိဘူးလို့ သိရပါတယ်ခင်ဗျား။

(VOA) မှ

Thursday, March 28, 2013

အထင်ကြီးခြင်း( မာန )

Photo: အထင်ကြီးခြင်း( မာန ) 

 လောကတွင် အထင်ကြီးမှု အမျိုးမျိုးရှိ၏၊ အချို့က ပညာတတ်လို့ ကိုယ့်ကိုယ်ကို အထင်ကြီး၏၊ အချို့က ပစ္စည်းရှိလို့ အထင်ကြီး၏၊ ရုပ်ချောလို့ အထင်ကြီး၏၊  ရာထူးကြီးလို့ အထင်ကြီး၏၊  မိတ်ဆွေသင်္ဂဟပေါ များလို့ အထင်ကြီး၏၊ နာမည်ကျော်ကြားလို့ အထင်ကြီး၏၊ နောက်လိုက်အခြံအရံပေါများလို့ အထင်ကြီးကြ ပြန်၏၊ 

ဘုန်းကြီးလို့ အထင်ကြီး၏၊ မရောက်ဖူးသောဒေသသို့ ရောက်ရ၍ အထင်ကြီးတတ်၏၊ မတွေ့ဖူး၊ မမြင်ဖူး၊ မသိဖူး သည်ကို   တွေ့မြင်သိရ၍ အထင်ကြီး၏၊ ဤသို့စသည်ဖြင့် သူ့အဆင့်နှင့်သူ အထင်ကြီးမှု အမျိုးမျိုး ရှိကြ၏။

ပညာဥာဏ် အမှန်အကန်မရှိပါက ယင်းကိုယ့်ကိုယ်ကို အထင်ကြီးမှုများမှာ တစ်သက်လုံး မာနထောင် လွှားကာ မပျောက်နိုင်ေ တာ့ပေ၊ တစ်သက်လုံး သာမက တစ်သံသရာလုံးပင် အထုံဝါသနာအဖြစ် ပါသွား တတ်၏။

ပညာဥာဏ် အမှန်အကန် ရရှိမှသာလျင် ယင်းအထင်ကြီးမှု ပျောက်ကင်းပြီး ပုံမှန်မူမှန်၊ အမြင်မှန်သို့ ပြန်ရောက်နိုင်ပေသည်။

သံယောဇဉ် ( ၁၀ ) ပါး  

၁။ ရုပ်နာမ်အရှိ၊ ငါထင်ဘိ၊ ဒိဋ္ဌိသံယောဇဉ်၊ ( ဒိဋ္ဌိသံယောဇဉ်)

၂။ ဝေခွဲမသိ၊ ယုံမှားရှိ၊ ၀ိစိသံယောဇဉ်၊ ( ၀ိစိကိစ္ဆာသံယောဇဉ်)

၃။ နွားခွေးအတတ်၊ ကျင့်မြတ်မှတ်၊ သီလဗိသံယောဇဉ်၊ ( သီလဗ္ဗတပရာမာသ သံယောဇဉ်)

၎။ ကိုယ့်ထက်သာတာ၊ လိုမနာ၊ ဣဿာသံယောဇဉ်၊( ဣဿာသံယောဇဉ်)

၅။ ကိုယ့်စည်းစိမ်ကြည့်၊ ၀န်တိုဘိ၊ မစ္ဆရိသံယောဇဉ်၊ ( မစ္ဆရိယသံယောဇဉ်)

၆။ ကာမဂုဏ်ငါးဝ၊ တပ်စွဲက၊ ကာမသံယောဇဉ်၊ ( ကာမရာဂသံယောဇဉ်)

၇။ စိတ်ဆိုးဒေါသ၊ မျက်ထွက်က၊ ပဋိဃသံယောဇဉ်၊ ( ပဋိဃသံယောဇဉ်)

၈။ မောက်မောက်တက်ကြွ၊ ထောင်လွှားက၊ မာနသံယောဇဉ်၊ ( မာနသံယောဇဉ်)

၉။ သုံးပါးဘ၀၊ မက်မောက၊ ဘ၀သံယောဇဉ်၊ ( ဘ၀ရာဂ သံယောဇဉ်)

၁၀။ အမှန်လေးဖြာ၊ မှားသိတာ၊ အ၀ိဇ္ဇာသံယောဇဉ်၊ ( အ၀ိဇ္ဇာသံယောဇဉ်)

ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ၏ ဗုဒ္ဓဓမ္မပြဿနာများ အတွဲ(၁)မှ.. 

posted by ပန်းကမ္ဘာ
လောကတွင် အထင်ကြီးမှု အမျိုးမျိုးရှိ၏၊ အချို့က ပညာတတ်လို့ ကိုယ့်ကိုယ်ကို အထင်ကြီး၏၊ အချို့က ပစ္စည်းရှိလို့ အထင်ကြီး၏၊ ရုပ်ချောလို့ အထင်ကြီး၏၊ ရာထူးကြီးလို့ အထင်ကြီး၏၊ မိတ်ဆွေသင်္ဂဟပေါ များလို့ အထင်ကြီး၏၊ နာမည်ကျော်ကြားလို့ အထင်ကြီး၏၊ နောက်လိုက်အခြံအရံပေါများလို့ အထင်ကြီးကြ ပြန်၏၊

ဘုန်းကြီးလို့ အထင်ကြီး၏၊ မရောက်ဖူးသောဒေသသို့ ရောက်ရ၍ အထင်ကြီးတတ်၏၊ မတွေ့ဖူး၊ မမြင်ဖူး၊ မသိဖူး သည်ကို တွေ့မြင်သိရ၍ အထင်ကြီး၏၊ ဤသို့စသည်ဖြင့် သူ့အဆင့်နှင့်သူ အထင်ကြီးမှု အမျိုးမျိုး ရှိကြ၏။

ပညာဥာဏ် အမှန်အကန်မရှိပါက ယင်းကိုယ့်ကိုယ်ကို အထင်ကြီးမှုများမှာ တစ်သက်လုံး မာနထောင် လွှားကာ မပျောက်နိုင်ေ တာ့ပေ၊ တစ်သက်လုံး သာမက တစ်သံသရာလုံးပင် အထုံဝါသနာအဖြစ် ပါသွား တတ်၏။

ပညာဥာဏ် အမှန်အကန် ရရှိမှသာလျင် ယင်းအထင်ကြီးမှု ပျောက်ကင်းပြီး ပုံမှန်မူမှန်၊ အမြင်မှန်သို့ ပြန်ရောက်နိုင်ပေသည်။

သံယောဇဉ် ( ၁၀ ) ပါး

၁။ ရုပ်နာမ်အရှိ၊ ငါထင်ဘိ၊ ဒိဋ္ဌိသံယောဇဉ်၊ ( ဒိဋ္ဌိသံယောဇဉ်)

၂။ ဝေခွဲမသိ၊ ယုံမှားရှိ၊ ၀ိစိသံယောဇဉ်၊ ( ၀ိစိကိစ္ဆာသံယောဇဉ်)

၃။ နွားခွေးအတတ်၊ ကျင့်မြတ်မှတ်၊ သီလဗိသံယောဇဉ်၊ ( သီလဗ္ဗတပရာမာသ သံယောဇဉ်)

၎။ ကိုယ့်ထက်သာတာ၊ လိုမနာ၊ ဣဿာသံယောဇဉ်၊( ဣဿာသံယောဇဉ်)

၅။ ကိုယ့်စည်းစိမ်ကြည့်၊ ၀န်တိုဘိ၊ မစ္ဆရိသံယောဇဉ်၊ ( မစ္ဆရိယသံယောဇဉ်)

၆။ ကာမဂုဏ်ငါးဝ၊ တပ်စွဲက၊ ကာမသံယောဇဉ်၊ ( ကာမရာဂသံယောဇဉ်)

၇။ စိတ်ဆိုးဒေါသ၊ မျက်ထွက်က၊ ပဋိဃသံယောဇဉ်၊ ( ပဋိဃသံယောဇဉ်)

၈။ မောက်မောက်တက်ကြွ၊ ထောင်လွှားက၊ မာနသံယောဇဉ်၊ ( မာနသံယောဇဉ်)

၉။ သုံးပါးဘ၀၊ မက်မောက၊ ဘ၀သံယောဇဉ်၊ ( ဘ၀ရာဂ သံယောဇဉ်)

၁၀။ အမှန်လေးဖြာ၊ မှားသိတာ၊ အ၀ိဇ္ဇာသံယောဇဉ်၊ ( အ၀ိဇ္ဇာသံယောဇဉ်)

ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ၏ ဗုဒ္ဓဓမ္မပြဿနာများ အတွဲ(၁)မှ..

posted by ပန်းကမ္ဘာ

သြစတေးလျ အေဘီစီ သတင်းတစ်ပုဒ်မှာဒီလိုရေးထားတယ် ။

Photo: သြစတေးလျ အေဘီစီ သတင်းတစ်ပုဒ်မှာဒီလိုရေးထားတယ် ။

မွတ်ဆလင်တွေဟာ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့မြန်မာနိုင်ငံကို၁၉၄၈
မှာပြီးဆုံးခဲ့တဲ့အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ခဲ့စဉ်ကအလုပ်ကြမ်းသမားများအဖြစ်
အစုလိုက်အပြုံလိုက်အိန္ဒိယမှဝင်ရောက်ခဲ့ကြသည်မှာကြာပြီဖြစ်သော်လည်း
ဘယ်တုန်းကမှ (မူရင်းဒေသခံဗုဒ္ဓဘာသာဝင်များနှင့်) အပြည့်အ၀လိုက်လျော
ညီထွေသဟဇာတဖြစ်အာင် ပေါင်းစပ်ဆက်ဆံနိုင်ခြင်းမရှိခဲ့ကြဘူး တဲ့ ။

Muslims entered Buddhist-majority Myanmar en masse as indentured labourers from the Indian subcontinent during British colonial rule, which ended in 1948, but despite their long history they have never been fully integrated.http://www.abc.net.au/news/2013-03-22/bodies-in-streets-of-riot-hit-myanmar-town/4589528
မွတ်ဆလင်တွေဟာ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့မြန်မာနိုင်ငံကို၁၉၄၈
မှာပြီးဆုံးခဲ့တဲ့အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ခဲ့စဉ်ကအလုပ်ကြမ်းသမားများအဖြစ်
အစုလိုက်အပြုံလိုက်အိန္ဒိယမှဝင်ရောက်ခဲ့ကြသည်မှာကြာပြီဖြစ်သော်လည်း
ဘယ်တုန်းကမှ (မူရင်းဒေသခံဗုဒ္ဓဘာသာဝင်များနှင့်) အပြည့်အ၀လိုက်လျော
ညီထွေသဟဇာတဖြစ်အာင် ပေါင်းစပ်ဆက်ဆံနိုင်ခြင်းမရှိခဲ့ကြဘူး တဲ့ ။

Muslims entered Buddhist-majority Myanmar en masse as indentured labourers from the Indian subcontinent during British colonial rule, which ended in 1948, but despite their long history they have never been fully integrated.http://www.abc.net.au/news/2013-03-22/bodies-in-streets-of-riot-hit-myanmar-town/4589528

မလေးရှားမှာ မြန်မာနိုင်ငံအလုပ်သမားများ ခြိမ်းခြောက်ခံနေရမှုအား ဦးသိန်းစိန်အစိုးရ ဘယ်လို ဖြေရှင်းမလဲ?

Photo: မလေးရှားမှာ မြန်မာနိုင်ငံအလုပ်သမားများ ခြိမ်းခြောက်ခံနေရမှုအား ဦးသိန်းစိန်အစိုးရ ဘယ်လို ဖြေရှင်းမလဲ=============
Rain Master
မလေးရှားမှာ အခြေနေတွေမကောင်းတော့ပါဘူး..နေရာအနှံပြားမှာ မြန်မာတွေကို အုပ်စုဖွဲ့ပြီ လိုက်သတ်နေပါတယ်...မြန်မာပြည်က ရခိုင်နဲ့ မိထ္ထီလာမှာ ဖြစ်ခဲ့တာတွေနဲ့ပတ်သက်နိုင်ပါတယ်...
ဟိုနေ့ကပဲ ချရက်မှာ ငါးယောက်မှာ လေးရောက်သေနောက်တစ်ခါ အီပို့မှာ မြန်မာတွေကို လိုက်ပြီ ရန်ရှာနေပါတယ်မြန်မာလူမျိုးတွေကိုအကုန်သက်ပစ်မယ်ဆိုပြီကျိန်းနေပါတယ်..ဒီတော့မလေးရှားမှာ ရှိနေတဲ့ မြန်မာလူမှု့ရေး အဖွဲ့စည်းတွေအနေနဲ့စုပြီမြန်မာသံရုံးကိုအကြောင်းကြားသင့်ပါတယ်
မြန်မာသံရုံးအနေနဲ့လဲမလေးရှားအစိုးရကိုအသိပေးသင့်ပါတယ်ပြီရင် မြန်မာလူမျိုးအလုပ်သမားတွေအတွက်လုံခြုံရေတာဝန်ယူပေးဖို့ပြောသင့်ပါတယ်ကြာရင်မလွယ်ပါဘူး..သူများနိုင်ငံမှာ အလုပ်လာလုပ်တယ်ဆိုတာအရာရာကိုစွန့်စားပြီလာလုပ်နေရတာပါကျနော်တို့သူများနိုင်ငံမှာနေရရင်သူ့နိုင်ငံသားတွေနဲ့တည့်အောင်အဆင်ပြေအောင်အရာရာကို အောက်ကြို့ခံပြီဆင်ကျင်ပြီစားသတိသွားသတိနဲ့ နေရတာပါအခုဆိုကျနော်တို့မြန်မာပြည်မှာရှိနေတဲ့ မြန်မာလူမျိုး မြန်မာနိုင်ငံသားမဟုတ်တဲ့လူတွေကမရိန်းကျင့် ခေါင်းဖြတ်မီးရှို့မျိုးစုံးပဿနာတွေရှာနေတာကိုခံနေရတာကတယ်တွေးကြည့်ရင်ရင်နာလို့မဆုံးပါဘူး..ကျနော်တို့သာ ကျနော်တို့ အလုပ် လာလုပ်နေတဲ့ နိုင်ငံမှာအဲလိုသာလုပ်နေမယ်ဆိုရင်ကျနော်တို့တွေအဲနိုင်ငံမှာတစ်ယောက်မှတောင် နေရမှာမဟုတ်ပါဘူး..ဒါကျနော်တို့လက်တွေ့နေနေတာကျနော်တို့အသိဆုံးပါဆိုတော့နိုင်ငံခြင်းယှဉ်ကြည့်လိုက်ရင်အစိုးရတွေကိုင်တွယ်ပုံချင်းမတူပါဘူး..သူ့နိုင်ငံမှာနေရင် သူ့နိုင်ငံ သားတွေကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေသူ့နိုင်ငံသားဘက်ကနေပဲကာကွယ်ပေးပါတယ်...အခုကျနော်တို့ မြန်မာပြည်မှာ မြန်မာနိုင်ငံသားတွေကိုအခြား မြန်မာလူမျိုးမဟုတ်တဲ့လူတွေဘယ်လောက်ထိမိုက်ရိုင်းနိပ့်စက်နေကြတယ်ဆိုတာအားလုံးအသိပါပဲကျနော်တို့အစိုးရအနေနဲ့လဲကျနော်တို့ဘက်ကနေဘယ်လောက်ထိကာကွယ်ပေးတယ်ဆိုတာလဲအားလုံးအသိပါပဲတစ်ဖြည်းဖြည်းနဲ့အခြေနေတွေဟာပိုကြီးထွားလာနေပါပြီတိုင်းပြည်ပျက်မှ လူတွေ အစုလိုက် အသတ်ခံရမှာထပြီလုံးခြုံရေးယူနေလို့ကာကွယ်ပေးနေလို့
ဘာမှမထူးပါဘူး..မီးဆိုတာမလောင်ခင်ကတားရပါတယ်..ဖြစ်ပြီမှဘာလုပ်ညာလုပ်ဆိုရင် သေတဲ့လူတွေက ပြန်မရှင်လာနိုင်ပါဘူးနဂိုထဲကမှ မြန်မာလူမျိုးတွေဟာ အိမ်ထောင်ပြုသားမွေးဖို့ အသေကြောက်နေကြတာပါဒါကလဲ မြင့်မားလွန်းတဲ့ကုန်းဈေးနှုန်းနဲ့နိုင်ငံရဲ့ဆင်းရဲမွဲးတေမှု့တွေကြောင့်ကျနော်တို့ မြန်မာလူမျိုးတွေဟာအိမ်ထောင်ပြုဖို့ လက်တွန့်နေကြတာပါအိမ်ထောင်ပြုပြီ ကလေးယူရင်လဲကလေးတစ်ယောက်ရဲ့ မွေးလာသည်မှ ကျောင်းတတ်တဲ့အရွယ်လူပျိုအပျိုပေါက်းရောက်လာရင်လဲကုန်ကြမယ့် ငွေကြေးတွေကိုမတတ်နိုင်ကြလို့ကလေးယူဖို့လက်တွန့်ကြတာပါဆိုတော့ ကြာလာလေလေကျနော်တို့ မြန်မာလူမျိုးတွေနည်းလာလေလေပိုကြာလာရင် မြန်မာလူမျိုးတွေတုံးသွားနိုင်ပါတယ်နိုင်ငံတစ်ခုမှာအခြေခံစီးပွားရေးတွေ ကြဆင်းလာရင်ဘာသာတရားတွေ မေ့ပျောက်လာကြရင်လူမျိုးတွေ တစ်ယောက်နဲကတစ်ယောက် စိတ်ဝမ်းတွေကွဲးပြီ ချစ်ခင်မှု့တွေ မရှိတော့ရင်နိုင်ငံပျောက်ဘာသာပျောက်လူမျိုးပါတုန်းမယ့်ကိန်းဆိုက်လာတော့မှာပါ။ဒီနေ့ ဖြစ်ပျက်နေတဲ့ အခြေနေတွေကို နိုင်ငံတော်အဆင့်ကနေ တာဝန်ယူဖြေရှင်းပေးနိုင်ဖို့ ကျနော် တို့ ပြည်သူတွေအားလုံးတောင်းဆိုသင့်ပါတယ်မြန်မာလူမျိုးတွေကို မြန်မာနိုငံမှာ အုပ်ချုပ်နေတဲ့ လူတွေကလဲသားသမီးတွေလို ချစ်သင့်စိုးရိမ်သင့်ပါတယ်...ကျနော်တို့ အလုပ်လုပ်နေတဲ့ နိုင်ငံမှာဆိုရင်သူ့နိုင်ငံသားကိုစီးပွားရေးပညာရေးလူမျိုးရေးတွေအကုန်းအခွင့်ရေးတွေပေးထားတာပါ.ဥပမာတစ်ခုအခြေနေနဲ့ကျနော်တို့နိုင်ငံခြားသားတွေသူ့နိုင်ငံမှာနေရင် ရေဖိုးမီးဖိုး ဘေဆောင်ရရင်ကျနော်တို့ကတစ်ရာဆောင်ရရင်သူ့နိုင်ငံသားကတစ်ဆယ်ပါပဲသူ့နိုင်ငံသားတွေကလေးမွေးရင် ဆေးရုံးမှာ ပိုက်ဆံ ပေးစရာမလိုပါဘူးပေးရတယ်ဆိုရင်လဲ သူ့နိုင်ငံ ပိုက်ဆံနဲ့ တစ်ကျပ်ပါ
ကျနော်တို့ ဆီမှာ ဒါမျိုးတွေမရှိသေးပါဘူး..ကျနော်တို့ သူများနိုင်ငံမှာ အလုပ်လာလုပ်ရတယ် ဆိုက ကိုယ့်နိုင်ငံမှာ သာမန်အလုပ်သမားတစ်ယောက်အနေနဲ့ မရနိုင်တဲ့ငွေကြေး သူများနိုင်ငံမှာ ရလို့ ဆင်းရဲပင်းပန်းခံပြီ မိဝေးဖဝေး စိုးရိမ်ပူပန်မူ့တွေနဲ့ လာလုပ်နေကြရတာပါကျနော်တို့ နိုင်ငံခြားတိုင်းပြည်မှာလာအလုပ်လုပ်နေတယ်ဆိုတာကလဲနှစ်နိုင်ငံကိုထိုက်သင့်တဲ့အခွန်တွေပေးဆောင်ပြီနေရတာပါအလကား လာနေရတာမဟုတ်ပါဘူး..မြန်မာပြည်ကနေ သူများနိုင်ငံကို လာအလုပ်လုပ်ဖို့အတွက်ငွေကိုသိန်းပေါင်းများစွာရင်းပြီလာလုပ်နေရတာပါဒီငွေတွေကိုရှိတာလေးတွေရောင်းပေါင်းအတိုးနဲ့ချေးငှားကာအမျိုးမျိုးရှာကြံပြီတော့မှလာနိုင်တာပါရတဲ့ ချွေးနည်းစားငွေကြေးတွေကို မြန်မာပြည်ကိုပြန်ပို့မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတာပါဒါ့ကြောင့်ကျနော်တို့နိုင်ငံခြားမှ မြန်မာအလုပ်သမားတွေရဲ့ လုံးခြုံရေးအတွက်သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေ လူမှု့ရေးအဖွဲ့စည်းတွေ မြန်မာသံရုံးတွေအနေဖြင့် အကူအညီပေးကြစေလို ပါကြောင့်းအလုပ်သမားများအားလုံးရဲ့ကိုယ်စားတောင်းဆိုလိုက်ပါတယ်ခင်ဗျာ..=
Rain Master
မလေးရှားမှာ အခြေနေတွေမကောင်းတော့ပါဘူး..နေရာအနှံပြားမှာ မြန်မာတွေကို အုပ်စုဖွဲ့ပြီ လိုက်သတ်နေပါတယ်...မြန်မာပြည်က ရခိုင်နဲ့ မိထ္ထီလာမှာ ဖြစ်ခဲ့တာတွေနဲ့ပတ်သက်နိုင်ပါတယ်...
ဟိုနေ့ကပဲ ချရက်မှာ ငါးယောက်မှာ လေးရောက်သေနောက်တစ်ခါ အီပို့မှာ မြန်မာတွေကို လိုက်ပြီ ရန်ရှာနေပါတယ်မြန်မာလူမျိုးတွေကိုအကုန်သက်ပစ်မယ်ဆိုပြီကျိန်းနေပါတယ်..ဒီတော့မလေးရှားမှာ ရှိနေတဲ့ မြန်မာလူမှု့ရေး အဖွဲ့စည်းတွေအနေနဲ့စုပြီမြန်မာသံရုံးကိုအကြောင်းကြားသင့်ပါတယ်
မြန်မာသံရုံးအနေနဲ့လဲမလေးရှားအစိုးရကိုအသိပေးသင့်ပါတယ်ပြီရင် မြန်မာလူမျိုးအလုပ်သမားတွေအတွက်လုံခြုံရေတာဝန်ယူပေးဖို့ပြောသင့်ပါတယ်ကြာရင်မလွယ်ပါဘူး..သူများနိုင်ငံမှာ အလုပ်လာလုပ်တယ်ဆိုတာအရာရာကိုစွန့်စားပြီလာလုပ်နေရတာပါကျနော်တို့သူများနိုင်ငံမှာနေရရင်သူ့နိုင်ငံသားတွေနဲ့တည့်အောင်အဆင်ပြေအောင်အရာရာကို အောက်ကြို့ခံပြီဆင်ကျင်ပြီစားသတိသွားသတိနဲ့ နေရတာပါအခုဆိုကျနော်တို့မြန်မာပြည်မှာရှိနေတဲ့ မြန်မာလူမျိုး မြန်မာနိုင်ငံသားမဟုတ်တဲ့လူတွေကမရိန်းကျင့် ခေါင်းဖြတ်မီးရှို့မျိုးစုံးပဿနာတွေရှာနေတာကိုခံနေရတာကတယ်တွေးကြည့်ရင်ရင်နာလို့မဆုံးပါဘူး..ကျနော်တို့သာ ကျနော်တို့ အလုပ် လာလုပ်နေတဲ့ နိုင်ငံမှာအဲလိုသာလုပ်နေမယ်ဆိုရင်ကျနော်တို့တွေအဲနိုင်ငံမှာတစ်ယောက်မှတောင် နေရမှာမဟုတ်ပါဘူး..ဒါကျနော်တို့လက်တွေ့နေနေတာကျနော်တို့အသိဆုံးပါဆိုတော့နိုင်ငံခြင်းယှဉ်ကြည့်လိုက်ရင်အစိုးရတွေကိုင်တွယ်ပုံချင်းမတူပါဘူး..သူ့နိုင်ငံမှာနေရင် သူ့နိုင်ငံ သားတွေကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေသူ့နိုင်ငံသားဘက်ကနေပဲကာကွယ်ပေးပါတယ်...အခုကျနော်တို့ မြန်မာပြည်မှာ မြန်မာနိုင်ငံသားတွေကိုအခြား မြန်မာလူမျိုးမဟုတ်တဲ့လူတွေဘယ်လောက်ထိမိုက်ရိုင်းနိပ့်စက်နေကြတယ်ဆိုတာအားလုံးအသိပါပဲကျနော်တို့အစိုးရအနေနဲ့လဲကျနော်တို့ဘက်ကနေဘယ်လောက်ထိကာကွယ်ပေးတယ်ဆိုတာလဲအားလုံးအသိပါပဲတစ်ဖြည်းဖြည်းနဲ့အခြေနေတွေဟာပိုကြီးထွားလာနေပါပြီတိုင်းပြည်ပျက်မှ လူတွေ အစုလိုက် အသတ်ခံရမှာထပြီလုံးခြုံရေးယူနေလို့ကာကွယ်ပေးနေလို့
ဘာမှမထူးပါဘူး..မီးဆိုတာမလောင်ခင်ကတားရပါတယ်..ဖြစ်ပြီမှဘာလုပ်ညာလုပ်ဆိုရင် သေတဲ့လူတွေက ပြန်မရှင်လာနိုင်ပါဘူးနဂိုထဲကမှ မြန်မာလူမျိုးတွေဟာ အိမ်ထောင်ပြုသားမွေးဖို့ အသေကြောက်နေကြတာပါဒါကလဲ မြင့်မားလွန်းတဲ့ကုန်းဈေးနှုန်းနဲ့နိုင်ငံရဲ့ဆင်းရဲမွဲးတေမှု့တွေကြောင့်ကျနော်တို့ မြန်မာလူမျိုးတွေဟာအိမ်ထောင်ပြုဖို့ လက်တွန့်နေကြတာပါအိမ်ထောင်ပြုပြီ ကလေးယူရင်လဲကလေးတစ်ယောက်ရဲ့ မွေးလာသည်မှ ကျောင်းတတ်တဲ့အရွယ်လူပျိုအပျိုပေါက်းရောက်လာရင်လဲကုန်ကြမယ့် ငွေကြေးတွေကိုမတတ်နိုင်ကြလို့ကလေးယူဖို့လက်တွန့်ကြတာပါဆိုတော့ ကြာလာလေလေကျနော်တို့ မြန်မာလူမျိုးတွေနည်းလာလေလေပိုကြာလာရင် မြန်မာလူမျိုးတွေတုံးသွားနိုင်ပါတယ်နိုင်ငံတစ်ခုမှာအခြေခံစီးပွားရေးတွေ ကြဆင်းလာရင်ဘာသာတရားတွေ မေ့ပျောက်လာကြရင်လူမျိုးတွေ တစ်ယောက်နဲကတစ်ယောက် စိတ်ဝမ်းတွေကွဲးပြီ ချစ်ခင်မှု့တွေ မရှိတော့ရင်နိုင်ငံပျောက်ဘာသာပျောက်လူမျိုးပါတုန်းမယ့်ကိန်းဆိုက်လာတော့မှာပါ။ဒီနေ့ ဖြစ်ပျက်နေတဲ့ အခြေနေတွေကို နိုင်ငံတော်အဆင့်ကနေ တာဝန်ယူဖြေရှင်းပေးနိုင်ဖို့ ကျနော် တို့ ပြည်သူတွေအားလုံးတောင်းဆိုသင့်ပါတယ်မြန်မာလူမျိုးတွေကို မြန်မာနိုငံမှာ အုပ်ချုပ်နေတဲ့ လူတွေကလဲသားသမီးတွေလို ချစ်သင့်စိုးရိမ်သင့်ပါတယ်...ကျနော်တို့ အလုပ်လုပ်နေတဲ့ နိုင်ငံမှာဆိုရင်သူ့နိုင်ငံသားကိုစီးပွားရေးပညာရေးလူမျိုးရေးတွေအကုန်းအခွင့်ရေးတွေပေးထားတာပါ.ဥပမာတစ်ခုအခြေနေနဲ့ကျနော်တို့နိုင်ငံခြားသားတွေသူ့နိုင်ငံမှာနေရင် ရေဖိုးမီးဖိုး ဘေဆောင်ရရင်ကျနော်တို့ကတစ်ရာဆောင်ရရင်သူ့နိုင်ငံသားကတစ်ဆယ်ပါပဲသူ့နိုင်ငံသားတွေကလေးမွေးရင် ဆေးရုံးမှာ ပိုက်ဆံ ပေးစရာမလိုပါဘူးပေးရတယ်ဆိုရင်လဲ သူ့နိုင်ငံ ပိုက်ဆံနဲ့ တစ်ကျပ်ပါ
ကျနော်တို့ ဆီမှာ ဒါမျိုးတွေမရှိသေးပါဘူး..ကျနော်တို့ သူများနိုင်ငံမှာ အလုပ်လာလုပ်ရတယ် ဆိုက ကိုယ့်နိုင်ငံမှာ သာမန်အလုပ်သမားတစ်ယောက်အနေနဲ့ မရနိုင်တဲ့ငွေကြေး သူများနိုင်ငံမှာ ရလို့ ဆင်းရဲပင်းပန်းခံပြီ မိဝေးဖဝေး စိုးရိမ်ပူပန်မူ့တွေနဲ့ လာလုပ်နေကြရတာပါကျနော်တို့ နိုင်ငံခြားတိုင်းပြည်မှာလာအလုပ်လုပ်နေတယ်ဆိုတာကလဲနှစ်နိုင်ငံကိုထိုက်သင့်တဲ့အခွန်တွေပေးဆောင်ပြီနေရတာပါအလကား လာနေရတာမဟုတ်ပါဘူး..မြန်မာပြည်ကနေ သူများနိုင်ငံကို လာအလုပ်လုပ်ဖို့အတွက်ငွေကိုသိန်းပေါင်းများစွာရင်းပြီလာလုပ်နေရတာပါဒီငွေတွေကိုရှိတာလေးတွေရောင်းပေါင်းအတိုးနဲ့ချေးငှားကာအမျိုးမျိုးရှာကြံပြီတော့မှလာနိုင်တာပါရတဲ့ ချွေးနည်းစားငွေကြေးတွေကို မြန်မာပြည်ကိုပြန်ပို့မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတာပါဒါ့ကြောင့်ကျနော်တို့နိုင်ငံခြားမှ မြန်မာအလုပ်သမားတွေရဲ့ လုံးခြုံရေးအတွက်သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေ လူမှု့ရေးအဖွဲ့စည်းတွေ မြန်မာသံရုံးတွေအနေဖြင့် အကူအညီပေးကြစေလို ပါကြောင့်းအလုပ်သမားများအားလုံးရဲ့ကိုယ်စားတောင်းဆိုလိုက်ပါတယ်ခင်ဗျာ..=

Rain Master

တင်ပြီးသား post များ

3D