သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, March 30, 2013

အကြမ်းဖက်မှုများရဲ့ ပုံရိပ်စစ်မှန်

Justice Pao
Lwin Thandar Cho
အကြမ်းဖက်မှုများရဲ့ ပုံရိပ်စစ်မှန်
မြန်မာပြည်၌ အစိုးရမှ အာဏာအတွက် လှည့်စားမှုကားပြင်းထန်လွန်းလှသည်။ ယုတ်ညံ့လွန်းလှသည်။ ရက်စက်လွန်းလှသည်။ အရှက်တရားမရှိသလောက်ပင်။ ဘုရားသားတော်ဟု ပညတ်ကာ မိမိတို့ ကိုယ်တိုင် ကိုးကွယ်သည့် ဘုန်းကြီးများကိုပင် အာဏာနှင့် ပတ်သက်ပါက အလွတ်မပေး ဖိနပ်နှင့် နင်းခဲ့သူတွေက အခြားဘာသာဝင်ဆိုရင်တော့ ပြောစရာပင် မလိုတော့ပေ။ အသက်ရှိတဲ့ လူလို့တောင် မထင်တော့။ ပုရွက်ဆိတ်များကို ဖိနပ်နှင့် အသာအယာ နင်းသတ်နေသည့်နှယ်။
နေ့စဉ် ငပိရည်ကျဲနှင့် ထမင်းစားနေတဲ့ စရိုက်ကြမ်းတမ်းတဲ့သူတွေ လက်ထဲ ပိုက်ဆံ အနည်းငယ် ထည့်ပေးလိုက်သည်။ ဒါနဲ့ မရသေး မိမိကိုယ်ကို မိမိ ဘာသာသာသနာအား စောင့်ရှောက်သူ ၊ သူရဲကောင်းများအဖြစ် မြင်နိုင်စေရန် သူတို့ ဥာဏ်ရည်နဲ့ လိုက်မမှီသော အမျိုးသားရေး တရားနည်းနည်း ဟောပေးရသေးသည်။ ကဲ . . . အမျိုးသားရေး သူရဲကောင်းတွေ အဆင်သင့်ဖြစ်ပြီလား?????
...
နေအုန်း . . . တစ်ခြားဘာသာဝင်တွေကို အကြမ်းဖက်မှာတော့ ဟုတ်ပြီ။ အသိတရားရှိပြီး ဘာသာတရား လေးစားတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ရဟန်းသံဃာတွေ ထကန့်ကွက်ရင် ဘယ်လိုလုပ်မလဲ။ အင်း . . . ဒါလည်းလွယ်ပါတယ်။ ကတုံးတုံးကာ သင်္ကန်းစည်းလိုက်ရင် ဘုရားသားတော်အဖြစ် ကြည်ညိုကြတဲ့ ဓလေ့ကို အခွင့်ကောင်းယူရပေတော့မည်။
အလုပ်အကိုင်မရှိ ဆိုးသွမ်းသူတွေထဲက ဥပဓိရုပ် နည်းနည်းရှိသူတွေ ဆွဲထုတ်လိုက်သည်။ ကတုံးရိတ်ကာ သင်္ကန်းစည်းပေးလိုက်သည်။ ကဲ . . . အခုမင်းတို့ ကြည်ညိုတဲ့ ဘုရားသားတော်တွေ ရပြီ။ ဘုရားသားတော်တွေ ပါပြီဆိုမှတော့ လူထုကို စည်းရုံးစရာပင်မလိုတော့။ ပြီးတော့ ကိုယ်က အကြမ်းသွားဖက်လို့ ပြန်ခုခံရင် ဘုရားသားတော်တွေကို တစ်ခြားဘာသာဝင်တွေက ရိုက်နှက်စော်ကား သည်ပေါ့။ ဒါဆို မြန်မာတစ်ပြည်လုံး အုံကြွလာလိမ့်မယ်။ ဘယ်ဘာသာဝင်ကမှ ဘုန်းကြီးဆို မရိုက်ရဲဘူးလေ။ ဘုရားသားတော်တွေကိုး။
ဒါပေမယ့် ခဏနေပါအုန်း . . . ။ တစ်ဖက်က ဖိနှိပ်ပါများလို့ ပြန်ခုခံရင်ကော။ ဘုရားသားတော်လည်း သည်းမခံနိုင်တော့ဘူးဆိုရင်ကော။ အင်း . . . ဒါတော့ ဟုတ်သည်။ စုထားတဲ့ သူတွေက ငတ်လို့သာ လူမိုက်လုပ်တာ။ အမျိုးသားရေးလည်း သိတာမဟုတ်။ အုပ်စုလိုက်သာ အကြမ်းဖက်ရဲသည်။ ပြန်ချရင်တော့ ထွက်ပြေးကြမှာ။ ဒီတော့ စဉ်းစားရပြန်တယ်။ သူတို့ ပြန်မချအောင်။ ဘာခက်တာမှတ်လို့။ ရဲ . .ယူနီဖောင်းဝတ် ကိုယ့်လူတွေ ရှိတာပဲ။ သူတို့က ဘေးက ထိန်းပေးပေါ့။ ဟိုဖက်က ဝင်ချရင် ဆွဲသာစိလိုက် ။ သေနတ်ဆိုတာ ထိအောင်ပစ်ရင် သေစေတယ်ဆိုတာ လူတိုင်းသိတာပဲ။ အဲ…. ဒါပေမယ့် ကိုယ့်လူတွေပါတယ် ဆိုတာ အရမ်း မထင်ပေါ်စေနဲ့ပေါ့။ လူမြင်ကွင်းဆို နှစ်ဖက်ညှိုပေး။ လစ်ပြီဆိုရင် ပြောင်းဝလှည့်တော့။ ကဲ . . . ညီစေနော်.
ကဲ . . . စထွက် . . .
သြော် . . . တစ်ခုမေ့နေသေးတယ် . . . ။
ပြဿနာတွေပြီးသွားရင် ပြည်သူကို ချွေးသိပ်ရအုန်းမယ်။ ကဲ . . . အခုထဲက လူရွေးထား ။ စုံးစမ်းစစ်ဆေးရေးကော်မတီလေးဖွဲ့ပြီး သူတို့ကို အလုပ်ပေးထားလိုက်။ ဒါမှ နောက်တစ်ပွဲ . . . အတွက် စီစဉ်ဖို့ အချိန်ရမှာ . . . ။
ဤသို့ဖြင့် သယံဇာတ ပေါများသော မြန်မာနိုင်ငံကြီးသည် ရွေးကောက်ပွဲ မရောက်ခင်ထိ တစ်မြို့ပြီး တစ်မြို့ ဖြေရှင်းမရသော ပြဿနာများ ပေါ်ပေါက်နေကာ ပြဿနာကြွယ်ဝသော၊ သူတစ်ပါး ဘာသာတရားအား မိုက်ရိုင်းစော်ကားသော၊ သူများအသတ်အား အလွယ်တကူ သတ်ဖြတ်ကာ မင်းမဲ့စရိုက်ဆန်သော နိုင်ငံတော်ကြီးသာ ဖြစ်နေပေတော့မည်။
By Lwin Thandar Cho

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D