သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, January 16, 2013

အမေအတွက် ကဗျာ ၃


  မေမေ ရေ ... အရိုင်းအစိုင်းမာယာတွေနဲ့တွေ့တိုင်း ခေါ်နေမိတာ အကြိမ်ကြိမ်ပေါ့ မေမေကတော့ လောကဓံ ဘယ်နှစ်ပါးဖြစ်ဖြစ် ထမ်းထားမှာပဲ ဆိုတဲ့ လူမျိုး လာမယ့် အန္တရာယ် ရင်ဆိုင်တွေ့ ... အဲဒီလို... ကျွန်တော့် ထမင်းပန်းကန်လေးကို ဖြည့်ဖြည့်ပေးခဲ့တာ ကြာပေါ့ ဒါပေမယ့်လေ ကျွန်တော်ဆိုးသမျှက မေမေ့မျက်ရည် ဒီလိုဆိုတော့လည်း မတရားဘူးနော် မေမေ... မေမေ့ရင်ထဲကို ဆူးတွေထိုးထိုးသွင်းနေတဲ့ လူဆိုးလေးကျွန်တော်ပါ မေတ္တာတရားကို တာဝန်မကျေခဲ့တဲ့ လူမိုက်ကျွန်တော်ပါ အခုမှ နောင်တတွေနဲ့ မျက်ရည်ဝဲ အဝေးကပဲ ရှိခိုး ဦးချနေရပါပြီ မေမေရယ် "မေမေရဲ့သားနိုင်တယ်" ဇော်ဝင်းထွဋ်သီချင်းလေး ဆိုချင်တာပေါ့ အခုတော့ မေမေ့ မမြင်ကွယ်ရာမှာ အကြိမ်ကြိမ်ကျရှုံး ဒါပေမယ့် ဘယ်တော့မှ လက်မမြောက်ခဲ့ပါဘူး မေမေ့ရင်ထဲ ပျော်ရွှင်ခြင်းတွေပဲ ရွာသွန်းစေဖို့ ကျွန်တော်ကိုယ်တိုင် ရွာမယ့်မိုးပါ မေမေ ဒီကဗျာလေးနဲ့ စ မယ်နော်။ အိမ်က ထမင်းဝိုင်းလေးလည်း နေရာတွေ လွတ်လို့ လပ်လို့ နေမှာ တစ်နေ့နေ့ပေါ့ မေမေရယ် အဲဒီတစ်နေ့နေ့မှာ မိသားစုကောင်းကင်ထဲ အတူတူ ပျံသန်းကြမယ် ပျော်ရွှင်ခြင်း အတောင်ပံတွေ ဖြန့်လို့ပေါ့။ အဲဒီတစ်နေ့နေ့မှာ ကျွန်တော်ဟာ မေမေ့ရင်ခွင်ထဲမှာ ခိုနားနေတဲ့ သားလိမ္မာလေးဖြစ်နေလိမ့်မယ် တစ်နေ့နေ့ပေါ့ မေမေရေ... ဆုတောင်းခြင်းများ မေမေ့ရဲ့ မေတ္တာဖြင့် ပြည့်ပါစေသား ....
 (စိုင်းလောဝ်ပိန်း- ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀ မှ)

ညဉ်းချင်း

ကြယ်လ မစုံ
မှောင်မိုက်တဲ့
ဒီနေ့ညပေါ့
မင်းကို သတိရမိတယ်။

လေနုအေးလေ
တိုက်ခတ်လာတဲ့
ဒီနေ့ညပေါ့
မင်းကို လွမ်းမိတယ်။

ပလက်ဖောင်းပေါ်
တစ်ကိုယ်တည်း
လျှောက်လာမိတဲ့
ဒီနေ့ညပေါ့
မင်းကို တမ်းတမိတယ်။

မောင်စေတနာ

အဝေးတစ်နေရာ

ဖွင့်ပြောဖို့ ကြံစည်ကာပင်
နှုတ်က ဆွံ့အ မိပြီ။

တည်ငြိမ်စွာ ငြင်းပယ်မှာဖြင့်
စိုးလှပါပြီ။

ချစ်ရိပ်ပင် မမြင်ရသေးခင်
မုန်းရိပ်တွေ လာနေပြီ။

အမုန်းတွေ မလိုချင်ပြီမို့
ရင်ခွင်တံခါးကို ပိတ်ထားကာရယ်
အဝေးတစ်နေရာကသာ
မျှော်ကာနေတော့မည်။

မောင်စေတနာ

Love is

Standing on one side
of the ocean,
can you see the other shore?
That`s what love is like.
So, what are you going to do?
Dive in and lose yourself?
Or, in fear, retreat?

သူငယ်ချင်း

သူငယ်ချင်းဆိုတာ
မင်းကိုယ်မင်း မပြောချင်တဲ့အရာတွေကို
ပြောပေးနိုင်သူ...
လှောင်းပြောင်ရယ်မောစရာ အခြေအနေမျိုးကို
မင်းရောက်နေတဲ့အခါမှာ
(မင်းကို) မရယ်မောဘဲနေတဲ့ သူပါပဲ
သူငယ်ချင်း...

♘♘♘ မင်းအကြောင်း တွေးနေတယ်♘♘♘

မင်းရဲ့ အလေးအနက် မထားတတ်တဲ့
စိတ်ဓာတ်ကြောင့်ပေါ့ကွယ်...
မင်းရဲ့ဘဝအဖော် ကိုယ်ဟာ
ဘဝကို ဘယ်လိုကြိုးစား ရုန်းကန်တယ်ဆိုတာ
မင်းကို အလေးအနက်ထားပြီး ပြောပြချင်တယ်...
ဒါပေမဲ့...
မင်းက နားထောင်ချင်ပုံ မရတေ့...
ကိုယ့်မှာ ပြောပြခွင့် မရတော့ဘူးပေါ့
ဘာကိုမှ အလေးအနက်မထားတဲ့ မင်းကို
ကိုယ်...ဘာများ ပြောနိုင်ဦးမှာလဲကွယ်.....

တင်ပြီးသား post များ

3D