သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, April 13, 2013

မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်၊ ချီပါအရှေ့ဘက်တွင် ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၂၀ ခန့် ပျက်ဆီးဆုံးရှုံး၊ ပြည်ကြီးတံခွန် မြို့နယ်၌လည်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၉ လုံးခန့် ပျက်ဆီး



ချီပါရပ်ကွက် မီးလောင်ကျွမ်းမှု မြင်ကွင်းများ
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပ၀တီရပ်၊ ချီပါ ရပ်ကွက် အရှေ့ဘက်တွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ၅ မိနစ်အချိန်ခန့်မှ စတင်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။
ထို့အတူ ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်း မြို့သစ်ရပ်ကွက် ၅၁×၅၂ လမ်းကြားတွင်လည်း ဧပြီလ ၁၂ ရက်နေ့ နံနက် ၅နာရီ ၄၅ မိနစ် အချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ပြီး နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကာ နေအိမ် ၉ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ချီပါရပ်ကွက် မီးလောင်ကျွမ်းမှုသည် နံနက် ၄ နာရီခန့်အချိန်တွင် မီးညွှန့် ကျိုးသွားခဲ့သော်လည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာမှာ အိမ်ခြေစိတ်ပြီး လူနေထူထပ်သဖြင့် ပျက်စီးဆုံးရှုံးမှုများနိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင် Facebook စာမျက်နှာဖြစ်သော ရဲဇာနည် Facebook စာမျက်နှာတွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ အချိန့်က ဖော်ပြထားချက်အရ ချီပါရပ်ကွက် မီးလောင်မှုတွင် အိမ်ခြေ ၁၂၀ ခန့် ပျက်ဆီးခဲ့ပြီး လူသေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
"မီး မီး ဆိုပြီး အော်လိုက်တဲ့ အသံကြားလို့ အိမ်တံခါးကို ဖွင့်ကြည့်တဲ့ အချိန်မှာ မီးက အရမ်းနီးနေပြီး မီးတောက်က တော်တော်ကြီးနေလို့ ဘာပစ္စည်းမှ မယူနိုင်ဘဲ ကလေးတွေကို ခေါ်ပြီး ဘေးလွတ်ရာကို ထွက်လာခဲ့ရတယ်"ဟု
ချီပါ ရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧပြီလ ၁၂ ရက်နေ့ နံနက် ၃ နာရီခန့်အချိန်တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

ချီပါရပ်ကွက် မီးလောင်ကျွမ်းမှု မြင်ကွင်းများ
မီးလောင်ကျွမ်းမှုအရ အိမ်ခြေ ၂၀၀ ၀န်းကျင်ခန့် ဆုံးရှုံးနိုင်ကြောင်း အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ဒေသခံများ၏ ပြောကြားချက်ကို ကိုးကားပြီး ဧပြီလ ၁၂ ရက်နေ့ နံနက် ၃ နာရီ အချိန်က ပြောကြားပါသည်။
မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သော ချီပါရပ်ကွက် အရှေ့ဘက်သည် မန္တလေးမြို့၏ အနောက်တောင်ဘက်ခြင်း၊ မန္တလေး-စစ်ကိုင်းအထွက်လမ်း အရှေ့ဘက်တွင် တည်ရှိကြောင်း သိရပါသည်။ မီးလောင်ကျွမ်းသည့် ချီပါရပ်ကွက်တွင် ပန်းပုလုပ်ငန်း လုပ်ကိုင်သူများ
နေထိုင်လျက်ရှိနေပြီး ပျဉ်ထောင်အိမ်နှင့်ကပ်မိုးထရံကာ နေအိမ် အများစုရှိနေကာ အိမ်ခြေတစ်ခုနှင့်တစ်ခု နီးကပ်လွန်းခြင်း၊ မီးသတ်ကားဝ င်ရာက်ရန် အခက်အခဲရှိခြင်းနှင့် မီးလောင်ကျွမ်းချိန်တွင် လေတိုက်ခတ်မှုရှိနေခြင်း အစရှိသည်တို့ကြောင့် မီးကူးစက်လောင်ကျွမ်းမှု မြန်ဆန်ခဲ့ကာ ထိန်းချုပ်ရန် ခက်ခဲခဲ့ကြောင်း သိရသည်။

ချီပါရပ်ကွက် မီးလောင်ကျွမ်းမှု မြင်ကွင်းများ
"ဒေသခံတွေရဲ့ ပြောကြားချက်အရတော့ တစ်ရပ်ကွက်လုံးနီးပါး လောင်တယ်လို့ ပြောပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းမှာ ရှိနေတဲ့ မီးသတ်ယာဉ်တွေအပြင် ပြင်ဦးလွင်က မီးသတ်ယာဉ်တွေပါ ဆင်းပြီး မီးငြိမ်းသတ်ခဲ့ကြပါတယ်။ မီးလောင်ကျွမ်းမှုက တော်တော်များတယ်လို့ ပြောနိုင်ပါတယ်"ဟု Eleven Media Group သတင်းထောက်က ပြောပါသည်။
မီးလောင်ကျွမ်း ပျက်စီးခဲ့သော နေရာမှာ ၇ ဧကခန့် ရှိကြောင်းနှင့် လမ်းအ၀င်အထွက် မကောင်းခြင်းက မီးငြိမ်းသတ်ရန် လာသော မီးသတ်ယာဉ်များအတွက် အခက်အခဲ ဖြစ်စေခဲ့ကြောင်းနှင့် ယခုကဲ့သို့ ကြီးမားမီးလောင်မှုမျိုးကို မြင်တွေ့ခဲ့ရဖူးခြင်း မရှိကြောင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာအနီးတွင် နေထိုင်နေသော မြန်မာမှု ဗိသုကာ ပညာရှင် တမ္ပ၀တီ ဦးဝင်းမောင်က Eleven Media Group သို့ ပြောပါသည်။
ထို့အပြင် မီးလောင်းကျွမ်းမှု ဖြစ်ပွားရာ နေရာသို့ အစောဆုံးရောက်ရှိခဲ့သော အောင်ပင်လယ် မီးသတ်စခန်းမှ မီးသတ်သမား တစ်ဦးကလည်း လမ်းအခက်အခဲကြောင့် မီးသတ်ယာဉ်များ အခက်တွေ့ခဲ့ရကြောင်း၊ ပထမဦးဆုံး ရောက်ရှိလာသော မီးသတ်ယာဉ်အချို့မှာ လမ်းကျွံကျမှု ဖြစ်ခဲ့သဖြင့် နောက်ပိုင်း ရောက်လာသော မီးသတ်ယာဉ်များ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ခြင်းများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ချီပါရပ်ကွက် မီးလောင်ကျွမ်းမှု မြင်ကွင်းများ
မီးလောင်ကျွမ်းမှု စတင်ဖြစ်ပေါ် ရခြင်း အကြောင်းနှင့် ပျက်စီး ဆုံးရှုံးမှု ပမာဏာကို ဧပြီလ ၁၂ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၃၀ အချိန်အထိ သက်ဆိုင်ရာ၏ အတည်ပြုချက် မရရှိခဲ့ပေ။ 

လက်ရှိအချိန်တွင် မီးဘေး သင့်သူများကို မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာအနီးရှိ မှန်ကင်း ကျောင်းတိုက် အတွင်းတွင် ယာယီ နေထိုင်ခွင့် ပြုထားကြောင်း သိရှိရပါသည်။

 ချီပါရပ်ကွက် မီးလောင်ကျွမ်းမှု မြင်ကွင်းများ
ချီပါရပ်ကွက် မီးဘေးသင့် ပြည်သူများအား တွေ့ရစဉ်

ချီပါရပ်ကွက် မီးဘေးသင့် ပြည်သူများကို တွေ့ရစဉ်

ချီပါရပ်ကွက် မီးဘေးသင့် ပြည်သူများကို တွေ့ရစဉ်

ချီပါရပ်ကွက် မီးဘေးသင့် ပြည်သူများကို တွေ့ရစဉ်

ချီပါရပ်ကွက် မီးဘေးသင့် ပြည်သူများကို တွေ့ရစဉ်
ထို့အတူ မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်း မြို့သစ်ကွက် ၅၁ x ၅၂ လမ်းကြားတွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ် နာရီခန့် အချိန်တွင် မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
သမန်းကုန်း ရပ်ကွက် မီးလောင်မှုတွင် နေအိမ် ၉ လုံးခန့် ပျက်ဆီး ဆုံးရှုံးခဲ့ ကြောင်း ဒေသခံများက ပြောပါသည်။ ထိုမီးလောင်မှုသည် ယနေ့ နံနက်ပိုင်းက ချမ်းမြ သာစည်မြို့နယ်၊ တမ္ပ၀တီရပ်၊ ချီပါ ရပ်ကွက် အရှေ့ဘက်တွင် မီးလောင် ကျွမ်းမှု ဖြစ်ခဲ့ပြီးနောက် တစ်နေ့တည်း၌ ဒုတိယ အကြိမ် ဖြစ်ပွားသော မီးလောင်ကျွမ်းမှု ဖြစ်ပါသည်။
မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္မ၀တီရပ်၊ ချီပါ အရှေ့ဘက်တွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ၅ မိနစ်ခန့် အချိန်က ဖြစ်ပွားခဲ့သော မီးလောင်မှုတွင် စုစုပေါင်း အိမ်ခြေ ၁၂၀ ခန့် မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးနှင့် မီးစတင် လောင်ကျွမ်းရခြင်း အကြောင်း တို့ကို မီးသတ် ဦးစီးဌာနမှ စုံစမ်းနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သည့် ရဲဇာနည် Facebook စာမျက်နှာ၌ ဧပြီလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်တွင် ဖော်ပြထားပါသည်။
အဆိုပါ ဖြစ်စဉ်တွင် လူသေဆုံးမှု မရှိဘဲ မီးလောင်ကျွမ်းမှုကြောင့် နံရံကပ်တိုက် ၂၃ လုံး၊ အာစီတိုက် ၂ လုံး၊ တစ်ထပ်တိုက် ၅ လုံး၊ ထရံကာ/သွပ်မိုးနေအိမ် ၉၀ လုံး စုစုပေါင်း အိမ်ခြေ ၁၂၀ ခန့် မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။
မန္တလေးတိုင်း ဒေသကြီး ဗဟိုမီးသတ် ဦးစီးဌာနသို့ ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က ဆက်သွယ် မေးမြန်းမှုအရ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်၊ ချီပါရပ်ကွက် အရှေ့ဘက် မီးလောင်မှုသည် ဧပြီ ၁၂ ရက် နံနက် ၂ နာရီတွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး နံနက် ၄ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း၊ ထိုမီးလောင်မှု သည် ရေပေါ်စာ ပေါ်တွင် ခြင်ဆေး ထွန်းထားရာမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး အိမ်ခြေ ၁၂၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့အတူ ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်း မြို့သစ်ရပ်ကွက် ၅၁×၅၂ လမ်းကြား မီးလောင်မှုမှာ နံနက် ၆ နာရီအချိန်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး နံနက် ၆ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးဖို မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခဲ့သော ထိုမီးလောင်မှုတွင် အိမ်ခြေ ၁၀ လုံးခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်း မြို့သစ်ကွက် ၅၁ x ၅၂ လမ်းကြား မီးလောင်မှု မြင်ကွင်းများ





သာမန် ၀တ်စားဆင်ယဉ်မှု ဖြင့်သာ သင်္ကြန် လည်သည့် အမျိုးသမီး နှစ်ဦး ကို ရဲ က ဖမ်းဆီး ငွေညှစ်

130324084457-08-myanmar-tourism-horizontal-gallery
April 13, 2013

ဂျင်းဘောင်ဘီ အရှည် ၊ အင်္ကျင်္ီ လက် ပြတ်ဖြင့် နေ့ တဓူဝ တွေ့ နေ ကျ ဖက်ရှင် ပုံစံဖြင့် သာ သင်္ကြန် ရေပက် ခံ ထွက်သည့် အမျိုး သမီး နှစ်ဦးကို မြောက် ဥက္ကလာ ပ ရဲ က မြန်မာ့ ရိုးရာ ယဉ်ကျေးမှု နှင့် မညီ ဟု ဆို ကာဖမ်းဆီး ပြီး နောက် တစ်ဦးလျှင် ငွေ ကျပ် ၃၀၀၀ စီ ပေး မှ ပြန်လွှတ် လိုက်သည့် ဖြစ် ရပ် တစ်ခု ယနေ့  နေ့  လည် ပိုင်း က မြောက် ဥက္ကလာ ပ တွင် ဖြစ် ပွား ခဲ့ သည်။

သမီးတို့  က သာမန် ၀တ်ရိုး ၀တ်စဉ် ၀တ်တာပါ ၊ ဘာမှ အမြင် မတော်စရာအကြောင်း မရှိ ဘူး၊ ရဲ နှစ်ကောင် က မူးလည်း နေတယ်။ ယဉ်ကျေးမှုး နဲ့ မညီဘူး စခန်း လိုက် ခဲ့ ၊ ဆို ပြီး ပြောတာ နဲ့  ဆိုင်ရှင် အမ ကြီး က ၀င်ညှိုပေး လို့ စခန်း လဲ မလိုက် ချင်တာ နဲ့  တစ်ယောက် ၃၀၀၀ ပေးလိုက် ရတယ် ဟု FNG ကို ပြောသည်။

ယခု နှစ် သင်္ကြန် အကြို နေ့ မှာ ရဲတပ်ဖွဲ့  များ က လို အပ် သည် ထက် ပိုပြီး အာဏာ ပြ ခြင်း များ ရန်ကုန် မြို့  နေရာ အနှံ ဉ် ဖြစ်ပွား လျှက် ရှိသည်ဟု FNG မှ သိရှိရသည်။

ကမ္ဘာ အေး ဘုရားလမ်း ရှိ မဏ္ဍပ် စီစဉ် သူ တစ်ဦး ကလည်း ရဲ က လိုင်းကြေး သဘောမျိုး လာတောင်း လို့ ဒီမနက် ပဲ ငါးပုလင်း ပေး လိုက်ရတယ်ဟု ပြောသည်။

မြန်မာ နှစ်သစ်ကူး သင်္ကြန် ပွဲတော် စတင်

မငြိမ်မသက် မှု နှင့် အကြမ်းဖက် ပဋိပက္ခ ဖြစ်ပွား ခဲ့သည့် ဘူးသီးတောင် ၊မောင်တော၊စစ်တွေ ၊ ကျောက်ဖြူ ၊မတ္ထီလာ ၊ရမည်းသင်း နှင့် သုံးဆယ် မြို့ များ တွင် သင်္ကြန် ပွဲ တော်အား ငြိမ်းချမ်းစွာ စတင် ဆင် နွှဲ နေသည် ဟုFNG မှ သတင်း ရရှိသည်။

စစ်တွေ မြို့  မှာ ရခိုင်ရိုးရာ သင်္ကြန် ပွဲ တော် စနေ ပါ ပြီ။ အားလုံး အေးအေးချမ်းချမ်း ပဲ တခြား ဘာသာ ၀င်တွေ လည်း ရေပက် ကစား နေ ကြတယ်။လို့  စစ်တွေ မြို့  မှ အင်တာနက် ကဖေး ဆိုင် ပိုင်ရှင် တစ်ဦး က FNG ကိုပြောသည်။

မတ် လနှောင်း ပိုင်း က အကြမ်းဖက် မှု များ ဖြစ် ပွား ခဲ့ သည့် မတ္ထီလာ မြို့ နယ် တွင် လည်း ယခင် နှစ်များ ကလောက် စည်ကားခြင်း မရှိ သော် လည်းမတ္ထီ လာ ကန်ဘေး တစ်ဝိုက် တွင် ရေပက် ကစား မှု များ စတင် နေသည်ဟု သိရှိရသည်။ မတ္ထီလာ မြို့  က လူတွေ က ရန်ကုန် ၊မန္တလေး ကို တက် ပက်ကြတော့
အရင် နှစ် တွေ လောက် မစည် ဘူး ၊ အား လုံး အေးအေးချမ်းချမ်း ဘဲ ဟု ပြောသည်။

Freedom News Group မှကူးယူဖေါ်ပြသည်

မည်သူမဆို လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါသည်။

ကျနော်တယောက်လည်း အင်္ဂလိပ်လိုလေး မတောက်တခေါက် ဖတ်တတ်လာတော့ ကမ္ဘာ့မီဒီယာ အကြီးကြီးကြီးတွေရဲ့ အချိန်နဲ့အမျှ တဟီးဟီးထနေတဲ့ သတင်းတွေကို ဟိုဟိုဒီဒီ လိုက်ဖတ်မိတယ်ဗျာ…။ အထူးသဖြင့် မြန်မာ့အရေးနဲ့ ပါတ်သတ်ပြီးတော့ ဖတ်ဖြစ်တယ်…။

 လက်ရှိဖြစ်နေတဲ့ ဘာသာရေးခေါင်းစဉ်တပ် အကြမ်းဖက်မှုတွေကို တားဆီးနိုင်ဖို့ဆိုပြီး ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ စုပေါင်းဆွေးနွေးတဲ့ သတင်းကို ဖတ်လိုက်ရတယ်။ အဲဒီ ဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာရှိတဲ့ ထိပ်တန်း ဆရာတော်တွေ၊ ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ မူစလင်ခေါင်းဆောင်တွေအပြင် အခြားသော ပါတီခေါင်းဆောင်တွေပါ တက်ရောက် ကြတယ်။ အဲဒီအထဲမှာမှ နိုင်ငံတကာမီဒီယာတွေရဲ့ စာမျက်နှာတွေအပေါ် မူစလင်ဆန့်ကျင်သူ ကိုးခြောက်ကိုး တံဆိပ်တည်ထောင်သူ အဖြစ်နဲ့ နာမည်ကျော်ကြားနေတဲ့ အရှင်ဝီရသူလည်း ပါသကိုးဗျ။

မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်းရွာကို မွတ်ဆလင်များ ရန်စ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်း ရခိုင် ကျေးရွာအား မွတ်ဆလင်များက တိုက်ခိုက် မည့်လိုလို ရန်စမူများ ပြုလုပ်လာသဖြင့် စစ်တပ်က အချိန်မှီ လာရောက်ပြီး အခြေအနေကို ထိန်းသိမ်း လိုက်ရသည်ဟု သတင်း ရရှိသည်။

ရန်စသည့် အပြုအမူများကို ပြုလုပ်သူ မွတ်ဆလင် ကျေးရွာသားများမှာ ပုရိန် (မွတ်ဆလင်) ရွာမှ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ ကျွန်တော်တို့ ရွာအနီးမှာ ပုရိန် ကုလားရွာဆိုတာ ရှိပါတယ်။ အိမ်ခြေ ၄၀၀ ကျော်လောက်ရှိပါမယ်။ ကျွန်တော်တို့ရွာက အိမ်ခြေ ၅၀ ကျော်လောက်ဘဲ ရှိပါတယ်။ အဲဒီရွာက မွတ်ဆလင် ဘင်္ဂလီ ၂၀ – ၃၀ ခန့်က ကျွန်တော်တို့ ရွာဘုန်းကြီးကျောင်းကို လာဝိုင်းသလိုလို ဟိုနားက တစ်ယောက် ဒီနားကတစ်ယောက် လူရောင်ပြပြီး တက်လာပါတယ်။ ဆရာတော်က ချက်ချင်း မြောက်ဦးမြို့ကို ဖုံးဆက်ပြီး အကြောင်းကြားလိုက်တော့ အဲဒီက ရခိုင်တွေ ဆင်းလိုက်လာတော့ ရွာထဲကို ပြန်ပြေးသွားကြပါတယ်” ဟု ပြောသည်။

ကျောက်တွင်းကုန်းနားတွင် ပရိန်ကုန်းဆိုပြီး ရခိုင်ကျေးရွာ တစ်ရွာရှိပြီး အဆိုပါ ကျေးရွာ(၂) ခုစလုံးမှာ ရွာငယ်များ ဖြစ်ကြကြောင်း သိရသည်။
၎င်းသတင်း ဖြစ်ပေါ်ပြီးနောက် မြောက်ဦး အခြေစိုက် တပ်ရင်းများမှ စစ်သားများ လိုက်ပါပြီး အခြေအနေကို ၀င်ထိန်းသိမ်းခဲ့ရကြောင်း သူက ဆက်ပြောသည်။

“ အခုက အဲဒီ မွတ်ဆလင်ရွာကို စစ်သားတွေက လုံခြုံရေး ယူပေးထားပါတယ်။ သူတို့က အလိုလိုနေရင်း ရန်စနေတော့ ကျွန်တော်တို့ကလည်း သိပ်သည်းမခံချင်တာနဲ့ ပြဿနာက နောက်တက်လာနိုင်ပါတယ်။ ကျွန်တော်တို့ ရွာသားတွေကို ခြောက်သလိုလို လှန့်သလိုလို လုပ်နေပါတယ်။ ဒီနယ်က ရခိုင်တွေ အများကြီး နေရာ ဖြစ်ပါတယ်။ သွားလုပ်ရင် ကျွန်တော်တို့ကိုဘဲ မကောင်း ပြောကြလိမ့်မယ်။ ရန်စတာက အဲဒီမွတ်ဆလင် ဘင်္ဂလီတွေ ဖြစ်ကြပါတယ်” ဟု သူက ဆက်ပြောသည်။

စစ်တပ်က ရောက်ရှိလာသဖြင့် အခြေအနေမှာ ယခု အခါ တည်ငြိမ်နေသော်လည်း စစ်တပ် မရှိပါက ပြဿနာ ပေါ်ပေါက်နိုင်သည်ဟု အဆိုပါ ဒေသခံက ပြောသည်။
အဖြစ်အပျက်မှာ ယမန်နေ့ နေ့လည် ၃ နာရီခန့်တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာသားက ပြောကြားသည်။
ယခုကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း မြောက်ဦးမြို့ပေါ်မှ နိုင်ငံရေး သမားများကလည်း အတည်ပြု ပြောကြားသည်။

နိရဉ္စရာ လွတ်လပ်သောသတင်းဌာန

အင်ဒိုနီးရှားတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်းတိုက်ခိုက်ခံရ

အင်ဒိုနီရှား နိုင်ငံ၏ တောင်ဘက် ဆူလာဝီစီမြို့တွင်ရှိသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်း ကိုအစ္စလာမ်ဘာသာ လူအုပ်စု တစ်ခုမှ သြဂုတ်လ ၁၀ရက်(သောကြာ)နေ့က တိုက်ခိုက်ခဲ့ သည် ဟုJakataglobe ဆိုဒ်တွင် ရေးသားထားသည်။


သောကြာနေ့ ဗလီမှ ဘုရားဝတ်ပြု ဆုတောင်းပြီး အပြန် Islamic Defenders Front (FPI) အမည်ရှိ အဖွဲ့ သည် ဗလီနားမှာ လူစုပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆူလာဝီမြို့မှာရှိသည့် ကွမ်ကောင်နှင့် ဇီယာမာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်းကို တုတ်တွေ၊ ခဲတွေ နဲ့ပစ်ပေါက် ကြပြီး ကျောင်းတံခါးလမ်းဝတွေကို ရိုက်ပုတ် ဖျက်စီးခဲ့ကြသည်ဟု ၄င်းသတင်းစာ ကဆိုသည်။

မလေးရှားသို့ မြန်မာမိန်းခလေးများ အိမ်ဖော်အရေးနှင့်ပတ်သက်၍ ယုံကြည်စိတ်ချရနိုင်မည်လား

မလေးရှားဝန်ကြီး၏ မုဒိန်းကျင့်ခံရသော အင်ဒိုနီးရှားအိမ်ဖော်နှင့် မလေးရှားဥပဒေ

Robengah (MeRobekNgah)
မလေးရှား ကဘိနက် (Cabinet) ၀န်ကြီးတစ်ဦးက သူ့အိမ်ဖော်ကိုမုဒိန်းကျင့်သည့် လူမဆန်သည့်လုပ်ရပ်အတွက် မည်သို့သောတရားစီရင် မှုမှပေါ်ထွက်မလာဘဲ ၀န်ကြီးအဖွဲ့မှ ဖုံးဖိကာကွယ်ပေးခြင်း၊ သတင်းမထွက်ပေါ်စေခြင်း၊ သတင်းထွက်ပေါ်အောင် ဘလော့များမှ တစ်ဆင့်တင်ပြသူများကိုဖမ်းဆီးခဲ့ခြင်း စသောလုပ်ရပ်များကြောင့် မလေးရှားသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးနှင့်တရားမျှတမှု အဆင့်နိမ့်ကျသော နိုင်ငံတစ်ခုအဖြစ် ရောက်ခဲ့သည်။
လွန်ခဲ့သောရက်သတ္တတစ်ပတ်က မလေးရှားဘလော့ဂါများသည် သူတို့ဘလော့များတွင်၊ မလေးရှား၏ လက်ရှိတာဝန် ထမ်းဆောင်နေသော ၀န်ကြီးတစ်ဦးက သူ၏အိမ်ဖော်ကို မုဒိန်းကျင့် ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ (ယခင်ဝန်ကြီးချုပ် Tun Abdulla Ahmad Badawi လက် ထက် -၂၀၀၇- ခုနှစ်)။ (ထိုအချိန်က Najib Abdul Razak သည် ဒုတိယ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်နေခဲ့သည်)။
ဝန်ကြီးချုပ် Badawi သည် ဤမတရားမှုကိုဖုံးဖိပေးခဲ့ပြီး၊ ထိုဝန်ကြီးအား တာဝန်ရာထူးကို ဆက်လက်ထမ်းဆောင်စေခဲ့သည်။ ကဘိနက် (Cabinet) အဖွဲ့တွင်လည်းမည်သို့သော ဝေဖန်မှုမှမရှိဘဲ၊ သတင်းမထွက်ပေါ်အောင်၊ အားလုံးသေချာစွာ ဆောင်ရွက်ခဲ့ကြသည်။ မတရားမှု ခံခဲ့ရသောမိန်းခလေးကို အင်ဒိုနီးရှားသို့ ချက်ချင်းပြန်လည်ပို့ဆောင်ခဲ့သောကြောင့်၊ သူမအမှုမှာ မလေးရှားတရားဥပဒေ၀န်းကျင်တွင် လုံးဝ ဖော်ပြခွင့်မရခဲ့ရှာပါ။
သူမ အင်ဒိုနီးရှားနိုင်ငံသို့ပြန်ရောက်ပြီး၊ ရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေး (အင်ဒိုနီး ရှား ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့) မှ ကြိုး ပမ်းဖော်ထုတ်သောအခါတွင်မှ၊ ထိုအဖွဲ့သို့တင်ပြ၍ အစီ အရင်ခံစာထွက်ပေါ်ခဲ့သည်။
ထိုဖြစ်ရပ် မှန်၊ မမှန်ကို မည်သူမှ ဝေဖန်ခြင်းမပြုမီ မလေးရှားဘလော့ဂါတချို့မှ ၀န်ကြီးနာမည်ကို ဖော်ထုတ်ခဲ့ကြသည်။ ၀န်ကြီးအဖွဲ့မှမည် သို့သော် ပြောဆိုမှု၊ ထုတ်ပြန်မှုတို့နှင့်မှ မတုံ့ပြန်ခဲ့ပါ။
အင်ဒိုနီးရှားရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေးသည် အစီအရင်ခံစာကို အင်တာနက်စာ မျက်နှာများပေါ်တင်ခဲ့ရာ၊ ၀န်ကြီးအမည်နှင့် အိမ်ဖော် အမည်ပါသော စာမျက်နှာဟူသမျှအားလုံး၊ အဟက် (Heck) ခံရခြင်း၊ ဖျက်ဆီးခံရခြင်းများ ရှိခဲ့သည်။ သို့သော် အချို့ဘလော့ဂါများ မှာ အချိန်မီသတင်းအတိအကျ ရခဲ့ကြသည်။ အချို့စာမျက်နှာများမှာ တိုက်ခိုက်ရန်ခက်ခဲ၍၊ ၀န်ကြီးနာမည်နေရာကို အနက်ရောင်ဟိုက်လိုက် (High-light) ဖြင့် ပိတ်ထားနိုင်အောင်ထိ မလေးရှားဘက်မှဆောင်ရွက်ခဲ့သည်။ သို့သော် Wikileaks စာမျက်နှာပေါ်ရောက်သွားသည့် အ ချိန်တွင် ဖုံးဖိ၍မရနိုင်တော့ပါ။
အစိုးရလက်ကိုင် မလေးရှားရဲများကလည်း ဤအမှုသတင်းပေါ်ထွက်ခဲ့သောကြောင့် များစွာခုခံပြောဆိုခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များက ဖြေရှင်းချက်များရှင်းလင်းချက်များ ထုတ်ပေးရန်တောင်းဆိုခဲ့သော်လည်း၊ ဒုတိယ၀န်ကြီးချုပ် နာဂျစ် (ယခုဝန်ကြီးချုပ် နာဂျစ်) သည် အဖက်ဖက်မှ ခုခံကာကွယ်ဖုံးဖိခဲ့သဖြင့်၊ တရားမျှတမှုနှင့် တရားစီရင်မှုများ မရှိခဲ့ပါ။
မလေးရှားအစိုးရသည် အံ့သြစရာကောင်းလောက်အောင် ဥပဒေကိုမထီမဲ့မြင်ပြုခဲ့သည်။ Wikileaks မှ ဤအမှုကိုဖွင့်ချခဲ့သည့်အချိန်၌ မ လေးရှားအစိုးရအဖွဲ့သည် သူတို့အတိုက်ခံပါတီခေါင်းဆောင် Anwar Ibrahim ကို မဟုတ်မတရားစွပ်စွဲပြီး၊ အများပြည်သူများ သို့လော သို့ လောထင်မြင်အောင် အာရုံလွှဲခဲ့ကြသည်။ Wikileaks ၏ဖော်ထုတ်မှုကြောင့် အင်တာနက်စာမျက်နှာများသို့ ပြန့်နှံ့ခဲ့သည်။
Wikileaks ဖွင့်ချမှုအရ၊ ယခင်မလေးရှားဝန်ကြီးချုပ် Abdullah Ahmad Badawi တာဝန်ထမ်းဆောင်နေစဉ်၊ ဤအမှုဖြစ်ပွားခဲ့သည်။
ဝန်ကြီးချုပ်က အင်ဒိုနီးရှားနိုင်ငံနှင့် နိုင်ငံရေးရာပြဿနာများရှိလာနိုင်သည့်အတွက် မျက်ကွယ်ပြု ကာကွယ်ပေးခြင်း၊ ဖုံးဖိပေးခြင်းများ ပြု လုပ်ခဲ့သည်ဆိုပါသည်။ ထိုစဉ်က ယခုလက်ရှိဝန်ကြီးချုပ်နာဂျစ်သည် ကဘိနက်တာဝန်ရှိသူဖြစ်ခဲ့သည်။ နာဂျစ်ဝန်ကြီးချုပ်ဖြစ်လာသည့် ယခုအချိန်ထိလည်း အမှုကိုဖုံးဖိထား ဆဲဖြစ်ပါသည်။

အင်ဒိုအိမ်ဖော်ကို သူမုဒိန်းမကျင့်ပါဟုပြောသော …. Rais Yatim ရိုက် (စ) ယာတင်
အင်တာနက်အွန်လိုင်း စာမျက်နှာများပေါ်တွင်ဖော်ပြခဲ့သည့် အင်ဒိုနီးရှားအိမ်ဖော်ကို မုဒိန်းမှုကျူး လွန်သောဝန်ကြီးဆိုသူမှာ သတင်းဆက်သွယ်ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီး ဖြစ်သူ Rais Yatim ဖြစ်ပါသည်။ သူသည် သူအပေါ်စွပ်စွဲသောမုဒိန်းမှုကို သူလုံးဝမလုပ်ခဲ့ကြောင်း၊ ငြင်းဆိုခဲ့သည်။ ယင်းမှာ အတိုက်ခံပါတီနှင့် နိုင်ငံရေးသမားဘလော့ဂါများက သူ့အားနာမည်ဖျက်သိက္ခာကျအောင် ပြုလုပ်ခြင်းသာဖြစ် သည်ဟု ကြေငြာခဲ့သည်။

ရိုက် (စ) ယာတင်နှင့် ဘာဒါဝီ
သူက သူကိုဤအမှုနှင့် ပတ်သက်၍ ရေးသားစိန်ခေါ်မှုမှန်သမျှကို နိုင်ငံတရားရုံးတွင်ဖြေရှင်းလိုက အချိန်မရွေး ဖြေရှင်းမည်ဟု ပြောခဲ့သည်။ (Wikileaks ကဖွင့်ချပြီး)
သူသည် သူ့အကြောင်းရေးသားသောဘလော့ဂါကို ရဲစခန်းတွင်အမှုဖွင့်ခဲ့သည်။ သို့သော် ရဲများက စစ်ဆေးမှုများပြုလုပ်သည့်အခါ၊ ရေး သားထားသောအချက်အလက်များမှာ NGO အစီအရင်ခံစာများနှင့် Wikileaks တို့မှ ကိုးကားထားသည်ကိုတွေ့ရ၍ ဘလော့ဂါကို တိုးတိုး တိတ်တိတ် ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် Rais သည် သူ့အားကာကွယ်ပေးသော ၀န်ကြီးအဖွဲ့ကိုသာ အားကိုးရတော့သည်။

ဝန်ကြီးချုပ်ဟောင်း ဘာဒါဝီ
 ဘလော့ဂါက ဖြေရှင်းချက်ထုတ်သည်မှာ သူသည် စွပ်စွဲသူမဟုတ်၊ သူကြားသည်ကို စမ်းစစ်၍ရေးသည်။ အထောက်အထားခိုင်လုံသည်ကို သူကိုးကားသည်။ Rais Yatim သည်လည်း ယခင်က သတင်းလွတ်လပ်မှုကိုအားပေးသူအဖြစ်နာမည်ရ၍ ရွေးကောက်ခံခဲ့ရသူဖြစ်သည်။ သူပြောခဲ့သောမိန့်ခွန်းတစ်ခုမှအဆိုအရ၊ သတင်းသမားဟူသည် နိုင်ငံရေးနှင့်နယ်ပယ်အသီးသီးမှ ပြည်သူအတွက်ကိုယ်စားပြုဆောင်ရွက် နေသူများကို တစိုက်မတ်မတ်စောင့်ကြည့်ထိန်းကြပ်ပေးသူများဖြစ်သည့်အတွက် နိုင်ငံတွင် မရှိမဖြစ် လိုအပ်သည်ဟုပြောခဲ့သည်။ သူပြောခဲ့ သည် ကိုကိုးကား၍ အများက လွပ်လပ်စွာစုံစမ်းရေးသားခွင့်၊ မေးမြန်းခွင့်နှင့် ဖြစ်ရပ်မှန်ကို ကြေငြာချက်ထုတ်ပေးရေးတို့အတွက် တောင်း ဆိုခဲ့ကြသည်။ (Malaysiakini News)
ဘလော့ဂါများစွာတို့သည် ဤကိစ္စကိုရေးသားခဲ့ကြပြီး၊ အများပြည်သူကို သိအောင်သတင်းပေးခဲ့သည်။ ယင်းတို့အနက်မှ ဘလော့ဂါ Bunny Bru (Rocky Bru) ၏ရေးသားချက်ကို ဖော်ပြလိုက်ပါသည်။ သူ၏ရေးသားချက်ကို က၀ီကီလိ (ခ) ဖွင့်ချစာမျက်နှာတွင် ကိုးကားခဲ့သည်။

တရားခံ ရိုက်(စ)ယာတင် ဒီလို ပြစ်ဒဏ်ခံရသင့်တယ် (၀ီကီလိ (ခ) မှ ပုံတစ်ပုံ)
ဘလော့ဂါ Bunny Bru ရေးသားဖော်ထုတ်ခဲ့သောသတင်း….
• ၀ီကီလိ (ခ): မလေးရှားထိပ်တန်းနိုင်ငံရေးသမားနှင့် သူအိမ်ဖော်အတွင်းရေး? ၂၃ ဒီဇင်ဘာ ၂၀၁၀
(၀ီကီလိ (ခ) ကရေးသောခေါင်းစဉ်)
အိမ်ဖော်လေးကို မုဒိန်းကျင့်သတဲ့လား ။ ။ (၂၀၀၇)။ ကျနော်အနေနှင့် မည်သို့ပင်ဖြစ်စေဤအကြောင်းအရာကို စိတ်ထိန်းစေကာမူ၊ မရနိုင် သဖြင့် ရေးသားလိုက်ရပါသည်။ ၀ီကီလိ (ခ) က ဖွင့်ချခဲ့သောစာများတွင် မလေးရှားကဘိနက်အဖွဲ့ဝင်ဝန်ကြီးတစ်ဦးက သူ့၏အိမ်ဖော်အင်ဒို နီးရှားနိုင်ငံသူကို မုဒိန်းကျင့်သည်ဟုတွေ့လိုက်ရသည်။
သေချာမသေချာသည်ကို ကျနော် မည်သို့မှမပြောနိုင်ပါ။ မပြောလိုပါ။ သို့သော် တချို့အသိုင်းအ၀ိုင်းတွင် တိုးတိုးတိတ်တိတ်ပြောဆိုနေကြပါသည်။ အပြည်ပြည်ဆိုင်ရာ ထိပ်တန်းအစိုးရအဖွဲ့များနှင့် အစိုးရမဟုတ်သောအဖွဲ့များ (NGOs) ကလည်း ဤအမှုသည် ဖြစ်ခဲ့သည်ဟု ရေးသားအစီအရင်ခံမှုများရှိနေသည်ကို ကြားသိရသည်။

ရိုက် (စ) ယာတင်အမှုနှင့်ပတ်သက်၍ ၀ီကီလိ (ခ) မှ ပုံတစ်ပုံ
မုဒိန်းမှုမှာ လွန်ခဲ့သော (၃) နှစ်က ဖြစ်ခဲ့သည်။ အစီအရင်ခံစာအရ အင်ဒိုနီးရှားနိုင်ငံ၊ ဂျားဗားကျွန်းအလယ်ပိုင်း၊ ရွာလေးတရွာတွင် နေထိုင် သော အိမ်ဖော်ထံသို့သွားရောက်၍ မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုမှရလဒ်ကို အစီရင်ခံစာပြုလုပ်၍ အမေရိကန်သံရုံး၊ အင်ဒိုနီးရှားသံရုံးတို့ မှ ထိပ်တန်းအရာရှိများသို့ တင်ပြခဲ့ကြောင်းသိရသည်။ ထိုသတင်းရင်းမြစ်အဆိုအရ အစီရင်ခံစာကော်ပီတစ်စုံကို ၀န်ကြီးချုပ်ရုံး သို့ပေးပို့ခဲ့ ကြောင်း သိရပါသည်။ (ထိုအချိန်က ၀န်ကြီးချုပ်အဖြစ် Abdullah Ahmad Badawi)
အိမ်ဖော်လေးသည် ထိုနိုင်ငံရေးသမားအိမ်တွင် အမှုမဖြစ်ပေါ်ခင် (၈) နှစ်မှစ၍ အိမ်ဖော်အလုပ်လုပ်ခဲ့သည်။ သူမသည် အင်ဒိုနီးရှားနိုင်ငံ ဂျားဗားကျွန်းအလယ်ပိုင်းမှဖြစ်ပြီး၊ အိမ်ထောင်သည်တစ်ဦးဖြစ်ကာ၊ ကလေးနှစ်ယောက် မိခင်လည်းဖြစ်ပါသည်။ အစီအရင်ခံစာတွင် ဖော်ပြ ချက်တစ်ခုမှာ မုဒိန်းမှုကို လင်ယောက်ျားဖြစ်သူသိရှိသော်လည်း ကလေးများကို မသိစေကြကြောင်း ဖြစ်သည်။
သူတို့သည် အန္တရာယ်ဖြစ်လာမည်ကိုစိုးရိမ်သောကြောင့်နှင့် ရှက်သောကြောင့် သတင်းစာများနှင့်ဂျာနယ်များတွင် မဖော်ပြခဲ့ပါ။
ဘန်နီဘရူး (ရော့ကီးဘရူး)
ဘန်နီဘရူးသည် ထိုအတောအတွင်း မလေးရှားကုမ္ပဏီကြီးများနှင့် Rais Yatim ပတ်သက်မှု ပို့စ်တပုဒ်ဖော်ထုတ်ရေးသားခဲ့သည်။ ထို့ ကြောင့် Rais Yatim က သူ့ကို ရဲစခန်းတွင်အမှုဖွင့်ခဲ့သည်။
………………………………………
သူ၏ဘလော့ကို Rais Yatim အမှုဖွင့်ထားသည့်အကြောင်းကို ဘလော့စာမျက်နှာတွင် အောက်ပါအတိုင်းသတ္တိရှိရိ ရေးသားဖော်ပြသည်။
• ကျနော်ဘလော့ကို Rais Yatim ကတရားစွဲလိုက်ပါပြီ…..
ဘာဖြစ်နေတာလဲ ၀န်ကြီး..? ကျနော်ရေးသားခဲ့သော ပို့စ်နှစ်ခုသည် သူ့ကို မတရားစွပ်စွဲသည်ဆိုကာ Rais Yatim က ကျနော်ကို ရဲစခန်းတွင် အမှုဖွင့်လိုက်ပါပြီး။ Rais ဘာကြောင့် ရဲစခန်းတွင်အမှုဖွင့်ရကြောင်းကို ကျနော် နားမလည်ပါ။ မည်သည့်ကဘိနက်ဝန်ကြီးမှ၊ ဘလော့ဂါကို အမှုမဖွင့်ဖူးပါ။ မလေးရှားဆက်သွယ်ရေးနှင့်မီဒီယာဌာနမှ ကျနော်ကို ဆင့်ခေါ်ထားပါသည်။
ကျနော်၏ဘလော့နှင့်ပတ်သက်၍ တရားစွဲဆိုထားခြင်းကြောင့်၊ ရဲအဖွဲ့ကသူတို့ကိုကျနော်ဘလော့အား စစ်ဆေးပါရန်ပန်ကြားလာ၍ ဆင့် ခေါ်ခြင်းဖြစ်ကြောင်း ပြောပါသည်။ ကျနော်သွားပါမည်။ ဘလော့ဂါတစ်ဦး၏သိက္ခာနှင့် သတင်းလွတ်လပ်မှုအတွက် ကျွန်ုပ်ရှောင်တိမ်းမည် မဟုတ်ပါ။ ရဲအဖွဲ့မှာ ကျနော်အားယခုထိလာရောက်စုံစမ်းခြင်း မပြုသေးပါ။ မကြာမီ လာရောက်နိုင်သည်ဟုသာ ယူဆရသည်။ သတင်း သမားများကိုအားပေးသော Rais ၏ဖြစ်ရပ်မှန်သတင်းအမှန်ကို ကျနော်သည် သက်ဆိုင်သူများအား အထောက်အထားခိုင်ခိုင်လုံလုံနှင့် တင်ပြနိုင်တော့မည်ဟု ကျနော်ကျေနပ်နေမိပါသည်။
………………………………

ဘလော့ဂါ ဘန်နီဘရူး
ဘန်နီဘရူးသည် ဂျာနယ်လစ်သတင်းစာဆရာတစ်ဦးဖြစ်ပြီး၊ အွန်လိုင်းစာမျက်နှာများစွာ၏ အတိုင်ပင်ခံဖြစ်သည်။ သူသည် ဤအမှုကြောင့် ကန့်သတ်ချုပ်ချယ်ခြင်းများ ခံနေရသည်။ မလေးရှား Blog House ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
……………………………….
လူများစွာတို့သည် အင်ဒိုနီးရှားအိမ်ဖော်လေးကို မလေးရှားသို့ပြန်ခေါ်ပြီး၊ စုံညီသတင်းစာရှင်းလင်းပွဲလုပ်ပေးရန် တောင်းဆိုခဲ့သည်။ အကယ် ၍ Rais သည်မှန်ကန်ပါက သူ့ဘက်မှ ဥပဒေက ရပ်တည်ပေးမည်ဖြစ်သည်။ ထို့သို့မဟုတ်လျှင်လည်း နှစ်နိုင်ငံရဲများမှ ထိုမိန်းခလေးကို စစ် ဆေးချက်ယူ၍ အမှန်ကိုရှာဖွေသင့်သည်။ ဤသို့သောသတင်းကို ပြည်တွင်းသတင်းစာများတွင် ဖော်ပြသင့်သည်။
Pure Malaysian ကပြောသည်မှာ မလေးရှားသည် အိမ်ဖော်ကိစ္စနှင့်ပတ်သက်လျှင် Nirmala Bonat အမှုကြောင့် မလေးရှားသည် အပြည် ပြည်ဆိုင်ရာတွင် နာမည်ပျက်နေရပြီးဖြစ်သည်။ ထိရောက်မှုမရှိသော်လည်း လူသိရှင်ကြား တရားရေးများဆာင်ရွက်နေသည်။
ယခုအမှုကို အဘယ်ကြောင့် တရားရေးရာစီစဉ်မှုနှင့် ဖြစ်ရပ်မှန်ကို လူအများသိအောင် မလုပ်ရသနည်းဟု ဆိုပါသည်။ မည်သူမဆို သက် သေသက္ကာယနှင့် အခိုင်အလုံစွဲချက် အတင်မခံရသရွေ့အပြစ်ရှိသည်ဟု ပြောမရပါ။ အပြစ်ရှိလျှင်လည်း ၀န်ကြီးရာထူးပင်ဖြစ်စေ နှုတ်ထွက် ပြီး၊ တရားဥပဒေ၏အဆုံးအဖြတ်ကို ခံယူရမည်ဖြစ်သည်။
ယခုဝန်ကြီးချုပ် Najib Razak ကလည်း ဤအမှုကို ရေငုံနှုတ်ပိတ်ဆက်နေမည်ဆိုရင် လာမည့်အထွေထွေရွေးကောက်ပွဲတွင် ဆိုးကျိုးရလဒ် များ ရှိလာနိုင်သည်။
PKR ပါတီမှလူငယ်ရေးရာခေါင်းဆောင် Shamsul Iskandar Mohd Akin ကပြောသည်မှာ NGO Migrant Care ၏အစီအရင်ခံစာကို အင် ဒိုနီးရှားအလုပ်သမားများအကျိုးအတွက် စဉ်းစားဖြေရှင်းပေးသင့်သည်ဟု ဆိုလိုက်သည်။ လူငယ်ရေးရာ၏ လေ့လာချက်အရ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၁၉၊ ရက်နေ့တွင် အင်ဒိုနီးရှားအိမ်ဖော်မှာ မုဒိန်းကျင့်ခံခဲ့ရပြီး၊ သူအားနေရပ်ကို ချက်ချင်းပြန်ပို့ခဲ့ကြောင်း၊ သူမနှင့် သူမအမေတို့ သည် ဤကိစ္စကို မည်သူကိုမှမပြောရန်အတွက် ဖိအားပေးခြိမ်းခြောက်ခံထားရကြောင်း တွေ့သိခဲ့ရသည်။
ဝန်ကြီးချုပ် ဘာဒါဝီသည် နိုင်ငံရေးအရှုပ်တော်ပုံကို အရေးမယူခြင်း၊ ထုတ်ပယ်ခြင်းမပြုသည့်အပြင် ကာကွယ်ပေးမှုများလုပ်ခဲ့သည်။
ထို့ကြောင့် လူငယ်ရေးရာက ယခုလက်ရှိ ၀န်ကြီးချုပ်နာဂျစ်လက်အောက်တွင် ကဘိနက်ဝန်ကြီးတစ်ဦးအဖြစ် ဆက်လက်တာဝန်ထမ်း ဆောင်နေသော ထိုဝန်ကြီးအား၊ ဤကိစ္စအမှန်ကို လူအများသိအောင်ရှင်းလင်းပေးပါရန် တောင်းဆိုခဲ့သည်။
ယခု မလေးရှားဝန်ကြီးချုပ်နာဂျစ်သည် ထိုသို့ လိင်မှုကျူးလွန်သူကို ၀န်ကြီးအဖွဲ့တွင် သိလျက်နှင့် ဆက်လက်ခန့်ထားခဲ့သည်။ အဆိုးဆုံးမှာ ဤကိစ္စသည် မလေးရှားနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံအရေးဖြစ်သဖြင့် ဆက်လက်ပြီး ၀န်ကြီးချုပ်အသစ်အနေနှင့် ရေငုံနှုတ်ပိတ်မနေသင့်ကြောင်း ပြောဆိုသည်။ Shamsul Iskandar က ၀န်ကြီးချုပ်နာဂျစ်အား၊ ဤအမှုနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးမှုများ၊ ပြုလုပ်ပေးရန်တောင်း ဆိုလိုက်သည်။ သို့မှသာ မလေးရှားနိုင်ငံ၏ နိုင်ငံရေးနှင့်အမည်သည် နိုင်ငံတကာသံသယများကြားမှ ပြန်လည်ရှင်သန်ခွင့်ရမည် ဖြစ်ကြောင်း သတိပေးသည်။
• လူငယ်ရေးရာက အမှုဖွင့်ခဲ့….
PKR ပါတီမှ လူငယ်အဖွဲ့ဖြစ်သော Solidariti Anak Muda Malaysia (SAMM – လူငယ်များအဖွဲ့) မှ Nor Azizi Abd Aziz သည် ဤကိစ္စကို တရားလိုပြု၍ ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ SAMM အဖွဲ့ခေါင်းဆောင် Badrul Hisham Shaharin သည် Nor Azizi နှင့် ရဲစခန်းသို့လိုက်ပါခဲ့ သည်။
Badrul Hisham က Malaysiakini သတင်းစာသို့ပြောသည်မှာ သူတို့သည် Migrant Care အစီအရင်ခံစာအပါအ၀င် အခြားစာတမ်းများကို ရဲစခန်းသို့ပေးအပ်ခဲ့ကြောင်း၊ Nor Azizi ၏တရားစွဲဆိုမှုကို လက်ခံကြောင်းနှင့် ရဲအဖွဲ့က သူတို့ထံမှ နောက်ထပ် မည်သည့်သတိပေးချက်မှ မရသေးဘဲ ဤသတင်းနှင့်ပတ်သက်၍ထုတ်ပြန်ခြင်းမပြုရန် သူတို့အား တောင်းဆိုလိုက်ကြောင်း ပြောဆိုသည်။ “ရဲဘက်ကတော့ စုံစမ်းစစ် ဆေးမှုတွေ လုပ်နိုင်မယ်လို့ထင်ပါတယ်” ဟု သူကပြောသည်။
ထို့ပြင် PKR ပါတီ၊ လူငယ်ရေးရာမှ အဖွဲ့များကိုအင်ဒိုနီးရှားသို့စေလွှတ်ပြီး သတင်းအတိအကျရရှိရန် တွေ့ဆုံမေးမြန်းခြင်းများပြုလုပ်မည် ဖြစ်ကြောင်း ပြောပါသည်။ အစီခံစာအရ အိမ်ဖော်မလေးမှာ အင်ဒိုနီးရှားသို့ချက်ချင်းပြန်ပို့ခံခဲ့ရသည်။
သူမ၏ညီမငယ်မှာ မလေးရှားသို့လာရောက်၍ သူမ အစ်မကြုံတွေ့ခဲ့ရမှုကို ဥပဒေအရဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာများနှင့် ဆက်သွယ်ကြိုး စားလျှက်ရှိပါသည်။ သူမက သူမအစ်မအား ကျူးလွန်စော်ကားခဲ့သောဝန်ကြီးမှာ ငွေကြေးများစွာချမ်းသာသည့်အပြင်၊ အင်ဒိုနီးရှားတွင် သူ၏သြဇာခံများစွာရှိကြောင်း စသည်ဖြင့် ခြိမ်းခြောက်ခံခဲ့ရကြောင်း မလေးရှားရှိ အမေရိကန်သံရုံးနှင့် အင်ဒိုနီးရှားသံရုံးများသို့တင်ပြခဲ့ သည်။ PKR မှ သူမ၏အမည်ကို မထုတ်ပြန်ခဲ့။ သူမအသက်လုံခြုံရေးကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု ဆိုသည်။
ဤကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ဆင်တူအမှုတွင် Altantuya Shaariibuu (မွန်ဂိုးလီယား နိုင်ငံသူ၊ မိုဒယ်) သည် မလေးရှားတွင် အသတ်ခံခဲ့ရ၍ ဖြစ်သည်။ မုဒိန်းမှုသည် မလေးရှားဥပဒေအရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ်အများဆုံး အနှစ် -၂၀- နှစ်နှင့် ကြိမ်ဒဏ်ခံရမည်ဖြစ်သည်။ ဥပဒေက တရားခံကို ကာကွယ်ပေးထားသော်လည်း၊ အင်တာနက်နှင့်မီဒီယာများက သူမအတွက် များစွာကြိုးပမ်းခဲ့ကြသည်။ မီဒီယာဘက်မှ လည်း သူတို့သည် ၀န်ကြီးကို ဖြစ်ရပ်မှန်မဖော်ပြမချင်း၊ ဥပဒေအရ မဖြေရှင်းမချင်း ရေးသားဖော်ပြမှုများကို ရပ်မည်မဟုတ်ဟု ပြောလိုက် သည်။ (အစီအရင်ခံစာ – S Pathmawathy, Malaysiakini)
• သတင်းစာဆရာ…Steve Oh ရေးသားသော ဤအမှုအတွက်သတင်း (ဇန်န၀ါရီ -၁- ရက်နေ့၊ ၂၀၁၁)
မုဒိန်းမှုသည် နိုင်ငံတကာတွင် ရာဇ၀တ်အမှုအဖြစ်သတ်မှတ်သည်။ အစိုးရပိုင်းဖြစ်စေ၊ သာမန်လူဖြစ်စေ၊ မည်သူကျူးလွန်သည်ဖြစ်စေ၊ နေ ရာ၊ ရာထူးကြောင့်ရှောင်တိမ်းခွင့် မရသင့်။ မလေးရှားကဘိနက်ဝန်ကြီးသည် အင်ဒိုနီးရှားအိမ်ဖော်လေးကို မုဒိန်းကျင့်သည့် ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်။
ယခင် အစ္စရေးသမ္မတ Mostsave Katsav (အသက် ၆၅- နှစ်) သည် ၁၉၉၈- နှစ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး အဖြစ်တာဝန်ယူ နေစဉ်၊ မုဒိန်းမှုနှစ်ခုကို ကျူးလွန်ခဲ့သည်။ နိုင်ငံရေးတွင် ထိုအမှုပေါ်ထွက်လာသည့်အခါ သူ့အားတရားစွဲဆိုခဲ့ကြသည်။ တရားရုံးမှ သူ့အား ၂၀၀၀ ခုနှစ်မှ ၂၀၀၇ အတွင်း သူအတွက် တာဝန်ထမ်းဆောင်ခဲ့ကြသော အမျိုးသမီးနှစ်ဦးကို မုဒိန်းကျင့်မှုနှင့် ဥပဒေကို ရှောင်လွှဲမှုတို့အတွက် အပြစ်ရှိကြောင်း သတ်မှတ်ခဲ့သည်။
ယင်းသည် အစ္စရေးဒီမိုကရေစီနှင့်ဥပဒေတို့၏ အောင်ပွဲဖြစ်ခဲ့သည်။ မည်သူမှ တရားအရ အခွင့်ထူးခံခြင်းမရှိရပါ။ အာဏာကြီးသော နိုင်ငံရေး သမားတို့သည်လည်း မုဒိန်းမှုကို လွယ်လွယ်ကျူးလွန်ပြီး ဥပဒေကိုရှောင်ဖယ်၍ မရသင့်ပါ။ အစ္စရေးလူမှုရေးအဖွဲ့များနှင့် အမျိုးသမီးအဖွဲ့ များက တရားမျှတစွာဖြစ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။
မုဒိန်းမှုများစွာတို့သည် သက်သေသက္ကာယ၊ အထောက်အထားပြနိုင်ရန်ခဲ ယဉ်းသည်။ စော်ကားခံရသူရာခိုင်နှုန်းများစွာတို့မှာ ရှက်ကြောက်၍ အမှုမလုပ်ကြပါ။ ယခု အင်ဒိုနီးရှားအိမ်ဖော်လေးဆိုလျှင် ရှက်ကြောက်ခြင်း၊ ကျူးလွန်သူ၏ ရာထူးဂုဏ်ရှိန်တို့ကြောင့် နိုင်ငံသို့ပြန်ပို့ခံရသည့်အပြင်၊ နိုင်ငံ၌လည်း ထုတ်ဖော်ခြင်းမပြုရန် ခြိမ်းခြောက်ခံရသည်။
မုဒိန်းမှုကို အာမခံမပေးသင့်ပါ။ အိန္ဒိယနိုင်ငံ၊ ဂိုအာ (Goa) မြို့မှ နိုင်ငံရေးသမား John Fernandes သည် ၂၀၀၉ ခုနှစ်တွင် ရုရှားနိုင်ငံသူ တစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့ရာ အာမခံရခဲ့သည်။ သူသည် နောက်တရားရုံးတွင်ရောက်မလာတော့ဘဲ ထွက်ပြေးခဲ့သည်။ မုဒိန်းမှုကျူးလွန်သူ များသည် ချမ်းသာခြင်း၊ ရာထူးကြီးခြင်းဖြစ်ခဲ့လျှင် အာဏာ၊ ငွေတို့ဖြင့် အမှုကို အစဖျောက်ကြသည်။ Rais သည်လည်း ဤလမ်းစဉ်အတိုင်း လုပ်ခဲ့သည်။ သူ့ကိုဆန့်ကျင်၍ အိမ်ဖော်သည် အမှုမဖွင့်ရဲ၊ မပြောရဲဆိုသည်မှာ လွန်စွာဆိုးဝါးပြီး၊ ဒီမိုကရေစီနှင့်ဆန့်ကျင်နေပါသည်။
အကယ်၍ နိုင်ငံခြားအိမ်ဖော်လေးတစ်ဦးသည် အိမ်ရှင်ယောက်ျား၏ မုဒိန်းကျင့်ခံနေစဉ်၊ အိမ်ရှင်မိန်းမကလည်း အားပေးအားမြှောက်ပြုနေသည်ဆိုလျှင် ထိုမိန်းခလေးသည် မည်သူ့ကိုအားကိုးရမည်နည်း။ ထိုသို့သောဖြစ်ရပ်များစွာ မလေးရှားနိုင်ငံတွင် ဖြစ်နေခဲ့သည်။
ထို့ကြောင့် မလေးရှားသည် ဥပဒေကို လေးစားလိုက်နာသောအားဖြင့် ကျူးလွန်သူသည် သမ္မတဖြစ်စေ၊ ခံရသူသည် အိမ်ဖော်ပင်ဖြစ်စေ အစ္စရေး၏ဥပမာကိုယူ၍ ဆောင်ရွက်သင့်သည်။
အင်ဒိုနီးရှား NGO အစီရင်ခံစာအရ ၀န်ကြီးချုပ် Abduallah Ahmad Badawi နှင့် သူ၏ ကဘိနက် (နာဂျစ်အပါအ၀င်)၊ တို့သည် အင်ဒိုနီးရှားရှိ အိမ်ဖော်နှင့် သူမမိသားစုကို ဤကိစ္စမည်သူမှမပြောရန်နှင့် လျှို့ဝှက်ထားရန် တောင်းပန်ခဲ့သည်ဆိုသည်။
ညီမဖြစ်သူသည် မလေးရှားတွင် တရားဥပဒေစီရင်မှုများအတွက် အကူညီရှာနေသော်လည်း အသက်အန္တရာယ်အတွက် စိုးရိမ်ရကြောင်းပြော သည်။ မွန်ဂိုလီးယားနိုင်ငံသူ Altantuya Shaariibuu ကဲ့သို့ အသတ်ခံရမည်ကိုစိုးရိမ်၍ ဖြစ်သည်။

မွန်ဂိုလီးယားသူ၊ မိုဒယ် Altantuya Shaariibuu       ဒီသတ်မှုမှာလည်း မတရားမှုအတွက် သူပါခဲ့တယ်
                                                             
 ထိုအမှုမှာလည်း နိုင်ငံရေးသြဇာမကင်းခဲ့ပါ။ Shariibuu ၏အလောင်းကို အောက်တိုဘာ ၂၀၀၆ တွင်၊ Shah Alam မြို့ပြင်တွင် တွေ့ခဲ့ရသည်။

 Abdul Razak Baginda
Tenaganita လူ့အခွင့်အရေးအဖွဲ့မှ Robengah အိမ်ဖော်အမှုကို Rais ကျူးလွန်ခြင်းဆိုသည်မှာ မှန်သည်၊ မှားသည်ကို အမြန်ဆုံးထုတ်ပြန် ကြေငြာပါရန် ပန်ကြားခဲ့သည်။ ယခု နာဂျစ်တာဝန်ယူသည့်ကာလထိ မည်သို့သော ထုတ်ပြန်ကြေငြာချက်၊ စစ်ဆေးချက်မှ ထွက်ပေါ်မလာခဲ့။
• Harakahdaily မှသတင်းတစ်ပုဒ်… (အင်္ဂါနေ့ ၂၈ – ဒီဇင်ဘာ၊ ၂၀၁၀)
ဘန်နီးဘရူးနှင့် ၀ီကီလိ (ခ) ကြောင့်လူအများ Yatim Rais အမှုကို စိတ်ဝင်စားလာကြပါပြီ။ လွန်ခဲ့သော ၃ နှစ်ကအမှု ယခုထိတရားစီရင်မှု မရှိသည်မှာ မလေးရှား၏ဥပဒေဖြစ်သလော။ ဤသတင်းကို ပထမဆုံးထုတ်ဖော်ခဲ့သူ ဘန်နီးဘရူး ခေါ် ရော့ကီဘရူး (နာမည်ရင်း – Ahirudin Attan) သည် မလေးမေးလ် သတင်းစာအယ်ဒီတာချုပ်ဖြစ်သည့်အပြင်၊ ဘလော့ဂါတစ်ဦးလည်း ဖြစ်ပါသည်။
Migrant Care (Indonesia) မှ ဤအမှုနှင့်ပတ်သက်၍ အစီအရင်ခံစာတစ်စောင်ထွက်ပေါ်လာခဲ့သည်။ ထိုအစီရင်ခံစာကိုပြုစုသူများမှာ -
1. Wahayu Sushlo (Policy Analyst; Ph: 08129307964)
2. Anis Hidayah (Executive Director; Ph: 081578722874)
3. Alex Ong (Country Director; Ph: +60163121201) တို့က သြဂုတ်လ ၁ ရက်နေ့၊ ၂၀၀၇ (ဂျကာတာ၊ အင်ဒိုနီးရှားနိုင်ငံ) တွင် ထုတ်ပြန်ခဲ့သည်။ အိမ်ဖော်အမည်ကိုလည်း Robengah ဟု အတိအကျတင်ပြခဲ့သည်။
Migrant CARE
Perhimpunan Indonesia untuk Buruh Migran Berdaulat
(Member of Migrant Forum in Asia and International NGO Platform on Migrant Workers’ Convention)
Jl. Pulo Asem I C No 15 RT 015 RW 001 Jati, Jakarta Timur 13220 Indonesia. Telp/Fax: +62 21 4752803
(အစီရင်ခံစာမှ ရရှိသောဒေတာများဖြစ်ပါသည်။) နှစ်နိုင်ငံလုံးမှ လူများသည် ဤအမှုကိုစိတ်ဝင်းစားခဲ့သည်။
ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ၊ ဒုက္ခသည်များနှင့် လူ့အခွင့်အရေးအဖွဲ့များကို အမြဲဒုက္ခပေးနှိပ်စက်နေသော မ လေးရှားဝန်ကြီးချုပ် Najib နှင့် မြန်မာပြည်သားများကို ကမ္ဘာ့အနိမ့်ကျဆုံးဖြစ်အောင်၊ ကျွန်ဖြစ်အောင် အိုင်တီခေတ်သစ် ဟစ်တလာဇာတ် ခင်းနေသော သိန်းစိန်နှင့်အပေါင်းပါတစ်စုတို့အား ကျွန်ုပ်တို့ညီအစ်ကိုမောင်နှမများ အားလုံးအင်အားဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ သ မိုင်းတွင် မြန်မာမိန်းခလေးများ၏ အိမ်ကျွန်ဇာတ်ကွက်မဖြစ်စေရန် ကာကွယ်ကြပါစို့ဟု လေးစားစွာတိုက်တွန်းရင်း ….
ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀စာများ၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာ ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများ တွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလိုသုံးနိုင်သည်။
ဆက်လက်ဖော်ပြပါမည်။
နွားကျောင်းသား (Friend Ever)    ဧပြီ ၂၆၊ ၂၀၁၂

Ref:
http://www.malaysia-today.net/mtcolumns/newscommentaries/
http://malaysianindian1.blogspot.com/2011/01/
http://thexbusiness.blogspot.com/2011/01/
http://www.rockybru.com.my/2011/01/
http://www.rockybru.com.my/2010/12/
http://www.malaysiakini.com/news/152572
http://www.malaysiakini.com/news/152498
http://www.mmail.com.my/content/59915
http://www.malaysiakini.com/news/152452
http://www.malaysiakini.com/news/152161
http://www.malaysiakini.com/news/151885
http://www.malaysia-today.net/mtcolumns/newscommentaries/37111
Wikileaks
Migrant Care Reports       moemaka.com  မှရရှိသတင်း မြန်မာညီမလေးများဖတ်စေချင်သည်

တင်ပြီးသား post များ

3D