သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, April 7, 2013

မွတ်ဆလင်တွေ သတ်ဖြတ်မှုကြောင်း ဦးဇင်း“ဦးသောဘိတပျံလွန်========

By Wira Thu

၂၀-၃-၂၀၁၃-ညနေ ငါးနာရီခန့်မှာ ကျဆုံးခဲ့ရရှာသော ဦးပဉ္စင်းကြီး ဦးသောဘိတသည် သာစည်မြို့နယ်၊ဟံဇားအုပ်စု၊ဟံဇားကျေးရွာ၊ မိုးကောင်းကျောင်းတိုက်မှာ သတင်းသုံးနေထိုင်သူ ဖြစ်ပါသည်။ သက်တော်(၄၅)နှစ်အရွယ်၊သိက္ခာ(၂)ဝါ၊ တောထွက် ဦးပဉ္စင်းကြီး ဖြစ်ပါသည်။ ၄င်းသည် သဲတောမြို့အရှေ့ဘက်ဒုန်းကုန်းရွာဇာတိ ဖြစ်ပြီး၊ ဦးမြရင်+ဒေါ်အိတို့၏သားဖြစ်ပါသည်။ ငယ်စဉ်က သဲတောမြို့မြနှင်းဆီစာသင်တိုက်မှာ ပထမငယ်တန်း အောင်မြင်သည်အထိရှင်သာမဏေဘဝဖြင့် ပညာဆည်းပူးကာ လူဝတ်လဲသွားခဲ့ခြင်း ဖြစ်ပါသည်။ လူအမည်မှာ မောင်တင်ထွန်း ဖြစ်ပါသည်။ ဟံဇားရွာ မိုးကောင်းကျောင်းဆရာတော်ဦးပဏ္ဍိစ္စသည် ကွယ်လွန်သူဦးသောဘိတနှင့် သဲတော်မြို့ မြနှင်းဆီစာသင်တိုက်မှာ စာသင်ဘက် သူငယ်ချင်းဖြစ်ပါသည်။ ဦးသောဘိတသည်ဇနီး ဒေါ်…..နှင့် သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့ပါသည်။ ၄င်းသည်သူငယ်ချင်းဖြစ်သူ ဦးပဏ္ဍိစ္စထံလာရောက်ရဟန်းခံသည်မှာ (၂)နှစ်ကျော်ခဲ့ပြီ ဖြစ်ပြီး၊၂၀-၃-၂၀၁၃-ရက်နေ့ ညနေ(၄း၃၀)ခန့်တွင် ကလေးသူငယ်လေးများ ယဉ်ကျေးလိမ္မာ သင်တန်းအတွက်စာအုပ်လိုအပ်နေ၍ မိတ္ထီလာသို့ စာအုပ်လာဝယ်ခြင်းဖြစ်ပါသည်။ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကလေးငယ်(၂၀၀)ကျော်ရှိပြီး (၃၈)ဖြာမင်္ဂလာ စာအုပ်က (၁၃၀)သာရှိသောကြောင့် သင်တန်းဆင်းသည်နှင့် ချက်ချင်းအရေးပေါ်ဈေးတက် ဝယ်ခြင်းဖြစ်ပါသည်။ ဆိုင်ကယ် မောင်းသူမှာ ဦးတင်မောင်ဝင်း(ခ)ကုလားဖြစ်ပြီး၊၄င်း၏(၄)နှစ်အရွယ် သမီးလေးကလည်း ယဉ်ကျေးလိမ္မာသင်တန်းတက်နေသည့်အပြင် ဦးသောဘိတသွားလေရာ ဦးတင်မောင်ဝင်း(ခ)ကုလား အသက်(၄၀)ကိုခေါ်သွားလေ့ရှိကြောင်းသိရပါသည်။ ဦးကုလားရော ဦးသောဘိတပါမိတ္ထီလာမှာ ဖြစ်ပျက်နေသည်ကို လုံးဝမသိရဘဲဝယ်နေကျဖြစ်သော မိတ္ထီလာဈေးအနောက်ဘက် “ကျော်ဇောလင်း”ဆိုင်မှာ (၃ဂ)ဖြာ မင်္ဂလာစာအုပ်ဝယ်ဖို့သာ စိတ်ထက်သန်နေ သည်ဟုသိရပါသည်။ ဦးသောဘိတသည် အနီးအနားသွားလျှင် ဆိုင်ကယ်နောက်ခုံမှာ ဘေးတိုက်ထိုင်စီးလေ့ရှိပြီး၊ မိတ္ထီလာသွားရာတွင်ခရီးဝေးသောကြောင့်နောက်မှ ခွထိုင်စီး၍ သွားခဲ့ခြင်းဖြစ်ပါသည်။ ညနေ ငါးနာရီခန့်တော်ဝန်နန်းစားသောက်ဆိုင် မီးပွိုင့်အတက်တွင် လမ်းမကြီးဘေးဝဲဘက်ယာဘက် ပလက်ဖောင်းပေါ်၌ ဓားများ၊စတီးလ်လုံးများ၊သံလုံးများ ကိုယ်စီကိုင်ဆောင်ထားသော မူဆလင်လူတန်းရှည် ကြီးကိုတွေ့ရှိလိုက်ရာ ဦးတင်မောင်ဝင်း(ခ)ကုလားက “အခြေအနေ မကောင်းဘူး၊ပြန်လှည့်ရအောင်”ဟု ဦးသောဘိတကိုပြောပါသည်။

ဦးသောဘိတက “သူတို့အချင်းချင်း ရန်ဖြစ်တာနေမှာပါ။ ကျုပ်ပါပါတယ်။ ဆက်သာမောင်းပါ”ဟုပြောဆို၍ ဆက်မောင်းရာ မေတ္တာကားဂိတ်လမ်းမပေါ်တွင် ဖျက်ဆီးခံထားရသော ဆိုင်ကယ်တစ်စီးကျိုးပဲ့ပျက်စီးနေသည်ကို တွေ့ကြရပါသည်။ ထုံးအိုးကြီးကွမ်းယာဆိုင်ဒေါင့်အရောက်တွင် ကောက်ဆွ(ခရင်း)ကြီး ကိုင်ထားသော မူဆလင်တစ်ယောက်ဘယ်ဘက်ပလက်ဖောင်းမှ ဖြတ်ကူးလာသည်ကို ဆိုင်ကယ်မောင်းသူ ဦးတင်မောင်ဝင်း(ခ)ကုလားကဘက်မှန်ထဲမှ တွေ့မြင်လိုက်ရပါသည်။ ထိုကောက်ဆွကြီးဖြင့်အားကုန်လွှဲ၍ ရိုက်ချလိုက်ရာ အုံးခနဲအသံကြီးနှင့်အတူဦးသောဘိတ ခန္ဓာကိုယ်ကဦးတင်မောင်ဝင်းပေါ်ကို ပိကျသွားပါသည်။ ဦးတင်မောင်ဝင်းရော ဦးသောဘိတကပါ “သာစည်ကပါ၊ ဟံဇာကပါ၊စာအုပ်လာဝယ်တာပါ။ ဘာမျှ မသိရပါဘူး။”ဟုတောင်းတောင်းပန်ပန် မေတ္တာ ရပ်ခံခဲ့ကြပါသည်။ ထိုအချိန်တွင်ဆိုင်ကယ်ဘီလှိမ့်ရုံသာ ဖြေဖြေလေးမောင်းထားပါသည်။ ရှေ့တည့်တည့် လမ်းမကြီးပေါ်တွင်လည်းကုလားအုပ်ကြီးက ပိတ်ဆို့ထားပါသည်။ ထိုတောင်းပန်နေချိန်မှာပင် ဦးသောဘိတ၏ ဘယ်ဘက်နားထင်လေးခွမှန်သွားပါသည်။ ကျောကုန်းကို တဗုန်းဗုန်းရိုက်သံကြားနေရပါသည်။ ဓားဖြင့်ခေါင်းကိုလွှဲခုတ်လိုက်သည်ကို မြင်လိုက်ရပါသည်။ ဦးသောဘိတဘယ်ဘက်ကို ခွေခွေလေး ပြုတ်ကျသွားပါသည်။ ဆိုင်ကယ်ဒေါက်ထောက်ပြီးဦးသောဘိတကို ပွေ့တင်ပါသည်။ အသက်(၁၃/၁၄)နှစ်အရွယ် ကလေးတစ်ယောက်ပြေးလာပြီး ဦးသောဘိတကို ပွေ့ထူပေးပါသည်။ နာရွက်အထက်နောက်စေ့မှ သွေးတွေဒလဟော စီးကျနေပြီးတစ်ကိုယ်လုံး ပျော့ခွေနေရာ လုံးဝတင်လို့ မရတော့ပါ။ ဆိုင်ကယ်ပေါ်တွင်ပွေ့တင်နေစဉ် ဆိုင်ကယ်ကို ဓားနှင့်ခုတ်၊ခြေနှင့်ဆောင့်ကန်ရာ ရှေ့ဘီးတာယာ ပျက်စီးသွားပြီး၊ လက်ကိုင်နှင့်ရှေ့ပိုင်းလည်း ဓားထိသွားပါသည်။ ဆိုင်ကယ်လည်း လဲကျသွားပါသည်။ ဦးတင်မောင်ဝင်း လှည့်ကြည့်စဉ် ကောက်ဆွကြီးနှင့် ပထမဦးဆုံးရိုက်သည့်ကုလားကြီးက ငါးဂါလံဆံ့အဝါရောင်ပုံးတစ်ပုံးထမ်းလာရင်း “မီးရှို့မီးရှို့”-ဟုအော်ပြေးလာသည်ကို တွေ့လိုက်ရပါသည်။ ထိုစဉ် “ဒကာကြီးလွတ်အောင်ပြေး”ဟု ဦးသောဘိတက အားကုန်အော်ပြောပါသည်။ ဦးသောဘိတကိုပွေ့ထူဖို့လာသော ဘောင်းဘီတို ဝတ်ထားသော ကလေးလေးကလည်း “ဦးလေးပြေးတော့ပြေးတော့”ဟု အော်ပြောပါသည်။ ဦးသောဘိတအားသဲကြီးမဲကြီးရိုက်နှက်နေကြ ချိန်တွင် ဦးတင်မောင်ဝင်းကိုလုံးဝ ပစ်မှတ်မထားပါ။ ဦးတင်မောင်ဝင်းကိုအသားကညို၊မုဆိတ် ပါးပြိုင်းမွှေးတို့ကလည်းရှိနေ၍ ကုလားဟု တင်ပုံရပါသည်။ ဦးတင်မောင်ဝင်းလည်း ဆိုင်ကယ်မောင်းပြေးရာ ခဲတွေ၊တုတ်တွေ၊ ဓားတွေနှင့် ပစ်ပေါက်ထုနှက်ကြပါတော့သည်။ “အဲဒီကောင် ဗမာ လိုက်.”ဟု ပြောသံတွေကြားရပြီးမှခဲမိုးတွေရွာခြင်း၊ တုတ်ဆွမ်းဓားဆွမ်းလောင်းကြခြင်းဖြစ်ပါသည်။ ဆိုင်ကယ်သုံးချက်အခုတ်ခံလိုက်ရပါသည်။ တံတားထိပ်ရောက်သည့်အခါ မြန်မာလူအုပ်ကြီးနှင့်တွေ့ပါသည်။ “ကယ်ကြပါဦး၊ ဦးဇင်းတစ်ပါးအသက်ခံရပြီ” ယဉ်ကျေးမှု စာအုပ်လာဝယ်တာပါဟုပြော၍ အကူအညီတောင်းလိုက်ပါသည်။ လက်နက်မပါသည့် မြန်မာလူအုပ်ကြီး တုတ်ဓားလက်နက်ကိုင်ဆောင်ထားသော ကုလားလူအုပ်ကြီးဘက် ထွက်ခွါသွားပါသည်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D