သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, April 10, 2013

သင်္ကြန်၏ ယဉ်ကျေးမှု အနှစ်သာရ


၂၀၁၂ ခုနှစ် မန္တလေး သင်္ကြန်မြင်ကွင်း (ဓာတ်ပုံ - မင်းသန့်)
သင်္ကြန်ဟူသော ဝေါဟာရသည် ပါဠိနှင့် သက္ကတ ဘာသာစကားကို မြန်မာမှု ပြုထားခြင်း ဖြစ်သည်။ အဓိပ္ပာယ်မှာ ကူးပြောင်းခြင်းဟူ၍ ဖြစ်သည်။ ထို့ကြောင့် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသော အထိမ်းအမှတ်အဖြစ် သင်္ကြန်ပွဲတော်ကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲတော် ဖြစ်သည်။ နှစ်ဟောင်းမှ အညစ်အကြေးများ၊ မကောင်းမှုများ၊ အဆိုးအဟောင်းများကို စွန့်ပစ်၍ နှစ်သစ်တွင် စိတ်သစ်၊ လူသစ်၊ အင်အားသစ်တို့ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြုလုပ်ခဲ့ကြသည်။
မြန်မာ့နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းချိန်သည် ပူပြင်းသော အချိန်အခါ ဖြစ်သည်။ ပူပြင်းသော အပူရှိန်ကို ကာကွယ်သည့် သဘောဖြင့် သင်္ကြန်ပွဲတော်၌ ရေပက်ဖျန်းမှု ပြုခဲ့ကြသည်ဟူ၍ သုတေသီတို့ အဆိုပြုခဲ့ကြသည်။
သင်္ကြန်ပွဲတော်ကို တန်ခူးလ၏ ရာသီပွဲတော်အဖြစ် ရှေးနှစ်ပေါင်း များစွာကပင် မြန်မာမင်းတို့ ကျင်းပခဲ့ကြသည်။ သို့သော် မည်သည့်ခေတ်၊ မည်သည့်အချိန်က စတင်ခဲ့ကြောင်းကိုမူ အတိအကျ မသိရှိရပေ။
သင်္ကြန်ပွဲတော်သည် မြန်မာစာပေနှင့် သမိုင်းအထောက်အထားများအရ သင်္ကြန်ရေကစားမှု ပွဲတော်ကို ပုဂံခေတ် နှောင်းပိုင်း၊ နရသီဟပတေ့မင်း (တရုတ်ပြေးမင်း) လက်ထက်ကပင် အထင်အရှား ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဟောင်းမြို့ ရာဇ၀င်တော်ကြီးများ၏ မှတ်တမ်း အထောက်အထားများအရ ပုဂံခေတ်တွင် သင်္ကြန်ပွဲတော်ကို ဧရာဝတီမြစ်အတွင်း၌ တစ်ခမ်းတနား ကျင်းပခဲ့သည်။ နှောင်းခေတ်များတွင်မူ နန်းတော်အတွင်း၌ မဏ္ဍပ်ကြီးများ ဆောက်လုပ်၍ ရေကစားခဲ့ကြကြောင်း သိရှိရသည်။ မြန်မာမင်းများ လက်ထက် ခေတ်အဆက်ဆက် သင်္ကြန်ပွဲတော်တွင် ဘုရင်မှအစ ပြည်သူပြည်သားအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ စောင်းငြင်းများ တီးမှုတ်ကာ သီချင်းများကို သီဆိုကြသည်။ တစ်ဦးနှင့်တစ်ဦး နံ့သာရေ၊ ပန်းပေါင်းအမွှေးနံ့သာရေ စသော ရေကြည်၊ ရေအေး၊ ရေမွှေးတို့ဖြင့် ရေပက်ဖျန်းမှု ပြုလုပ်ခဲ့ကြသည်။ ဤသို့သော ရှေးမြန်မာမင်းများ၏ ခေတ်အဆက်ဆက်မှ သင်္ကြန်ယဉ်ကျေးမှု အနှစ်သာရကို ညောင်ရမ်းခေတ် စာဆိုရှင် ဆီသည်ရွာစား ဦးအောင်ကြီး၏ တန်ခူးလရာသီဘွဲ့ ကဗျာ၌ "လတန်ခူးကို၊ မြူးထူးပျော်ရွှင်၊ တာသဘင်ဝယ်၊ ဆင်ယင်တုပ၊ လွရရွတည့်၊ ငြိမ့်မျှစောင်းငြင်း၊ အဲသီချင်းနှင့်၊ ထုံသင်းနံ့သာ၊ ရေသီတာဝယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍၊ ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်ကာ၊ လည်လှည့်ဆူလွယ်၊ တင့်စံပယ်လျက်၊ မြူးရယ်ရွှင်အား၊ လွန်ပျော်ပါးသည်၊ ကစားထုံရည် ဖျန်းတည့်လေ" ဟူ၍ လည်းကောင်း။
ကုန်းဘောင်ခေတ် စာဆိုဖြစ်သော ဦးယာ၏ ဆယ့်နှစ်ရာသီဘွဲ့ လူးတား တန်ခူးလဘွဲ့တွင်လည်း "အတာသဘင်၊ သည်ပွဲတွင်၌၊ ကေရှင်ညွန့်လန်း၊ နှင်းရည်ဖျန်းလျက်၊ ဖော့ပန်းမတူ၊ ဖလ်နန်းသူတို့၊ ဟန်မူ ပျော့ပျောင်း၊ ရွှေဖယောင်းသို့၊ မွှေးပေါင်းနံ့သာ၊ စမ္ပာအကျော်" ဟူ၍ လည်းကောင်း တန်ခူးလသင်္ကြန်ပွဲတော်၏ ယဉ်ကျေးမှု အနှစ်သာရကို ဖော်ထုတ်ဖွဲ့ဆိုခဲ့ကြသည်။
မြန်မာ့သင်္ကြန်ပွဲတော် တစ်ရပ်ကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲ မြင်တွေ့ခဲ့သည့် အင်္ဂလိပ်လူမျိုး စာရေးဆရာကြီး ဆာ-ဂျိမ်းစကော့၏ မှတ်တမ်းတစ်စောင်၌ "နံနက်အရုဏ်တက်သည်နှင့် တစ်ပြိုင်နက် ရေကြည်ရေအေး ထည့်ထားသော ရေများဆွတ်ကာ ဘုန်းကြီးကျောင်းများသို့ သွားသည်။ ဘုန်းတော်ကြီးများအား ရေလှူသည်။ ဘုရားကို ရေသပ္ပာယ်မှု ပြုသည် . . . . .
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်၏ အနှစ်သာရများတွင် ရေပက်ဖျန်း ကစားခြင်းနှင့်အတူ သက်ကြီးရွယ်အိုများအား ဦးခေါင်းဆေးလျော်ပေးခြင်း၊ ရေကန်တော့ခြင်း၊ ခြေသည်းလက်သည်း အညစ်အကြေးများ ဖယ်ရှားမှုပြုပေးခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ရေစင်သွန်းလောင်း ရေသပ္ပာယ်ခြင်း၊ တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း၊ ရေလှူခြင်း စသောယဉ်ကျေးမှု အနှစ်သာရ အစဉ်အလာများသည်လည်း အထင်အရှား ဖြစ်သည်။
သက်ကြီးရွယ်အိုများအား ဦးခေါင်းဆေးလျှော်ပေးခြင်း၊ ရေကန်တော့ခြင်း၊ ခြေသည်းလက်သည်း၊ အညစ်အကြေးများ သန့်စင်ပေးခြင်းများသည် နှစ်ဟောင်းမှ စိတ်အညစ်အကြေးများ၊ ကိုယ်၏အညစ်အကြေးများ ဖယ်ရှားစွန့်ပစ်ခဲ့၍ နှစ်သစ်တွင် စိတ်သစ်လူသစ်တို့ဖြင့် ဘ၀ခရီး ဆက်ရန် ရည်စူး၍ မင်္ဂလာပြု ရွက်ဆောင်မှု ဖြစ်သည်။
သင်္ကြန်ပွဲတော် ရက်များအတွင်း အထူးသဖြင့် ကျေးလက်တောရွာများတွင် အိုးစည်ဗုံမောင်းတို့ တီးမှုတ်လျက် တစ်စုတစ်ဝေးတည်း သွားရောက်ကာ ဗုဒ္ဓရုပ်ပွားတော်များ၊ ဆင်းတုတော်များကို ရေသပ္ပာယ်မှု ပြုလေ့ရှိကြသည်။ သက်ကြီးရွယ်အိုများကို ရေချိုး၊ ခေါင်းလျှော်၊ အမွှေးနံ့သာ လိမ်းကျံပေးသော ကုသိုလ်ကောင်းမှုများကို ပြုကြသည်။ မြန်မာတို့၏ ဘာသာရေး ဦးထိပ်ထားမှု၊ သက်ကြီးရွယ်အိုများအား ကုသိုလ်ပြု ကန်တော့မှုတို့ဖြင့် ကူညီရိုင်းပင်းမှု၊ စည်းလုံးညီညွတ်မှု အနှစ်သာရများကို ဖော်ကျူးနေသည်။
မြန်မာ့သင်္ကြန်ပွဲတော်၏ ယဉ်ကျေးမှု အနှစ်သာရများကို ကုန်းဘောင်ခေတ် မြန်မာ့သင်္ကြန်ပွဲတော် တစ်ရပ်ကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲ မြင်တွေ့ခဲ့သည့် အင်္ဂလိပ်လူမျိုး စာရေးဆရာကြီး ဆာ-ဂျိမ်းစကော့၏ မှတ်တမ်းတစ်စောင်၌ "နံနက်အရုဏ်တက်သည်နှင့် တစ်ပြိုင်နက် ရေကြည်ရေအေး ထည့်ထားသော ရေများဆွတ်ကာ ဘုန်းကြီးကျောင်းများသို့ သွားသည်။ ဘုန်းတော်ကြီးများအား ရေလှူသည်။ ဘုရားကို ရေသပ္ပာယ်မှု ပြုသည်" ဟူ၍ လေးစားဂုဏ်ယူဖွယ် ရေးသားမှတ်တမ်း တင်ခဲ့သည်။
သင်္ကြန်ရက်များတွင် ရေကစားမှုနှင့်အတူ အထူးသဖြင့် ကျေးလက်တောရွာများ၌ ရေလှူပွဲများ ပြုလုပ်ကြသည်။ သင်္ကြန်ပွဲတော်ချိန်သည် ပူပြင်းသော နွေရာသီ၏ တန်ခူးလ အချိန်အခါ ဖြစ်သောကြောင့် အချို့သော ကျေးလက်ဒေသများတွင် ရေရှားပါးသည်။ ထို့ကြောင့် ရေပေါများသော ကျေးရွာများမှ ရွာသူရွာသားတို့သည် အိုးစည်ဒိုးပတ် ၀ိုင်းများဖြင့်အတူ ရေရှားပါးသော ကျေးရွာများသို့ မောင်တစ်ထမ်း မယ်တစ်ရွက်ဖြင့် ရေလှူရန် သွားရောက်လေ့ရှိသည်။ ရေလှူသွားရာတွင် စည်စည်ကားကား သွားရောက်ခဲ့ကြသည်။ သင်္ကြန်ပွဲတော် ရက်အတွင်း ရေလှူပွဲများသည် ကျေးလက်ဒေသ တောရွာများ၏ အရေးပါသော သင်္ကြန်အနှစ်သာရ တစ်ရပ်ဖြစ်သည်။
သင်္ကြန်ပွဲတော်အပြီး နှစ်ဆန်းတစ်ရက်နေ့တွင် ငါးလွှတ်ပွဲ ကျင်းပခြင်း၊ တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း ပွဲများသည်လည်း သင်္ကြန်ပွဲတော်၏ ယဉ်ကျေးမှု အနှစ်သာရ ပုံရိပ်များပင် ဖြစ်သည်။ ယင်းအစဉ်အလာကို ရှေးမြန်မာမင်းများ အဆက်ဆက်မှသည် မျက်မှောက်ခေတ်တိုင်အောင် ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် ဂုဏ်ယူဖွယ် ကျင်းပလုပ်ဆောင်လျက် ရှိနေကြသည်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့၏ ဇီဝိတဒါန တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း စသော ပွဲ၏ယဉ်ကျေးမှု အနှစ်သာရကို အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီ၏ တစ်ခုသော သင်္ကြန်အခါ ကဗျာတွင် ဤသို့ဂုဏ်ပြုပွဲကို မှတ်တမ်းတင်ခဲ့သည်။
ထိန်လိုက်တဲ့ အိုးစည်၊ နှဲကလည်း ပီသနဲ့၊ သီသူက-သီကြ၊ ကသူက-က-လာ၊ နွားကြီးလည်း ပါသဟေ့။ ကျောပေါ်မှာ ကော်ဇော၊ အမွှေးရော သနပ်ခါး၊ ချိုဖျားမှာ ပိတောက်ပန်းတွေက တစ်လျှမ်းလျှမ်း ရွှေအဆင်၊ နွားစိတ်ထဲ အခဲသား ၀င်လိုက်ရ၊ ရွှင်လိုက်မည့်ဖြစ်ခြင်း။
"နှစ်သစ်ကူးတဲ့ တန်ခူးခါမှာ ဒါနက တစ်ဝေေ၀၊ ရေတွေက တရွှဲရွှဲ၊ ပျော်ပွဲက တ၀င့်ဝင့်၊ ကဲလို့သာ ချင့်ရော့၊ အရွယ်သင့်၊ အရွယ်ငယ်မြန်မာတွေ ထယ်လိုက်ကြ"
သင်္ကြန်ပွဲတော်၏ ယဉ်ကျေးမှု အနှစ်သာရများတွင် တစ်ဦးကိုတစ်ဦး ရေစင်ပက်ဖျန်းခြင်း၊ ဦးခေါင်းဆေး လျှော်ခြင်းတို့သည် နှစ်ဟောင်းမှ အညစ်အကြေးများကို စွန့်ပစ်ရန် နှစ်သစ်အတွက် စိတ်သစ်၊ အားသစ်မွေးမြူခြင်း ဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်များကို ရေသပ္ပာယ်ခြင်း၊ သက်ကြီးရွယ်အိုများကို ရေကန်တော့ခြင်း၊ ရေလှူပွဲများ ကျင်းပခြင်းတို့သည် ရေလှူခြင်း အကျိုး ၁၀ ပါးကို ရည်စူးပြုလုပ်မှု ဖြစ်သည်။
တိရစ္ဆာန်များကို ဘေးမဲလွှတ်ခြင်းသည် နှစ်သစ်ကို ကုသိုလ်ဖြင့် ကြိုဆိုခြင်း ကုသိုလ်ပြုခြင်း ဖြစ်သည်။ ထို့ကြောင့် သင်္ကြန်ပွဲတော်၏ ယဉ်ကျေးမှု အနှစ်သာရများသည် လေးနက်သည်။ အဓိပ္ပါယ် ပြည့်ဝနေသည်။
မျက်မှောက်ခေတ် သင်္ကြန်ပွဲတော်တွင် ရိုးရာယဉ်ကျေးမှု အနှစ်သာရ ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက်မှုများနှင့်အတူ သရုပ်ပျက်သင်္ကြန်၏ လက္ခဏာများကိုလည်း အားပြိုင်တွေ့မြင်နေကြရသည်။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်တွင် အထူးသဖြင့် လူငယ်တို့သည် တစ်ဦးနှင့်တစ်ဦး စည်းလွတ်ဝါးလွတ် နောက်ပြောင်ပြောဆိုခြင်း၊ အရက်သေစာများ သောက်စားခြင်း၊ သရုပ်ပျက် အ၀တ်အစား၊ အဆင်အယင်များဖြင့် ပျော်ရွှင်မြူးထူး ပါဝင်ဆင်နွှဲလေ့ ရှိသည်။
သင်္ကြန်ပွဲတော်တွင် သရုပ်ပျက် ယဉ်ကျေးမှုဖြင့် အပျော်လွန်ခဲ့လျှင် ဆိုးကျိုးများနှင့် အန္တရာယ်ကို ရင်ဆိုင်ရတတ်ကြောင်းကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ကိုလိုနီခေတ်၏ သရုပ်ပျက် ယဉ်ကျေးမှု ပုံရိပ်ဖြင့် ဤသို့ သတိပေး ဖွဲ့ဆိုလမ်းညွှန်ခဲ့သည်။
"ခါသင်္ကြန်နွေကပဲ ရယ်လို့၊ ရေပွဲမှာ အပျော်တွေ စည်မှဖြင့်၊ ကတော်ဒေ၀ီ အရှက်ကွဲအောင်ပ၊ မျက်နှာမည်း၊ မျက်နှာဖြူ၊ ပက်သူတွေကလဲ ပေါပေသမို့...သဘောမဆုံသနဲ့၊ မခံပါချင်လျှင်လဲ မကစားကြပါလေနှင့် ချောဂုဏ်နဲ့နွဲ့ရှာတဲ့၊ စောလုံရဲ့ ပုဂံရာဇ၀င်တရား

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D