သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, April 7, 2013

ကျနော်ရဲ့ နိုင်ငံရေးရပ်တည်ချက်အရ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများကို အားမပေးပါ။

ကျနော်ရဲ့ နိုင်ငံရေးရပ်တည်ချက်အရ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများကို အားမပေးပါ။ လူမျိုးရေး ဘာသာရေး ခွဲခြား၊ ယောက်ကျားမိန်းမ ဆက်ဆံမှုများကိုလည်း လက်မခံပါ။ ရခိုင်လူမျိုးတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရှိသမျှ ရိုဟင် ဂျာ ပြဿနာ ပြီးဆုံးမည် မထင်ပါ။ ဆင်းရဲမှု ပြဿနာများ ဖြေရှင်းနိုင်မည် မဟုတ်ဟု ယုံကြည်ပါတယ်။ အရင်းခံပြဿနာ မှာ ရခိုင်လူမျိုးအပါအ၀င် တိုင်းရင်းသားများ ကိုယ်ြ့ပည်နယ် ကိုယ်အုပ်ချုပ်ခွင့်မရှိတဲ့ ပြသာနာ ဖြစ်ပါတယ်။ ရခိုင်ပြည် နယ်ဟာ သဘာဝအရ ပယ်လယ်ရှိတယ်။ သစ်တောတွေ ရှိတယ်။ လယ်ကွင်းတွေ ရှိတယ်။ သဘ၀ဓါတ်ငွေ့တွေရှိတယ်။

ဒါတွေကို ရခိုင်လူမျိုးတွေစီမံခန့်ခွဲခွင့်မရှိတာ ပဒေသရာဇ်ခေတ်အဆက်ဆက်မှသည် အင်္ဂလိပ်ခေတ်အလယ် ဦးသိန်းစိန် အစိုးရအဆုံး ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှု အနည်းဆုံးနဲ့ ကံဆိုးမိုးမှောင်ကျမှု အများဆုံးပြည်နယ်ဖြစ်ခဲ့ရတာ စစ်အစိုးရအဆက်ဆက် ကြောင့် ဖြစ်ပါတယ်။ စီးပွားရေး ခြွတ်ခြုံကျမှုကြောင့် ရခိုင်လူငယ်လူရွယ်တွေဟာ နိုင်ငံခြားကို အစုလိုက်အပြုံလိုက် ထွက် ခွာမှု (Exodus) ဖြစ်လာပါတယ်။

တရုပ်နယ်စပ်ရွှေလီမှာတင် ရခိုင်လူငယ် ၂ ထောင်ကျော် ရရာအလုပ်လုပ်ပြီး အသက်မွေး ၀မ်းကြောင်းပြုနေရတယ်။ ဘန်ကောက်မြို့မှာ ရခိုင် ၅ သိန်းခန့်ရောက်ရှိနေပါတယ်။ မလေးရှားမှာလဲ သိန်းချီ ရောက်နေကြပါတယ်။

ရလဒ်ကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ မသီတာထွေး ကဲ့သို့သော် အမျိုးသမီးငယ်များဟာ ကာကွယ်စောင့်ရှောက်မှု မရှိဘဲ ဖြစ်နေရခြင်း ဖြစ်ပါတယ်။ မဟာလူဦးရေ ဆုတ်ယုတ်မှုကြီး (Great Depopulation) ဖြစ်ပေါ်နေပါတယ်။ ရိုဟင်ဂျာများ က အဆမတန် လူဦးရေတိုးပွားလာတယ်။ စစ်တွေမြို့မှာတင် တ၀က်က ရိုဟင်ဂျာ၊ တ၀က်က ရခိုင်လူမျိုး ဖြစ်လာတဲ့အ ထိ ဖြစ်လာတယ်။ ဒါက မကောင်းပါ။ လူမျိုးရေးတင်းမာမှု ဖြစ်စေပါတယ်။

စစ်အစိုးရအဆက်ဆက်က ရခိုင်လူမျိုးများကို စနစ်တကျမျိုးတုန်းအောင် လုပ်နေသူတွေ ဖြစ်ပါတယ်။ ကယ်တင် ရှင် ယောင်ဆောင်နေကြသူများ ဖြစ်ပါတယ်။

ထင်ရှားတဲ့အချက်ကတော့ မြန်မာပြည်မှာ တလင်တမယားစနစ် (Monogamy) ကို ဥပဒေအရ မပြဋ္ဌာန်းထားခြင်း ဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ ပိုက်ဆံရှိသူများနှင့် အစ္စလာမ်ဘာသာဝင်များအတွက် မယားပြိုင်ယူနိုင်နေကြပါတယ်။ ပွင့်ပွင်လင်း လင်းမရှိသောလည်း သိုသိုသိပ်သိပ် လုပ်ခွင့်ရှိနေပါတယ်။

ဒါက အဓိကအချက် ဖြစ်ပါတယ်။ ရိုဟင်ဂျာများက အစ္စလာမ်ဘာသာဝင်များဖြစ်တဲ့အတွက် မယားပြိုင်ယူတဲ့စနစ် (Polygamy) ကို ကျင့်သုံးနိုင်ခွင့်ရှိတဲ့အတွက် လူဦးရေအချိုးအစား မမျှတမှု ဖြစ်ပေါ်နေပါတယ်။ ဒါကို အမေရိကန်ပြည် တောင်စုမှာ ဥပဒေအရ တားမြစ်ထားပါတယ်။ ဥပမာ တချို့သော မိုမန်ခရစ်ယန်ဘာသာဝင် (Mormon) များဟာ မယား ပြိုင်ယူဓလေ့ကို လျှို့ဝှက် ဆက်လက်ကျင့်သုံးလေ့ရှိတယ်။ ဒါကို နိုင်ငံတော်ကသိရင် မျက်နှာသာမပေးပါ ထိရောက်စွာ အရေးယူလေ့ရှိပါတယ်။ ဖမ်းဆီးလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ မယားပြိုင်ယူခွင့် ရှိသော်လည်း မယား ၂ ယောက်သုံး ယောက် ယူနိုင်သူများမှာ မြန်မာလူမျိုးများ အလွန်နည်းပါးလှပါတယ်။ အများစု မဟုတ်ကြပါ။ ဘယ်သူတွေလဲဆိုတာ အ ထူးပြောစရာ မလိုပါ။ နိုင်ငံခြားသားများ အများဆုံး ယူနေကြပါတယ်။

စီးပွားရေးပျက်ကပ် ဖြစ်နေတဲ့အတွက် မြန်မာအမျိုးသမီးများမှာ သားကောင်အဖြစ် ကျဆင်းနေရပါတယ်။ နောက်တခုက ဘာသာရေးအဆောက်ဦများကို တည်ဆောက်တဲ့အခါမှာ အနီးပါးက ပြည်သူလူထုရဲ့ဆန္ဒကို မယူခြင်းဖြစ်ပါတယ်။ စစ် အစိုးရအဆက်ဆက် ခေါင်းဆောင်းများက လဘ်ယူပြီး ဆောက်လုပ်ခွင့်တွေပေးတဲ့အတွက် ဘာသာရေး၊ လူမျိုးရေး တင်းမာမှုတွေ ဖြစ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဒီပြဿနာမျိုး မရှိလှပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာရေး ဆိုင်ရာ အဆောက်ဦတွေဆောက်မယ်ဆိုရင် အနီးပါးက ပြည်သူလူထုရဲ့ ခွင့်ပြုချက်ရှိမှသာ ဆောက်လုပ်ခွင့်ရှိပါတယ်။ နိုင်ငံတော်က အမိန့်နဲ့ ပယ်လို့မရပါ။ ဒီနည်းနဲ့ လူမျိုးရေး ဘာသာရေး တင်းမာမှုများမဖြစ်အောင် ထိမ်းသိမ်းနိုင်ကြပါတယ်။

စစ်အုပ်စုက ရခိုင်လူမျိုးတွေအပေါ်မှာ လှည့်စားထားမှုက ဒို့တွေက ဘာသာတူတယ်။ ဗုဒ္ဒဘာသာကို ကိုးကွယ်ကြသူ တွေဆိုတာနဲ့ ပျားရည်နဲ့ ၀မ်းချထားတာကို ခံနေရခြင်းဖြစ်တယ်။ တကယ်က ဘာမှမရပါ။ ဘာမှမရတဲ့အပြင် ရှေးဟောင်း ဘုရားတွေကိုပါ အဖျက်ခံနေရပါတယ်။

နိုင်ငံရေးအရကြည့်ရင်လည်း ၁၉၉၀ ခုနစ်၊ ၂၀၁၀ ခုနစ်၊ ၂၀၁၂ ခုနစ်ရွေးကောက်ပွဲတွေမှာ ရခိုင်အမျိုးသားပါတီများ အ ခက်ခဲကြားက ပြိုင်ဆိုက်ကြရတယ်။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရိုဟင်ဂျာကိုယ်စားလှယ် လေးယောက်ဟာ ကြံ ဖွတ်အမတ်တွေအဖြစ်နဲ့ ရွေးကောက်ခံရတယ်။ ပါလီမန်ထဲကို ဒေါ်အောင်ဆန်းစုကြည် ထက် စောလျင်စွာရောက်ရှိနေ ပြီးသားတွေ ဖြစ်ပါတယ်။

စီးပွားရေးအရကြည့်ရင်လည်း ရိုဟင်ဂျာ ဆောက်လုပ်ရေး ကုမ္ပဏီတွေကိုပဲ စစ်အုပ်စုက အထူးအခွင့်အရေးတွေ ပေး ထားပါတယ်။ တကယ်ပြဿနာကို ဖန်တီးနေတာ ဘယ်သူလဲ။ ဒါကြောင့် ရိုဟင်ဂျာ ဆန့်ကျင်ရေးအတွက် စစ်အုပ်စုကို ကျနော်တို့ မယုံပါ။

အလားတူပဲ အစိုးရအဆက်ဆက်က နိုင်ငံသားဖြစ်မှုကို စနစ်တကျမလုပ်ခဲ့ပါ။ စစ်တပ်မှလူဝတ်လဲလာတဲ့ လူဝင်မှုကြီး ကြပ်ရေး အရာရှိများက လဘ်စားပြီး ပြည်ကြီးမှ တရုပ်များ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာများကို နိုင်ငံသား အဖြစ်အသိမှတ် ပြုပေးခဲ့ကြပါတယ်။ တယောက်ကို ကျပ်ငွေ ၁၅ သိန်းအထက်ကို ယူခဲ့ကြတယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားဖြစ်ခွင့်ကို စနစ်တကျလုပ်ဆောင်ပေးထားတယ်။ လူနည်းစု အခွင့်အရေးတွေကို လည်း ဥပဒေနဲ့ကာကွယ်ပေးထားကြပါတယ်။ နိုင်ငံသားဖြစ်သင့်တယ်လို့ ဥပဒေနဲ့ သတ်မှတ်ထားတဲ့ အချက်တွေက တော့ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေးအရ အဖိနှိပ်ခံရသူများ၊ နေစရာ နိုင်ငံမရှိသူများကို နိုင်ငံသားလျှောက် ခွင့်ရှိတယ်။ ချမှတ်ထားသော ဥပဒေနဲ့ကိုက်ညီသူများကို နိုင်ငံသားအဖြစ် အသိမှတ်ပြုပေးပါတယ်။ သမ္မတ က လွဲလို့ ကျန်တဲ့ အခွင့်အရေးတွေကို နိုင်ငံသားများလိုပဲ ခံစားခွင့်ရှိပါတယ်။

ဒါအပြင် တရားမ၀င်မိဘနှစ်ပါးက အမေရိကန်ပြည်ထောင်စုမြေပေါ်မှာ ကလေးမွေးဖွားလာပါက မွေးလာတဲ့ ကလေးကို နိုင်ငံသားအဖြစ် အသိမှတ်ပြုပါတယ်။ ကလေးက သမ္မတအထိ အရွေးခံပိုင်ခွင့် ရှိပါတယ်။ ဥပဒေချိုးဖေါက်လာရင် နိုင်ငံ သားအဖြစ်ကပြန်လည် ရုတ်သိမ်းမှုလဲ ရှိပါတယ်။

ရိုဟင်ဂျာ၊ ပြည်ကြီး တရုပ်များကိုလဲ စိစစ်ပြီး နိုင်ငံသား အဆင့်အတန်းကို ဥပေဒေကိုက်ညီပါက နိုင်ငံသားအခွင့်အရေး ကလဲ ရှိရမှာ ဖြစ်ပါတယ်။ ဒါက လူအခွင့်အရေး ဖြစ်ပါတယ်။

ဒီလိုမဟုတ်ဘဲ လူမျိုးရေးအဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်များအသွင် ကိုယ်ရပ်တည်ချက်တွေကို ဖေါ်ထုတ်ပြီး အာသာပြေ ပြောနေလို့ကတော့ မပြီးပါ။ ခွေးလေးပေါက်စလေး (Che Wa Wa) များ ဟောင်သကဲသို့ဖြစ်နေမည်။

ခြေင်္သေ့မင်းက သားကောင်ကို ဂုတ်ခဲသကဲ့သို့ လူမှု ပြဿနာဆိုးကြီးများကို အပြီးတိုင် သုတ်သင်နိုင်မည် မဟုတ်ပါ။ ခြင်္သေ့မင်းတို့မည်သည် ဘယ်မှာ ချက်ကောင်း (Vital Bite) ဆိုတာကို သိသကဲ့သို့ ပြစ်မှတ်ကိုသာ ကိုက်ခဲကြပါလို့ တိုက် တွန်းလိုက်ပါတယ်။

ပြဿနာရဲ့အမြစ်ကို လှန်တူးပါ။ ကိုင်းဖျားကိုင်းနားကို မလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

(FB)  မှ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D