သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Saturday, April 13, 2013
မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်၊ ချီပါအရှေ့ဘက်တွင် ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၂၀ ခန့် ပျက်ဆီးဆုံးရှုံး၊ ပြည်ကြီးတံခွန် မြို့နယ်၌လည်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၉ လုံးခန့် ပျက်ဆီး
ချီပါရပ်ကွက် မီးလောင်ကျွမ်းမှု မြင်ကွင်းများ
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပ၀တီရပ်၊ ချီပါ ရပ်ကွက် အရှေ့ဘက်တွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ၅ မိနစ်အချိန်ခန့်မှ စတင်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။
ထို့အတူ ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်း မြို့သစ်ရပ်ကွက် ၅၁×၅၂ လမ်းကြားတွင်လည်း ဧပြီလ ၁၂ ရက်နေ့ နံနက် ၅နာရီ ၄၅ မိနစ် အချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ပြီး နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကာ နေအိမ် ၉ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ချီပါရပ်ကွက် မီးလောင်ကျွမ်းမှုသည် နံနက် ၄ နာရီခန့်အချိန်တွင် မီးညွှန့် ကျိုးသွားခဲ့သော်လည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာမှာ အိမ်ခြေစိတ်ပြီး လူနေထူထပ်သဖြင့် ပျက်စီးဆုံးရှုံးမှုများနိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင် Facebook စာမျက်နှာဖြစ်သော ရဲဇာနည် Facebook စာမျက်နှာတွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ အချိန့်က ဖော်ပြထားချက်အရ ချီပါရပ်ကွက် မီးလောင်မှုတွင် အိမ်ခြေ ၁၂၀ ခန့် ပျက်ဆီးခဲ့ပြီး လူသေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
"မီး မီး ဆိုပြီး အော်လိုက်တဲ့ အသံကြားလို့ အိမ်တံခါးကို ဖွင့်ကြည့်တဲ့ အချိန်မှာ မီးက အရမ်းနီးနေပြီး မီးတောက်က တော်တော်ကြီးနေလို့ ဘာပစ္စည်းမှ မယူနိုင်ဘဲ ကလေးတွေကို ခေါ်ပြီး ဘေးလွတ်ရာကို ထွက်လာခဲ့ရတယ်"ဟု
ချီပါ ရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧပြီလ ၁၂ ရက်နေ့ နံနက် ၃ နာရီခန့်အချိန်တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
ချီပါရပ်ကွက် မီးလောင်ကျွမ်းမှု မြင်ကွင်းများ
မီးလောင်ကျွမ်းမှုအရ အိမ်ခြေ ၂၀၀ ၀န်းကျင်ခန့် ဆုံးရှုံးနိုင်ကြောင်း အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ဒေသခံများ၏ ပြောကြားချက်ကို ကိုးကားပြီး ဧပြီလ ၁၂ ရက်နေ့ နံနက် ၃ နာရီ အချိန်က ပြောကြားပါသည်။
မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သော ချီပါရပ်ကွက် အရှေ့ဘက်သည် မန္တလေးမြို့၏ အနောက်တောင်ဘက်ခြင်း၊ မန္တလေး-စစ်ကိုင်းအထွက်လမ်း အရှေ့ဘက်တွင် တည်ရှိကြောင်း သိရပါသည်။ မီးလောင်ကျွမ်းသည့် ချီပါရပ်ကွက်တွင် ပန်းပုလုပ်ငန်း လုပ်ကိုင်သူများ
နေထိုင်လျက်ရှိနေပြီး ပျဉ်ထောင်အိမ်နှင့်ကပ်မိုးထရံကာ နေအိမ် အများစုရှိနေကာ အိမ်ခြေတစ်ခုနှင့်တစ်ခု နီးကပ်လွန်းခြင်း၊ မီးသတ်ကားဝ င်ရာက်ရန် အခက်အခဲရှိခြင်းနှင့် မီးလောင်ကျွမ်းချိန်တွင် လေတိုက်ခတ်မှုရှိနေခြင်း အစရှိသည်တို့ကြောင့် မီးကူးစက်လောင်ကျွမ်းမှု မြန်ဆန်ခဲ့ကာ ထိန်းချုပ်ရန် ခက်ခဲခဲ့ကြောင်း သိရသည်။
ချီပါရပ်ကွက် မီးလောင်ကျွမ်းမှု မြင်ကွင်းများ
"ဒေသခံတွေရဲ့ ပြောကြားချက်အရတော့ တစ်ရပ်ကွက်လုံးနီးပါး လောင်တယ်လို့ ပြောပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းမှာ ရှိနေတဲ့ မီးသတ်ယာဉ်တွေအပြင် ပြင်ဦးလွင်က မီးသတ်ယာဉ်တွေပါ ဆင်းပြီး မီးငြိမ်းသတ်ခဲ့ကြပါတယ်။ မီးလောင်ကျွမ်းမှုက တော်တော်များတယ်လို့ ပြောနိုင်ပါတယ်"ဟု Eleven Media Group သတင်းထောက်က ပြောပါသည်။
မီးလောင်ကျွမ်း ပျက်စီးခဲ့သော နေရာမှာ ၇ ဧကခန့် ရှိကြောင်းနှင့် လမ်းအ၀င်အထွက် မကောင်းခြင်းက မီးငြိမ်းသတ်ရန် လာသော မီးသတ်ယာဉ်များအတွက် အခက်အခဲ ဖြစ်စေခဲ့ကြောင်းနှင့် ယခုကဲ့သို့ ကြီးမားမီးလောင်မှုမျိုးကို မြင်တွေ့ခဲ့ရဖူးခြင်း မရှိကြောင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာအနီးတွင် နေထိုင်နေသော မြန်မာမှု ဗိသုကာ ပညာရှင် တမ္ပ၀တီ ဦးဝင်းမောင်က Eleven Media Group သို့ ပြောပါသည်။
ထို့အပြင် မီးလောင်းကျွမ်းမှု ဖြစ်ပွားရာ နေရာသို့ အစောဆုံးရောက်ရှိခဲ့သော အောင်ပင်လယ် မီးသတ်စခန်းမှ မီးသတ်သမား တစ်ဦးကလည်း လမ်းအခက်အခဲကြောင့် မီးသတ်ယာဉ်များ အခက်တွေ့ခဲ့ရကြောင်း၊ ပထမဦးဆုံး ရောက်ရှိလာသော မီးသတ်ယာဉ်အချို့မှာ လမ်းကျွံကျမှု ဖြစ်ခဲ့သဖြင့် နောက်ပိုင်း ရောက်လာသော မီးသတ်ယာဉ်များ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ခြင်းများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ချီပါရပ်ကွက် မီးလောင်ကျွမ်းမှု မြင်ကွင်းများ
မီးလောင်ကျွမ်းမှု စတင်ဖြစ်ပေါ် ရခြင်း အကြောင်းနှင့် ပျက်စီး ဆုံးရှုံးမှု ပမာဏာကို ဧပြီလ ၁၂ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၃၀ အချိန်အထိ သက်ဆိုင်ရာ၏ အတည်ပြုချက် မရရှိခဲ့ပေ။
လက်ရှိအချိန်တွင် မီးဘေး သင့်သူများကို မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေရာအနီးရှိ မှန်ကင်း ကျောင်းတိုက် အတွင်းတွင် ယာယီ နေထိုင်ခွင့် ပြုထားကြောင်း သိရှိရပါသည်။
ချီပါရပ်ကွက် မီးလောင်ကျွမ်းမှု မြင်ကွင်းများ
ချီပါရပ်ကွက် မီးဘေးသင့် ပြည်သူများအား တွေ့ရစဉ်
ချီပါရပ်ကွက် မီးဘေးသင့် ပြည်သူများကို တွေ့ရစဉ်
ချီပါရပ်ကွက် မီးဘေးသင့် ပြည်သူများကို တွေ့ရစဉ်
ချီပါရပ်ကွက် မီးဘေးသင့် ပြည်သူများကို တွေ့ရစဉ်
ချီပါရပ်ကွက် မီးဘေးသင့် ပြည်သူများကို တွေ့ရစဉ်
ထို့အတူ မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်း မြို့သစ်ကွက် ၅၁ x ၅၂ လမ်းကြားတွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ် နာရီခန့် အချိန်တွင် မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
သမန်းကုန်း ရပ်ကွက် မီးလောင်မှုတွင် နေအိမ် ၉ လုံးခန့် ပျက်ဆီး ဆုံးရှုံးခဲ့ ကြောင်း ဒေသခံများက ပြောပါသည်။ ထိုမီးလောင်မှုသည် ယနေ့ နံနက်ပိုင်းက ချမ်းမြ သာစည်မြို့နယ်၊ တမ္ပ၀တီရပ်၊ ချီပါ ရပ်ကွက် အရှေ့ဘက်တွင် မီးလောင် ကျွမ်းမှု ဖြစ်ခဲ့ပြီးနောက် တစ်နေ့တည်း၌ ဒုတိယ အကြိမ် ဖြစ်ပွားသော မီးလောင်ကျွမ်းမှု ဖြစ်ပါသည်။
မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္မ၀တီရပ်၊ ချီပါ အရှေ့ဘက်တွင် ဧပြီလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ၅ မိနစ်ခန့် အချိန်က ဖြစ်ပွားခဲ့သော မီးလောင်မှုတွင် စုစုပေါင်း အိမ်ခြေ ၁၂၀ ခန့် မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးနှင့် မီးစတင် လောင်ကျွမ်းရခြင်း အကြောင်း တို့ကို မီးသတ် ဦးစီးဌာနမှ စုံစမ်းနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သည့် ရဲဇာနည် Facebook စာမျက်နှာ၌ ဧပြီလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်တွင် ဖော်ပြထားပါသည်။
အဆိုပါ ဖြစ်စဉ်တွင် လူသေဆုံးမှု မရှိဘဲ မီးလောင်ကျွမ်းမှုကြောင့် နံရံကပ်တိုက် ၂၃ လုံး၊ အာစီတိုက် ၂ လုံး၊ တစ်ထပ်တိုက် ၅ လုံး၊ ထရံကာ/သွပ်မိုးနေအိမ် ၉၀ လုံး စုစုပေါင်း အိမ်ခြေ ၁၂၀ ခန့် မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။
မန္တလေးတိုင်း ဒေသကြီး ဗဟိုမီးသတ် ဦးစီးဌာနသို့ ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က ဆက်သွယ် မေးမြန်းမှုအရ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်၊ ချီပါရပ်ကွက် အရှေ့ဘက် မီးလောင်မှုသည် ဧပြီ ၁၂ ရက် နံနက် ၂ နာရီတွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး နံနက် ၄ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း၊ ထိုမီးလောင်မှု သည် ရေပေါ်စာ ပေါ်တွင် ခြင်ဆေး ထွန်းထားရာမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး အိမ်ခြေ ၁၂၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့အတူ ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်း မြို့သစ်ရပ်ကွက် ၅၁×၅၂ လမ်းကြား မီးလောင်မှုမှာ နံနက် ၆ နာရီအချိန်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး နံနက် ၆ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးဖို မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခဲ့သော ထိုမီးလောင်မှုတွင် အိမ်ခြေ ၁၀ လုံးခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်း မြို့သစ်ကွက် ၅၁ x ၅၂ လမ်းကြား မီးလောင်မှု မြင်ကွင်းများ
Labels:
ဗဟုသုတ,
ဝမ်းနည်းစရာများ,
သတင်း,
သိမှတ်ဖွယ်ရာ
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
- ► 07/28 - 08/04 (293)
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
-
▼
04/07 - 04/14
(49)
- မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်၊ ချီ...
- သာမန် ၀တ်စားဆင်ယဉ်မှု ဖြင့်သာ သင်္ကြန် လည်သည့် အမျိုး...
- မည်သူမဆို လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါသည်။
- မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်းရွာကို မွတ်ဆလင်မ...
- အင်ဒိုနီးရှားတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ေ...
- မလေးရှားသို့ မြန်မာမိန်းခလေးများ အိမ်ဖော်အရေးနှင့်...
- ဒကာမ နဲ့ Kissing ရိုက်..ပေါင်ကိုပွတ်..ချဲဂဏာန်းပေး...
- မြန်မာနိုင်ငံနှစ်သစ်မှာ ငြိမ်းချမ်းဖို့ အမေရိကန်ဆု...
- ခေါင်းဆောင်ကြီးကို ဂုံပြုတဲ့တေးပါ
- သင်္ကြန်သံချပ်တွေမှာ လူထုခံစားချက်ထင်ဟပ်
- ဒေါ်စုဂျပန်ခရီးစဉ် ပထမနေ့
- သင်္ကြန်သံချပ်တွေမှာ လူထုခံစားချက်ထင်ဟပ်
- မိတ္ထီလာအကြမ်းဖက်မှု ပြစ်ဒဏ်များချမှတ်
- သင်္ကြန်အကြို မန္တလေးမီး အိမ်ရာကျော်ပြာကျ
- Burmese TV Update 04-12-2013
- RFA Burmese TV 2013 April 11
- ဘန်ကောက် မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲအတွင်း မြန်မာနို...
- အနုပညာရှင်တို့ စီးပွားဖြစ်တဲ့ သင်္ကြန်
- Published on Apr 11, 2013 သင်္ကြန်ပွဲတော်အမီ ရန်ကုန...
- ၁၃၇၅ ခုနှစ်မန္တလေး သင်္ကြန်စာ (၂၀၁၃ ခုနှစ် ဧပြီလ မှ ...
- လာဘ်ပေးလာဘ်ယူကိစ္စ မဖြစ်စေရန် အမျိုးသားစီမံကိန်းနှင...
- ရန်ကုန်တိုင်း အစိုးရ ငွေသုံးစွဲမှု မရှင်းလင်း
- ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးအကူအညီရရေးကိစ္စ ဦးစား...
- နှစ်သစ်မှာ ဖွဲ့စည်းပုံပြင်နိုင်ကြောင်း စံဇာဏီဘိုဟေ...
- Burmese TV Update 04-11-13
- "သံဃာ့ဂိုဏ်း မသင့်စေဖို့ "
- RFA Burmese TV 2013 April 9
- ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းဗလီ မီးလောင်မှုနှင့် ပတ်...
- သင်္ကြန်၏ ယဉ်ကျေးမှု အနှစ်သာရ
- ကောလာဟလ သတင်းများကြောင့် ယခုနှစ် သင်္ကြန်ကာလအတွက် ရေ...
- သင်္ကြန်တွင်း လုံခြုံရေးသတိရှိ
- Burmese TV Update 04-10-2013
- ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး
- ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းခ...
- ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းခ...
- ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချ...
- ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချ...
- ထာဝရငြိမ်းချမ်းရေးတဲ့လား
- ကမ္ဘာပေါ်မှာ မရှိတဲ့ မြန်မာ့ရေးရာများ---
- ငြိမ်းချမ်းရေးဆွေးနွေးမယ့် KIO နဲ့ အစိုးရတပ် တိုက်...
- အကြောက်တရားဟာ ဘဝ ရှင်သန်ခြင်းရဲ့ တစ်ခုထဲသော ဝိရောဓ...
- လား . . . ပေါင်းများစွာနှင့် ကျပ် ၁၅၀၀ တန်ဖုန်း၏
- မြေမြို၍လူမျိုးမပျောက် လူမြို၍သာ လူမျိုးပျောက်ရသ...
- မွတ်ဆလင်တွေ သတ်ဖြတ်မှုကြောင်း ဦးဇင်း“ဦးသောဘိတပျံ...
- ကျနော်ရဲ့ နိုင်ငံရေးရပ်တည်ချက်အရ လူမျိုးရေး၊ ဘာသာေ...
- သမ္မတ ဦးသိန်းစိန် Boao ဖိုရမ် တက်ရောက်
- နိုင်ငံတကာတွင်
- မြန်မာမိန်းကလေးများ မြန်မာ့ယဉ်ကျေးမှုကိုထာဝရထိန်းသိ...
- ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရား ထိန်းသိမ်းနိုင်ကြ ပါ...
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...