သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, April 11, 2013

လာဘ်ပေးလာဘ်ယူကိစ္စ မဖြစ်စေရန် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ADB (အာရှဖွံ့ဖြိုးရေးဘဏ်) နှင့် ပူးပေါင်း၍ Online မှ ကုမ္ပဏီ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်မည်


မြန်ာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများကို မှာကြားနေစဉ်
လာဘ်ပေးလာဘ်ယူ ကိစ္စမဖြစ်ပေါ်စေရန် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ADB (အာရှဖွံ့ဖြိုးရေးဘဏ်) နှင့် ပူးပေါင်း၍ Online မှ ကုမ္ပဏီ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါဌာန တာဝန် ရှိသူတစ်ဦးက ပြောသည်။
''လာမယ့် တစ်နှစ်၊နှစ်နှစ်အတွင်းမှာ Online ကနေ ကုမ္ပဏီမှတ်ပုံတင်သွားပါမယ်။ ကျွန်တော်တို့ ADB (အာရှဖွံ့ဖြိုးရေးဘဏ်) နဲ့ ပူးပေါင်းပြီး စတင်လုပ်နေပါပြီ။ စီမံချက်လည်း စတင်နေပါပြီ။ အချိန်စောရင်နောက်တစ်နှစ်၊ နောက်ကျရင် နှစ်နှစ်အတွင်းမှာ ကုမ္ပဏီမှတ်ပုံတင်တဲ့ကိစ္စ၊ သက်တမ်းတိုးကိစ္စတွေကို ကိုယ့်အိမ်၊ကိုယ့်ရုံးကနေ မှတ်ပုံတင်နိုင်တဲ့ အနေအထားကို ရောက်သွားမှာပါ။ တာဝန်ယူ လုပ်ဆောင်ပေးရတဲ့ ၀န်ထမ်းနဲ့ လုပ်ငန်းရှင်တွေ တိုက်ရိုက်ထိတွေ့မှု မရှိတဲ့အခါ လာဘ်ပေး၊ လာဘ်ယူကိစ္စတွေ မဖြစ်နိုင်ပါဘူး။
ကျွန်တော်တို့ နိုင်တဲ့အဆင့်ကနေ တစ်ဆင့်ပြီး တစ်ဆင့်တိုးပြီး လုပ်သွားဖို့ ရှိပါတယ်''ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
လာဘ်ပေး၊ လာဘ်ယူမှုများ မဖြစ်ပေါ်စေရန် ကြီးကြပ်မှုအပိုင်းတွင် ၀န်ထမ်းနှင့် လာရောက်လုပ်ကိုင်သော လုပ်ငန်းရှင်များနှင့် ကန့်ထားကြောင်း၊ ဖြစ်လေ့ဖြစ်ထရှိသော သဘောအရ လုပ်ငန်းရှင်နှင့် ၀န်ထမ်းရောထွေးမှု ရှိတတ်ကြောင်း၊ ထို့ကြောင့် လာရောက်လုပ်ငန်း လုပ်ကိုင်သူများကို သီးသန့်ကောင်တာ ထားပေးထားသည့် နည်းလမ်းမှာ နံပါတ် (၁) ဖြစ်ကြောင်း၊ နံပါတ်(၂) အနေဖြင့် ဌာနများမှ ရွေးချယ်ထားသော ၀န်ထမ်းများကို အကျင့်စာရိတ္တ၊ စွမ်းဆောင်ရည်နှင့် ဆက်ဆံရေးအရ အရည်အသွေးပြည့်စုံသော ၀န်ထမ်းများကို ရွေးချယ်၍ တာဝန်ပေးထားခြင်း ဖြစ်ကြောင်း၊  ယခုအဖွဲ့တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဌာနမှ တာဝန်ရှိသူများကိုယ်တိုင် ရုံးထိုင်၍ လုပ်ငန်းအတွင်း လာဘ်ပေး၊ လာဘ်ယူ ရှိ-မရှိ၊ အားသာချက်-အားနည်းချက်များကို ဌာနအားလုံး စုပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အာရှဖွံ့ဖြိုးရေးဘဏ်သည် အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနအပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အတွက် အသေးစား ငွေချေးလုပ်ငန်းဆိုင်ရာ ကိစ္စများ၊ဗဟိုဘဏ်ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များကို အစိုးရမှ တစ်ဆင့်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ် ပိုင်ဆိုင်မှု ရရှိခြင်းနှင့် စစ်မှန်သော အခွန်ဝင်ငွေဆိုင်ရာ စီမံခန့်ခွဲမှု၊ မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုကို မြန်ဆန်စေမည့် ပူးတွဲလုပ်ငန်း နည်းဗျူဟာ အပြည့်အ၀ဖော်ဆောင်နိုင်ရန် အကူအညီပေးမည် ဖြစ်သည်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D