သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, April 9, 2013

အကြောက်တရားဟာ ဘဝ ရှင်သန်ခြင်းရဲ့ တစ်ခုထဲသော ဝိရောဓိပဲ။

Khaing Soelynn

အကြောက်တရားဟာ ဘဝ ရှင်သန်ခြင်းရဲ့ တစ်ခုထဲသော ဝိရောဓိပဲ။
သူဟာ ဘဝကို နှိပ်နယ် ကွပ်ညှပ်နိုင်တဲ့၊ ခေါင်းမထောင်နိုင်အောင် ပြုနိုင်တဲ့ တစ်ခုထဲသောအရာ။ အကြောက်တရားဟာ လိမ္မာပါးနပ် လွန်းတယ်။ ဘယ်သူ့အပေါ်မှ မှီခိုတာမျိုးမရှိဘူး။ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိ ဆိုပေမဲ့ အကြောက်တရားကို ဥပဒေနဲ့ ထိန်းကွပ်ထားနိုင်ခြင်းမရှိဘူး။
ကြောက်ခြင်းမှာ သနားခြင်း အလျဉ်းမရှိ ဆိုတာလည်း အမှန်တရားပဲ။ ခင်ဗျားရဲ့ အားအနည်းဆုံးအပိုင်းကို သူ စိုက်လိုက်မတ်တပ် ရှာမယ်။
တွေ့ပြီဆိုလို့ကတော့ အဆက်မပြတ် သူတွယ်တော့မှာ။ လူ့ရဲ့အားအနည်းဆုံး
အပိုင်းက စိတ်ပဲ။ ဆိုတော့ အကြောက်တရားဟာ အမြဲလိုလို စိတ်ကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိတယ်။ တည်ငြိမ်၊ အေးချမ်း၊ ပျော်ရွှင်နေချိန်မျိုး မှာတောင် အကြောက်တရားဟာ သံသယဆိုတဲ့ အခြေအနေတစ်ရပ်အနေနဲ့ စိတ်နယ်နမိတ်ထဲကို သူလျှိုတစ်ယောက် လို လူမသိ သူမသိ ဝင်လာ
တတ်တယ်။ သံသယဟာ စိတ်နယ်နမိတ်ထဲရောက်တော့ သူနဲ့ ချိတ်ဆက်
ထားတဲ့ ဝိစိ...ကိစ္ဆာ ဆိုတဲ့ ငနဲနဲ့ တွေ့ရော။ အဲဒီမှာ ကိစ္စပြီးတော့တာပဲ။
ဝိစိကိစ္တာ ဟာ သူ့ချည်းသက်သက်ဆိုရင်တော့ မှုလောက်စရာမရှိပါဘူး။ မီးကျိုးမောင်းပျက် ရိုင်ဖယ်စုတ်တစ်လက် ကိုင်ထားတဲ့ ခြေလျင်တပ်သား
လိုပဲ။ သံသယနဲ့တွေ့တဲ့အခါမှာတော့ အင်မတန် အားကောင်းတဲ့ ပုဂ္ဂိုလ်
တစ်ယောက်ဖြစ်လာတယ်။ ဒီမှာပဲ ခင်ဗျားရဲ့ စိတ်နယ်နမိတ်ထဲမှာ ပြာယာ
ခတ်ခြင်း၊ ယောက်ယက်ခတ်ခြင်း ဆိုတဲ့ မလုံခြုံမှုတွေ ဖြစ်လာတယ်။
ဒါပေမဲ့ ကနဦးမှာတော့ ဆင်ခြင်တုံတရားတပ်သားတွေ လွှတ်ပြီး အဓိကရုဏ်းကို နှိမ်နင်းလို့ရသေးတယ်။ ဆင်ခြင်တုံတရားဟာ တိုက်ရည်လည်းဝ၊ လက်နက်လည်းစုံတဲ့ ဝါရင့် တပ်မဟာကြီးပဲ။ ဒါပေမဲ့ သံသယနဲ့ ဝိစိကိစ္ဆာ ခိုင်ခိုင်မြဲမြဲပေါင်းမိလို့ ခင်ဗျားရဲ့ စိတ်နယ်နမိတ်ကို
ဆောက်တည်ရာမရ ဖြစ်အောင် ကိုင်လှုပ်နိုင်ပြီဆိုရင် ဆင်ခြင်တုံတရား တပ်မဟာလည်း ဒူးထောက်၊ လက်မြှောက်ရတာပဲ။
အဲသလိုအခြေအနေမှာ အကြောက်တရားဟာ ခေါဘဏီ တပ်ချီပြီး ခင်ဗျားတစ်ကိုယ်လုံးကို အလုံးအရင်းနဲ့ ဝင် အာဏာ သိမ်းလိုက်တာပဲ။ တစ်ခုခုတော့ အကြီးအကျယ်မှားနေပြီလို့ သိတဲ့အချိန်မှာ နောက်ကျ
သွားခဲ့ပြီ။ အဆုတ်တွေ ဟာ တရွှီးရွှီးမြည်လာမယ်။ အစာချေစနစ်ဟာ အကြောက်တရားရဲ့ ဖိနှိပ်မှုအောက်မှာ ပြားပြားဝပ်သွားမယ်။ လျှာက ခဲ ဆွဲထားသလို ဆွံ့သွား အသွားမယ်။ ပါးစပ်က ဟောင်းလောင်းပွင့်လာမယ်။ နားတွေက ထိုင်းသွားမယ်။ ကြွက်သားတွေ က ငှက်ဖျားမိသလို ဆတ်ဆတ်တုန်လာမယ်။ ဒူးတွေက မခိုင်-ယိုင်နဲ့နဲ့ ဖြစ်လာမယ်။ နှလုံးဟာ မနိုင်ဝန်ထမ်းရင်း အကြီးအကျယ် အလုပ်လုပ်ရမယ်။ ဒွါရကိုးပေါက်ကတော့ ဒိုးယိုပေါက် ပွင့်ကုန်လိမ့်မယ်။ နောက်ဆုံးတော့ တစ်ကိုယ် လုံးကို အုပ်စီးမိသွားတဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာ အကြောက်တရား ကြီးစိုးနေပြီ ဆိုတာကို သက်သေပြနိုင်တဲ့ တစ်ခု ထဲ သောအရာဟာ မျက်လုံးတွေပဲ ကျန်ရစ်တော့တယ်။
သင့်လူ*
*ဆရာမြ ပြန်ဖူးတဲ့ ဂါစီယာမားကေးရဲ့ အခြားတစ်ပုဒ်" ဝေးလွင့်ကင်းကွာ
နှစ်တစ်ရာ" ဘာသာပြန်ခဲ့တဲ့ ဆရာဝန် စာရေးဆရာ ပါ ။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D