သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, April 13, 2013

မည်သူမဆို လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါသည်။

ကျနော်တယောက်လည်း အင်္ဂလိပ်လိုလေး မတောက်တခေါက် ဖတ်တတ်လာတော့ ကမ္ဘာ့မီဒီယာ အကြီးကြီးကြီးတွေရဲ့ အချိန်နဲ့အမျှ တဟီးဟီးထနေတဲ့ သတင်းတွေကို ဟိုဟိုဒီဒီ လိုက်ဖတ်မိတယ်ဗျာ…။ အထူးသဖြင့် မြန်မာ့အရေးနဲ့ ပါတ်သတ်ပြီးတော့ ဖတ်ဖြစ်တယ်…။

 လက်ရှိဖြစ်နေတဲ့ ဘာသာရေးခေါင်းစဉ်တပ် အကြမ်းဖက်မှုတွေကို တားဆီးနိုင်ဖို့ဆိုပြီး ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ စုပေါင်းဆွေးနွေးတဲ့ သတင်းကို ဖတ်လိုက်ရတယ်။ အဲဒီ ဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာရှိတဲ့ ထိပ်တန်း ဆရာတော်တွေ၊ ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ မူစလင်ခေါင်းဆောင်တွေအပြင် အခြားသော ပါတီခေါင်းဆောင်တွေပါ တက်ရောက် ကြတယ်။ အဲဒီအထဲမှာမှ နိုင်ငံတကာမီဒီယာတွေရဲ့ စာမျက်နှာတွေအပေါ် မူစလင်ဆန့်ကျင်သူ ကိုးခြောက်ကိုး တံဆိပ်တည်ထောင်သူ အဖြစ်နဲ့ နာမည်ကျော်ကြားနေတဲ့ အရှင်ဝီရသူလည်း ပါသကိုးဗျ။


ဘာပဲဖြစ်ဖြစ် အဲသလို သတင်းလေးတွေ ဖတ်မိတော့ အားတက်မိတယ်။ မြန်မာနိုင်ငံမှာက စကားလုံးတခုဟာ အနှစ်ငါးဆယ် ကျော်ကြာအောင် ခေတ်မီနေဆဲ လက်ဆတ်နေဆဲ ဖြစ်နေတယ်။ အဲဒီလို နှစ်ပေါင်းများစွာ “ဆီမန်း” မန်းသလို တဖွဖွ ရွတ်လာရတဲ့ “မြန်မာပြည် အမြန်ငြိမ်းချမ်းပါစေ” ( Peace in Burma Now ) ဆိုတဲ့ စကားလုံးကြီးက ယနေ့အချိန်ထိ သက်ဆိုးရှည်နေသေးတော့ တိုင်းပြည်လည်း နာလန်မထူ၊ နိုင်ငံသားတွေလည်း ငါးပိအူကနေ ဆီဦးထောပတ်အူဘဝ မရောက်နိုင်ပဲ ကြပ်တည်းမှုတွေကြား တဝဲလည်လည်နဲ့ ကူးခတ်ပင်ပန်းနေကြတုန်း ဖြစ်တယ်။ အဲဒီတော့ ကမ္ဘာမှာ ကျနော်တို့ နိုင်ငံသားတွေလောက် ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို ငတ်မွတ်ရတဲ့သူတွေအပြင် ဘယ်သူများရှိလိမ့်မလဲလို့တောင် ဒုက္ခ သုက္ခတွေကြားထဲက အားမာန်ခဲလို့ ငါးပိသံဝဲဝဲနဲ့အော်ပြီး မေးခွန်းထုတ်ချင်မိသေးရဲ့။ ဒါပေမယ့် တိုင်းပြည်ကြီးဟာ အခုချိန်ထိ တမျိုးတဖုံ နေရာအစုံကို မီးဟုန်းဟုန်း တောက်နေသေးသဗျို့။

တိုင်းပြည်က ဆင်းရဲရတဲ့အထဲ အကြမ်းဖက်မှုတွေ ဟိုကပေါ် ဒီကပေါ်ဆိုတော့ “ဒုက္ခိတ ပျားတုတ်ခံရ” သလိုပဲ ဆိုပြီး ကျနော်တော့ လက်ရှိအခြေအနေကို ဝမ်းနည်းပက်လက်နဲ့ ပြောမိတယ်။ ဒါပေမယ့် ဆရာကြီး ဦးဝင်းတင်ကတော့ “လက်ရှိမြန်မာပြည်ကြီးဟာ ဓါတ်ဆီဖြန်းထားတဲ့ ကောက်ရိုးပုံလိုပဲ၊ မီးစ တစက်ကျလိုက်တာနဲ့ ကူးစက်ပြန့်ပွားတာ သိပ်မြန်တာပဲ” ဆိုပြီး ပြောလိုက်တာ ကြားလိုက် ရတယ်။

ကောက်ရိုးမျှင်ဟာ သူ့အလိုလိုကို မီးစ၊ မီးမွှားလေး တခုကျရုံနဲ့ အလွယ်တကူ ဟုန်းခနဲ ထပြီး ကောက်ရိုးတပုံလုံးကို ချက်ချင်းကူးပြီးလောင်တာမျိုးလေ။ အဲဒီအပေါ်မှာမှ ဓါတ်ဆီကိုပါ ဖြန်းထားသေးတယ်ဆိုတော့ အဲဒီမီးရဲ့ ကူးစက်နှုန်းအဟုန်ဟာ အလင်းရဲ့အရှိန်ထက်တောင် မြန်မလားပဲလို့ တွေးပြီး လန့်နေမိတယ်။ မလန့်နိုင်ရိုးလား။ မိတ္ထီလာမှာ သာမန်အရောင်းအဝယ် ပြဿနာကနေ တမြို့လုံး ပြာကျတဲ့အဆင့်အထိ အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုသလို အသက်တွေဆုံးရှုံး လူတွေ အတုံးအရုံး ဒုက္ခရောက်နေကြပေါ့။

နောက် ချက်ချင်းဆိုသလို ရမည်းသင်း၊ အုတ်ဖို၊ မင်းလှ၊ နတ္တလင်း၊ ကြို့ပင်ကောက်၊ မအောင်မြင်၊ စစ်ကွင်း အစရှိတဲ့ မြို့တွေကိုပါ ကူးစက်ပြန့်နှံ့သွားတယ်ဆိုတော့ သာမန်ကောက်ရိုးမီးတော့ မဟုတ်လောက်ဘူးလို့ ဆရာကြီး အနေနဲ့ မြင်လိမ့်မပေါ့။ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ ဓါတ်ဆီဖြန်းသူတွေ ဘယ်သူလဲဆိုတာကိုပဲ စီကာစဉ်ကာ ဥာဏ်တထွာတမိုက် မပြည့်တပြည့်နဲ့ စဉ်းစားခန်းဝင်နေမိတယ်။

မိတ္ထီလာအရေး ဓါတ်ဆီဖြန်းသူတွေ လက်ပံတောင်း မီးလောင်ဗုံးလို တရားခံမရှိဖြစ်မှာကိုတော့ မဝံ့မရဲနဲ့ စိုးရိမ်မိသေးသဗျာ။ ရခိုင်အရေး ကော်မရှင်အသံ နှုတ်ပိတ်နေပေမယ့်လည်း မကြာခင်မှာပဲ အမှန်တရားတွေ ဖွင့်ဟ၊ မျက်နှာဖုံးတွေ ခွါချပြီး အသံတစီစီ ညံလာမလားလို့လည်း နားစွင့်မိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်တန်တော့ နွားပိန်ကန်မပေါ့။

အမှန်တရားဆိုတာ ဘယ်သူများ ကြာကြာဖုံးနိုင်ပါ့မလဲ။ ဒါပေမယ့် စစ်ဘောင်းဘီကျွတ်တို့ အဲဘွာတေး လက်ရှိသမ္မတကြီးတို့ထုံး နှလုံးသွင်းပြီး “လာမယ်….ကြာမယ်” ဆိုတာမျိုးတွေကို ဆန္ဒမစောပဲ ကြိတ်မှိတ်စောင့်ရဦးမပေါ့။ ရခိုင်အရေး မိတ္ထီလာအရေးတို့ ဘယ်တော့ နားပိန်ကန်မလဲတော့ မသိဘူး၊ မနှစ်က ဘင်္ဂလားဒေ့ရှ်မှာ ဗုဒ္ဓဘာသာကျောင်းတွေကို ဖျက်စီးခဲ့တဲ့ အရေးအခင်းရဲ့ နောက်ကွယ်က တရားခံအမှန်တော့ ပေါ်ပြီဗျို့။

မူစလင်ဘာသာဝင်တွေရဲ့ ကိုရမ်ကျမ်းစာအုပ် မီးရှို့နေတဲ့ပုံကို ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ဗုဒ္ဓဘာသာဝင်လူငယ်တဦးက တင်လို့ဆိုပြီး စွပ်စွဲချက်နဲ့အတူ ပေါက်ဖွားခဲ့တဲ့ အကြမ်းဖက်မှုကို မှတ်မိကြဦးမှာပေါ့။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ စစ်တကောင်းနယ်တွေမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တဲ့ အဲဒီအကြမ်းဖက်မှုကြီးရဲ့ အဓိက ဖန်တီးသူကို ရဲတပ်ဖွဲ့က အမိအရဖမ်းဆီးပြီး ရုံးတင်တရားစွဲလိုက်ပြီတဲ့ဗျာ။

ဖေ့ဘုတ်ပေါ်က ဓါတ်ပုံလေးကနေ အစပြုလို့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့ည သန်းခေါင်ကျော်အချိန်ကစပြီး ဒေါသတကြီးနဲ့ ဖျက်စီးလိုက်ကြတာ စေတီ (၁၀) ဆူ အပါအဝင် ဘုန်းကြီးကျောင်းများစွာ ပျက်စီးခဲ့ရတယ်။ တပြိုင်တည်းမှာပဲ မီးပြာပုံအလယ်မှာ မီးကျွမ်းနေတဲ့ ဆင်းတုတော်တွေဟာ မီးခိုးတအူအူကြားထဲ တငွေ့ငွေ့လောင်ကျွမ်းနေတဲ့ ပုံတွေကို သတင်းဌာန အချို့ကနေ စိတ်မကောင်းစွာ မြင်ခဲ့ကြရတယ်။ လက်သည်က မူစလင်တွေဖြစ်နေလို့ပဲ ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့ကြီးလည်း အဲဒီအကြမ်းဖက်မှုအပေါ် ဘာအသံမှ ထွက်မလာပဲ နှာများစီးနေလေရော့သလားဆိုပြီး နားဝေတိမ်တောင် အူလည်လည် ကျနော်တယောက် အတွေးခေါင်ခဲ့ မိသေးတယ်။ ရှိစေတော့ဗျို့။

တကယ်တော့ ဗုဒ္ဓဘာသာဝင်လူငယ်လေးရဲ့ ဖေ့ဘုတ်ကို တစုံတယောက်က Tag လုပ်ပြီး တင်သွားတဲ့အတွက် သူ့ wall မှာ သွားပေါ်နေတာဖြစ်ပြီး သူကိုယ်တိုင် အဆိုပါ မူစလင်ဆန့်ကျင်တဲ့ ပုံကို တင်တာမဟုတ်တဲ့အတွက်ကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရကိုယ်တိုင် သူတို့သားအမိကို စောင့်ရှောက်ခဲ့ရသလို ဖေ့ဘုတ်အကောင့်ကိုပါ ဖျက်ပေးခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အဲဒီဓါတ်ပုံလေးတပုံဟာ ရွာပေါင်းများစွာက လူတွေ အခြေမဲ့၊ အနေမဲ့ ဖြစ်သွားကြရတယ်။ သံဃာတော်တချို့နဲ့ လူတချို့ အသက်ဆုံးရှုံးခဲ့ရသလို ထိခိုက် ဒဏ်ရာများစွာ ရခဲ့ကြရတယ်။ တခြားဘာသာရဲ့ အဆောက်အဦးတွေ၊ အထွဋ်အမြတ်ထားရာ စေတီတော်၊ ဆင်းတုတော်တွေ အပြင်မှာ လက်တွေ့မီးပြာကျခဲ့ရတယ်။

ဘာဖြစ်လို့ သာမန်ပြဿနာ တခုကနေ အဲဒီလောက်ထိ ကြီးကျယ်တဲ့ အကြမ်းဖက်မှုကြီး ပေါ်ပေါက်လာရအောင် ပြင်းထန်သွားရတာလဲဆိုတာကိုတော့ တနှစ်ကြာမှပဲ အဖြေထွက်တော့တယ်ဗျို့။ သူတို့နိုင်ငံကတော့ သမ္မတကြီးတို့လို ကော်မရှင် ဖွဲ့တယ်လည်း မကြားမိပါဘူး။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့တွေရဲ့ ကြိုးစားမှုကြောင့် အချိန်မှန် နွားပိန်ကန်လေတော့ ဓါတ်ဆီလောင်းသူတွေ ပါးစပ်ဟောင်းလောင်း ဖြစ်ရတော့တာပေါ့။

အဲဒီအကြမ်းဖက်မှုကြီး တနည်း လူ့အခွင့်အရေးကို အပြည့်အဝ ဆန့်ကျင်တဲ့ လုပ်ရပ်ကြီးရဲ့ အဓိက တရားခံက လူ့အခွင့်အရေးကို တစာစာအော်ပြီး ကမ္ဘာမှာ အသည်းကုန် နာမည်ကျော်နေတဲ့ ရိုဟင်ဂျာ အမည်ရ လူတစုအတွက် ဖွဲ့စည်းထားတဲ့ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ ( Rohigya Solidarity Organization ခေါ် RSO ) ရဲ့ ခေါင်းဆောင်တဦးဖြစ်နေတယ်။ အဲဒီတော့ ဓါတ်ဆီလောင်းသူတွေ ပါးစပ်ကြီးဟောင်းလောင်း ဖြစ်ကုန်ကြရှာတာကို အထူးတလည်လုပ်ပြီး သိပ်အံ့သြမနေတော့ပါဘူး။

RSO (Rohigya Solidarity Organization) ရဲ့ သမိုင်းနောက်ခံလေးကို ကြုံတုန်း ပြောပြချင်သေးဗျာ။ ၁၉၇၀ လောက်မှာ Rohingya Patriotic Front (RPF) ဆိုပြီး မူဟာမက် ဂျာဖား ဟာဗစ်ဆိုတဲ့သူက ဦးဆောင်ခဲ့ပြီး ၁၉၈၀ ခုနှစ်ကျမှ RPF ကနေ RSO အမည်နဲ့ မူဟာမက် ယူနွတ် ဆိုသူက ဦးဆောင်ပြီး ခွဲထွက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် NUO အင်္ဂလိပ် သတင်းစာက အတိအကျ ရေးသားထားတယ်။ အကြမ်းဖက်မှုကြီးရဲ့ တရားခံဖြစ်သူကို မတ်လ ၂၁ ရက်နေ့က ကော့စစ်ဘာဇာခရိုင်၊ တာ့ခ်နာမြို့မှာရှိတဲ့ Hila Darus Sunnah Madrasah ဘာသာရေး စာသင်ကျောင်းအတွင်း ဖမ်းမိခဲ့တယ်လို့ သိရတယ်။

သူ့နာမည်က ဟာဖက်ဇ်စနောလ် အစ်စလန် ( Hafez Sanaul Islam ) လို့ ခေါ်လေရဲ့။ ရခိုင်အကြမ်းဖက်မှုကြီးတွေ၊ မိတ္ထီလာ အကြမ်းဖက်မှုကြီးတွေ၊ ရိုဟင်ဂျာအရေးတွေကို နာမည်ကြီး ကမ္ဘာ့ဒိတ်ဒိတ်ကျဲ မီဒီယာတွေဖြစ်တဲ့ အယ်ဂျယ်ဇီးယား၊ ဘီဘီစီနဲ့ ဘန်ကောက်ပိုစ့်တို့အပြင် အခြား ခြေကြီးလက်ကြီး မီဒီယာအသံကျယ်ကြီးတွေက ခေါင်းကြီးပိုင်းအနေနဲ့ ရေးသားတင်ဆက်ကြပေမယ့် အလားတူ အခုလို ဘင်္ဂလား အကြမ်းဖက်မှုကြီး တရားခံပေါ်လာတဲ့သတင်းကိုတော့ ဝေဝေဆာဆာ နှုတ်ဆိတ်နေကြတဲ့အပေါ် မင်သက်မိတယ်။ ဒါပေမယ့် လူ့အခွင့်အရေး အင်မတန်ဆုံးရှုံးနစ်နာနေရရှာတဲ့ ရိုဟင်ဂျာအရေးတွေမှာ ပိုပြီးအားစိုက်ရေးရလွန်းလို့ လက်ပန်းကျသွားတာကြောင့်နေမှာပါ ဆိုပြီး ဖြည့်တွေးကလေးနဲ့အတူ ရင်ထဲကြွကြွလာတဲ့ သံသယတွေကို ဖြေမိလေရဲ့။

အဲဒီလို ဖြေဆေးနည်းနဲ့တွေးကြည့်ပေမယ့် ဦးနှောက်ထဲသိပ်ပြီး ဟန်မကျ ဖြစ်မိတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခုလို အကြမ်းဖက်မှုကြီးရဲ့ အဓိက တရားခံက ရိုဟင်ဂျာ ထိပ်သီးအဖွဲ့စည်းကြီးရဲ့ အဓိပတိခေါင်းဆောင်ကြီးဖြစ်လေတော့ သူတို့ခေါင်းကြီးပိုင်း ရေးနေကျ ဘာသာရေး အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရိုဟင်ဂျာ အရေးကြီးသတင်းမျိုးပဲ မဟုတ်ဘူးလား။ အရင်လို ရေးလုံးထွား၊ လက်ဇောင်းထက်၊ သွက်သွက်လက်လက် ထက်ထက်မြက်မြက်ကြီး ဖြစ်နေရမှာပေါ့။ အခုမတော့ ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာလောက်နဲ့တင် သတင်းမျက်နှာငယ်ပြီး အသံဆိတ်နေရလေတော့ အတွေးနယ်ချဲ့မိတဲ့ ကျနော့်ခမျာ ဇက်ကလေးပုပြီး အံ့သြမိတာပေါ့။ ဒါ့ထက် ပိုပြီး အံ့အားသင့် တုန်လှုပ်မိတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် NUO အင်္ဂလိပ်သတင်းစာရဲ့ သူနဲ့ပါတ်သတ်ပြီး သတင်းတူးဆွ ရဲရဲဝင့်ဝင့်ဖော်ထုတ်ချက်ပဲဗျ။

NUO သတင်းစာရဲ့အဆိုအရ တရားခံ ဟာဖက်ဇ် စနောလ် အစ်စလန် ဟာ RSO အပါအဝင် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ၁၉၇၈ လောက်ကတည်းက ချိတ်ဆက်ပြီး RSO (Rohigya Solidarity Organization ) ရဲ့ အဓိက ပန်းတိုင်ကြီးတခုကို တစိုက်မတ်မတ် အကောင်အထည်ဖော်နေသူ ဖြစ်တယ်။ RSO ရဲ့ ပင်မ ရည်ရွယ်ချက်ကြီးကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသတွေကို သိမ်းယူပြီး အဓိက ပန်းတိုင်ကတော့ လွတ်လပ်သော မူစလင် နိုင်ငံကြီး တည်ထောင်ဖို့ပဲ ဖြစ်သတဲ့ဗျား။

NUO ရဲ့ သတင်းစကား ကြားလိုက်ရတာနဲ့တင် ဆယ်တန်းကျောင်းသားဘဝက ကျက်ခဲ့ဖူးတဲ့ “အချုပ်တန်းဆရာဖေ” ရဲ့ “ဆောင်းရတုပွဲ” တေးထပ်ထဲကလို “သွေးလန့်လို့ခုန် ဗျာဆုံ” မိသပေါ့။ သူ့လို ချမ်းလွန်းလို့ သွေးတောင်လန့်ပြီးခုန် ဗျာဆုံ ( ပူပင်ကြောင့်ကြစိုးရိမ် ) ပြီး သောကရောက်ရတာမျိုးထက် ပိုတာပေါ့ဗျာ။ မပိုနိုင်ရိုးလား။ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသမှာ လွတ်လပ်သော မူစလင်နိုင်ငံတော်အတွက် လွတ်လွတ်လပ်လပ်အကြမ်းဖက်နေကြတာကြောင့် အပြစ်မဲ့ ထိုင်းပြည်သူတွေ နေ့စဉ် အသက်ဆုံးရှုံးနေကြရ၊ စိုးရိမ်ပူပန်နေရ၊ လုံခြုံမှုကင်းမဲ့ပြီး သောကရောက်နေရ၊ သံဃာတော်တွေ အစောင့်အရှောက်နဲ့ ဆွမ်းခံကြွရတာတွေက လက်တွေ့သက်သေပြနေလေတော့ စစ်အာဏာရှင်အောက်မှာ ရာစုနှစ်တဝက်ကြာ မသေမရှင်ဖြစ်နေတဲ့ ကျနော်တို့ နိုင်ငံမျိုးမှာ ဒီမိုကရေစီထမင်းလုတ် ပြတ်တလှည့် ငတ်တလှည့်နဲ့ ငြိမ်းချမ်းစွာ နေရမယ်မှ စိတ်ကူးရုံရှိသေး တိုင်းပြည်တစိတ်လုပြီး ဒုက္ခပေးမယ့် အရေး လူတစု လိမ်ညာဂျိုသွေးနေကြလေတော့ လူငယ်တဦးအနေနဲ့ ရင်ထဲနေဆယ်စင်းလို ပူနေမိပေါ့။

နောက်ပြီး View of Bilal Rashid on Violence in Burma လို့ ခေါင်းစဉ်နဲ့ You Tube ပေါ်မှာ တင်ထားတဲ့ VOA ရဲ့ အင်တာဗျူးတခုကိုလည်း နားထောင်မိသဗျာ။ အင်တာဗျူးဖြေဆိုသူ Mr.Bial Rashid ကလည်း ခေသူမဟုတ်ဘူးဗျ။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတကွ တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်ကြီး ဦးရာရှစ် ရဲ့ သား ဖြစ်ပြီး အမေရိကန်လိုနိုင်ငံကြီးမှာ အခြေစိုက်တဲ့ Burmese Muslim Association မြန်မာမူစလင်အသင်းကြီးရဲ့ ဥက္ကဌလည်း ဖြစ်တယ်။ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ တနည်း စစ်အာဏာရှင်တွန်းလှန်ခဲ့တဲ့နေရာမှာ ပါဝင်ခဲ့တယ်လို့ နာမည်မထွက်လေတော့ အဖေတူသားဆိုပြီး ဂုဏ်ယူလို့မရပေမယ့် မြန်မာမူစလင် အသင်းကြီးကို ဦးဆောင်နိုင်သေးလေတော့ Mr.Bial Rashid ကို လေးစားမိသပေါ့ဗျာ။

သူက မိတ္ထီလာအရေးနဲ့ပါတ်သတ်လို့ အိုဘားမားဆီ စာတစောင်ပို့တဲ့အပေါ် VOA က မေးရင်း ဆက်စပ်ပြီး ရိုဟင်ဂျာဟာ တိုင်းရင်းသားလားဆိုတဲ့ မေးခွန်းအပေါ် သူရဲ့အဖြေကြောင့် မျက်လုံးပြူး နားကား ဦးနှောက်ပါတ်ချာလည်ခဲ့ရတယ်။ သူက ရဲရဲဝင့်ဝင့် ပြတ်ပြတ်သားသားဖြေတယ်ဗျ။ ရိုဟင်ဂျာဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား မဟုတ်ပါဘူး၊ တိုင်းရင်းသားဆိုပြီး တောင်းဆိုတာလည်း မှားတယ် ဆိုပြီး သုံးသပ်ပြောဆိုသွားတယ်။ နိုင်ငံသားအဖြစ်တောင်းဆိုတဲ့အပေါ်တော့ တရားမဝင် မြန်မာနိုင်ငံထဲ ပင်လယ်ပြင်ကနေ ခိုးဝင်လာတဲ့ ဘင်္ဂလီများကလည်း ရိုဟင်ဂျာအမည်ခံပြီး နိုင်ငံသားမဟုတ်ပဲ တောင်းဆိုနေတာတွေကြောင့် မှန်ကန်စွာ စစ်ဆေးပြီး ပေးသင့်တယ်လို့ အဖြေမှန်ထုတ်ပေးသွားတယ်။

အဲဒီတော့ ရိုဟင်ဂျာဟာ မြန်မာနိုင်ငံတိုင်းရင်းသားပါဆိုပြီး Burma Campaign UK, US အပါအဝင် မီဒီယာတွေမှာ ဝါဒမှိုင်းတိုက်တာကတမျိုး ကိုယ်တိုင် Website Blog တွေ ဖန်တီးပြီး ဘာသာစကား၊ စာပေ၊ သမိုင်း ဆိုပြီး တိုင်းရင်းသားပုံ မပေါ်ပေါ်အောင် နင်းကန်ဖန်တီးတာကတဖုံ အမျိုးစုံ နည်းလမ်းတွေနဲ့ ရိုဟင်ဂျာတက်ကြွသူတွေ ဘယ်လိုများဖြေရှင်း ငြင်းချင်သေးသလဲလို့ မေးခွန်းထုတ်ပါရစေ။

ကျနော်အပါအဝင် လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားကြတဲ့ တကမ္ဘာလုံးမှာ ရှိနေတဲ့ လူသားတွေကို ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ဆုံးရှုံးပြီး ဒုက္ခရောက်နေရပါတယ်ဆိုပြီး မီဒီယာအသီးသီးတင်မက ကမ္ဘာ့ကုလသမဂ္ဂကိုပါ စာတင်ပြီး အသနားခံသူတွေ ကိုယ်တိုင်က ၂၀၁၂ ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှုကြီး လူ့အခွင့်အရေးချိုးဖောက်မှုကြီးကို ဖန်တီးခဲ့တာကိုရော ဘယ်လိုအကြောင်းပြချက် ပေးဦးမှာလဲ။

RSO ရဲ့ မျက်နှာဖုံးကြီးပါ တပြိုင်တည်း ကျွတ်ကျပြီး လူ့အခွင့်အရေး အရေခြုံလို့ သူများနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အသက်အိုးအိမ်တွေကို နှောင့်ယှက်၊ လူ့အခွင့်အရေးတင်မက သူများနိုင်ငံကိုပါ ကျူးကျော်နယ်ချဲ့မယ့် တရားဥပဒေချိုးဖောက်နေတဲ့ အစီအစဉ်ကြီးကို ဘင်္ဂလားဒေ့ရှ် NUO သတင်းစာက ဖော်ထုတ်လိုက်တဲ့အပေါ်ရော ကမ္ဘာကို ဘယ်လိုဆက်ပြီး မျက်ရည်ခံထိုးဦးမှာလဲ။

အဲဒီတော့ အချုပ်အားဖြင့် ပြောရရင် ကျနော် အပါအဝင် ကမ္ဘာပေါ်မှာရှိတဲ့ လူ့အခွင့်အရေး လေးစားသူများစွာဟာ လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ မည်သူကိုမဆို မခွဲခြား ဂရုဏာထားဖေးမလိုကြပါတယ်။ လူသားအားလုံးကို တန်းတူအခွင့်အရေးနဲ့အတူ ငြိမ်းချမ်းစွာ ရှင်သန်စေလိုကြပါတယ်။ အဲဒီအပေါ် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အကြမ်းဖက် ဖျက်စီးလိုသူများဟာလည်း လူသားများပင်ဖြစ်တာကြောင့် လူ့အခွင့်အရေးကို ဗန်းပြ လိုရာစွဲသုံးပြီး ယခုအခါ ရည်ရွယ်ချက်ရှိရှိ အမြတ်ထုတ်နေကြပါပြီ။ အဲဒါကြောင့် ကျနော်များနည်းတူ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အသိုက်အဝန်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုလားသော နိုင်ငံကြီးသားများနှင့် ကမ္ဘာ့မီဒီယာကြီးများအနေနဲ့ လူ့အခွင့်အရေးအကျီဝတ် အကြမ်းဖက်လိုသူများရဲ့ ကောက်ရိုးမီးစ လေးကနေ တဆင့်ထက်မံပြင်းထန်ပေါက်ကွဲသွားအောင် မီးရှို့ဖောက်ခွဲဖို့ ကြိုးစားနေရကြရာမှာ မိမိအနေနဲ့ အလိုတော်ကျ လောင်စာဆီ မဖြစ်သွားစေဖို့အရေး သတိကြီးစွာချဉ်းကပ်ကြစေဖို့ စစ်မှန်သော လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်ပြီး နွေးထွေးစွာ အသိပေးလိုက်ရပါစေခင်ဗျား။

နေစကြာနိုင် ( အယ်ဒီတာချုပ် )
ခေတ်လူများ၏မှတ်စု ဂျာနယ်။ ၁၂.၄.၂၀၁၃ ( မနက် ၅:၀၃ ) —

Myawady News (Facebook) မှကူးယူဖေါ်ပြသည်...

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D