သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, April 10, 2013

ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းဗလီ မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာထုတ်ပြန်၊ စစ်ဆေးမှုများအရ ဗလီဆရာနှစ်ဦး၏ ပေါ့လျော့အားနည်းမှုကြောင့်သာ မီးလောင်မှု ဖြစ်ပွားကာ လူ ၁၃ ဦးသေဆုံးခဲ့ရ၍ ၎င်းတို့အား ဥပဒေနှင့်အညီ အရေးယူသွားမည်


၄၈ လမ်းဗလီ မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေမှူး ဦးခင်မောင်သိန်းက ဖတ်ကြားရှင်းလင်းခဲ့စဉ်
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းရှိ ဗလီတစ်ခု ဧပြီလ ၂ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်အချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ယင်းမီးလောင်မှုနှင့် ပတ်သက်၍ အဖြစ်မှန်ဖော်ထုတ်ရေး ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို ဧပြီလ ၁၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က သတင်းမီဒီယာများ တွေ့ဆုံရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။
၄၈ လမ်းဗလီ မီးလောင်မှုနှင့် ပတ်သက်၍ စုံစစ်စစ်ဆေးရေး ကော်မရှင်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဧပြီလ ၂ ရက်နေ့ ရက်စွဲပါ စာအမှတ်၊ ၁/၂-၃(၆) စီမံဖြင့် ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင်  ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အတွင်းရေးမှူးက အဖွဲ့ခေါင်းဆောင်၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး၊ ရန်ကုန်တိုင်ဒေသကြီး သာသနာရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ လက်ထောင်အင်ဂျင်နီယာချုပ်နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးတို့က အဖွဲ့ဝင်များအဖြစ် တာဝန်ယူခဲ့သည်ဟု သိရသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် မီးလောင်မှုနှင့် ပတ်သက်သော ဌာနဆိုင်ရာ ၀န်ထမ်းများ၊ မီးလောင်မှုတွင် ပါဝင်ကူညီခဲ့သူများ၊ ဗလီအတွင်း နေထိုင်သော ဆရာများနှင့် ကျောင်းသားများ၊ အစ္စလာမ် ဘာသာရေး အဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ဗလီအပေါ်ထပ်ခိုးမှ အသက်ရှင် ကျန်ရစ်သူ ကျောင်းသားငယ်များ စသည့်သက်သေ ၄၁ ဦးကို ခေါ်ယူစစ်ဆေးခဲ့သည်ဟု သိရသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စစ်ဆေးတွေ့ရှိချက်တွင် ဗလီအပေါ်ထပ် ထပ်ခိုးသို့ တက်သော လှေကားခွင်တွင် မီးလောင်ထားသော မီးအားမြှင့်စက်ကို တွေ့ရှိရပြီး  မီးအားမြှင့်စက် အတွင်းတွင် တပ်ဆင်ထားသော ကွိုင်ထုပ်များမှာ အပူဒဏ်ကြောင့် ပြင်းထန်စွာ လောင်ကျွမ်းထားကြောင်းနှင့် လှေခါးခွင်၌ပင် အခြားမီးလောင်နိုင်သော ပစ္စည်းများ သိုလှောင်ထားသဖြင့် လောင်ကျွမ်းထားသည့် ပုံစံများကို တွေ့ရှိခဲ့ရသည်ဟု ပါရှိခဲ့သည်။ စစ်ဆေးခဲ့သော သက်သေများ၏ ထွက်ဆိုချက်များအရ မီးလောင်မှု ဖြစ်ပွားခဲ့သည့် ညဦးပိုင်းတွင် ဗလီအတွင်း မီးအားမြှင့်စက် သုံးစွဲခဲ့ပြီး မီးလောင်ချိန်တွင် မီးအားမြှင့်စက် Alarm မည်နေကြောင်းနှင့် မီးအားမြှင့်စက်မှာ အဆင့်မြင့်ပုံစံဖြင့် ထုတ်လုပ်ထားသော auto မီးအားမြှင့်စက် မဟုတ်ဘဲ လက်ဖြင့် အတင်အချပြုလုပ်ရသော Manual မီးအားမြှင့်စက် ဖြစ်သည်ဟု သိရသည်။
မီးအားမြှင့်စက်၏ ကိုယ်ထည်အပေါ်ဘက်နှင့် ဘေးဘက်တို့တွင် မီးလောင်သည့်ဒဏ် ပြင်းပြင်းထန်ထန် မဖြစ်ပေါ်ခဲ့ဘဲ စက်အတွင်းမှ ကြေးနီကြိုးပတ်ထားသော ကွိုင့်များမှာ အပူဒဏ်လွန်ကဲမှုကြောင့် အရည်ပျော်လုနီးပါး အပူဒဏ်ကို ခံထားရခြင်းနှင့် မီးအားမြှင့်စက်၏ ကြမ်းပြင်နှင့် ထိစပ်နေသော အောက်ခြေပိုင်းတွင် အပူဒဏ် လောင်ကျွမ်းမှုကြောင့် အမဲကွက်ဖြစ်နေ၍ မီးအားမြှင့်စက်သည် ညဥ့်နက်ပိုင်း ဗို့အားမြင့်တက်လာချိန်တွင် အပူလွန်ကဲမှု ဖြစ်ပွားခဲ့ကာ ထိတွေ့သော သစ်သားခုံ အပိုင်းအစများ ဖိနပ်နှင့် အတိုအစ ပစ္စည်းများအား မီးစတင် လောင်ကျွမ်းခဲ့ပြီး သိုလှောင်ထားရှိသော ဒီဇယ်ပုံးအား မီးကူးစက်ရာမှ မီးလောင်မှု စတင်ဖြစ်ပွားစေခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ဗလီအတွင်းမှ စာသင်သား ကလေးငယ် ၁၃ ဦး သေဆုံးရခြင်းနှင့် ပတ်သက်၍ ဗလီထပ်ခိုးတွင် အိပ်နေသော ကလေး ၁၆ ဦးရှိပြီး ယင်းအနက်မှ ၁၃ ဦး သေဆုံးခဲ့ပြီး သုံးဦး မီးဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်း၊ လွတ်မြောက်ခဲ့သည့် ကလေးနှစ်ဦး၏ ထွက်ဆိုချက်အရ မီးစတင် လောင်ကျွမ်းချိန်တွင် လန့်နိုးခဲ့ပြီး အောက်ထပ်လှေခါးခွင်တွင် မီးလောင်နေကြောင်း သိရသဖြင့်  အောက်ထပ်သို့ ပြေးဆင်းခဲ့ကြောင်း၊ ကလေးနှစ်ဦး ပြေးဆင်းချိန် မီးလောက်မှ လွန်စွာမကြီးမားသေးကြောင်းနှင့် လှေခါးထစ်များမှာ မီးအပူရှိန်ကြောင့် ပူနေသော်လည်း  မီးလောင်စွဲသည့် အခြေအနေ မရှိသေးကြောင်း၊ ထပ်ခိုးမှ နောက်ဆုံးလွတ်မြောက်လာသည့် ကလေးတစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းလန့်နိုးချိန်တွင် ကြမ်းပြင်ပူနေပြီဖြစ်ပြီး လှေခါးထစ်များမှာ မီးစလောင်နေ၍ နင်းမရတော့ကြောင်းနှင့် အောက်ထပ်ရှိ ကျောင်းသားများမှ ခုန်ချရန် ပြော၍ ခုန်ချလွတ်မြောက်ခဲ့ကြောင်း၊ ၎င်းလန့်နိုးချိန်တွင် ထပ်ခိုး၌ မီးခိုးများ မွှန်နေပြီး တစ်ဦးကိုတစ်ဦး မမြင်ရတော့ဘဲ မွန်းကြပ်၍ မျက်ရည်များပင် စီးကျကြောင်း အစီးရင်ခံစာတွင် ပါရှိခဲ့သည်။
ယင်းအချိန်၌ ဗလီတာဝန်ခံ ဦးဇေယျာဖြိုးသည် ကျောင်းသားကြီးများနှင့်အတူ ကြောက်လန့်စိတ်ဖြင့် မီးငြှိမ်းသတ်ရေးကိုသာ အာရုံစိုက်နေခြင်းကြောင့် အပေါ်ထပ်ခိုးရှိ ကျောင်းသားများကို အောက်ထပ်သို့ ခေါ်ထုတ်ရေးကို မေ့လျော့နေကြောင်း၊ ထပ်ခိုးရှိ ကလေးများ မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းလာသည့်အခါ ပြူတင်းပေါက်များကို ဖွင့်ထုတ်ရန်လည်း သံတိုင်များရှိနေ၍ မရနိုင်ဘဲ လှေခါးပေါက်မှ ပြေးဆင်းရန်မှာလည်း လှေခါးပေါက်တွင် မီးလုံးကြီးများ ပိတ်ဆို့နေကြောင်း၊ မီးလောင်သည့်အချိန်မှာ ကလေးများ အိပ်မောကျနေနိုင်သည့် အချိန်ဖြစ်ပြီး နောက်ပိုင်းတွင် ထပ်ခိုးကြမ်းပြင်ပါ မီးစွဲလောင်ချိန်၌ မီးခိုးများဖြင့် အသက်ရှုမွန်းကြပ်ကာ သေဆုံးခြင်းဖြစ်နိုင်ကြောင်း အစီရင်ခံစာတွင် သုံးသပ်တင်ပြထားသည်။
ယင်းအခြေအနေအရ ဗလီထပ်ခိုးရှိ ကလေးငယ် ၁၃ ဦး သေဆုံးရခြင်းသည် တာဝန်ရှိသူ ဗလီဆရာနှစ်ဦးဖြစ်သူ ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့မှ အချိန်မီ ကယ်ထုတ်ရန် အားနည်းခဲ့ခြင်းကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
ယင်းဗလီ မီးလောင်မှုနှင့် ပတ်သက်၍ ကောလဟလသတင်းများ ထွက်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ရဲစခန်းတွင် သိမ်းဆည်းထားသော ဒီဇယ်စိုနေသည့် စောင်၊ အင်္ကျီစများကို အသက်ဘေးမှ လွတ်မြောက်လာသော ကလေးငယ်များကို ပြသရာ၌ စောင်မှာ ကလေးငယ်များ ခြုံသည့်စောင် အမျိုးအစား ဖြစ်နေပြီး ပိုင်ရှင်မည်သူ မည်မျှဖြစ်သည်ကို မမှတ်မိကြောင်းနှင့် မီးငြှိမ်းသတ်ရာတွင် ရေဆွတ်၍ အုပ်သည့်စောင်ဖြစ်ကြောင်း၊ ထို့ပြင် အင်္ကျီအဟောင်းတစ်ထည်မှာလည်း ယောက်ျားလေးဝတ်ဖြစ်ကြောင်းနှင့် ကလေးငယ်များ၏ ထွက်ဆိုချက်အရ သိရသည်ဟု အစီရင်ခံအရ သိရသည်။
ဗလီအစောင့်များနှင့် ဗလီနှင့် ကပ်လျက်အိမ်ခန်းများမှ မီးလောင်မှုကို အစောဆုံးသိရှိသူ နှစ်ဦး၏ ထွက်ဆိုချက်များအရ ဗလီရှေ့တွင် မသင်္ကကာဖွယ်ရာ တစ်စုံတစ်ဦးမျှ မတွေ့ရကြောင်း၊ ဗလီဂေါပကအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဦးဘနီနှင့် အခြားဂေါပက အဖွဲ့လူကြီး ၃ ဦးတို့မှ မီးလောင်မှုဖြစ်ပွားခြင်းမှာ သွေးရိုးသားရိုး ပေါ့ဆမှု တစ်ခုခုကြောင့်သာ လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ ရှို့မီးဟု ကောလဟလ ထုတ်လွှင့်ချက်များမှာ ဖြစ်နိုင်ဖွယ် မရှိကြောင်း ထွက်ဆိုခဲ့ခြင်းကြောင့် ဗလီမီးလောင်မှုမှာ တစ်စုံတစ်ခုသော ပယောဂကြောင့် မဟုတ်ဘဲ ပေါ့ဆမှုကြောင့်သာဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။
နည်းပညာပိုင်းဆိုင်ရာ အင်ဂျင်နီယာများ၏ စစ်ဆေးတွေ့ရှိချက်များ အရလည်း ဗလီမီးလောင်မှုမှာ မီးအားမြှင့်စက်တွင် ညဥ့်နက်ပိုင်း ဗို့အားမြင့်တက်ချိန် အပူလွန်ကဲ၍ လောင်စာပစ္စည်းများကို အပူချိန်ကူးစက် မြင့်မားစေပြီး လောင်ကျွမ်းခဲ့မှုကို တွေ့ရှိခဲ့ရသည်ဟု အစီရင်ခံစာအရ သိရသည်။
မီးလောင်မှု ဖြစ်ပွားခဲ့သော ဗလီ၏ ထပ်ခိုးပေါ်တွင် ၀င်ပေါက်အနေဖြင့် လှေခါးဝင်ပေါက်တစ်ခုသာ ရှိပြီး ကျန်ပြူတင်းပေါက်များကို သံတိုင်၊ သံဇကာများဖြင့် အခိုင်အမာ ကာရံထားသောကြောင့် မီးဘေးအန္တရာယ် ကြုံလာသည့်အခါ ထွက်ပေါက်မရှိ ဖြစ်နေခဲ့ကြောင်း၊ ဗလီအတွင်း လုံခြုံရေးအရ သော့များခတ်ထားသည် မှန်သော်လည်း တစ်ဦးတစ်ယောက်ထဲမှ ထိန်းချုပ်နိုင်သော စနစ်ကို မပြုလုပ်သင့်ကြောင်း၊ အရေးပေါ်ကိစ္စ ပေါ်ပေါက်လာလျှင် အခြားသူများမှလည်း သော့ဖွင့်၍ အန္တရာယ်မှ လွတ်မြောက်ရာသို့  ထွက်ခွာနိုင်ရန် စီမံထားရှိမှု အားနည်းခဲ့ကြောင်း ထွက်ခွာအစီရင်ခံစာ၏ သုံးသပ်တင်ပြချက်တွင် ဖော်ပြပါရှိခဲ့သည်။
ထို့ပြင် ဗလီဆရာနှစ်ဦးက မိမိတို့ အမှားကို ၀န်မခံဘဲ အပြစ်မဲ့ကလေးများ သေဆုံးခြင်းအတွက် လူအများ၏ အပြစ်တင်မှုခံရမည်ကို ကြောက်သောကြောင့် မဟုတ်မမှန် သတင်းများ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟုလည်း အစီရင်ခံစာတွင် သုံးသပ် တင်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက "၄၈ လမ်းဗလီ မီးလောင်မှုနဲ့ ပတ်သက်ပြီး သက်သေ ၄၃ ဦးကို ခေါ်ယူစစ်ဆေးခဲ့ရာမှ ဗလီမီးလောင်ပြီး ကလေးငယ် ၁၃ ဦး သေဆုံးရတဲ့ အဓိက အားနည်းချက်က ဗလီဆရာနှစ်ဦးကြောင့် ဖြစ်ပါတယ်။ ဒါကို သူတို့က မဟုတ်မမှန် သတင်းများ ပြောဆိုခဲ့ခြင်းအတွက် ပြင်ပမှာ ကောလာဟလတွေ ထွက်ပေါ်လာပြီး ဘာသာအချင်းချင်း လူမျိုးအချင်းချင်း သံသယ၀င်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ သူတို့ကို ဆက်လက်အရေးယူဖို့က တရားရုံးနဲ့ အဓိက သက်ဆိုင်ပါတယ်။ ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် ဗလီင်္ဆရာနှစ်ဦးအား တည်ဆဲဥပဒေများအရ ထိုက်သင့်သလို အရေးယူသင့်ကြောင်းလည်း အစီရင်ခံစာ၏ အကြံပြုချက်တွင် တင်ပြထားသည်။ ၎င်းတို့နှစ်ဦးအား ပေါ့ဆမှု ပုဒ်မ ၂၈၅၊ ပေါ့ဆမှုကြောင့် လူသေဆုံးမှု ပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့်ထားသည့်အပြင် ဖြစ်ရပ်မှန်ကိုပြောဆိုရန် ပျက်ကွက်မှု၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၂ နှင့်လည်း အရေးယူခံရနိုင်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်က ပြောကြားခဲ့သည်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D