သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, March 29, 2013

သေချာတာကတော့ အစိုးရဟာ အန္တရာယ်အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီးကို ရင်ဆိုင်နေရပြီဆိုတာပါပဲ

မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ ပဋိပက္ခတွေကို ဘယ်လိုမြင်လဲ၊ တစ်နိုင်ငံလုံး ချောက်ကမ်းပါးထဲ ကျသွားနိုင်မလားတဲ့။ မြန်မာပြည်ကို အလည်အပတ်ရောက်နေတဲ့ ကမ္ဘာကျော် စာရေးဆရာကြီးက မေးပါတယ်။ ကျနော်ကတော့ ရန်ကုန်ကျရင် တစ်နိုင်ငံလုံး ကျသွားနိုင်တာပေါ့။ ဒါပေမယ့် မြန်မာပြည်မှာ လူမျိုးတစ်မျိုးနဲ့တစ်မျိုး မကြည့်ချင်လောက်အောင် မုန်းတီးပြီး အမြစ်ပြုတ်ရှင်းလင်းလိုစိတ်တွေ မရှိတာတော့ အမှန်ပဲ။ ဒါ့ကြောင့် လယ်ယာအစွန်းရောက် အမျိုးသားရေးဝါဒီတွေ ရှင်းရှင်းပြောပြောရင် ဖက်ဆစ်ပေါက်စ၊ နာဇီလက်သစ်တွေကို မြန်မြန်ရှင်းဖို့တော့ လိုပါတယ်လို့။ အဲဒီစာရေးဆရာက ကျနော်စကားကို လက်ခံပါတယ်။ ဒါပေမယ့် ၁၉၉၁က ဆာရာဂျေဗိုကို သူရောက်သွားတော့ အဲဒီတုန်းက တက္ကစီမောင်းသမားတစ်ယောက်ကလည်း ဒီလိုပဲ ပြောခဲ့တာပဲတဲ့။ သူတို့တွေဟာ အချင်းချင်း သိပ်ကို သင့်မြတ်ကြတယ်။ အဆင်ပြေကြပါတယ်တဲ့။ ဒါပေမယ့် ၆လလောက်အကြာမှာပဲ လူမျိုးတုန်းသတ်ဖြတ်မှု စစ်ပွဲကြီးတွေဆီ ဆာရာဂျေဗိုကို ဆွဲခေါ်သွားတော့တာပါပဲတဲ့။ ကျနော် ကြက်သီးမွေးညှင်းထသွားပါတယ်။
မြန်မာပြည်သူ အများစုကတော့ မြန်မာပြည်မှာ Home-Grown နာဇီတွေ ခေါင်းထောင်ထလာနေတာကို မဟုတ်ပါဘူးလို့တော့ ငြင်းကြမှာပါပဲ။
ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ အခုထိ တစ်နိုင်ငံလုံး တိတိပပ မသိကြသေးပေမယ့် မိတ္ထီလာပဋိပက္ခမှာ နာဇီတွေဘာဖြစ်ချင်တယ်ဆိုတာ ဘွားဘွားကြီး ပေါ်သွားပါတယ်။ သူတို့အတွက်ကတော့ အဘော်ရှင်းဖြစ်သွားတဲ့စစ်ပွဲကို အရှိန်မြှင့်တာပါပဲ။ ရန်ကုန်ကို ပထမဆုံး သွေးတိုးစမ်းတယ်။ သာကေတ၊ လှိုင်ယာသာကိစ္စ။ ဝါဒဖြန့်ဖို့လိုသေးတာကြောင့် နယ်မြို့တွေဘက်ကို လှည့်တယ်။ မိတ္ထီလာဟာ သားကောင်ဖြစ်သွားတာပါပဲ။ မိတ္ထီလာမီးတောက်တွေ မငြိမ်းခင်မှာပဲ ရန်ကုန်ကို ၂ရက်အတွင်း စစ်မြေပြင်ဖြစ်အောင် ကြိုးစားလာတယ်။ နယ်တွေမှာလို တစ်ပတ် ၁၀ရက် အချိန်ယူပြီး ဝါဒဖြန့် မှိုင်းတိုက်လို့မလွယ်တာကြောင့် ၃-၄ရက်အတွင်း စစ်ရှိန်မြှင့်ချင်ပုံရတယ်။ ဒါပေမယ့် ထင်သလို ဖြစ်မလာခဲ့ဘူး။ ပဲခူးတိုင်း အနောက်ဘက်ခြမ်းက နယ်မြို့တွေကို ဝင်စီးတဲ့အခါမှာ လူတွေ အထိတ်တလန့်ဖြစ်အောင်လောက်ပဲ လုပ်နိုင်တော့တယ်။ စစ်ရေးစကားနဲ့ဆို ခေါင်းနဲ့ကိုယ် နည်းနည်းဟနေပြီ။
ဘယ်သူတွေလဲ၊ ဘာကြောင့်လုပ်နေတာလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမယ့် စစ်အစိုးရလက်ထက်က တန်ခိုးထွားခဲ့တဲ့ စစ်ထောက်လှမ်းရေးနဲ့ စွမ်းအားရှင်ဟာ ဒီအချိန်မှာ ပါနေသေးလား၊ စွမ်းအားရှင်တွေကို ဘယ်သူကြိုးကိုင်နေလဲ။ အုပ်ချုပ်ရေးမှူးတွေ ရဲတွေ ငုတ်တုပ်ထိုင်ကြည့်နေရတဲ့ အကြမ်းဖက်မှုတွေက စနစ်တကျ ပြင်ဆင်ထားတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။
ဘယ်သူတွေက ဘာဖြစ်ချင်တာလဲ။
သေချာတာကတော့ ခေတ်ပြောင်းစနစ်ပြောင်းမှာ (အာဏာရအဝန်းအဝိုင်းထဲက) အထိနာသွားတဲ့ ကျားကြီးတွေပါနေတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ လက်ရှိအပြောင်းအလဲဟာ သူတို့အတွက် သေတွင်းလို့ယူဆနေတယ်။ နောက် ၂၀၁၅မှာ အခြားပါတီသာ အာဏာရသွားရင်ဆိုတဲ့အတွေးဟာ ...။ နောက်ထပ်ပါဝင်နေသူတွေကတော့ ဘာသာရေးနဲ့လူမျိုးရေးအရ သာကီဝင်ရောဂါပိုးဝင်နေတဲ့ နာဇီတွေပါပဲ။ သူတို့ဟာ သူတို့လိုလားချက်ဖြစ်တဲ့ Hidden Agenda အရ ဘာသာခြား၊ လူမျိုးခြားကို ဒီမြေပေါ်က အပြီးတိုင်ဖယ်ရှားရေးဆိုတဲ့ ပေါ်လစီကို ကိုင်စွဲပြီး လူထုကို မှိုင်းတိုက်ဖို့လုပ်တာပါပဲ။
နောက်ထပ် အင်အားစုတွေကတော့ စစ်အစိုးရခေတ်မှာ ကြီးပြင်းလာတဲ့ သမိုင်းဇာတ်ကွက်တွေမသိတဲ့ နားမလည်ပါးမလည်တွေကို recruit လုပ်တာမို့ ၂ဝပတ်ချာလည် လူငယ်လေးတွေဟာ ဓါးသွေး တုတ်သွေးလုပ်လာတာပဲဖြစ်ပါတယ်။
ဒီအင်အားစု ၃စုရဲ့ ရည်ရွယ်ချက်တွေ ဆုံမှတ်တစ်ခုကို ရောက်သွားတာမို့ ပယောဂဟာ ရိုးရိုး ပယောဂမဟုတ်တော့ပါဘူး။
သေချာတာကတော့ အစိုးရဟာ အန္တရာယ်အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီးကို ရင်ဆိုင်နေရပြီဆိုတာပါပဲ။ ပြုပြင်ပြောင်းလဲရေးအတွက် စိတ်ဒုံးဒုံးချထားတဲ့၊ တရားဥပဒေစိုးမိုးရေးအတွက် အာမခံထားတဲ့ အစိုးရကို ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူတွေက ဝန်းရံပေးဖို့အရေးကြီးပါတယ်။ အစိုးရကို ဖော်လံဖားဖို့ မဟုတ်ပါ။ တိုင်းပြည်ဟာ အစွန်းရောက်ဝါဒီတွေလက်ထဲရောက်သွားရင် နောက်ဂျွမ်းပြန်သွားပြီး ပြာပုံဖြစ်သွားနိုင်တာကြောင့်ပါ။ အစိုးရနဲ့ပြည်သူရင်ဆိုင်နေရတဲ့ ဒီအကြပ်အတည်းကို တပ်မတော်က အရပ်သားနိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ထွက်ပေါက်တွေ့နိုင်ပါတယ်။
ဒီအကြပ်အတည်းကို အတူတူရင်ဆိုင်ပြီး ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းလိုက်နိုင်ရင် မနှစ်တုန်းက ရင်ခုန်စရာကောင်းခဲ့တဲ့ မြန်မာ့နွေဦးဟာ လှပမြဲလှပနိုင်မှာပါ ...။
အဲဒီလိုမဟုတ်ရင်တော့ အာရပ်နွေဦးလို မီးတောက်မီးလျံတွေ ပဋိပက္ခတွေ၊ မျက်ရည်တွေ၊ သွေးတွေနဲ့ ....။

fb  မှ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D