သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, June 3, 2013

အရာရှိဆိုးကြောင့် ဘုရားတနေရတဲ့ အမှတ်(၁၅) ရဲတပ်ရင်း

မော်လမြိုင် အခြေစိုက် ရဲတပ်ရင်း(၁၅)မှာ ရဲတပ်ရင်းမှူး ဒု-ရဲမှူးကြီးမြင့်နိုင်နဲ့ ဇနီးတို့ဟာ ရဲဘော်နဲ့ အရာရှိတွေအပေါ် မညှာမတာ ပြုလုပ်နေတာတွေ ရှိနေကြောင်း စုံစမ်းသိရှိရပါတယ်။
၂၀၁၃သင်္ကြန် ရေကစား မဏ္ဍပ်လုံခြုံရေး တာဝန်ကျ ဒုရဲအုပ်ကျော်နိုင်ဦးနှင့်ဆွေအောင်
တို့မှ ရဲတပ်ရင်းမှူး ဒု-ရဲမှူးကြီးမြင့်နိုင် အိမ်က ရဲဘော် လက်ဖြောင့် (အမည်ပြောင်း) မူးလာတာကို တိန်းသိမ်းဆိုဆုံးမ ခဲ့ပါတယ်။ ရဲဘော်ကလည်း အရာရှိတွေကို ပြန်ပြောပါတယ်။

အဆိုပါ ဖြစ်ရပ်ကို ရဲတပ်ရင်းမှူး ဒု-ရဲမှူးကြီးမြင့်နိုင် က သူ၏ ရဲဘော်ကိုထပ်မဆုံးမပဲ တာဝန်ကျအရာ
ရှိတွေကို သူအိမ်ခေါ်ပြီး သတိဆွဲခိုင်းကာ ပါးရိုက်ခဲ့ပါတယ်၊ ငါ့အိမ်မှနေတဲ့ရဲဘော်ကိုမင်းတို့
ဒီလိုလုပ်ရင်ခံရမယ်လို့လည်းပဲ နှုတ်ကပြောဆိုကြောင်း ရဲတပ်ရင်း(၁၅)က ရဲအရာရှိ တချို့ က Myanmar News Now ကိုပြောပါတယ်။
ရဲတပ်ရင်းမှူး ဒု-ရဲမှူးကြီးမြင့်နိုင် ဇနီး ဒေါ်ခင်ချိုချိုခိုင် ကလည်း အပတ်စဉ်(၆၇)က ဒုရဲအုပ်တွေ တပ်ရင်း တာဝန်ပြီးလို့ပြောင်းရွေ့တဲ့ခါ ငွေစုပြီးဆန် ၀ယ်ကန်တော့တာကို ကတော်ကြီးက ဒီလိုဆန်မျိုးမစားဖူး ဆိုပြီးလွင့်ပစ်ခံရ ကြောင်းလည်း သိရပါတယ်။
ဒါအပြင် ၂၀၁၃ မေလ ရိက္ခလစာထဲကနေ တရက်ရှစ်ရာမှ သုံးရာကျပ် ဖြတ်တောက်ပါတယ်၊
အရာရှိနဲ့ရဲဘော်(လေးရာခန့်)ရှိနေပြီး သိန်း(လေးဆယ်)လောက် တပ်ရင်းမှူး ကြီးရရှိတယ်လို့ ဆိုပါတယ်။ နောက်မှသိရှိရတာက မော်လမြိုင်ခရိုင် ရဲမင်းကြီး ဖြစ်အောင်လာဘ်ထိုးရ တာပါတဲ့။
ဘိတ် ၊ ကော့သောင်းဘက်ကနေ ပြောင်းလာတဲ့ ရမည်းသင်း သင်တန်းကျောင်းဆင်း ရဲဘော်
လေးက ငွေငါးသိန်ကန်တော့လိုက်တော ခွင့်ကြိုက်သလောက်ယူဆိုပြီ ပြန်လွှတ်လိုက်တာမျိုးကလည်း ရှိပါတယ်။
ရဲတပ်ရင်းမှူး ဒု-ရဲမှူးကြီးမြင့်နိုင် ရဲ့ ဇနီး ဒေါ်ခင်ချိုချိုခိုင်က ရဲဘော်တွေ အရာရှိတွေကို မထင်ရင်မထင်သလို နေအိမ်ရှေ့နဲ့ လိုင်းခန်းရှေ့လာရောက် ဆဲမှုတွေကလည်း ရှိပါတယ်။
နိုင်ငံတော်အစိုးရက ပြည်သူဗဟိုပြု သန့် ရှင်း ကေားမွန်သော အစိုးရတည်ထောင်နေစဉ်မှာ စစ်တပ်ဖက်ကနေ တဆင့်မြင့်ရာထူးနဲ့ ရဲဖက်ရောက်လာသူ ဇနီးမောင်နှံအရာရှိဆိုးကြောင့်အမှတ်(၁၅) ရဲတပ်ရင်း က အရာရှိ ၊ ရဲဘော်တွေမှာ နေ့ စဉ် ဘုရားတပြီး နေနေရကြောင်း ရဲတပ်ရင်း(၁၅)က ရဲအရာရှိ တချို့  ပြောကြားချက် အရ သိရပါတယ်။
 
သစ်ထူးလွင်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D