သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, June 4, 2013

မြတ်ဗုဒ္ဓ ၏ မဟာပုရိသလက္ခဏာတော်ကြီး(၃၂)ပါး နှင့် အသံတော်(၈)ပါး။

ဗုဒ္ဓဘုရားရှင်တော်တို့သည် ဘ၀များစွာမရေမတွက်နိုင်အောင် ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့သည့် ပါရမီတော်တို့ ၏ တန်ခိုးတော်ကြောင့် ဘုရားရှင်တို့သည် နာမကာယအတွင်းသဏ္ဍာန်တော်တွင် သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်၊၀ိမုတ္တိဂုဏ်တော်၊၀ိမုတ္တိဉာဏဒဿနဂုဏ်တော်မြတ်များအပြင်၊ကိုယ်တော်မြတ်၏ ရူပကာယကိုယ်ခန္ဓာအပြင်တော်တွင်လည်း၊မဟာပုရိသလက္ခဏာတော်ကြီး (၃၂)နှစ်ပါး။ လက္ခဏာတော်(၈၀) နှင့် (၁၀၈)ကွက်စက်လက္ခဏာတော်များဖြင့် ကြည်ညိုဖွယ်ရာပါရှိလေ၏။
ထိုလက္ခဏာတော်တို့တွင် မဟာပုရိသလက္ခဏာတော်(၃၂)ပါးမှာ-


1. မြေပြင်တွင်ကို ခြေဖ၀ါးတော်ဖြင့် နင်းလိုက်သောအခါတွင် တစ်ပြေးတည်းညီညွတ်သော ဖ၀ါးတော်အပြင်ရှိခြင်း လက္ခဏာတော်တစ်ပါး။

2. ခြေဖ၀ါးတော်နှစ်ဖက်တို့သည် တစ်ထောင်သော အကန့်အကွက် ပုံတောင်းချက်နှင့်ပြည့်စုံ

သော တစ်ရာ့ရှစ်ကွက်သော စက်လက္ခဏာတော်များနှင့် ပြည့်စုံခြင်းတည်းဟူသော လက္ခဏာတော်တစ်ပါး။

3. ရှည်လျားသော ဖနောင့်တော်ရှိခြင်းတည်းဟူေ သာ လက္ခဏာတော်တစ်ပါး။

4. ရှည်လျား သွယ်တန်းသော ခြေချောင်းတော်လက်ချောင်းတော်ရှိခြင်းတည်းဟူသောလက္ခာတော် တစ်ပါး။

5. နူးညံ့ သိမ်မွေ့လှစွာသော လက်ဖ၀ါးတော် ခြေဖ၀ါးတော် အပြင်ရှိခြင်တည်းဟူသော လက္ခဏာတော်တစ်ပါး။

6. လေးသွန်းနန်းတံခါးတွင် စိုက်စီထားသော ရွှေပွတ်လုံး(ဇာလီတိုင်)ကဲ့သို့ ခြေချောင်းတော် လက်ချောင်းတော်တို့သည် အပိုအလို ရှည်တိုမနေပဲ တညီတညွတ်တည်းသော လက္ခဏာတော် တစ်ပါး။

7. ဖမိုးတော်မှ အထက်သို့ လက်လေးသစ်တက်၍ မြူမလိမ်းတွယ် စဉ်းငယ်မြင့်တော် ခြေဖမျက်တော်ရှိခြင်းတည်းဟူ သော လက္ခဏာတော်တစ်ပါး။

8. ဧဏီမည်သော သားကောင်၏ သလုံးမြင်းနှင့်တူသော သလုံးမြင်းခေါင်းတော်ရှိခြင်းတည်းဟူသော လက္ခဏာတော်တစ်ပါး။

9. ရပ်တော်မူနေလျှက်ပင် ကိုယ်တော်ကို မကိုင်းညွတ်ပဲ လက်ဖုဝါးတော်နှစ်ဖက်ဖြင့် ပုဆစ်ဒူဝန်တော်နှစ်ဖက်ကို သုံးသတ်ထိတွေ့နိုင်ခြင်းတည်းဟူသော လက္ခဏာတော်တစ်ပါး။

10. အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ယေက်ျားမြတ်နိမိတ်ရှိတော်မူခြင်း တည်းဟူသော လက္ခဏာတော်တစ်ပါး။

11. ဇမ္ဗူရာဇ် သိင်္ဂီရွှေစင်ကဲ့သို့ ၀ါဝင်းသော အသရေတော်ရှိတော်မူခြင်းတည်း ဟူသော လက္ခဏာတော်တစ်ပါး။

12. သိမ်မွေ့သော အသရေတော်ရှိခြင်း(ပွေး၊ညှင်း၊တစ်းတိမ်၊မှဲ့၊၀က်ခြံစသော အညစ်အကြေးမရှိခြင်း) လက္ခဏာတော် တစ်ပါး။

13. မွေးညင်းတွင်းတစ်တွင်းစီတွင် မွေးညင်းတော် တစ်ပင်စီ တစ်ပင်စီသာ ပေါက်ရောက်ခြင်း လက္ခဏာတော်တစ်ပါး။

14. မျက်နှာတော်ကို မော်၍ဖူးရသည့်ပမာ အထက်သို့ညွှတ်သော အဖျားကော့သော မွေးညင်းတော်ရှိခြင်းတည်းဟူ သော လက္ခဏာတော်တစ်ပါး။

15. ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ လည်ကုတ်၊ခါး၊ပဆစ်ဒူး၊သုံးပါးသော အရပ်တို့၌ မကိုင်းမညွှတ် ဖြောင့်မတ်သော ကိုယ်ခန္ဓာရှိတော်မူခြင်း တည်းဟူသော လက္ခဏာတော်တစ်ပါး။

16. ခြေဖမိုးတော်နှစ်ဖက်၊ လက်ဖမိုးတော်နှစ်ဖက်၊ ဖခုံးတော်နှစ်ဖက် ၊ လည်ကုတ်တော်ဟုဆိုအပ်သော ဤခုနှစ်ဋ္ဌာနတို့၌ ပြည့်ဖြိုးသော အသားတော်ရှိတော်မူခြင်းတည်း ဟူသော လက္ခဏာတော်တစ်ပါး။

17. ခြင်္သေ့ မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ အောင်မောင်းပြည့်ဖြိုးခန့်ညားသော လက္ခာတော်တစ်ပါး။

18. ခါးတော်မှစ၍ အထက်လည်ကုတ်တော်တိုင်အောင် လက်ပြင်တော်နှစ်ဖက်နောက် အလယ်ကျောပြင်သည် ချိုင့်နိပ့်ခြင်းမရှိ ပကတိပြည့်ဖြိုးစင်သော ကျောက်ကုန်တော်ရှိတော်မူခြင်းလက္ခဏာတော်တစ်ပါး။

19. အရပ်တော်နှင့် အလံတော် ညီမျှသဖြင့် ပညောင်ပင် အ၀န်းကဲ့သို့ ၀န်းသော(၀ိုင်းချောသော) ကိုယ်တော်ရှိတော်မူခြင်း လက္ခဏာတော် တစ်ပါး။

20. ညီလည်းညီညွတ် လုံးလည်းလုံးသော လည်တိုင်ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။

21. အငယ်ငယ်သော နှမ်းစေ့လုံးခန့်မျှသော အရသာကို သုံးဆောင်မှီဝဲသောအခါ တစ်ကိုယ်တော်လုံး အရသာကို ပျံ့နှံ့အောင် ဆောင်နိုင်သည့် ခုနှစ်ထောင်သောအကြောတို့ အဖျားခြင်းအပ် လည်မှာစွတ်လျှက်ရှိခြင်းလက္ခ ဏာတော်တစ်ပါး။

22. ခြင်္သေ့မင်း၏ မေးကဲ့သို့(ပြုံးတော်မူတော့ မည့် သဏ္ဍာန်သွေးနေသည့်)မေးတော်ရှိတော်မူခြင်း လက္ခဏာတော် တစ်ပါး။

23. သွားတော်လေးဆယ် အစေ့အငှ ရှိတော်မူခြင်းလက္ခဏာတော်တစ် ပါး။

24. ညီညွတ်စဉ်တန်းသော သွားတော်ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။

25. မကျဲ-မကွာ၊စေ့စပ်သော သွားတော်ရှိတော်မူခြင်း လက္ခဏာတော် တစစ်ပါး။

26. သောက်ရူးကြယ်ပမာ လွန်စွာဖြူစင်စင်ကြယ်သော အရောင်တစ်လက်လက်ထွက်သည့် စွယ်တော်မြတ်လေးဆူ ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။

27. ရှည်လျား၊နူးညံ့၊ကျယ်ပြန့်ေ သာ လျှာတော်ရှိတော်မူခြင်းလက္ခဏာတော်တစ်ပါး။

28. အင်္ဂါ(၈)ပါးနှင့် ပြည့်စုံသော အသံတော်ရှိမူခြင်းလက္ခဏာတော် တစ်ပါး။

(အသံတော်(၈)ပါးကား)

၁။ ၀ိသဋ္ဌ - သန့်ရှင်းစင်ကြယ်သာယာနာပျော်ဖွယ်ရှိခြင်း ၊

၂။ မဉ္ဖူ - ညိမ့်ညောင်းသာယာခြင်း ၊

၃။ ၀ိညေယျ - သိလွယ်၊မှတ်သားရလွယ်ခြင်း ၊

၎။ သ၀နီယ - ထပ်ခါထပ်ခါနာချင်ဖွယ်ရှိခြင်း ၊

၅။ ဗိန္ဒူ - တလုံးတစည်းထည်း ရှိခြင်း ၊

၆။ အ၀ိသာရီ - ပရိသတ်အပြင်သို့ ပြန့်မထွက်ခြင်း ၊

၇။ ဂမ္ဘီရ - နက်နဲခြင်း ၊

၈။ နိန္နာဒိ - ပဲ့တင်ထပ်ခြင်း(echo)အသံတော်ရှိခြင်း

ဟူ၍ မြတ်စွာဘုရား၏ ကြည်ညိုဖွယ်ရာ အသံတော်(၈)ပါးဖြစ်ပါသည်။

29. အလွန်ညိုဝန်းကြည်လင်သော မျက်လုံးတော်ရှိမူခြင်းလက္ခဏာတော်တစ်ပါး။

30. အလွန်နူးညံ့သော မျက်မွေးတော်ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။

31. မျက်မှောင်တော်(မျက်ခုံး)နှ စ်ဖက်၏ အလယ်၌ ဥဏ္ဏလုံး-မွေးရှင်တော် ပေါက်ရောက်တော်မူခြင်း လက္ခဏာတော်တစ်ပါး။

32. နဖူးတော်သည် သင်းကျစ်ရွှေပြား တပ်စီထားသကဲ့သို့ လက်ျာတော် တပန်းအစွန်းမှ လက်ဝဲတော် နပန်းအစွန်းအထိ တက်သော နဖူးသင်းကျစ်တော် အသားလွှာပါရှိခြင်းလက္ခဏာတော် တစ်ပါး။

ဤသည်ကား ဘုရားအလောင်းတော်မြတ်၏ မဟာပုရိသလက္ခဏာတော်(၃၂)ပါးတို့ပင်ဖြစ်ပါသည်.။



(မှတ်ချက်) မြတ်ဗုဒ္ဓ၏ လက္ခဏာတော်ငယ်(၈၀) နှင့် (၁၀၈)ကွက် စက်လက္ခဏာတော်တို့အား နောင်တွင် အလျင်သင့်သလို့ ရေးသားဖော်ပြပေးပါမည်။


(မိမိအကျိုး၊တပါးသူတို့၏အကျိုး၊သည်ပိုးနိုင်သူများဖြစ်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ

ကိုလံဘို၊သီရိလင်္ကာ၊


http://www.ashintejaniya.com/
_______________________________________________
Dhammavira Ashin ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
Credit  : mixgawli.blogspot.com

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D