သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 8, 2013

သပိတ်ကျင်းတွင် ရွှေတွင်းပြိုကျ၍ လူနှစ်ဦးသေဆုံး

မန္တလေး၊ ဇွန် ၇

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်တွင် ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က အောင်မေတ္တာရှင် ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်ပိုင် ရွှေလုပ်ကွက်(အင်း)အတွင်း အလုပ်လုပ်နေစဉ် မြေပြိုကျ၍ အင်းအတွင်းသို့ လူနှစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ရှေဆက်ဖက်ရန်

သေဆုံးသူ အင်းလုပ်သားနှစ်ဦးသည် သပိတ်ကျင်းမြို့ ချောင်းကြီးကျေးရွာ နှင့် ကလောမြို့နယ် မြင်းတောက်ကျေးရွာ တွင် နေထိုင်သူများဖြစ်ပြီး အင်းအမှတ်(၆)၊ အင်းအနက် ၆၀ ပေ၊ အင်းအကျယ် ၄ ပေ ပတ်လည်ရှိ အင်းအတွင်း အလုပ်လုပ်နေစဉ် မြေပြိုကျ၍ အင်းအတွင်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။


ယင်းအမှုကို သပိတ်ကျင်းမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၃ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"အခုက မိုးရာသီဖြစ်တဲ့အတွက် အင်းအသား မခိုင်တာတွေ၊ နောက်မြေသားက မာကျောမှု အားနည်းတာရယ်၊ မိုးရွာထား တာတို့ကြောင့် အင်းအတွင်းမြေပြိုတာတို့ ဖြစ်တယ်"ဟု ရမည်းသင်း မိုးထိမိုးမိဒေသမှ ရွှေတူးဖော်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အလားတူ မေလ ၁၆ ရက်နေ့ ကလည်း ရမည်းသင်းမြို့နယ် မိုးထိမိုးမိရွှေတူး ဖော်ရေး ဒေသတွင် အင်းအတွင်းပြုတ်ကျ၍ သေဆုံးသွားသည့်ဖြစ်စဉ် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D