NLD ပါတီမှ ပါတီဝင်အရေအတွက်များလျှင် ပြီးရော သဘောဖြင့် လူစုနေကြောင့် PNO ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်လာက ပြောကြား လိုက်ပါတယ်။
အစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO နဲ့ တောင်ကြီးမြို့နယ်၊ မောက်စံကျေးရွာသားတွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး PNO အဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို တောင်ကြီးမြို့နယ် နန်းဟောင်း ကျေးရွာအုပ်စုမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ဒီပဋိပက္ခဟာ မောက်စံကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေချို့ရဲ့ မမှန်မကန်စည်းရုံးမှုတွေကြောင့် ဖြစ်ပွားခဲ့ရတာလို့ PNO အဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးခွန်လာက RFA ကို ပြောပါတယ်။
“NLD ရဲ့စည်းရုံးမှုမမှန်မကန်လို့ဖြစ်ရတာပါ၊ အခုဟာက ပါတီဝင်ရရင်ပြီးရောဆိုတဲ့သဘောဖြစ်တဲ့အတွက်ကြောင့် ဒီလိုဖြစ်ပွားရခြင်းဖြစ်ပါတယ်၊ ဒါကို NLD ရဲ့ ထိပ်ပိုင်းမှာရှိတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ နောက် NLD ရဲ့ ဥက္ကဌကြီးဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး ဥက္ကဌကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပဲ မိမိပါတီအောက်ခြေရဲ့ လုပ်နေတဲ့လုပ်ဆောင်ချက်ကို သေချာစိစစ်ပေးပါလို့ ကျနော်မေတ္တာရပ်ခံလိုပါတယ်”
ဒီနေ့သတင်းစာရှင်းလင်းပွဲကို PNO အဖွဲ့က တာဝန်ရှိသူတွေ၊ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နဲ့ ရပ်စောက်မြို့နယ်တွေက ဒေသခံတောင်သူ စုစုပေါင်း ၁ဝဝ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။
ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အရည်အချင်းထက် အရည်အတွက်ကို ဦးစားပေးကာ ပါတီဝင် ၁၀ သိန်း မရမက စုဆောင်းခိုင်းမှုကြောင့် ပါတီဝင်ဖြစ်လျှင် ပြီးရော သဘောဖြင့် မရမက လိုက်လံစုဆောင်းလျှက်ရှိပြီး မွတ်ဆလင်များ သာမက ဘင်္ဂလီများပါ NLD ပါတီဝင် အဖြစ် လက်ခံနေကြောင်း သိရသည်။
အရည်အတွက်များနေသော်လည်း အရည်အချင်းရှိသူ နည်းပါးသည့် NLD တွင် ဒုတိယ ဥက္ကဌ ခန့်စရာ လူမရှိသဖြင့် ယခုထိ မခန့်နိုင်သေးကြောင်း သိရသည်။
.. www.MyanmarExpress.net

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...