သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 8, 2013

အကြမ်းဖက်မှုများ ဆက်ဖြစ်နေပါက မလေးရှားသို့ လုပ်သားစေလွှတ်မှုရပ်ဆိုင်းမည်ဟု အလုပ်သမားဒုဝန်ကြီးပြော

ရန်ကုန်၊ ဇွန်- ၇
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက
မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုများ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အကြမ်းဖက်မှုများ ခံနေရပြီး ဇွန် ၅ ရက်ထိ မြန်မာနိုင်ငံသား လေးဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိကာ ၁၀၀၀ ကျော် ဖမ်းဆီးခံထားရ ကြောင်း သတင်းရရှိသည်။
“မလေးရှားမှာ ဆက်ပြီးတော့ ပြဿနာတွေထပ်ဖြစ်နေရင်တော့ အလုပ်သမားစေလွှတ်မှုတွေကို ရပ်ဆိုင်းထားမှာပါ”ဟု အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။
မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှုနှင့် ဖမ်းဆီးခံရမှုများကို မလေးရှားရှိ မြန်မာသံရုံးက စီစဉ်ဆောင်ရွက်နေကြောင်း ဒုဝန်ကြီးဦးမြင့်သိန်းက ဆက်လက်ပြောသည်။
မေ ၃၀ ရက်မှ ဇွန် ၄ ရက်အ ထိ ဆလန်းဂါးပြည်နယ် အချို့နေရာနှင့် ကွာလာလမ်ပူမြို့တို့တွင် မြန်မာ နိုင်ငံသားများနှင့် မလေးရှားဒေသခံများသည် အနည်းဆုံးခုနစ်ကြိမ် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံ သားလေးဦးသေဆုံးပြီး ခုနစ်ဦးဒဏ် ရာရရှိခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ခိုက်ရန်ဖြစ်ပွားသည့် ဆာလာရမ်းမြို့နယ်တွင် မလေးရှားရဲတပ်ဖွဲ့က တရားမ၀င် ၀င်ရောက်နေထိုင်
သူများကို ရှာဖွေစစ်ဆေးနေသော်လည်း တရားခံနှင့် သံသယဖြစ်ဖွယ်ရှိသူများထက် မြန်မာများကိုသာ သဲသဲမဲမဲ ဖမ်းဆီးနေသည်ဟု ယူဆရသောကြောင့် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံသားအများစုမှာ
ကြောက်လန့်စိုးရိမ်နေကြကြောင်း၊ အလုပ်ခွင်ဝင်ရန်ပင် ထိတ်လန့်နေ ပြီဖြစ်ကြောင်း ပိနန်နာရေးကူညီမှုအသင်းမှ ဦးခင်မောင်ဝင်းက ပြောသည်။
မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားဦးရေ ၅၀၀၀၀၀ ၀န်းကျင်ခန့်ရှိပြီး တရားဝင်နေထိုင် သူ ၂၀၀၀၀၀ ၀န်းကျင်၊ တရားမ၀င် နေထိုင်သူ ၂၀၀၀၀၀ ၀န်းကျင်နှင့် နိုင်ငံရေးခိုလှုံသူလူဦးရေ ၁၀၀၀၀၀ ၀န်းကျင်ခန့်ရှိကြောင်း သတင်းရရှိသည်။
ဇွန်လ ၅ ရက်ကလည်း မလေး ရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးတင်လတ်က မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မလေးရှားနိုင်ငံ ရဲချုပ်တို့ထံ သွားရောက်တွေ့ဆုံကာ မြန်မာနိုင်ငံသားများ အကြမ်းဖက် ခံရမှုတွင် ပါဝင်ကူညီဖော်ထုတ်ပေးရန် ပြောကြားထားသည်။
အဆိုပါ မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ဖမ်းဆီးခံရမှုများ ကြောင့် ဇွန် ၆ ရက်တွင် မလေးရှားရောက် မြန်မာအဖွဲ့အစည်းများဖြစ်ကြသော ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၊ NLD YOUTH (LA) Malaysia GSC အထွေထွေ သပိတ်ကော်မတီနှင့် KEPONG နာရေးကူညီမှုအသင်းတို့မှ ခေါင်းဆောင် ငါးဦးက လက်ရှိဖြစ်ပေါ်နေသော ကိစ္စများကြောင့် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
ဇွန် ၇ ရက်တွင်လည်း မလေးရှား နိုင်ငံရောက် မြန်မာများကို ဆက်လက်ဖမ်းဆီးမှုများပြုလုပ်နေ ကြောင်း ခပ်ပွန်းနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြားသည်။
မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများ အနက်အထောက်အထား စာရွက်မရှိသည့်သူများကို ဖမ်းဆီးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးတင်လတ်ကပြောသည်။
“အထောက်အထားမရှိတဲ့ သူတွေကို ဖမ်းတယ်။ ပတ်စပို့မိတ္တူရှိ ရင်တောင် မြန်မာနိုင်ငံကို ပြန်ခွင့်ပေးမှာပါ။ အဲလို မြန်မာနိုင်ငံကို ပြန် ပို့ပေးတာ ၁၂၀၀၀ လောက်ရှိပါပြီ”ဟု ဦးတင်လတ်က ပြောသည်။
 
7Day News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D