သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, June 4, 2013

မလေးရောက် ဒုက္ခသည်များ ကိုယ့်မြန်မာများရဲ့ မျက်နှာကို ပြန်ကြည့်ပါ

မြန်မာနှင့်ပတ်သက်လာလျှင် တောထဲတောင်ထဲမှ သတင်းများပင် မကျန် စုံစမ်းသိရှိ ဖော်ပြ တတ်သည့် BBC,VOA,RFA,DVB သတင်းများတွင်ပင်လျှင် မပါရှိသည့် မြန်မာများ မလေးရှား တွင် ရိုက်နှက် သတ်ဖြတ်ခြင်း ခံနေရသည့် ဆိုသည့် သတင်း အင်တာနက် ပေါ်တက်လာသည်။ မြန်မာများ ရိုက်နှက် ခံ ရသည် ဆိုသည့် သတင်းနှင့် တွဲလျှက် ပါသည့် သတင်းများကို ကြည့်တော့ Nasir မှာ ဖြစ် သွားတဲ့ ဓားနဲ့ အခုတ်ခံရသူ တစ်ဦး၏ သတင်းသာ ရှိသည်။ ထိုသတင်းကို စာစောင်များ၊ TV သတင်းများမှ မလေး ဘာ သာ ဖြင့် ဖော်ပြ သည်ကို အဓိကရုဏ်းကြီး ဖြစ်ပွားနေ သယောင် ရေးသားကြသည်။  ထိုနောက်ပိုင်း သ တင်း များကို ကြည့်တော့ တနင်္လာနေ့ ((မေလ ၂၇)က မလေးရှားနိုင်ငံ ပီ နန်မြို့ ဘူးကစ် မာတာဂျမ် အရပ်က ရဲစခန်းထဲကို သွား ရောက်ပြီး အမှုဖွင့်ဖို့တိုင်ကြားမယ်ပြောပြီး ရဲသား ဆီ က ပစ္စတိုသေ နတ်ကို လုယူပြီး ၃ ချက် ပစ်ခဲ့တဲ့ မြန်မာ တစ်ယောက်အကြောင်း ပါလာသည်။
မလေးရှားတွင် ဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်ပြီး ဦးရဲထွဋ်၏ စာမျက်နှာမှ သံရုံးနှင့် ဆက် သွယ်မေးမြန်းပြီး ကနဦး သတင်းဖော်ပြပြီးနောက် တွင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လက်အုပ် ချီထား သည့် ပုံတင်ထားသော ထွန်းဝေ စာမျက်နှာ၊ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတင်ထားသော ခွန်ဒီးယမ်း စာ မျက်နှာ၊ ဘုရားပုံတင်၍ ဆဲဆိုမှုများ ပြည့်နေသော စာမျက်နှာများမှ အဓိကရုဏ်းကြီး ဖြစ်နေသယောင်၊ လူအုပ် စုများ စုနေသယောင် ရေး သားလာကြသည်။
မလေးရှားတွင် အလုပ်သွားလုပ်သည့် သူများနှင့် ဒုက္ခသည် အမည်ခံပြီး သွားရောက်နေထိုင်သူများ အနေဖြင့် ကိုယ့်အခြေအနေကို ကိုယ်သိသည်။ လူအုပ်စုဖွဲ့ပြီး လှုပ်လှုပ် လုပ်ဖို့ဝေးစွ။ သူ့မမြင် ကိုယ့်မမြင် လွတ် လွတ်ကင်းကင်း နေဖို့ ပိုပြီး ကြိုးစားကြသည်။ အလုပ်လုပ်သူများကလည်း ပုံမှန် ကိုယ့်အစုလိုက် ကိုယ် အလုပ်ဆင်းကြကာ မည်သည့် ဆူပူမှုမျိုးမှ မဖြစ်စေချင်ကြ။ သို့သော် သိသာလှသော Facebook အေ ကာင့် များမှ ကချင်အမည်ခံ ဒုက္ခသည်များ၊ လူ့အခွင့်အရေး အမည်ခံ ဆန္ဒပြယုံဖြင့် ပိုက်ဆံရကြသည့် ဒုက္ခသည် များကတော့ ထိုသို့မဟုတ်။ အစိုးရကို တိုက်ခိုက်ခြင်း၊ ဆူပူမှုများကို ပုံကြီးချဲ့ဖန်တီးခြင်းများကို လုံခြုံသော အခန်းတစ်ခုအတွင်းမှ ကီးဘုတ်ကိုင်ကာ ရေးသားကြသည်။
သူတစ်ပါး နိုင်ငံဖြစ်သည့် အတွက် ရောမရောက်လျှင် ရောမလို ကျင့်ရမည်သာ။ သူတစ်ပါးနိုင်ငံတွင် ကိုယ့်နိုင် ငံ၏ သံရုံးမှလွဲ၍ မည်သည့် ကူညီပေးနိုင် သည့် အဖွဲ့မှ မရှိ။ သံရုံးဆိုသည်မှာလည်း တရားဝင် နည်းလမ်းများဖြင့်သာ အစိုးရချင်း ဆက်သွယ်၍ အကူအညီပေးယုံမှ လွဲပြီး ကိုယ့်နိုင်ငံမှာကဲ့သို့ မဖြစ် နိုင်။ နိုင်ငံ တစ်နိုင်ငံ အနေဖြင့်လည်း ဆူပူအုံကြွ လူသတ်ပွဲများကို နိုင်ငံပုံရိပ် အပျက်ခံပြီး ဖြစ်စေမည် မဟုတ်ပါ။ တတ်နိုင် သမျှ ထိန်းသိမ်း ဆောင်ရွက် မည် သာ ဖြစ်သည်။
အင်တာနက်တွင် ဟိုလူမှ ပြော၊ ဒီလူမှပြော ဆိုသည့် သတင်းစကားများ ပြန့်ကားလာပြီး နောက်ပိုင်းတွင် မြန် မာ့ အသံမှ တရားဝင် ဖြေရှင်းခဲ့သည်။ ယခု ဖြစ်နေသော ပြဿနာများသည် ဘာသာရေး ပြဿနာ မ ဟုတ်။ ဖြစ်ပွားလေ့ရှိသော ဒုစရိုက်မှုများသာ ဖြစ်သည်။ ဟုသာ။
မည်သို့ပင် ဖြစ်စေ မြန်မာလူမျိုးများ မမေ့သင့်သည်မှာ ရောမရောက်လျှင် ရောမလို ကျင့်ရမည် ဖြစ်သည်။ ဒုက္ခ သည် ယောင်ယောင်၊ အစိုးရ ဆန့်ကျင် အဖွဲ့ ယောင်ယောင်များ၏ သွေးထိုးလှုံ့ဆော်မှုများကို ယုံ ကြည် ၍ မိုက်မဲပါက အရင်ဆုံးခံရမည်က ကိုယ်သာ ဖြစ်သည်။ တိကျသေချာသော သတင်း ဌာန များမှ တ ရား ၀င် ရေးသားချက်များကိုသာ ယုံကြည်ကြစေလိုသည်။ ကိုယ်ကိုတိုင် သောက်သုံးမကျလျှင်ပင် သူ တစ် ပါး တိုင်းပြည်တွင် ဘ၀ ရှေ့ရေး အတွက် အလုပ်လုပ်နေသည့် ကိုယ့်မြန်မာ လူမျိုးများ၏ မျက်နှာများကို ပြန်ကြည့် သင့်ပေသည်။
 
(OPE)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D