သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, June 7, 2013

ဆင်ဆာ သရော်စာ


The Art of Transition Symposium 2013 (Yangon) အမည်ရှိသည့်ပွဲကို ယခုနှစ် မတ်လ ၃ဝ ရက်မှ ၃၁ ရက်နေ့အထိ မြို့တော် ရန်ကုန်၏ အထင်ကရ ဖိုးစိန်လမ်းမပေါ်ရှိ Holiday Restaurant  ကြီးမှာ ခမ်းခမ်းနားနား ကျင်းပသွားခဲ့ပါပေ၏။

ပထမနေ့မှာ ပါဝင်ဆွေးနွေးမည့် ဆရာ၊ ဆရာမများ၏ အမည်နာမများစွာကို ဤသို့ တွေ့ရှိပါ၏။ ဟံသာဝတီ ဦးဝင်းတင်၊ ဇာဂနာ၊ Julia (England)၊ Lawyer အောင်သိန်း၊ မင်း ထင်ကိုကိုကြီး၊ မိုဃ်းဇော်၊ ကဗျာဆရာမ မအိ၊ ညီစေမင်း၊ ကိုထွဋ်၊ ပန်ဒိုရာ၊ စူးမြင့်သိန်း၊ မင်း ခက်ရဲ၊ ဇော်လူစိမ်း၊ ဘုန်းသက်ပိုင်၊ အော်ပီကျယ်၊ ရှင်ဒေဝီ၊ စိုင်းဝင်းမြင့်၊ မိုးဝေး၊ ငြိမ်းဝေ၊ ငုအိမ် ထက်မြက်၊ ဇော်သက်ထွေး၊ နေဘုန်းလတ်နှင့် ဝင်းဖေမောင်တို့ကို အချိန်စာရင်းထဲမှာ တစ် ယောက် ၁၅ မိနစ် စာစီ တွေ့မြင်ရပါပေ၏။

ဒုတိယနေ့စာရင်းအရ ပါဝင်ဆွေးဖို့ အ လှည့်ကျသူ ဆရာ၊ ဆရာမတို့မှာလည်း တစ်သီ ကြီးပဲ ဖြစ်ပါပေ၏။ မင်းကိုနိုင်၊ မောင်နီဦး၊ ထက်မြက်၊ စန်းဇော်ထွေး၊ Sharaad Knttau (Malaysia)၊ အေးကို၊ ဇေယျာလင်း၊ Jermifer leehey (India)၊ မောင်တင်သစ်၊ မောင်သွေးသစ်၊ စောဝေ၊ သက်ဆွေဝင်း၊ ပါမော့မင့်အတ် တစ်စ်မအိ၊ ချစ်ဝင်းမောင်၊ အရိုင်း၊ ညီပုလေး၊ အိန္ဒြာ၊ ချစ်ဦးညို၊ မိုးနိုင်(ဂီတမိတ်)၊ထိန်လင်း၊ ဇာဂနာနှင့် ဆာသော်ဒိုး ခေါ် စိုးသော်တာတို့ပဲ ဖြစ်ကြပါပေ၏။

Holiday  ၏ နေရာအနှံ့အပြားတို့ မှာကား မြန်ပြည်တစ်လွှားမှ အနုပညာသမားပေါင်းစုံနှင့် တကွ နိုင်ငံရပ်ခြားမှ ကြွရောက်လာကြသည့် အနုပညာရှင်အတတ်ပညာရှင်နှင့် ကမ္ဘာ့မီဒီယာပေါင်းစုံမှ ဆရာသမားများတို့မှာ စုစုစုစုနှင့် အနုပညာကိစ္စအရပ်ရပ်တို့ကို ပြုမူပူးပေါင်းဖော် ဆောင်နေကြတာ တွေ့မြင်ရပါပေ၏။Holiday  ပထမထပ် ခန်းမသို့တက်ရာ လှေကားမဟာကွေ့တွင်ကား ဘလက်ဘုတ်ကြီး တစ်ခုရှိပြီးသကာလ ဆရာစိုးစံဝင်း၊ ဆရာဝလုံး နှင့် ကျွန်ုပ်တို့၏ ခေတ်သရုပ်ပြ ကာတွန်းကား ချပ်အချို့နေရာယူလို့ နေပါ၏။ ပထမထပ်၏ ခန်းမဧည့်ကြိုကောင်တာ ဘေးမှာကား ၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလက ထုတ်ဝေခဲ့ကြ သည့် မှတ်တမ်းမှတ်ရာ သတင်းစာစောင်တို့မှ ဓာတ်ပုံ၊ သတင်း၊ ကဗျာများစွာကို ကပ်၍ ခင်း ကျင်းပြသထားပါပေ၏။

ခန်းမကြီးအတွင်းတွင်ကား ခန်းလုံးပြည့်ခုံ များ ခင်းကျင်းထားကာ ဟိုးအရှေ့မှာ စင်မြင့်ငယ် တစ်ခုနှင့် ပရိုဂျက်တာတစ်ခုကိုပါ အသင့်ပြင်ဆင် ယင်ထားပါ၏။ ခန်းမ၏ ဘေးနှစ်ဖက်နံရံတို့ အထက်မှာကား အကျဉ်းစံခံနိုင်ငံရေးသမားတို့ ၏ ဖန်တီးချက်၊ ထောင်တွင်းလက်ရာ Recycle  ပန်းချီကားများစွာကို ချိတ်ဆွဲပြသထားပါ၏။ ခန်းမ၏ အနောက်ဘက်ဆုံး ကော်ဖီနှင့် မုန့်များ သုံးဆောင်နိုင်ရာ အနီးနံရံကြီးပေါ်မှာကား ကျွန်ုပ်တို့၏ ကာတွန်းကားအချို့ကို ဘလက်ဘုတ် ကြီးပေါ်ကပ်ကာ ခင်းကျင်းပြသပေးထားပါပေ၏။အစီအစဉ်အရ ဟောပြောခွင့်ရသည့် အနု ပညာရှင်တစ်ဦးအတွက် အချိန် ၁၅ မိနစ်ပဲ ရရှိ ကြလေရာ အနှီ ၁၅ မိနစ်အတွင်း ကိုယ်ခင်း ကျင်း ဟောပြောရမည့်အရာကို နိဒါန်းမှ နိဂုံး အထိ အကျဉ်းရုန်း၍သာ တက်သုတ် ရိုက်ကြဖွယ် ရာပါပေ။   ပြီးလျှင်  ခဏအပြန်အလှန် အမေး အဖြေပြုလုပ်နိုင်ရန် မဝတဝ ငါးမိနစ်တိတိ ရရှိ ကြပါပေ၏။

ဟောခွင့် ပြောခွင့် တင်ဆက်ခွင့် မျှဝေခွင့် ကိုယ်စီရရှိရာ ဤမဟာ ၁၅ မိနစ်အတွင်း ဆွေး နွေးချင်ရာရာကို လိပ်ပတ်လည်အောင်သာ မ နည်းကြီး ကြိုးစားကြရပါပေ၏။ ၁၅ မိနစ်၏ အဖိုးတန်မှုအား  ဘွားဘွားကြီးကို မြင်ခဲ့ရပါပေ ၏။ကျွန်ုပ်မလည်း ကိုယ်ပိုင်အချိန် ရှားပါးလွန်း ရသည့်အထဲ လူမှုရေးပွဲအချို့ကို ပြေး၍ပြေး၍ လုပ်ခဲ့ရပေ ရာ နောက်ဆုံး ကျွန်ုပ်အလှည့်ရောက် ၍ စင်ပေါ်တက်ခါနီးအချိန်အထိ တင်ပြ ဆွေး နွေးမည့် စကားလုံးဝါကျတို့မှာ ချောချောမွေ့မွေ့ ကို အသင့်မဖြစ်သေး ပါပေ။ သို့လေသော်လည်း အရဲကိုးကာ စင်ပေါ်တက်ခဲ့ရပါပေတော့၏။ ကျွန်ုပ်၏ ပခုံးထက်မှာကား ဖောင်းကားလေးလံ နေသည့် လွယ်အိတ်ကြီး တစ်လုံးမှာ ဟီးလေးခို ကာနေပါလေ၏။

”အားလုံးမင်္ဂလာပါခင်ဗျာ … ကျွန်ုပ်ဆာ သော်ဒိုးပါ …။ တင်ဆက်မယ့်အကြောင်းအရာ ကတော့ ‘အနုပညာနှင့် ဆင်ဆာ’ ဖြစ်ပါတယ်”

ဤသို့ နိဒါန်းချီပြီးသည်မှစကာ ကျွန်ုပ် လွယ်အိတ်ကြီးအတွင်းမှာ ထည့်ယူလာခဲ့သည့် အနှစ်နှစ်အလလက စုဆောင်းထားခဲ့ရာ နိုင်ငံ ပိုင် သတင်းစာများကို တစ်စောင်ပြီး တစ်စောင် ပရိသတ်ကို ထောင်ထောင်ပြဖြစ်ပါပေ၏။

  ”ဟောဒီမှာ ကြည့်ပါ ..သွားလေသူပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းလက်ထက် အရေးပေါ်ညီ လာခံမှာ မိန့်ခွန်းချွေနေတာ”
‘ဟောဒီမှာ ကြည့်ကြပါ …။ သွားလေသူ နိုင်ငံတော် သမ္မတ ဦးစန်းယုနဲ့ မျက်နှာဖုံးသတင်း’
‘ဟောဒီမှာ ‘ရက်ပိုင်းခံ’ သွားလေသူ သမ္မ တကြီး ဦးစိန်လွင်’
‘ဟောဒီမှာ ‘လပိုင်းခံ’ သွားလေသူ ဒေါက် တာ မောင်မောင်’
‘ဟောဒီမှာဗျား …အာဏာသိမ်း ခေါင်း ဆောင် ဗိုလ်ချုပ်စောမောင်’
၈၈ ခုနှစ်မှစ၍ လွန်ခဲ့သည့် သုံးလေးနှစ် ကာလအထိ ကျွန်ုပ်၏ ကိုယ်ပိုင်စာကြည့်ခန်းစာ အုပ်စင်ထက်မှာ သေသေချာချာသိမ်းဆည်းစု ဆောင်းထားရာ သမိုင်းဝင် အစိုးရပိုင် လုပ်သား၊ မြန်မာ့အလင်း၊ ကြေးမုံနှင့် ဗိုလ်တထောင် သတင်းစာများကို ပြသဖြစ်ခဲ့ပါပေ၏။

”မြန်မာနိုင်ငံမှာ ‘ဆင်ဆာ’ ကြမ်းတယ် ကြမ်းတယ်နဲ့ တကယ်တော့   ‘ဆင်ဆာ’ မရှိခဲ့တဲ့ နေရာလည်း အသေအချာရှိခဲ့ပါတယ်ခင်ဗျာ..။ အဲဒါကတော့ အဲဒီ နိုင်ငံပိုင်သတင်း စာတွေပါပဲ။ သူတို့ပြောချင်ရာရာ ရေးချင်ရာရာကို ဘာဆင် ဆာမှ မရှိဘဲ တစ်ဇွတ်ထိုး ရဲရဲကြီး ရေးခွင့်ရခဲ့ ကြပါတယ်။ ‘ဆင်ဆာ’ ဆိုတာ အုပ်စိုးသူ သူတို့ တစ်တွေနဲ့ လုံးဝမဆိုင်ဘဲ ကျွန်ုပ်တို့ ပြည်သူလူ ထုတွေနဲ့သာ လုံးလုံးသက်ဆိုင်နေပါတယ်”ပြီးသည့်အခါ ၈၈ ခုနှစ် အရေးတော်ပုံ ကာလက ထုတ်ဝေခဲ့ရာ သမိုင်းဝင်နေ့စဉ်ထုတ် သတင်းစာစောင်အချို့ကို ထုတ်နုတ်ပြသဖြစ်ပါ ၏။ သတင်းများ၊ ဓာတ်ပုံများနှင့် ကျွန်ုပ်တို့၏ တိုက်ပွဲဝင် ကာတွန်းအချို့ပဲ ဖြစ်ပါလေ၏။တကယ်တမ်းတော့ ‘လူ’တစ်ဦးမှာ ‘လူ့ အခွင့်အရေး’ရှိရမည်သာဖြစ်ပါ၏။ သူက ပြော မည်။ ကိုယ်က ပြောမည်။ သူက ပြန်ပြောမည်။ ကိုယ်က ပြန်ပြောမည်။ ဤသို့ ညီတူညီမျှ အခွင့် အရေး ရရမည်ဖြစ်သည်။ သို့လေသော်ငြား ကျွန်ုပ်တို့ခေတ်ကြီးတစ်လျှောက်မှာ ကျွန်ုပ်တို့ ပြည်သူလူထု၏ ပါးစပ်ပေါက်များကို သူတို့သူတို့ ၏ လက်သရမ်းကြမ်းကြမ်းကြီးများဖြင့်
ချုပ်နှောင် ၍ အတင်းပိတ်ကာ သူတို့ပြောချင်ရာရာကိုသာ သူတို့၏ အနံ့တထောင်းထောင်း ပါးစပ်ပေါက် ကြီးများဖြင့် ကျွန်ုပ်တို့၏ နားပေါက်များတွင် တေ့ ကာ အကျယ်လောင်ဆုံးအသံဖြင့် ဒလဟော ပြောခဲ့ကြတာကိုသာ တောက်လျှောက် ကြိတ် မှိတ်ကာ ခံခဲ့ကြရပါလေ၏။

ဤသို့အားဖြင့် ကျွန်ုပ်တို့၏ စာပေ၊ ပန်းချီ၊ ဂီတမှအစ ရှိရှိသမျှ အနုပညာလက်ရာအဝဝမှာ အင်္ဂါမစုံစွာ ထွက်ပေါ်ခဲ့ရပါပေ၏။ ကျွန်ုပ်တို့၏ Print Media မှာဆိုလျှင် ‘ဆင်ဆာ’ မထိဖူးသည့် ကာတွန်းဆရာ၊ ‘ဆင်ဆာ’ မထိဖူးသည့် ကဗျာ ဆရာ၊ ‘ဆင်ဆာ’ အဖြတ်မခံဖူးသည့် စာရေး ဆရာ၊ ‘ဆင်ဆာ’ အပိတ်မခံဖူးသည့် သရုပ်ဖော် ပန်းချီဆရာဆိုတာ ‘လိပ်မွေး’ထက်ပင် ရှားပေ လိမ့်မည်ဖြစ်ပါပေ၏။ဟောပြောနေရင်းမှ ကျွန်ုပ်လည်း ရုတ် တရက် သတိရကာ အပေါ်အင်္ကျီကို ဆွဲ၍ ချွတ် လိုက်ရပါ၏။ လာခါနီးမှ စိတ်ကူးရ၍ ထလုပ်ခဲ့ သည့်အရာမှာ အောက်မှပေါ်လာသည့် တီရှပ် အဖြူပေါ်မှာရှိပါ၏။ တီရှပ်အဖြူဆိုသော်ငြား ရင်ဘတ်ပေါ်မှာ ဆော့ပင်နှင့် ရေးထားသည့် စာ သားအမှတ် လက္ခာဏာအချို့ပါပါလေ၏။ အနှီ တီရှပ်ပေါ်မှာ စာတန်းသုံးခုရေး၍ ပထမအပေါ် ဆုံး စာကြောင်းပေါ်မှာ ပန်းချီဆေးငွေမင်ဖြင့် ပြန်၍ပိတ်ခဲ့ပါ၏။ ဒုတိယစာကြောင်း အတန်း ပေါ်မှာ ပန်းချီဆေးအမည်းရောင်ဖြင့် ပိတ်ခဲ့ပါ လေ၏။ အောက်ဆုံးမှာ မပီဝိုးတဝါးစာကြောင်း တစ်ခု သူ့အတိုင်းသာ ရှိနေပါလေ၏။

”ကျွန်ုပ်တို့ စာပေလောကမှာ ဟိုးယခင် ခေတ် စာပေစိစစ်ဆေရေး ဆင်ဆာအဖွဲ့က သူ တို့မကြိုက်တာပါရင် ဟောသလို ငွေမင်နဲ့ ပိတ် ခဲ့ကြပါတယ်” ငွေမင်နှင့်ပိတ်ခဲ့ သည့်ကာလ တစ်လျှောက် မှာ စာဖတ်ပရိသတ်ပြည်သူလူထုကလည်း ပါး နပ်စွာတုံ့ပြန်သည့်အနေနှင့် ငွေမင်သုတ်နေရာ များစွာကို ဓာတ်ဆီဘာညာနှင့် ရအောင်ဖျက်ကာ ‘ဆင်ဆာ’ကို ရအောင် ဖတ်ခဲ့ကြပါလေ၏။

”ဒါနဲ့  နောက်ပိုင်းကျတော့ ဟောသလို  ‘မင်အနက်’ နဲ့ လိုက်ပိတ်ကြပြန် သဗျ”

  ဤသို့ မင်အနက်ဖြင့် လိုက်ပိတ်သည့်အခါ အောက်မှ စာလုံးအနက်များဖြင့် အနည်းငယ် တော့ ရောထွေးသွားပါလေ၏။ သို့ပေမည့် လုံးဝ ဥဿုံကား စာလုံးတို့ မပျောက်သွားပါပေ။

  ‘ဒါနဲ့ နောက်ဆုံးတော့ ‘စာပေ ကင်ပေတိုင်’ ဟာ သူတို့မကြိုက်တဲ့ စာသားရုပ်ပုံပါစာမျက်နှာ တွေကို … ကို …’
အဲသည်လို ပြောနေခိုက်မှာပင် ဆရာစိုးစံ ဝင်း စင်ပေါ်တက်ချလာပြီး သူ့လက်အတွင်းအ သင့်ပါလာသည့် ‘ကတ်ကြေး’ဖြင့် ကျွန်ုပ်နောက် ဆုံးညွှန်ပြရာ အောက်ဆုံး စာကြောင်း တီရှပ်နေ ရာကို ရုတ်တရက်ထိုး၍ ညှပ်ကာဖြဲချ၍ မိုက် ကြည့်ကြည့်ကာ စင်ပေါ်မှ ဆင်းချသွားပါလေ တော့၏။

” …အဲ ..ဟို…ဟို .. နောက်ဆုံး တော့ အဲသလို အလုပ်ခံကြနေတာပေါ့ခင်ဗျား”
‘ဝါး..ဟားဟား..ဟားဟား..ဟား ဟား…’
‘ဖြောင်းဖြောင်း ..ဖြောင်းဖြောင်း …ဖြောင်းဖြောင်း…’
ဤသို့အနေဖြင့် ကျွန်ုပ်တို့၏ ဟောပြော တင်ဆက် ပါဖော့မင့်အကွက်တွေမှာ ပြီးစီးလို့ သွားခဲ့ပါလေတော့၏။ ပြီးသည့်အခါ အမေး အဖြေကဏ္ဍတစ်ခု စခဲ့လေရာ …ဆရာစိုးစံ ဝင်းနှင့် အမေးအဖြေပြု ဖြစ်ပါလေ၏။

  ‘ဆာသော်ဒိုးမှာ ‘ဆင်ဆာ’အလုပ်ခံ ခဲ့ရတဲ့ စာမူတွေ ဘယ်လောက်များသလဲ’

‘အဲ..ရေးသက်နှစ်ပေါင်းသုံးဆယ်အတွင်း အကြိမ်ကြိမ်ဆိုတော့ကာ အထပ်လိုက်အထပ် လိုက်ပါပဲခင်ဗျာ. .။ ဒါနဲ့ ဆရာစံ့အနေနဲ့ ဆင် ဆာငြိခဲ့ရတဲ့ ဟာလေးတစ်ခုလောက်များ ပြောပြ ပေးနိုင်မလား”
‘သွား..လူဆိုး..အဲဒါတော့ လုံးဝကို ပြောမပြဘူး။ ကင်ပေတိုင်တွေရဲ့ မတရားဝိုင်းဝန်း စော်ကားမုဒိမ်းကျင့်တာခံခဲ့ရတဲ့ အပျိုလေး တစ်ယောက်ရဲ့ အဖြစ်အပျက်လိုပဲ ..၊ အခုလို လူပုံအလယ်မှာ ကိုယ့်ကို ဘယ်လိုဘယ်ပုံ အဓမ္မ ကျင့်ခဲ့တာလဲဆိုတာ ပြန်ကို ပြောမပြချင်တော့ ပါဘူးဗျာ..အသည်းနာလွန်းလို့ပါ’

  ‘ဖြောင်းဖြောင်း…ဖြောင်း ဖြောင်း …ဖြောင်းဖြောင်း..”
သို့ဖြင့်ညနေဘက်မှာ စာပေပွဲတော် အခမ်း အနားကို အောင်မြင်စွာရုပ်သိမ်း၍ ညဘက် ရောက်သည့်အခါ နယ်ပေါင်းစုံမှ တက်ရောက် လာကြသည့် အနုပညာရှင်အချို့၊ ပွဲစီစဉ်သူ အချို့ နိုင်ငံတကာမီဒီယာအချို့တို့မှ ဒါရိုက်တာပုဂ္ဂိုလ်အချို့နှင့်အတူတကွ ညစာစားဖြစ်ခဲ့ကြပါ ၏။

  ”ဟေ့လူကြီး ဆာသော်ဒိုး … ခင်ဗျား    ‘အဖြဲ’ ခံရတဲ့ ကာတွန်းတွေ သရော်စာတွေ သိမ်း ထားလား’
‘အကုန်လုံးမှတ်တမ်းတင်ပြီး သိမ်းထားပါ သဗျာ။ ဒါပေမဲ့ ‘အဖြဲခံရတယ်’ လို့တော့ မသုံး နှုန်းစေချင်ပါဘူးခင်ဗျာ’
‘ဘာဖြစ်လို့လဲ ကိုယ့်လူရာ.. ‘အဖြဲ’ ခံရ တာ ‘အဖြဲ’ ခံရတယ်ပေါ့ဗျာ..။ အဲဒါမှ မ ကြိုက်ရင်လည်း ‘အဖြုတ်’ ခံရတယ်လို့ ပြောင်း သုံးပေးပါ့မယ်ဗျာ’
‘တော်ဗျာ ..တော်ပါကိုယ့်လူရာ .. မနိပ်သေးပါဘူး။ ခင်ဗျား စဉ်းစားကြည့်လေဗျာ..ယောက်ျားတန်မဲ့ကြီး ‘အဖြဲ’ခံရတယ် ‘အ ဖြုတ်’ခံရတယ်ဆိုတာ လူကြားလို့မှ သင့်တော်ရဲ့ လားဗျာ’

    ‘ဟား ဟား ..ဟားဟား..ဟား ဟား ကြံကြံဖန်ဖန် အတွေးချော်တဲ့ဆရာ’
‘အတွေး ချော်တာမဟုတ်ဘူးခင်ဗျ..။ စကားလုံးတွေကို ရင်တုန်လွန်းလို့ပါ’
‘ဟုတ်ပါပြီ..ဟုတ်ပါပြီ။ ဒါဆိုရင် ဘယ်လို စကားလုံးနဲ့များ အစားထိုးချင်ပါသလဲ’
‘အဲ..တကယ်တော့ ကျွန်ုပ်တို့က   ‘အစုပ်’ခံခဲ့ကြရတာခင်ဗျ’

ဆာသော်ဒိုး

စာကြွင်း။ ။ ကျွန်ုပ်တို့ အမျိုးကောင်းသားများ ဘဝနှင့်ရင်း၍ လေးလေးနက်နက် ဖန်တီးထား ချက်အနုပညာလက်ရာများတို့မှာ အဆီအနှစ် မကျန်အောင် ‘အစုပ်’ ခံခဲ့ရခြင်းပါ ဟူလို။

popularmyanmar

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D