Hamburg ရဲ့ လမ်းပေါ်မှာ လမ်းသွားလမ်းလာတွေက ဒီရှဉ့်လေးကိုတွေ့ခဲ့ကြတယ် ။ ရှဉ့်ကလေးဟာ ရေဆိုးမြောင်းအပေါက်ကိုဖုံးထားတဲ့အဖုံးထဲ ခေါင်း ၀င်နေပြီး ကယ်သူမဲ့နေပါတယ် ။
ဒီရှဉ့်လေးရဲ့ မျက်ဝန်းဟာ ကြောက်လန့်ခြင်းတရားတွေနဲ့ အကူအညီမဲ့နေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို ကူညီမဲ့ တစုံတရာကို သူရှာဖွေနေတယ် ။ လမ်းသွားလမ်းလာအချို့က ရှဉ့်ကလေးကို မကြည့်ရက်နိုင်လို့ နီးစပ်ရာ မီးသတ် ဌာနကိုခေါ်သွားပေးခဲ့တယ် ။
ဒီရှဉ့်လေးရဲ့ မျက်ဝန်းဟာ ကြောက်လန့်ခြင်းတရားတွေနဲ့ အကူအညီမဲ့နေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို ကူညီမဲ့ တစုံတရာကို သူရှာဖွေနေတယ် ။ လမ်းသွားလမ်းလာအချို့က ရှဉ့်ကလေးကို မကြည့်ရက်နိုင်လို့ နီးစပ်ရာ မီးသတ် ဌာနကိုခေါ်သွားပေးခဲ့တယ် ။
ဟိုရောက်တဲ့အခါ သူတို့က ရှဥ့်ကလေးလည်ပင်းမှာစွပ်နေတဲ့ အပေါက်ကို ခက်ခက်ခဲခဲ ချွတ်ပေးဖို့ကြိုးစားကြတယ် ။ အချည်းအနှီးပါပဲ ။ ဘယ်အရာကမှ လည်ပင်းအပေါက်ထဲကနေ ရှဉ့်ကလေး လွတ်အောင်မစွမ်းဆောင်နိုငခဲ့ဘူး ။ အမဲဆီချောဆီတွေနဲ့ ရှဉ့်ကလေးလည်ပင်းကို သုတ်ပြီးချွတ်တာတောင် မကျွတ်ထွက်ခဲ့ဘူး ။ နောက်ဆုံး ကြံရာမရတာနဲ့
ကယ်ဆယ်ရေးသမားတွေက ရှဉ့်ကလေးလည်ပင်းနဲ့ဦးခေါင်းပိုင်းက အမွှေးတွေကို ပြောင်စင်အောင်ရိတ်ပြီး ခက်ခက်ခဲခဲ ချွတ်ပေးခဲ့တယ် ။ အိုး ...အောင်မြင်သွားပါတယ် ။ ဒါနဲ့ချက်ချင်းပဲ ရှဉ့်ကလေးကို တိရိစ္ဆာန် ဆေးကု ဌာနကို ပို့ပေးခဲ့ကြတယ် ။ အဲဒီညမှာပဲ -- စိတ်မကောင်းစွာနဲ့ ရှဉ့်ကလေးဟာ နှလုံး တိုက်ခိုက်မှုခံရပြီးသေဆုံးသွားခဲ့ရပါတယ် ။
ဝမ်းနည်းစရာပါပဲ တိရိစ္ဆာန်ဆေးကုဆရာဝန်တွေပြောတာကတော့ ရှဉ့်ကလေးဟာ စိတ်ဖိစီးမှုဒါဏ်ကို ခံနိုင်ရည်မရှိခဲ့ပါဘူး ။ အကြောက်တရားတွေက သူ့ နှလုံးကို ရပ်တန့်စေခဲ့ပါတယ်တဲ့ ။
############################
အခက်အခဲတွေနဲ့ကြုံလာတဲ့အခါ ကျွန်တော်တို့ဟာ ကြောက်စိတ်ကို ဖယ်ရှားလို့ သတ္တိကို မွေးမြူရပါမယ် ။
ရင်ဆိုင်ဖြေရှင်းခြင်းနဲ့ ဘ၀မှာ အကြောက်တရားကို သတ္တိရှိရှိ ရင်ဆိုင်ခြင်းကသာ ကျွန်တော်တို့ နှလုံးသားတွေကို ဆက်လက်ခုန်နေစေမှာဖြစ်ပါတယ် ။
သက်တန့်ချို
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...